Premier League Transfer News

16 Feb နေ့လည်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အသင်းမှာ နည်းစနစ်ပိုင်း ကျွမ်းကျင်တဲ့ ကစားသမားတွေဖြစ်ကြတဲ့ ဆာကာ၊ စမစ်ရိုး၊ စီဘာယော့စ်နဲ့ အော်ဒီဂွါဒ်တို့ကို ဝင်းဂါးလက်ထက် နောက်ပိုင်းမှာ ပထမဆုံး အများအပြား အသုံးပြုခဲ့တဲ့ အတွေးအခေါ်အတွက် နည်းပြ မီခယ်လ် အာတီတာကို မာတင် ကီးယွန်းက ချီးကျူးလိုက်ပြီး အူဘာမီယန်းရဲ့ ဟက်ထရစ်အတွက်လည်း ဝမ်းသာနေ။

– အာဆင်နယ်အသင်းအနေနဲ့ ခရစ္စတယ်လ်ပဲလေ့စ်ရဲ့ နောက်ခံလူတစ်ဦးဖြစ်တဲ့ တိုင်ရစ်ခ် မစ်ချဲလ်ကို လက်လွှတ်ခဲ့ရပြီဖြစ်ပြီး အသင်းနဲ့ ၄ နှစ်စာချုပ် သက်တမ်းတိုးဖို့ ရှိနေချိန်မှာ ပက်ထရစ် ဗန်အန်ဟို့လ်ကိုသာ ခေါ်ယူနိုင်ခြေ ကျန်ရှိတော့မှာဖြစ်ပြီး အရန်နောက်ခံလူ နေရာအတွက် အချိန်ယူစဉ်းစားသွားဖွယ်ရှိနေ။

– ပီအက်စ်ဂျီကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ နိစ်အသင်းအတွက် ခြေစွမ်းပြီး ခံစစ်မှာ ဖြတ်တောက်ရယူမှုတွေ ပြုလုပ်ပေးခဲ့တဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာအနေနဲ့ အာဆင်နယ်အသင်းမှာ ကစားဖို့ အခွင့်အရေးရှိနေဆဲဖြစ်ပြီး လာမယ့်ရာသီမှာ အသုံးပြုဖို့ ပရိသတ်တွေ တိုက်တွန်းခဲ့ကြ။

– ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ကွင်းလယ်တိုက်စစ်မှာ ခြေစွမ်းပြခဲ့ပြီး တစ်ဖက်အသင်းကို ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့တဲ့ ဂျိုး ဝီလော့ခ်ကို နယူးကာဆယ်လ်ပရိသတ်တွေက အရမ်းချစ်နေပြီလို့ ဆိုခဲ့ကြပြီး အငှားကစားသမားတစ်ဦးအနေနဲ့ အသင်းအတွက် အပြည့်အဝ ပေးဆပ်ခဲ့ပုံကိုလည်း ချီးကျူးနေကြ။

– အာဆင်နယ်နဲ့ ဘာစီလိုနာနောက်ခံလူဟောင်း ဂျီယိုဗန်နီ ဗန်ဘရွန်ခေါ့စ်က လိဒ်စ်နဲ့ပွဲမှာ ဘမ်ဖို့ဒ်ကို ဖျက်ထုတ်ခဲ့တဲ့ နောက်ခံလူ ဆီးဒရစ် ဆွာရက်စ်ကို ချီးကျူးလိုက်ပြီး အန္တရာယ်များတဲ့ အနေအထားမှာ တစ်ဖက်ရှေ့တန်းလူရှေ့က ဖြတ်ပြေးပြီး ကာကွယ်ခဲ့တာဟာ ပါးနပ်ပြီး သူ့ဘက်က စိတ်ချရတဲ့ အခြေအနေဖြစ်သလို VAR ကလည်း ပြစ်ဒဏ်ဘော မဟုတ်ကြောင်း ထောက်ခံသွားနိုင်ခဲ့တယ်လို့ဆို။

– နွေရာသီမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်ကို အာဆင်နယ်အသင်းအနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေရာမှာ ပွဲကစားခွင့် နည်းပါးသွားနိုင်တဲ့ အခြေအနေကြောင့် ကစားသမားနည်းပြအနေနဲ့ တာဝန်ပေးသွားဖို့ ရှိနေတယ်လို့ ခန့်မှန်းနေကြ။

– ကစားသမားဘဝ ကုန်ဆုံးရင် စကော့တလန်မှာ အေးအေးချမ်းချမ်းနေထိုင်ပြီး ဆဲလ်တစ်အသင်းကို အိမ်ကွင်းရော အဝေးကွင်းတွေမှာပါ ပရိသတ်တစ်ဦးအဖြစ် ပျော်ပျော်ရွှင်ရွှင် လိုက်ပါအားပေးသွားလိုတယ်လို့ နောက်ခံလူ ကီရန် တီယာနီက ပြောကြားလိုက်ပြီး နည်းပြအဖြစ် ပြောင်းလဲဖို့ကိုတော့ သေချာမစဉ်းစားရသေးကြောင်းဆို။

