Match Report Premier League

လေးပွဲဆက်နိုင်ပွဲနဲ့အတူ အဆင့်လေးကို ရောက်လာခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းကတော့ ဒီနေ့မှာ သောမတ်စ် တူဟယ်လ်ရဲ့ အဖွင့်ပွဲအဖြစ် ဝုလ်ဗ်စ်ကို အိမ်ကွင်းမှာ သရေကျခဲ့အပြီး နောက်ပိုင်းပွဲတွေကို ဆက်တိုက်အနိုင်ရရှိမှုတွေနဲ့အတူ ၅ ပွဲမှာ ၁၃ မှတ်အထိ စုဆောင်းပြီး ခက်ခဲတဲ့ ပရီးမီးယားလိဂ်ရာသီမှာ လီဗာပူးလ်ကို ထိပ်ဆုံးလေးသင်း ပြင်ပကို တွန်းပို့နိုင်လိုက်ပါတယ်။

အေဘရာဟမ်ကို အထောင်ထားပြီး ဗာနာကို ထုံးစံအတိုင်း ဘယ်ခြမ်းမှာ ကစားစေခဲ့တဲ့ တူဟယ်ရဲ့ ကစားကွက်မှာ ဟဒ်ဆန်-အိုဒွိုင်းကတော့ အလယ်တန်း ညာအစွန်က အသုံးတော်ခံခဲ့ရပြီး ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့သလို ခံစစ်ပိုင်းတိုးတက်လာမှုကလည်း ရူဒီဂါ ဝင့်ကြွားထားသလိုပဲ နောက်ထပ် Clean Sheet တစ်ပွဲကို ရယူနိုင်ခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာ ပင်နယ်တီဧရိယာထဲမှာ အေဘရာဟမ်ကို ခပ်ကြမ်းကြမ်း ဖျက်ထုတ်တဲ့ လာဆယ်လက်စ်ကြောင့် ပင်နယ်တီတောင်းဆိုမှုကို ဒိုင်လူကြီး ပီတာ ဘန့်ခ်စ်က ပယ်ချခဲ့ပြီး ဒီကနေ ဒဏ်ရာရရှိသွားခဲ့တဲ့ အင်္ဂလန်သားကို ပွဲချိန် မိနစ် ၂၀ မှာတော့ ဆက်ကစားနိုင်ခြင်းမရှိတော့လို့ ဂျီရူးနဲ့ လူစားလဲခဲ့ရပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာ အလွန်ဆို ခေါင်းတိုက်ချပေးတာကို တီမို ဗာနာ လောကြီးနေခဲ့လို့ အပိုင်အခွင့်အရေး လွဲချော်ခဲ့ပြီး ပွဲချိန် ၃၁ မိနစ်မှာတော့ ဘယ်တောင်ပံကနေ သူပဲ ကြိုးစားပြီး ချိုးပေးတဲ့ ဘောလုံးကို ဂိုးသမား ဒါလိုး ပုတ်ထုတ်လို့ ပြန်ထွက်လာတာကို ဂျီရူးက အနီးကပ် အပြင်းကန်သွင်းယူပြီး အဖွင့်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

သုံးမိနစ်အကြာမှာ ဗာနာရဲ့ လျှပ်တစ်ပြက်ကန်ချက် ကောင်းခဲ့ပေမယ့် ဂိုးဘားပေါ် ကျော်သွားခဲ့လို့ နစ်နာခဲ့ရပြန်သလို ပွဲချိန် ၃၉ မိနစ်မှာတော့ မေဆန်မောင့်ရဲ့ ထောင့်ကန်ဘောကနေ နယူးကာဆယ်လ်နောက်ခံလူ လာဆယ်လက်စ်နဲ့ ထိပြီး ကွက်တိရောက်လာတဲ့ ဘောလုံးကို ဂိုးရဖို့ ခက်နေတဲ့ ဂျာမန်တိုက်စစ်မှူးက လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းပြီး သူ့ရဲ့ ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဗာနာအနေနဲ့ ပြီးခဲ့တဲ့ နယူးကာဆယ်လ်နဲ့ ပထမအကျော့မှာ အဝေးကွင်းမှာ စတင်ပြီး ဂိုးပေါက်ပျောက်ဆုံးခဲ့ရာမှာ ၁၄ ပွဲ ဆက်တိုက် ပရီးမီးယားလိဂ်မှာ ဂိုးသွင်းနိုင်ခြင်း မရှိဘဲဖြစ်နေရာက ငှက်ကျားတွေနဲ့ အိမ်ကွင်းမှာ ပြန်လည်တွေ့ဆုံချိန်အထိ ဂိုးပြန်ရဖို့ စောင့်ဆိုင်းခဲ့ရတာကတော့ ထူးခြားတဲ့ တိုက်ဆိုင်မှုလည်းဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ မေဆန်မောင့်ရဲ့ ဖြုန်းတီးမှုတွေနဲ့အတူ နှစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ နယူးကာဆယ်လ်တို့ရဲ့ တန်ပြန်တိုက်စစ်နဲ့ ထိုးဖောက်မှုတွေကို ဒီနေ့ပွဲမှာ တူဟယ်လ်ထက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲကို ဖမ်းခွင့်ရတဲ့ ကီပါအနေနဲ့ လေးကြိမ်အထိ ကာကွယ်ခဲ့ရပြီး Clean Sheet ရဖို့ လက်စွမ်းပြသနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ နယူးကာဆယ်လ်နောက်ခံလူ လာဆယ်လက်စ်ရဲ့ ပင်နယ်တီဧရိယာထဲက ကြမ်းတမ်းတဲ့ ကစားပုံတွေကို ဒိုင်လူကြီး မျက်ကွယ်ပြု သွားခဲ့တာ နှစ်ကြိမ်အထိ ရှိခဲ့တာကြောင့် ချဲလ်ဆီးတို့ နစ်နာခဲ့ရပြီး အခွင့်အရေးတွေကို အသုံးချမှုမှာတော့ နှစ်ဖက်စလုံးက အားနည်းနေခဲ့တာကြောင့် ပထမပိုင်းက ရလဒ်အတိုင်းပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

