Premier League

14 Feb နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု


– အသင်းမှာ အခြေကျဖို့ ရုန်းကန်နေရတဲ့ တောင်ပံတိုက်စစ်မှူး ဟာကင်းမ် ဇီးယက်ရှ်အနေနဲ့ အသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာနဲ့ တွေ့ဆုံခဲ့ပြီး လာမယ့်နွေရာသီမှာ ချဲလ်ဆီးကနေ ပြန်လည်ထွက်ခွာခွင့်ကို လိုက်လျောပေးဖို့ တောင်းဆိုထားကြောင်း သတင်းထွက်လာ။


– လာမယ့် နယူးကာဆယ်လ်ယူနိုက်တက်နဲ့ အိမ်ကွင်းပွဲစဉ်မှာ တိုက်စစ်မှူး တီမို ဗာနာ ပြန်လည်ပါဝင်တော့မှာဖြစ်ပြီး ပရိသတ်တွေ အနေနဲ့ သူ့ကို ဂိုးသွင်းယူနိုင်ဖို့နဲ့ အသင်းကို လီဗာပူးလ်ဆီက အဆင့် ၄ နေရာ လွှဲပြောင်းရယူပြီး တက်လှမ်းရပ်တည်နိုင်ဖို့ မျှော်လင့်နေ။


– ဘန်စလေနဲ့ပွဲမှာ သူရဲကောင်းဖြစ်ခဲ့ပြီး တိုက်စစ်ရော ခံစစ်ပါ အားကိုးခဲ့ရတဲ့ အင်္ဂလန်ရှေ့တန်းလူ တမ်မီ အေဘရာဟမ်ကို ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာပါ ဆက်တိုက်အသုံးပြုစေဖို့ ပရိသတ်တွေ အလိုရှိနေပြီး သူ့ရဲ့ လုပ်အားနှုန်းက အသင်းဖော်တွေကို အကျိုးရှိစေမယ်လို့ ယူဆနေကြ။


– ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ပါဝင်ဖို့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားအနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝနိုင်မှာဖြစ်ကြောင်း အသင်းဆေးအဖွဲ့ အတည်ပြုခဲ့ပြီး အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲ အတွက် သတင်းကောင်းဖြစ်လာ။


– ချဲလ်ဆီးအသင်းရဲ့ တောင်းဆိုမှု များလွန်းတဲ့ ပုံစံနဲ့ ပရီးမီးယားလိဂ်ရဲ့ ကံသေကံမ မပြောနိုင်တဲ့ ကမောက်ကမဖြစ်မှုတွေကြားမှာ ၁၈ လ စာချုပ်သာ ပေးအပ်ခြင်းခံထားရတဲ့ နည်းပြ သောမတ်စ် တူဟယ်လ်တစ်ယောက် ရာသီကုန်မှာ ရာထူးကို လက်လွှတ်ခဲ့ရရင်လည်း အံ့သြစရာမဟုတ်ဘူးလို့ ရီယို ဖာဒီနန် သုံးသပ်။


– အသင်းရဲ့ ပွဲထွက်နေရာကနေ ခြိမ်းခြောက်ခံနေရတဲ့ ဘယ်နောက်ခံလူ ဘန် ချေးလ်ဝဲလ်အပေါ် သူ့ကို ယုံကြည်မှု ထားရှိပေးဖို့ တောင်းဆိုထားခဲ့တယ်လို့ နည်းပြ တူဟယ်လ်က ပြောကြားလိုက်ပြီး သူ့ရဲ့ ၃-၄-၃ ကစားကွက်ရဲ့ ဘယ်ခြမ်းမှာ မားကို့စ် အလွန်ဆိုနဲ့ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းတို့ကို ပိုမိုအသုံးပြုခဲ့မှုအတွက် ရှင်းလင်းသွား။


– ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ် အပြောင်းအလဲမှာ အကျိုးအရှိဆုံးသူကတော့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါဖြစ်ပြီး တူဟယ်လ်အနေနဲ့ စပိန်လက်ရွေးစင်ဂိုးသမားကို မူလယုံကြည်မှုနဲ့ လက်စွမ်းမျိုး ပြန်ရနိုင်အောင် ဂရုတစိုက် ကူညီနေခဲ့တယ်လို့ စောင့်ကြည့်သူတွေ ပြောကြား။