– လိဒ်စ်ဘက်ကို သွင်းယူခဲ့တဲ့ အူဘာမီယန်းရဲ့ ဟက်ထရစ်ပြည့်မြောက်တဲ့ ဂိုးမှာ အီမီးလ် စမစ်ရိုးအနေနဲ့ ဖန်တီးပေးခဲ့တာ မဟုတ်ဘဲ ကန်သွင်းခဲ့တာလို့ ပွဲတွင်းမှာ စနောက်သွားခဲ့တဲ့ ချာကာနဲ့ အခိုက်အတန့်ကို အာဆင်နယ်ရဲ့ တွစ်တာအကောင့်မှာ တင်ခဲ့အပြီးမှာ လူငယ်ကွင်းလယ်လူက ဖြတ်တင်တာဖြစ်ဖြစ် ကန်သွင်းတာဖြစ်ဖြစ် အရေးပါတဲ့ သုံးမှတ်လို့ တုံ့ပြန်ရေးသားသွားခဲ့။

– အိန်းစလီဟာ ကွင်းလယ်မှာ မမောမပန်းနဲ့ နေရာတွေကို ကာကွယ်ပေးနိုင်သူဖြစ်ပြီး လုပ်အားနှုန်းကောင်းမွန်သူဖြစ်ကြောင်း ဝက်စ်ဘရွန်း နည်းပြ ဆမ်အလာဒိုက်စ်က ချီးကျူးခဲ့ပြီးနောက်ပိုင်းမှာ သူ့အနေနဲ့ ကွင်းလယ်လူတစ်ယောက်ဖြစ်ကြောင်း နည်းပြ အာတီတာကို သက်သေပြသွားဖွယ်ရှိနေ။

– အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်အနေနဲ့ သူ့ကို နည်းပြ အာတီတာ ယုံကြည်မှု မရှိဘူးဆိုတာကို ကောင်းကောင်း သဘောပေါက်သင့်ပြီလို့ ပြောကြားလိုက်ပြီး ကစားသမားကိုယ်စား စိတ်ပျက်မိတယ်လို့ ဝေဖန်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းမွာ နည္းစနစ္ပိုင္း ကြၽမ္းက်င္တဲ့ ကစားသမားေတြျဖစ္ၾကတဲ့ ဆာကာ၊ စမစ္႐ိုး၊ စီဘာေယာ့စ္နဲ႔ ေအာ္ဒီဂြါဒ္တို႔ကို ဝင္းဂါးလက္ထက္ ေနာက္ပိုင္းမွာ ပထမဆုံး အမ်ားအျပား အသုံးျပဳခဲ့တဲ့ အေတြးအေခၚအတြက္ နည္းျပ မီခယ္လ္ အာတီတာကို မာတင္ ကီးယြန္းက ခ်ီးက်ဴးလိုက္ၿပီး အူဘာမီယန္းရဲ႕ ဟက္ထရစ္အတြက္လည္း ဝမ္းသာေန။

– အာဆင္နယ္အသင္းအေနနဲ႔ ခရစၥတယ္လ္ပဲေလ့စ္ရဲ႕ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ တိုင္ရစ္ခ္ မစ္ခ်ဲလ္ကို လက္လႊတ္ခဲ့ရၿပီျဖစ္ၿပီး အသင္းနဲ႔ ၄ ႏွစ္စာခ်ဳပ္ သက္တမ္းတိုးဖို႔ ရွိေနခ်ိန္မွာ ပက္ထရစ္ ဗန္အန္ဟို႔လ္ကိုသာ ေခၚယူႏိုင္ေျခ က်န္ရွိေတာ့မွာျဖစ္ၿပီး အရန္ေနာက္ခံလူ ေနရာအတြက္ အခ်ိန္ယူစဥ္းစားသြားဖြယ္ရွိေန။

– ပီအက္စ္ဂ်ီကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲမွာ နိစ္အသင္းအတြက္ ေျခစြမ္းၿပီး ခံစစ္မွာ ျဖတ္ေတာက္ရယူမႈေတြ ျပဳလုပ္ေပးခဲ့တဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအေနနဲ႔ အာဆင္နယ္အသင္းမွာ ကစားဖို႔ အခြင့္အေရးရွိေနဆဲျဖစ္ၿပီး လာမယ့္ရာသီမွာ အသုံးျပဳဖို႔ ပရိသတ္ေတြ တိုက္တြန္းခဲ့ၾက။

– ခ်ဲလ္ဆီးအသင္းကို ရႈံးနိမ့္ခဲ့ေပမယ့္လည္း ကြင္းလယ္တိုက္စစ္မွာ ေျခစြမ္းျပခဲ့ၿပီး တစ္ဖက္အသင္းကို ျပန္လည္ၿခိမ္းေျခာက္ႏိုင္ခဲ့တဲ့ ဂ်ိဳး ဝီေလာ့ခ္ကို နယူးကာဆယ္လ္ပရိသတ္ေတြက အရမ္းခ်စ္ေနၿပီလို႔ ဆိုခဲ့ၾကၿပီး အငွားကစားသမားတစ္ဦးအေနနဲ႔ အသင္းအတြက္ အျပည့္အဝ ေပးဆပ္ခဲ့ပုံကိုလည္း ခ်ီးက်ဴးေနၾက။