လေးပွဲဆက်တိုက် နိုင်ပွဲကြောင့် ချဲလ်ဆီးတို့ ဒီပွဲအပြီးမှာ အဆင့် ၄ နေရာကို ရမှတ် ၄၂ မှတ်နဲ့ သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်း ကလည်း ရှက်ဖီးလ်ဒ်အပေါ် နိုင်ပွဲရခဲ့တာကြောင့် အမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၅ ကို လိုက်လာခဲ့သလို လက်ရှိချန်ပီယံ လီဗာပူးလ်ကတော့ လန်ဒန်နှစ်သင်းရဲ့ နိုင်ပွဲရ တနင်္လာညမှာ အဆင့် ၆ အထိ ရောက်ရှိသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းကေတာ့ ဒီေန႔မွာ ေသာမတ္စ္ တူဟယ္လ္ရဲ႕ အဖြင့္ပြဲအျဖစ္ ဝုလ္ဗ္စ္ကို အိမ္ကြင္းမွာ သေရက်ခဲ့အၿပီး ေနာက္ပိုင္းပြဲေတြကို ဆက္တိုက္အႏိုင္ရရွိမႈေတြနဲ႔အတူ ၅ ပြဲမွာ ၁၃ မွတ္အထိ စုေဆာင္းၿပီး ခက္ခဲတဲ့ ပရီးမီးယားလိဂ္ရာသီမွာ လီဗာပူးလ္ကို ထိပ္ဆုံးေလးသင္း ျပင္ပကို တြန္းပို႔ႏိုင္လိုက္ပါတယ္။

ေအဘရာဟမ္ကို အေထာင္ထားၿပီး ဗာနာကို ထုံးစံအတိုင္း ဘယ္ျခမ္းမွာ ကစားေစခဲ့တဲ့ တူဟယ္ရဲ႕ ကစားကြက္မွာ ဟဒ္ဆန္-အိုဒြိဳင္းကေတာ့ အလယ္တန္း ညာအစြန္က အသုံးေတာ္ခံခဲ့ရၿပီး ထိုးေဖာက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့သလို ခံစစ္ပိုင္းတိုးတက္လာမႈကလည္း ႐ူဒီဂါ ဝင့္ႂကြားထားသလိုပဲ ေနာက္ထပ္ Clean Sheet တစ္ပြဲကို ရယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာ ပင္နယ္တီဧရိယာထဲမွာ ေအဘရာဟမ္ကို ခပ္ၾကမ္းၾကမ္း ဖ်က္ထုတ္တဲ့ လာဆယ္လက္စ္ေၾကာင့္ ပင္နယ္တီေတာင္းဆိုမႈကို ဒိုင္လူႀကီး ပီတာ ဘန႔္ခ္စ္က ပယ္ခ်ခဲ့ၿပီး ဒီကေန ဒဏ္ရာရရွိသြားခဲ့တဲ့ အဂၤလန္သားကို ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ ဆက္ကစားႏိုင္ျခင္းမရွိေတာ့လို႔ ဂ်ီ႐ူးနဲ႔ လူစားလဲခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာ အလြန္ဆို ေခါင္းတိုက္ခ်ေပးတာကို တီမို ဗာနာ ေလာႀကီးေနခဲ့လို႔ အပိုင္အခြင့္အေရး လြဲေခ်ာ္ခဲ့ၿပီး ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ဘယ္ေတာင္ပံကေန သူပဲ ႀကိဳးစားၿပီး ခ်ိဳးေပးတဲ့ ေဘာလုံးကို ဂိုးသမား ဒါလိုး ပုတ္ထုတ္လို႔ ျပန္ထြက္လာတာကို ဂ်ီ႐ူးက အနီးကပ္ အျပင္းကန္သြင္းယူၿပီး အဖြင့္ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ပါတယ္။

