Premier League

Must Win ပွဲတစ်ပွဲမှာ အမှတ်လျော့ပြီး ချန်ပီယံဖြစ်ဖို့ ရုန်းကန်ရတော့မယ့် မန်ချက်စတာယူနိုက်တက်


မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ လူစုံထုတ်သုံးခဲ့ပြီး တိုက်စစ်မှာ ကာဗာနီကို အထောင်ထားပြီး မာစီယယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့ ရံပေးခဲ့သလို နောက်က ဘရူနို ဖာနန်ဒက်စ်က လိုက်ပါကစားခဲ့တဲ့ ပုံစံကို အသုံးပြုလာခဲ့ပေမယ့် ဟောသွန်းကွင်းမှာ သူတို့အနေနဲ့ နိုင်ပွဲနဲ့ ထပ်ဝေးခဲ့ရတာလည်းဖြစ်ပါတယ်။
စောစောစီးစီးမှာပဲ ပွဲချိန် ၂ မိနစ်မှာပဲ အိမ်ရှင်ဝက်စ်ဘရွန်းတို့က အဖွင့်ဂိုးကို သွင်းယူသွားခဲ့ပြီး ချဲလ်ဆီးအငှားကစားသမား ဂယ်လက်ဂါရဲ့ ဖြတ်တင်ဘောကို တိုက်စစ်မှူး ဒီယာဂနီက ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ခ်နဲ့အပြိုင် ခေါင်းတိုက်သွားခဲ့တာဖြစ်ပါတယ်။ ဒီဂိုးမှာ ပြစ်ဒဏ်ဘော တောင်းဆိုဖို့ ဧည့်သည်တွေ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ ဦးဆောင်ခံခဲ့ရတာပါ။


ဂိုးပေးရအပြီးမှာ ချေပနိုင်ဖို့ ယူနိုက်တက်ရဲ့ ဖရက်ဒ်၊ မာစီယယ်လ်တို့ ကြိုးစားခဲ့ကြပေမယ့် အရာမထင်ခဲ့ဘဲ ဝက်စ်ဘရွန်းရဲ့ အကွက်ကျကျ ပိတ်ဆို့ထားတဲ့ ခံစစ်ကို ထိုးဖောက်ဖို့ ခက်နေခဲ့သလို အိမ်ရှင်ရဲ့ တန်ပြန်တိုက်စစ်တွေကတောင် ဂိုးရဖို့ ပိုမိုနီးစပ်ခဲ့ပြီး ၂၆ မိနစ်က စနော့ဒ်ဂရတ်စ်ရဲ့ ခေါင်းတိုက်ချက်ကို ဒဟေးယား ကာကွယ်ခဲ့ရပါတယ်။


ပွဲချိန် ၄၄ မိနစ်မှာတော့ ယူနိုက်တက်တို့ ချေပဂိုးပြန်ရခဲ့ပြီး ဘယ်တောင်ပံက လုခ်ရှောရဲ့ ဖြတ်တင်ဘောကနေ ဘရူနို ဖာနန်ဒက်စ်က တိကျကောင်းမွန်တဲ့ နေရာယူပုံကို ပြသနိုင်ခဲ့ပြီး ကာဗာနီနောက်ကို ကျလာတဲ့ ဘောလုံးကို ဘယ်ခြေနဲ့ Volley ကန်သွင်းနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ယူနိုက်တက်တို့ တောက်လျှောက်ဖိကစားနေခဲ့ပြီး ပွဲချိန် ၆၂ မိနစ်မှာတော့ သူတို့တွေ ပင်နယ်တီရပြီလို့ ထင်ခဲ့ပေမယ့် ပြစ်ဒဏ်ကျူးလွန်ခံရတဲ့ မက်ဂွိုင်းယားကို ဝက်စ်ဘရွန်းနောက်ခံလူ အာဂျာယီက ထိခိုက်ခဲ့မှုက မလုံလောက်ခဲ့ဘူးဆိုပြီး VAR ပြန်ကြည့်ချိန်မှာ ဒိုင်လူကြီး ခရိတ် ပေါ်ဆန်က ပယ်ဖျက်သွားခဲ့ပါတယ်။


ပွဲချိန် ၆၉ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို လူစားဝင်တိုက်စစ်မှူး ဂရင်းဝုဒ်က ပိတ်သွင်းတာကို ဂိုးသမား ဂျွန်စတုန်း ကာကွယ်သွားခဲ့ပြီး ပြန်ထွက်လာတာကို မက်တော်မီနေးက သူ့စတိုင်အတိုင်း အမြန်ကန်သွင်းခဲ့ရာမှာလည်း ဂိုးပေါက်တည့်ခဲ့ပေမယ့် နောက်ခံလူ ဖားလောင်းက ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်သွားခဲ့လို့ ယူနိုက်တက်တို့ နစ်နာခဲ့ရပြန်ပါတယ်။


ပွဲချိန် ၇၇ မိနစ်မှာတော့ နောက်ခံလူ မက်ဂွိုင်းယား လူကာပြီး ဘောလုံးရယူဖို့ ကြိုးစားတာမှာ ပေါ့လျော့ခဲ့ပြီး ဒီနေ့ပွဲမှာ ဗလအားကိုးပြီး တစ်ဖက်နောက်ခံလူတွေကို ဒုက္ခပေးနေတဲ့ ဒိုင်ယာဂနီက သူ့ကို တွန်းလုသွားခဲ့ပြီး ကန်သွင်းခဲ့ရာမှာ ဒဟေးယား နှစ်ဆင့်ကာကွယ်ပုတ်ထုတ်နိုင်ခဲ့လို့ ယူနိုက်တက်တို့ ရှုံးပွဲ မတွေ့ခဲ့တာလည်းဖြစ်ပါတယ်။


ဒီနောက်ပိုင်းမှာတော့ တစ်ဖက်နဲ့တစ်ဖက် အခွင့်အရေးတွေကို အသုံးမချနိုင်တော့သလို ဂိုးသမားတွေကလည်း ကောင်းနေခဲ့တာကြောင့် တစ်ဂိုးစီသရေနဲ့ပဲ ကျေနပ်ခဲ့ရပြီး ယူနိုက်တက်တို့အတွက်တော့ အဝေးကွင်းမှာ စံချိန်ကို ဆက်တိုးနိုင်ခဲ့ပေမယ့် ရမှတ်ဆုံးရှုံးမှုအရတော့ နစ်နာခဲ့တဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။


ဒီနေ့မှာ မဖြစ်မနေ နိုင်သင့်တဲ့ပွဲကို သရေကျခဲ့တာကြောင့် ယူနိုက်တက်တို့အနေနဲ့ ပထမနေရာက တစ်ပွဲလျှော့ကစားထားတဲ့ မန်ချက်စတာစီးတီးနဲ့ ၇ မှတ်အထိ ကွာဟသွားခဲ့ပြီး ဒီတစ်ပတ်မှာ ပွဲကျန်ကစားမယ့် မြို့ခံပြိုင်ဘက်တွေသာ အဲဗာတန်ကို အနိုင်ရခဲ့မယ်ဆိုရင်တော့ ချန်ပီယံမျှော်လင့်ချက်တွေ တော်တော်လေး ဝေဝါးသွားတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ လူစုံထုတ္သုံးခဲ့ၿပီး တိုက္စစ္မွာ ကာဗာနီကို အေထာင္ထားၿပီး မာစီယယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ ရံေပးခဲ့သလို ေနာက္က ဘ႐ူႏို ဖာနန္ဒက္စ္က လိုက္ပါကစားခဲ့တဲ့ ပုံစံကို အသုံးျပဳလာခဲ့ေပမယ့္ ေဟာသြန္းကြင္းမွာ သူတို႔အေနနဲ႔ ႏိုင္ပြဲနဲ႔ ထပ္ေဝးခဲ့ရတာလည္းျဖစ္ပါတယ္။
ေစာေစာစီးစီးမွာပဲ ပြဲခ်ိန္ ၂ မိနစ္မွာပဲ အိမ္ရွင္ဝက္စ္ဘ႐ြန္းတို႔က အဖြင့္ဂိုးကို သြင္းယူသြားခဲ့ၿပီး ခ်ဲလ္ဆီးအငွားကစားသမား ဂယ္လက္ဂါရဲ႕ ျဖတ္တင္ေဘာကို တိုက္စစ္မႉး ဒီယာဂနီက ယူႏိုက္တက္ေနာက္ခံလူ လင္ဒီေလာ့ခ္နဲ႔အၿပိဳင္ ေခါင္းတိုက္သြားခဲ့တာျဖစ္ပါတယ္။ ဒီဂိုးမွာ ျပစ္ဒဏ္ေဘာ ေတာင္းဆိုဖို႔ ဧည့္သည္ေတြ ႀကိဳးစားခဲ့ေပမယ့္ အရာမထင္ခဲ့ဘဲ ဦးေဆာင္ခံခဲ့ရတာပါ။


ဂိုးေပးရအၿပီးမွာ ေခ်ပႏိုင္ဖို႔ ယူႏိုက္တက္ရဲ႕ ဖရက္ဒ္၊ မာစီယယ္လ္တို႔ ႀကိဳးစားခဲ့ၾကေပမယ့္ အရာမထင္ခဲ့ဘဲ ဝက္စ္ဘ႐ြန္းရဲ႕ အကြက္က်က် ပိတ္ဆို႔ထားတဲ့ ခံစစ္ကို ထိုးေဖာက္ဖို႔ ခက္ေနခဲ့သလို အိမ္ရွင္ရဲ႕ တန္ျပန္တိုက္စစ္ေတြကေတာင္ ဂိုးရဖို႔ ပိုမိုနီးစပ္ခဲ့ၿပီး ၂၆ မိနစ္က စေနာ့ဒ္ဂရတ္စ္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဒေဟးယား ကာကြယ္ခဲ့ရပါတယ္။


ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ေခ်ပဂိုးျပန္ရခဲ့ၿပီး ဘယ္ေတာင္ပံက လုခ္ေရွာရဲ႕ ျဖတ္တင္ေဘာကေန ဘ႐ူႏို ဖာနန္ဒက္စ္က တိက်ေကာင္းမြန္တဲ့ ေနရာယူပုံကို ျပသႏိုင္ခဲ့ၿပီး ကာဗာနီေနာက္ကို က်လာတဲ့ ေဘာလုံးကို ဘယ္ေျခနဲ႔ Volley ကန္သြင္းႏိုင္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။
ဒုတိယပိုင္းမွာ ယူႏိုက္တက္တို႔ ေတာက္ေလွ်ာက္ဖိကစားေနခဲ့ၿပီး ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ သူတို႔ေတြ ပင္နယ္တီရၿပီလို႔ ထင္ခဲ့ေပမယ့္ ျပစ္ဒဏ္က်ဴးလြန္ခံရတဲ့ မက္ဂြိဳင္းယားကို ဝက္စ္ဘ႐ြန္းေနာက္ခံလူ အာဂ်ာယီက ထိခိုက္ခဲ့မႈက မလုံေလာက္ခဲ့ဘူးဆိုၿပီး VAR ျပန္ၾကည့္ခ်ိန္မွာ ဒိုင္လူႀကီး ခရိတ္ ေပၚဆန္က ပယ္ဖ်က္သြားခဲ့ပါတယ္။


ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ျပန္က်လာတဲ့ ေဘာလုံးကို လူစားဝင္တိုက္စစ္မႉး ဂရင္းဝုဒ္က ပိတ္သြင္းတာကို ဂိုးသမား ဂြၽန္စတုန္း ကာကြယ္သြားခဲ့ၿပီး ျပန္ထြက္လာတာကို မက္ေတာ္မီေနးက သူ႔စတိုင္အတိုင္း အျမန္ကန္သြင္းခဲ့ရာမွာလည္း ဂိုးေပါက္တည့္ခဲ့ေပမယ့္ ေနာက္ခံလူ ဖားေလာင္းက ဂိုးစည္းေပၚကေန ဖ်က္ထုတ္သြားခဲ့လို႔ ယူႏိုက္တက္တို႔ နစ္နာခဲ့ရျပန္ပါတယ္။


ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ေနာက္ခံလူ မက္ဂြိဳင္းယား လူကာၿပီး ေဘာလုံးရယူဖို႔ ႀကိဳးစားတာမွာ ေပါ့ေလ်ာ့ခဲ့ၿပီး ဒီေန႔ပြဲမွာ ဗလအားကိုးၿပီး တစ္ဖက္ေနာက္ခံလူေတြကို ဒုကၡေပးေနတဲ့ ဒိုင္ယာဂနီက သူ႔ကို တြန္းလုသြားခဲ့ၿပီး ကန္သြင္းခဲ့ရာမွာ ဒေဟးယား ႏွစ္ဆင့္ကာကြယ္ပုတ္ထုတ္ႏိုင္ခဲ့လို႔ ယူႏိုက္တက္တို႔ ရႈံးပြဲ မေတြ႕ခဲ့တာလည္းျဖစ္ပါတယ္။


ဒီေနာက္ပိုင္းမွာေတာ့ တစ္ဖက္နဲ႔တစ္ဖက္ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ေတာ့သလို ဂိုးသမားေတြကလည္း ေကာင္းေနခဲ့တာေၾကာင့္ တစ္ဂိုးစီသေရနဲ႔ပဲ ေက်နပ္ခဲ့ရၿပီး ယူႏိုက္တက္တို႔အတြက္ေတာ့ အေဝးကြင္းမွာ စံခ်ိန္ကို ဆက္တိုးႏိုင္ခဲ့ေပမယ့္ ရမွတ္ဆုံးရႈံးမႈအရေတာ့ နစ္နာခဲ့တဲ့ ပြဲလည္းျဖစ္ခဲ့ပါတယ္။


ဒီေန႔မွာ မျဖစ္မေန ႏိုင္သင့္တဲ့ပြဲကို သေရက်ခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔အေနနဲ႔ ပထမေနရာက တစ္ပြဲေလွ်ာ့ကစားထားတဲ့ မန္ခ်က္စတာစီးတီးနဲ႔ ၇ မွတ္အထိ ကြာဟသြားခဲ့ၿပီး ဒီတစ္ပတ္မွာ ပြဲက်န္ကစားမယ့္ ၿမိဳ႕ခံၿပိဳင္ဘက္ေတြသာ အဲဗာတန္ကို အႏိုင္ရခဲ့မယ္ဆိုရင္ေတာ့ ခ်န္ပီယံေမွ်ာ္လင့္ခ်က္ေတြ ေတာ္ေတာ္ေလး ေဝဝါးသြားေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z