– အာဆင္နယ္နဲ႔ ဘာစီလိုနာေနာက္ခံလူေဟာင္း ဂ်ီယိုဗန္နီ ဗန္ဘ႐ြန္ေခါ့စ္က လိဒ္စ္နဲ႔ပြဲမွာ ဘမ္ဖို႔ဒ္ကို ဖ်က္ထုတ္ခဲ့တဲ့ ေနာက္ခံလူ ဆီးဒရစ္ ဆြာရက္စ္ကို ခ်ီးက်ဴးလိုက္ၿပီး အႏၲရာယ္မ်ားတဲ့ အေနအထားမွာ တစ္ဖက္ေရွ႕တန္းလူေရွ႕က ျဖတ္ေျပးၿပီး ကာကြယ္ခဲ့တာဟာ ပါးနပ္ၿပီး သူ႔ဘက္က စိတ္ခ်ရတဲ့ အေျခအေနျဖစ္သလို VAR ကလည္း ျပစ္ဒဏ္ေဘာ မဟုတ္ေၾကာင္း ေထာက္ခံသြားႏိုင္ခဲ့တယ္လို႔ဆို။

– ေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္ကို အာဆင္နယ္အသင္းအေနနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ စီစဥ္ေနရာမွာ ပြဲကစားခြင့္ နည္းပါးသြားႏိုင္တဲ့ အေျခအေနေၾကာင့္ ကစားသမားနည္းျပအေနနဲ႔ တာဝန္ေပးသြားဖို႔ ရွိေနတယ္လို႔ ခန႔္မွန္းေနၾက။

– ကစားသမားဘဝ ကုန္ဆုံးရင္ စေကာ့တလန္မွာ ေအးေအးခ်မ္းခ်မ္းေနထိုင္ၿပီး ဆဲလ္တစ္အသင္းကို အိမ္ကြင္းေရာ အေဝးကြင္းေတြမွာပါ ပရိသတ္တစ္ဦးအျဖစ္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ လိုက္ပါအားေပးသြားလိုတယ္လို႔ ေနာက္ခံလူ ကီရန္ တီယာနီက ေျပာၾကားလိုက္ၿပီး နည္းျပအျဖစ္ ေျပာင္းလဲဖို႔ကိုေတာ့ ေသခ်ာမစဥ္းစားရေသးေၾကာင္းဆို။

– လိဒ္စ္ဘက္ကို သြင္းယူခဲ့တဲ့ အူဘာမီယန္းရဲ႕ ဟက္ထရစ္ျပည့္ေျမာက္တဲ့ ဂိုးမွာ အီမီးလ္ စမစ္႐ိုးအေနနဲ႔ ဖန္တီးေပးခဲ့တာ မဟုတ္ဘဲ ကန္သြင္းခဲ့တာလို႔ ပြဲတြင္းမွာ စေနာက္သြားခဲ့တဲ့ ခ်ာကာနဲ႔ အခိုက္အတန႔္ကို အာဆင္နယ္ရဲ႕ တြစ္တာအေကာင့္မွာ တင္ခဲ့အၿပီးမွာ လူငယ္ကြင္းလယ္လူက ျဖတ္တင္တာျဖစ္ျဖစ္ ကန္သြင္းတာျဖစ္ျဖစ္ အေရးပါတဲ့ သုံးမွတ္လို႔ တုံ႔ျပန္ေရးသားသြားခဲ့။

– အိန္းစလီဟာ ကြင္းလယ္မွာ မေမာမပန္းနဲ႔ ေနရာေတြကို ကာကြယ္ေပးႏိုင္သူျဖစ္ၿပီး လုပ္အားႏႈန္းေကာင္းမြန္သူျဖစ္ေၾကာင္း ဝက္စ္ဘ႐ြန္း နည္းျပ ဆမ္အလာဒိုက္စ္က ခ်ီးက်ဴးခဲ့ၿပီးေနာက္ပိုင္းမွာ သူ႔အေနနဲ႔ ကြင္းလယ္လူတစ္ေယာက္ျဖစ္ေၾကာင္း နည္းျပ အာတီတာကို သက္ေသျပသြားဖြယ္ရွိေန။

– အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္း အန္ဒီကိုးလ္က တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္အေနနဲ႔ သူ႔ကို နည္းျပ အာတီတာ ယုံၾကည္မႈ မရွိဘူးဆိုတာကို ေကာင္းေကာင္း သေဘာေပါက္သင့္ၿပီလို႔ ေျပာၾကားလိုက္ၿပီး ကစားသမားကိုယ္စား စိတ္ပ်က္မိတယ္လို႔ ေဝဖန္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.