သုံးမိနစ္အၾကာမွာ ဗာနာရဲ႕ လွ်ပ္တစ္ျပက္ကန္ခ်က္ ေကာင္းခဲ့ေပမယ့္ ဂိုးဘားေပၚ ေက်ာ္သြားခဲ့လို႔ နစ္နာခဲ့ရျပန္သလို ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ေမဆန္ေမာင့္ရဲ႕ ေထာင့္ကန္ေဘာကေန နယူးကာဆယ္လ္ေနာက္ခံလူ လာဆယ္လက္စ္နဲ႔ ထိၿပီး ကြက္တိေရာက္လာတဲ့ ေဘာလုံးကို ဂိုးရဖို႔ ခက္ေနတဲ့ ဂ်ာမန္တိုက္စစ္မႉးက လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းၿပီး သူ႔ရဲ႕ ဂိုးမိုးေခါင္မႈကို အဆုံးသတ္ႏိုင္ခဲ့ပါတယ္။

ဗာနာအေနနဲ႔ ၿပီးခဲ့တဲ့ နယူးကာဆယ္လ္နဲ႔ ပထမအေက်ာ့မွာ အေဝးကြင္းမွာ စတင္ၿပီး ဂိုးေပါက္ေပ်ာက္ဆုံးခဲ့ရာမွာ ၁၄ ပြဲ ဆက္တိုက္ ပရီးမီးယားလိဂ္မွာ ဂိုးသြင္းႏိုင္ျခင္း မရွိဘဲျဖစ္ေနရာက ငွက္က်ားေတြနဲ႔ အိမ္ကြင္းမွာ ျပန္လည္ေတြ႕ဆုံခ်ိန္အထိ ဂိုးျပန္ရဖို႔ ေစာင့္ဆိုင္းခဲ့ရတာကေတာ့ ထူးျခားတဲ့ တိုက္ဆိုင္မႈလည္းျဖစ္ခဲ့ပါတယ္။

ပထမပိုင္းမွာ ေမဆန္ေမာင့္ရဲ႕ ျဖဳန္းတီးမႈေတြနဲ႔အတူ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ နယူးကာဆယ္လ္တို႔ရဲ႕ တန္ျပန္တိုက္စစ္နဲ႔ ထိုးေဖာက္မႈေတြကို ဒီေန႔ပြဲမွာ တူဟယ္လ္ထက္ ပထမဆုံး ပရီးမီးယားလိဂ္ပြဲကို ဖမ္းခြင့္ရတဲ့ ကီပါအေနနဲ႔ ေလးႀကိမ္အထိ ကာကြယ္ခဲ့ရၿပီး Clean Sheet ရဖို႔ လက္စြမ္းျပသႏိုင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ နယူးကာဆယ္လ္ေနာက္ခံလူ လာဆယ္လက္စ္ရဲ႕ ပင္နယ္တီဧရိယာထဲက ၾကမ္းတမ္းတဲ့ ကစားပုံေတြကို ဒိုင္လူႀကီး မ်က္ကြယ္ျပဳ သြားခဲ့တာ ႏွစ္ႀကိမ္အထိ ရွိခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ရၿပီး အခြင့္အေရးေတြကို အသုံးခ်မႈမွာေတာ့ ႏွစ္ဖက္စလုံးက အားနည္းေနခဲ့တာေၾကာင့္ ပထမပိုင္းက ရလဒ္အတိုင္းပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ေလးပြဲဆက္တိုက္ ႏိုင္ပြဲေၾကာင့္ ခ်ဲလ္ဆီးတို႔ ဒီပြဲအၿပီးမွာ အဆင့္ ၄ ေနရာကို ရမွတ္ ၄၂ မွတ္နဲ႔ သိမ္းပိုက္ႏိုင္ခဲ့ၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ ဝက္စ္ဟမ္း ကလည္း ရွက္ဖီးလ္ဒ္အေပၚ ႏိုင္ပြဲရခဲ့တာေၾကာင့္ အမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ အဆင့္ ၅ ကို လိုက္လာခဲ့သလို လက္ရွိခ်န္ပီယံ လီဗာပူးလ္ကေတာ့ လန္ဒန္ႏွစ္သင္းရဲ႕ ႏိုင္ပြဲရ တနလၤာညမွာ အဆင့္ ၆ အထိ ေရာက္ရွိသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.