Match Report Premier League

အူဘာမီယန်းရဲ့ ဟက်ထရစ်နဲ့ နိုင်ပွဲပြန်ရှာတွေ့ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ အသင်းခေါင်းဆောင်တိုက်စစ်မှူး အူဘာမီယန်းကို အထောင်နေရာမှာ တင်ကစားလာခဲ့ပြီး ကွင်းလယ် အဖျက်စစ် မပါဝင်နိုင်မှုကို ကွင်းလယ်ကစားသမား ၅ ယောက်အထိ စုဖွဲ့ပြီး ကာမိအောင် ကြိုးစားလာခဲ့သလို ခံစစ်မှာတော့ ဘရာဇီးလ်သားနှစ်ဦးကို တွဲဖက်ပေးခဲ့ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ အာဆင်နယ်တို့ အဖွင့်ဂိုး စရခဲ့ပြီး ချာကာ ပေးလိုက်တာကို အူဘာမီယန်းက ဘယ်ခြမ်းကနေ တစ်ကိုယ်တော်အစွမ်းနဲ့ လိဒ်စ်ဂိုးဧရိယာထဲ ဝင်ရောက်လာခဲ့ပြီး သူ့ပုံစံအတိုင်း အဝေးတိုင်ကို မကန်ဘဲ အနီးတိုင်ခြေကို ချိုးကန်ခဲ့ရာမှာ အေးလင်းနဲ့ ကူးပါးတို့ကြားထဲက ထွက်လာတဲ့ ဘောလုံးကို ဂိုးသမား မေလီယေး မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရပါတယ်။

၃၃ မိနစ်မှာ ဆာကာနဲ့ ကူးပါးထိပြီး ဂိုးဧရိယာထဲမှာ လဲကျသွားခဲ့တာကို ဒိုင်လူကြီး စတူးဝပ် အတ်ဝဲလ်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပေမယ့် လိဒ်စ်ရဲ့ စောဒကတက်မှုကြောင့် VAR ပြန်ကြည့်ရာမှာ ခံစစ်သမားနဲ့ တိုက်စစ်သမားကြား ထိတွေ့မှုက ပြစ်ဒဏ်ဖြစ်ဖို့ လုံလောက်မှု မရှိခဲ့ဘူးဆိုပြီး ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။

၄၁ မိနစ်မှာတော့ လိဒ်စ်ဂိုးသမား မေလီယေးရဲ့ ဘောလုံးကို ကန်တင်ဖို့ အချိန်ဆွဲနေရာမှာ ဆာကာက ဝင်လုခဲ့ပြီး ဂိုးသမားရဲ့ စိုးရိမ်တကြီး ဖျက်ထုတ်မှုကတော့ ဒီတစ်ခါမှာ သက်ညှာဖို့ အကြောင်းမရှိတာကြောင့် ပင်နယ်တီရခဲ့ပြီး ဒါကို အူဘာမီယန်းက ကန်သွင်းရယူနိုင်ခဲ့လို့ အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပြီး ဂါဘွန်သားရဲ့ ဥရောပထိပ်တန်းလိဂ် ကစားသမားဘဝ ဂိုး ၂၀၀ မြောက်လည်း ဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမပြီးခင်မှာပဲ အာဆင်နယ်တို့ နောက်တစ်ဂိုး ထပ်ရခဲ့ပြီး ပွဲချိန် ၄၅ မိနစ်မှာ တစ်သင်းလုံး ဖိကစားနေရင်း ဒါနီ စီဘာယော့စ်က လူကြားထဲကနေ ထုတ်ပေးလိုက်တဲ့ ဘောလုံးကို နောက်ခံလူ ဘယ်လာရင်က ထောင့်ကျဉ်းအနေအထားကနေ အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား မကာကွယ်နိုင်ခဲ့လို့ တတိယဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စအပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ဆီးဒရစ် လုယူခဲ့ပြီး စမစ်ရိုးက သူရသွားတဲ့ ဘောလုံးကို ဆွဲပြေးပြီး ဂိုးဧရိယာထဲမှာ နေရာယူထားတဲ့ အူဘာမီယန်းကို ဖြတ်တင်ပေးရာမှာ အာဆင်နယ်အသင်းခေါင်းဆောင်က ခေါင်းတိုက်သွင်းပြီး သူ့အတွက် ဟက်ထရစ်ကို ပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လိဒ်စ်တို့ လူစားလဲမှုတွေနဲ့ တိုက်စစ်ကို မြှင့်တင်လာခဲ့ပြီး ပွဲချိန် ၅၈ မိနစ်မှာ ထောင့်ကန်ဘောကို ရာဖင်ညာ ကန်တင်ပေးတာကို နောက်ခံလူ စထရစ်ချ်က ဆာကာနဲ့ ဒေးဗစ် လူးဝစ်ဇ်တို့ရှေ့ကနေ ဖြတ်ပြေးပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ချေပဂိုးတစ်ဂိုး ပြန်ရခဲ့ပါတယ်။