– ဖရန့် လမ်းပတ်အနေနဲ့ မန်ချက်စတာစီးတီးနောက်ခံလူ ဂျွန်စတုန်းစ်ကို ရာသီမစခင်မှာ ရအောင် ခေါ်ယူဖို့ သူ့ရဲ့ တိုက်တွန်းချက်ကို လျစ်လျူရှုသွားခဲ့တယ်လို့ ဦးလေးဖြစ်သူ နည်းပြဟောင်းကြီး ဟာရီ ရက်ဒ်နက်ပ်က ထုတ်ဖော်သွားခဲ့ပြီး အင်္ဂလန်နောက်ခံလူရဲ့ လက်ရှိ ခြေစွမ်းနဲ့ သူ့တူရဲ့ နည်းပြရာထူး စွန့်လွှတ်ခဲ့ရမှုတွေကို ထောက်ပြသွားခဲ့။


– ချဲလ်ဆီးအသင်းရဲ့ အောင်မြင်မှုတွေ အမြောက်အမြား ရယူခဲ့စဉ်ကာလမှာ အသင်းခေါင်းဆောင်နဲ့ လက်ထောက်အဖြစ် အတူတကွ လက်တွဲညီခဲ့ကြတဲ့ ဂျွန်တယ်ရီနဲ့ ဖရန့် လမ်းပတ်တို့ နှစ်ဦးစလုံးက အသင်းရဲ့ အနာဂတ်ခေါင်းဆောင်အဖြစ် ကွင်းလယ်လူ မေဆန်မောင့်ကို တစ်ညီတစ်ညွတ်တည်း ရွေးချယ်ခဲ့ကြ။


– နည်းပြ တူဟယ်လ်ရဲ့ ချဲလ်ဆီးအသင်းကို ကိုင်တွယ်နေပုံထဲက သူသဘောမကျတဲ့အချက် တစ်ချက်ပါဝင်နေပြီး ဒါကတော့ ပွဲမတိုင်ခင် အချိန်မနီးကပ်စဉ်အတွင်းမှာ အသင်းရဲ့ ပွဲထွက်လူစာရင်းကို ကစားသမားတွေကြား ပေါက်ကြားတတ်တာကိုဖြစ်ကြောင်း မာတင် ကီးယွန်း ဝေဖန်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

– အသင္းမွာ အေျခက်ဖို႔ ႐ုန္းကန္ေနရတဲ့ ေတာင္ပံတိုက္စစ္မႉး ဟာကင္းမ္ ဇီးယက္ရွ္အေနနဲ႔ အသင္းရဲ႕ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာနဲ႔ ေတြ႕ဆုံခဲ့ၿပီး လာမယ့္ေႏြရာသီမွာ ခ်ဲလ္ဆီးကေန ျပန္လည္ထြက္ခြာခြင့္ကို လိုက္ေလ်ာေပးဖို႔ ေတာင္းဆိုထားေၾကာင္း သတင္းထြက္လာ။


– လာမယ့္ နယူးကာဆယ္လ္ယူႏိုက္တက္နဲ႔ အိမ္ကြင္းပြဲစဥ္မွာ တိုက္စစ္မႉး တီမို ဗာနာ ျပန္လည္ပါဝင္ေတာ့မွာျဖစ္ၿပီး ပရိသတ္ေတြ အေနနဲ႔ သူ႔ကို ဂိုးသြင္းယူႏိုင္ဖို႔နဲ႔ အသင္းကို လီဗာပူးလ္ဆီက အဆင့္ ၄ ေနရာ လႊဲေျပာင္းရယူၿပီး တက္လွမ္းရပ္တည္ႏိုင္ဖို႔ ေမွ်ာ္လင့္ေန။


– ဘန္စေလနဲ႔ပြဲမွာ သူရဲေကာင္းျဖစ္ခဲ့ၿပီး တိုက္စစ္ေရာ ခံစစ္ပါ အားကိုးခဲ့ရတဲ့ အဂၤလန္ေရွ႕တန္းလူ တမ္မီ ေအဘရာဟမ္ကို ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာပါ ဆက္တိုက္အသုံးျပဳေစဖို႔ ပရိသတ္ေတြ အလိုရွိေနၿပီး သူ႔ရဲ႕ လုပ္အားႏႈန္းက အသင္းေဖာ္ေတြကို အက်ိဳးရွိေစမယ္လို႔ ယူဆေနၾက။


– ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ ယွဥ္ၿပိဳင္ကစားမယ့္ ေဆာက္သမ္တန္အသင္းနဲ႔ အေဝးကြင္းပြဲစဥ္မွာ ပါဝင္ဖို႔ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားအေနနဲ႔ ႀကံ့ခိုင္မႈ ျပည့္ဝႏိုင္မွာျဖစ္ေၾကာင္း အသင္းေဆးအဖြဲ႕ အတည္ျပဳခဲ့ၿပီး အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ ရႈံးထြက္ပြဲ အတြက္ သတင္းေကာင္းျဖစ္လာ။


