Premier League Transfer News

15 Feb ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– RB လိုက်ပ်ဇစ်အသင်းနဲ့ တွေ့ဆုံမယ့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်အတွက် လီဗာပူးလ်အသင်းမှာ ကစားသမား သုံးဦးအထိ အနားယူနေရာကနေ ပြန်လည်ပါဝင်လာနိုင်ဖို့ ရှိနေပြီး ဘင်ဒေးဗီးစ်နဲ့ ဒီဗော့ခ် အိုရီဂီတို့အပြင် အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမယ့် နာဘီ ကီးတားပါ ကစားနိုင်ဖို့ ရှိနေ။

– လီဗာပူးလ်အသင်းကို အများက သူတို့အသင်းနဲ့ တွေ့ဆုံမှုမှာ အပေါ်အသင်းအဖြစ် သတ်မှတ်ထားကြမှာဖြစ်ပြီး တကယ်တမ်းမှာလည်း သူတို့ထက် အနည်းငယ် သာလွန်ပေမယ့် နောက်တစ်ဆင့်တက်ဖို့ ကိုယ့်ခြေစွမ်းအပေါ် ကိုယ်ယုံကြည်မှုနဲ့ အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်ကြောင်း RB လိုက်ပ်ဇစ်နည်းပြ နာဂဲလ်စ်မန်း ပြောကြား။

– လာမယ့်နွေရာသီမှာ သူတို့ရဲ့ နောက်ခံလူတစ်နေရာအတွက် အိုဇန် ကာဘက်ခ်အပြင် အက်စတန်ဗီလာနောက်ခံလူ အက်ဇရီ ကွန်ဆာကို ခေါ်ယူဖို့ လီဗာပူးလ်တို့ ပစ်မှတ်ထားနေပြီး ဒဏ်ရာတွေနဲ့ နပမ်းလုံးနေခဲ့ရတဲ့ နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ်နေရာကို အစားထိုးသွားဖို့ရှိနေ။

– လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်အနေနဲ့ မိခင် ဆုံးပါးသွားမှုကြောင့် လာမယ့်နွေရာသီမှာ အသင်းနဲ့ လမ်းခွဲပြီး ဖိအားတွေကို လျှော့ချဖို့ အချိန်ယူသွားမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်ပြီး အသက် ၂၀ ကတည်းက ဘောလုံးလောကထဲ ဝင်ရောက်ခဲ့သူတစ်ဦး အနေနဲ့ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားကိုင်တွယ်နိုင်ကြောင်း ရှင်းလင်းသွား။

– ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ဒက်ကလန် ရိုက်စ်က သူ့အနေနဲ့ လီဗာပူးလ်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကို အချိန် ရရင် သင်ကြားပေးစရာတွေ ရှိနေပြီး သူ့အနေနဲ့ Pressing ကစားရာမှာ မလိုအပ်ဘဲ ခွန်အားမဖြုန်းတီးဖို့နဲ့ တစ်ဖက်ကစားသမားတွေကို လှုပ်ရှားဖို့ အချိန်ပေးပြီး ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်ပြီးမှ တုံ့ပြန်ရမှာဖြစ်ကြောင်း အကြံပေး။

– လီဗာပူးလ်ရဲ့ Pressing ကစားပုံမှာ ဂိုးသမား အယ်လစ်ဆန်အနေနဲ့ ပိုမိုရုန်းကန်လာနေရပြီး ဒါဟာ ပြီးခဲ့တဲ့ညက အာဆင်နယ်အသင်းရဲ့ လိစ်ဒ်ယူနိုက်တက်အသင်းအပေါ် နိုင်ပွဲမှာ ယော့ခ်ရှိုင်းယားအသင်းရဲ့ ဂိုးသမား အီယန် မေလီယေးရဲ့ ရုန်းကန်ခဲ့ရပုံနဲ့ အတူတူပဲဖြစ်သလို သူတို့တွေဟာ အဝေးဘောတွေကို ပေးပို့နိုင်ဖို့ အထူးကြိုးစားလုပ်ဆောင်နေကြရကြောင်း Bein Sports မှာ အာဆင်ဝင်းဂါးက ထောက်ပြသွားခဲ့။

– ရိန်းဂျားစ်အသင်းတိုက်စစ်မှူးဟောင်းနဲ့ ဘောလုံးကျွမ်းကျင်သူ အယ်လီ မက်ကွိုက်စ်က နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ဂိုးသမား အယ်လစ်ဆန်ကို ပွဲအနည်းငယ် အရန်ခုံမှာ ထိုင်ခိုင်းပြီး အနားပေးရင်း သူ့ရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်သင့်ကြောင်းနဲ့ အရန် ဂိုးသမားကို သုံးစွဲဖို့ တိုက်တွန်းသွား။

– ရာသီကုန်မှာ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားရာမှာ မန်ချက်စတာစီးတီးအသင်းကို ပယ်ချပြီး ကစားခွင့်ရမယ့် ဖရန့်ဖတ်အသင်းကို ရွေးချယ်ခဲ့တဲ့ ဘာဆာစပေါ်တိုက်စစ်မှူး အလီ အက်ခ်မန်က တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူနှစ်သက်တဲ့ လီဗာပူးလ်အသင်းမှာ ကစားခွင့်ရချင်တယ်လို့ ပြောကြား။

live

– လီဗာပူးလ်အသင်းအနေနဲ့ ကြီးမားတဲ့ အသင်းထုတ်ပြန်ချက်တစ်ရပ်ကို ရက်ပိုင်းအတွင်း ကြေငြာဖို့ ရှိနေတယ်လို့ ရုပ်သံထုတ်လွှင့်သူ ရော့ဒ်နီ မာ့ရှ်က ထုတ်ပြန်ခဲ့မှုကြောင့် ပရိသတ်တွေကြားထဲမှာ နည်းပြ ယာဂန် ကလော့ပ်နဲ့ ပတ်သက်တဲ့ သတင်းများဖြစ်မလားနဲ့ ကလပ်အတွင်း ဘာတွေ အပြောင်းအလဲဖြစ်မှာလဲဆိုတာ သို့လောသို့လော ခန့်မှန်းနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: