Premier League

14 Feb နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု


– မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက သူ့အနေနဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းကို အလွန်သဘောကျပြီး ခေါ်ယူဖို့ မျက်ခြေပြတ်မခံဘူးလို့ ပြောကြားလိုက်တဲ့အပေါ်မှာ နော်ဝေသားရဲ့ ဖခင်က သူ့ရဲ့သားအနေနဲ့ ဒေါ့မွန်မှာ ပျော်ရွှင်နေပြီး အသင်းပြောင်းရွှေ့ဖြစ်ခဲ့ရင်တော့ နည်းပြတစ်ဦးတည်းထက် တစ်သင်းလုံးက အလိုရှိမယ့် အသင်းဆီ ပြောင်းရွှေ့မယ်လို့ တုံ့ပြန်သွား။


– ယူနိုက်တက်ပရိသတ်တွေအနေနဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို ခေါ်ယူပေးဖို့ အသင်းတာဝန်ရှိသူတွေဆီ တောင်းဆိုနေကြသလို အိုးလ်ထရက်ဖို့ဒ်မှာ အောင်မြင်ခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း ရုဒ် ဗန်နစ္စတယ်လ်ရွိုင်းနဲ့ နှိုင်းယှဉ်ချီးကျူးနေကြ။


– အသင်းကနေ နွေရာသီမှာ ထွက်ခွာဖို့ များနေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ အစားထိုးမှုအဖြစ် ကစားသမားသစ်ကို ယူနိုက်တက် အနေနဲ့ ရှာဖွေတွေ့ရှိ သတ်မှတ်ထားခဲ့ပြီဖြစ်ပြီး ဝက်စ်ဟမ်းကွင်းလယ်လူ တောမတ်စ် ဆူးချက်ခ်ကို ခေါ်ယူဖို့ လုပ်ဆောင်နေသလို ဂျူဗင်တပ်စ်အသင်းရဲ့ နှောင့်ယှက်မှုကိုတော့ စိုးရိမ်နေရ။


– မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဂယ်ရီ နဗီးလ်က လက်ရှိ နံပတ်တစ် ဂိုးသမားအပေါ် ခပ်ကြမ်းကြမ်း ဝေဖန်လိုက်ပြီး သူတို့အသင်းအနေနဲ့ ဒေးဗစ် ဒဟေးယား ဂိုးပေါက်မှာ ရှိနေသရွေ့ ကာလပတ်လုံး ဘာဆုဖလားမှ မရနိုင်ဘူးလို့ ပြောကြား။


– နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်အနေနဲ့ သူ့ရဲ့ အကယ်ဒမီထွက် လူငယ်ကစားသမားတွေအပေါ် သံယောဇဉ်ကြီးသူဖြစ်ပြီး ဝက်စ်ဟမ်းအသင်းဆီကို ဂျက်ဆီ လင်ဂတ်ရဲ့ ပြောင်းရွှေ့ခဲ့အပြီးမှာ အကောင်းဆုံးဂရုစိုက်ပေးဖို့ သူ့ကို တိုက်တွန်းခဲ့တယ်လို့ အိုးလ်ထရက်ဖို့ဒ် ထိုင်ခုံကို ဆက်ခံသူဖြစ်ဖူးတဲ့ ဒေးဗစ်မွိုက်စ်က ထုတ်ဖော်သွား။


– ယူနိုက်တက်လူငယ်အသင်းဆီ ရောက်ရှိမလာခင် မြို့ခံပြိုင်ဘက်ဆီမှာ လူငယ်ဘဝသွင်းဂိုး ၆၀၀ ကျော် ရရှိခဲ့ဖူးတဲ့ အသက် ၁၇ နှစ် အရွယ် တိုက်စစ်မှူး ချာလီ မက်နီးလ်ဟာ ယူ-၁၈ မန်ချက်စတာဒါဘီမှာ အသင်းဟောင်းဘက်ကို ၄ ဂိုးသွင်းယူခဲ့ပြီး အသင်းတံဆိပ်ကို နမ်းရှုံ့ပြသွားတာက မန်စီးတီးတို့အတွက် စိတ်ပျက်စရာဖြစ်ခဲ့။