၆၂ မိနစ်မှာတော့ အာဆင်နယ်ဘက်က စမစ်ရိုးအစား ဝီလီယန် ဝင်ကစားခဲ့ပြီး ကစားအား အနည်းငယ် ကျသွားခဲ့သလို ပွဲချိန် ၆၉ မိနစ်မှာတော့ ဘယ်ခြမ်းက ရောဘတ်စ်ရဲ့ အနိမ့်ဘောဖြတ်တင်မှုကို လူစားဝင်ကစားသမား ဟဲလ်ဒါ ကော့စတာက ချာကာရဲ့ လေးလံမှုကို အခွင့်ကောင်း ယူပြီး ပိတ်သွင်းသွားနိုင်ခဲ့လို့ ပွဲရလဒ်က လေးဂိုး-နှစ်ဂိုးဖြစ်နေခဲ့ပါတယ်။

၇၆ မိနစ်မှာ အူဘာမီယန်းရဲ့ လေးဂိုးမြောက်ဖြစ်နိုင်တဲ့ ကန်ချက်က နောက်တန်းနဲ့ ဂိုးသမားတွေကို လှည့်စားသွားပေမယ့် တိုင်ထိခဲ့လို့ နစ်နာခဲ့ရပြီး မကြာခင် စက္ကန့်ပိုင်းအတွင်းမှာ လိဒ်စ်ဘက်က တိုက်စစ်မှူးဘမ်ဖို့ဒ် ပင်နယ်တီတောင်းခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပွဲကို အာဆင်နယ်တို့ ထိန်းကစားသွားခဲ့ပြီး အနိုင်ရလဒ်နဲ့ လိဒ်စ်ကို ပြန်ကျော်တက်ပြီး အဆင့် ၁၀ နေရာကို ပြန်လည် ရောက်ရှိလာခဲ့သလို အဆင့် ၄ က လီဗာပူးလ်နဲ့ ၆ မှတ်သာ ကွာဟနေတာကြောင့် ရပ်တည်မှု မကောင်းသေးပေမယ့် အားတက်စရာဖြစ်ခဲ့ရပြီး ခံစစ်မှာ တီယာနီသာ ပြန်ပါလာခဲ့ရင် ပရိသတ်တွေ စိတ်ချမ်းသာနိုင်ဖို့ သေချာနေနိုင်ကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ အသင္းေခါင္းေဆာင္တိုက္စစ္မႉး အူဘာမီယန္းကို အေထာင္ေနရာမွာ တင္ကစားလာခဲ့ၿပီး ကြင္းလယ္ အဖ်က္စစ္ မပါဝင္ႏိုင္မႈကို ကြင္းလယ္ကစားသမား ၅ ေယာက္အထိ စုဖြဲ႕ၿပီး ကာမိေအာင္ ႀကိဳးစားလာခဲ့သလို ခံစစ္မွာေတာ့ ဘရာဇီးလ္သားႏွစ္ဦးကို တြဲဖက္ေပးခဲ့ပါတယ္။

ပြဲခ်ိန္ ၁၃ မိနစ္မွာ အာဆင္နယ္တို႔ အဖြင့္ဂိုး စရခဲ့ၿပီး ခ်ာကာ ေပးလိုက္တာကို အူဘာမီယန္းက ဘယ္ျခမ္းကေန တစ္ကိုယ္ေတာ္အစြမ္းနဲ႔ လိဒ္စ္ဂိုးဧရိယာထဲ ဝင္ေရာက္လာခဲ့ၿပီး သူ႔ပုံစံအတိုင္း အေဝးတိုင္ကို မကန္ဘဲ အနီးတိုင္ေျခကို ခ်ိဳးကန္ခဲ့ရာမွာ ေအးလင္းနဲ႔ ကူးပါးတို႔ၾကားထဲက ထြက္လာတဲ့ ေဘာလုံးကို ဂိုးသမား ေမလီေယး မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရပါတယ္။

၃၃ မိနစ္မွာ ဆာကာနဲ႔ ကူးပါးထိၿပီး ဂိုးဧရိယာထဲမွာ လဲက်သြားခဲ့တာကို ဒိုင္လူႀကီး စတူးဝပ္ အတ္ဝဲလ္က ပင္နယ္တီ သတ္မွတ္ေပးခဲ့ေပမယ့္ လိဒ္စ္ရဲ႕ ေစာဒကတက္မႈေၾကာင့္ VAR ျပန္ၾကည့္ရာမွာ ခံစစ္သမားနဲ႔ တိုက္စစ္သမားၾကား ထိေတြ႕မႈက ျပစ္ဒဏ္ျဖစ္ဖို႔ လုံေလာက္မႈ မရွိခဲ့ဘူးဆိုၿပီး ျပန္လည္ပယ္ဖ်က္ခဲ့ပါတယ္။