– ခ်ဲလ္ဆီးအသင္းရဲ႕ ေတာင္းဆိုမႈ မ်ားလြန္းတဲ့ ပုံစံနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ကံေသကံမ မေျပာႏိုင္တဲ့ ကေမာက္ကမျဖစ္မႈေတြၾကားမွာ ၁၈ လ စာခ်ဳပ္သာ ေပးအပ္ျခင္းခံထားရတဲ့ နည္းျပ ေသာမတ္စ္ တူဟယ္လ္တစ္ေယာက္ ရာသီကုန္မွာ ရာထူးကို လက္လႊတ္ခဲ့ရရင္လည္း အံ့ၾသစရာမဟုတ္ဘူးလို႔ ရီယို ဖာဒီနန္ သုံးသပ္။


– အသင္းရဲ႕ ပြဲထြက္ေနရာကေန ၿခိမ္းေျခာက္ခံေနရတဲ့ ဘယ္ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္အေပၚ သူ႔ကို ယုံၾကည္မႈ ထားရွိေပးဖို႔ ေတာင္းဆိုထားခဲ့တယ္လို႔ နည္းျပ တူဟယ္လ္က ေျပာၾကားလိုက္ၿပီး သူ႔ရဲ႕ ၃-၄-၃ ကစားကြက္ရဲ႕ ဘယ္ျခမ္းမွာ မားကို႔စ္ အလြန္ဆိုနဲ႔ ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းတို႔ကို ပိုမိုအသုံးျပဳခဲ့မႈအတြက္ ရွင္းလင္းသြား။


– ခ်ဲလ္ဆီးအသင္းရဲ႕ နည္းျပသစ္ အေျပာင္းအလဲမွာ အက်ိဳးအရွိဆုံးသူကေတာ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါျဖစ္ၿပီး တူဟယ္လ္အေနနဲ႔ စပိန္လက္ေ႐ြးစင္ဂိုးသမားကို မူလယုံၾကည္မႈနဲ႔ လက္စြမ္းမ်ိဳး ျပန္ရႏိုင္ေအာင္ ဂ႐ုတစိုက္ ကူညီေနခဲ့တယ္လို႔ ေစာင့္ၾကည့္သူေတြ ေျပာၾကား။


– ဖရန႔္ လမ္းပတ္အေနနဲ႔ မန္ခ်က္စတာစီးတီးေနာက္ခံလူ ဂြၽန္စတုန္းစ္ကို ရာသီမစခင္မွာ ရေအာင္ ေခၚယူဖို႔ သူ႔ရဲ႕ တိုက္တြန္းခ်က္ကို လ်စ္လ်ဴရႈသြားခဲ့တယ္လို႔ ဦးေလးျဖစ္သူ နည္းျပေဟာင္းႀကီး ဟာရီ ရက္ဒ္နက္ပ္က ထုတ္ေဖာ္သြားခဲ့ၿပီး အဂၤလန္ေနာက္ခံလူရဲ႕ လက္ရွိ ေျခစြမ္းနဲ႔ သူ႔တူရဲ႕ နည္းျပရာထူး စြန႔္လႊတ္ခဲ့ရမႈေတြကို ေထာက္ျပသြားခဲ့။


– ခ်ဲလ္ဆီးအသင္းရဲ႕ ေအာင္ျမင္မႈေတြ အေျမာက္အျမား ရယူခဲ့စဥ္ကာလမွာ အသင္းေခါင္းေဆာင္နဲ႔ လက္ေထာက္အျဖစ္ အတူတကြ လက္တြဲညီခဲ့ၾကတဲ့ ဂြၽန္တယ္ရီနဲ႔ ဖရန႔္ လမ္းပတ္တို႔ ႏွစ္ဦးစလုံးက အသင္းရဲ႕ အနာဂတ္ေခါင္းေဆာင္အျဖစ္ ကြင္းလယ္လူ ေမဆန္ေမာင့္ကို တစ္ညီတစ္ၫြတ္တည္း ေ႐ြးခ်ယ္ခဲ့ၾက။


– နည္းျပ တူဟယ္လ္ရဲ႕ ခ်ဲလ္ဆီးအသင္းကို ကိုင္တြယ္ေနပုံထဲက သူသေဘာမက်တဲ့အခ်က္ တစ္ခ်က္ပါဝင္ေနၿပီး ဒါကေတာ့ ပြဲမတိုင္ခင္ အခ်ိန္မနီးကပ္စဥ္အတြင္းမွာ အသင္းရဲ႕ ပြဲထြက္လူစာရင္းကို ကစားသမားေတြၾကား ေပါက္ၾကားတတ္တာကိုျဖစ္ေၾကာင္း မာတင္ ကီးယြန္း ေဝဖန္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z