၄၁ မိနစ္မွာေတာ့ လိဒ္စ္ဂိုးသမား ေမလီေယးရဲ႕ ေဘာလုံးကို ကန္တင္ဖို႔ အခ်ိန္ဆြဲေနရာမွာ ဆာကာက ဝင္လုခဲ့ၿပီး ဂိုးသမားရဲ႕ စိုးရိမ္တႀကီး ဖ်က္ထုတ္မႈကေတာ့ ဒီတစ္ခါမွာ သက္ညႇာဖို႔ အေၾကာင္းမရွိတာေၾကာင့္ ပင္နယ္တီရခဲ့ၿပီး ဒါကို အူဘာမီယန္းက ကန္သြင္းရယူႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ၿပီး ဂါဘြန္သားရဲ႕ ဥေရာပထိပ္တန္းလိဂ္ ကစားသမားဘဝ ဂိုး ၂၀၀ ေျမာက္လည္း ျဖစ္ခဲ့ပါတယ္။

ပထမပိုင္းမၿပီးခင္မွာပဲ အာဆင္နယ္တို႔ ေနာက္တစ္ဂိုး ထပ္ရခဲ့ၿပီး ပြဲခ်ိန္ ၄၅ မိနစ္မွာ တစ္သင္းလုံး ဖိကစားေနရင္း ဒါနီ စီဘာေယာ့စ္က လူၾကားထဲကေန ထုတ္ေပးလိုက္တဲ့ ေဘာလုံးကို ေနာက္ခံလူ ဘယ္လာရင္က ေထာင့္က်ဥ္းအေနအထားကေန အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား မကာကြယ္ႏိုင္ခဲ့လို႔ တတိယဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စအၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ဆီးဒရစ္ လုယူခဲ့ၿပီး စမစ္႐ိုးက သူရသြားတဲ့ ေဘာလုံးကို ဆြဲေျပးၿပီး ဂိုးဧရိယာထဲမွာ ေနရာယူထားတဲ့ အူဘာမီယန္းကို ျဖတ္တင္ေပးရာမွာ အာဆင္နယ္အသင္းေခါင္းေဆာင္က ေခါင္းတိုက္သြင္းၿပီး သူ႔အတြက္ ဟက္ထရစ္ကို ပိုင္ဆိုင္သြားႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ လိဒ္စ္တို႔ လူစားလဲမႈေတြနဲ႔ တိုက္စစ္ကို ျမႇင့္တင္လာခဲ့ၿပီး ပြဲခ်ိန္ ၅၈ မိနစ္မွာ ေထာင့္ကန္ေဘာကို ရာဖင္ညာ ကန္တင္ေပးတာကို ေနာက္ခံလူ စထရစ္ခ်္က ဆာကာနဲ႔ ေဒးဗစ္ လူးဝစ္ဇ္တို႔ေရွ႕ကေန ျဖတ္ေျပးၿပီး ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ေခ်ပဂိုးတစ္ဂိုး ျပန္ရခဲ့ပါတယ္။

၆၂ မိနစ္မွာေတာ့ အာဆင္နယ္ဘက္က စမစ္႐ိုးအစား ဝီလီယန္ ဝင္ကစားခဲ့ၿပီး ကစားအား အနည္းငယ္ က်သြားခဲ့သလို ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ဘယ္ျခမ္းက ေရာဘတ္စ္ရဲ႕ အနိမ့္ေဘာျဖတ္တင္မႈကို လူစားဝင္ကစားသမား ဟဲလ္ဒါ ေကာ့စတာက ခ်ာကာရဲ႕ ေလးလံမႈကို အခြင့္ေကာင္း ယူၿပီး ပိတ္သြင္းသြားႏိုင္ခဲ့လို႔ ပြဲရလဒ္က ေလးဂိုး-ႏွစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

၇၆ မိနစ္မွာ အူဘာမီယန္းရဲ႕ ေလးဂိုးေျမာက္ျဖစ္ႏိုင္တဲ့ ကန္ခ်က္က ေနာက္တန္းနဲ႔ ဂိုးသမားေတြကို လွည့္စားသြားေပမယ့္ တိုင္ထိခဲ့လို႔ နစ္နာခဲ့ရၿပီး မၾကာခင္ စကၠန႔္ပိုင္းအတြင္းမွာ လိဒ္စ္ဘက္က တိုက္စစ္မႉးဘမ္ဖို႔ဒ္ ပင္နယ္တီေတာင္းခဲ့ေပမယ့္ ျငင္းပယ္ခံခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ပြဲကို အာဆင္နယ္တို႔ ထိန္းကစားသြားခဲ့ၿပီး အႏိုင္ရလဒ္နဲ႔ လိဒ္စ္ကို ျပန္ေက်ာ္တက္ၿပီး အဆင့္ ၁၀ ေနရာကို ျပန္လည္ ေရာက္ရွိလာခဲ့သလို အဆင့္ ၄ က လီဗာပူးလ္နဲ႔ ၆ မွတ္သာ ကြာဟေနတာေၾကာင့္ ရပ္တည္မႈ မေကာင္းေသးေပမယ့္ အားတက္စရာျဖစ္ခဲ့ရၿပီး ခံစစ္မွာ တီယာနီသာ ျပန္ပါလာခဲ့ရင္ ပရိသတ္ေတြ စိတ္ခ်မ္းသာႏိုင္ဖို႔ ေသခ်ာေနႏိုင္ေၾကာင္းလည္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z