– လူငယ်တောင်ပံကစားသမား အာမက် ဂျယ်လို ပါဝင်ပွဲထွက်နိုင်ခြေရှိနေတဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်တို့အတွက် အမှားခံလို့ မရတဲ့ ပွဲစဉ်ဖြစ်နေပြီး ချန်ပီယံဆုအတွက် မျှော်လင့်ချက်ကို ဆက်လက်ထိန်းသိမ်းချင်ရင် မဖြစ်မနေ နိုင်ပွဲရယူဖို့ ဘောလုံးကျွမ်းကျင်သူတွေ တိုက်တွန်းသွားခဲ့ကြ။


– နောက်ဆုံးသုံးရာသီအတွင်း ပေါ်တူဂီလိဂ်၊ ပြင်သစ်လီဂူးဝမ်းနဲ့ ပရီးမီးယားလိဂ်တို့ကို ဆက်တိုက်ပြောင်းရွှေ့ပြီး ခြေစွမ်းပြခဲ့တဲ့ လိဒ်စ် ယူနိုက်တက်တောင်ပံကစားသမား ရာဖင်ညာကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းနဲ့အတူ ယူနိုက်တက်တို့ ပြိုင်ဆိုင်သွားဖွယ်ရှိနေပြီး ဘီယယ်လ်ဆာ အလိုရှိနေတဲ့ ဒန်နီယယ်လ် ဂျိမ်းစ်နဲ့ အလဲအထပ်လုပ်ဖို့ ဆွဲဆောင်ဖွယ်ရှိနေ။


– အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဗဟိုနောက်ခံလူ စတီဗင် ဆာဗစ်ချ်ကို မန်ချက်စတာမြို့မှာ နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပြီး မန်စီးတီးနောက်ခံလူဟောင်းကို နွေရာသီမှာ ခေါ်ယူဖို့ ဗီလာရီးရဲလ်ရဲ့ ပေါ်တောရက်စ်နဲ့အတူ စောင့်ကြည့်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားက သူ႔အေနနဲ႔ တိုက္စစ္မႉး အာလင္း ဟားလန္းကို အလြန္သေဘာက်ၿပီး ေခၚယူဖို႔ မ်က္ေျချပတ္မခံဘူးလို႔ ေျပာၾကားလိုက္တဲ့အေပၚမွာ ေနာ္ေဝသားရဲ႕ ဖခင္က သူ႔ရဲ႕သားအေနနဲ႔ ေဒါ့မြန္မွာ ေပ်ာ္႐ႊင္ေနၿပီး အသင္းေျပာင္းေ႐ႊ႕ျဖစ္ခဲ့ရင္ေတာ့ နည္းျပတစ္ဦးတည္းထက္ တစ္သင္းလုံးက အလိုရွိမယ့္ အသင္းဆီ ေျပာင္းေ႐ႊ႕မယ္လို႔ တုံ႔ျပန္သြား။


– ယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းကို ေခၚယူေပးဖို႔ အသင္းတာဝန္ရွိသူေတြဆီ ေတာင္းဆိုေနၾကသလို အိုးလ္ထရက္ဖို႔ဒ္မွာ ေအာင္ျမင္ခဲ့ဖူးတဲ့ တိုက္စစ္မႉးေဟာင္း ႐ုဒ္ ဗန္နစၥတယ္လ္႐ြိဳင္းနဲ႔ ႏႈိင္းယွဥ္ခ်ီးက်ဴးေနၾက။


– အသင္းကေန ေႏြရာသီမွာ ထြက္ခြာဖို႔ မ်ားေနတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာရဲ႕ အစားထိုးမႈအျဖစ္ ကစားသမားသစ္ကို ယူႏိုက္တက္ အေနနဲ႔ ရွာေဖြေတြ႕ရွိ သတ္မွတ္ထားခဲ့ၿပီျဖစ္ၿပီး ဝက္စ္ဟမ္းကြင္းလယ္လူ ေတာမတ္စ္ ဆူးခ်က္ခ္ကို ေခၚယူဖို႔ လုပ္ေဆာင္ေနသလို ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေႏွာင့္ယွက္မႈကိုေတာ့ စိုးရိမ္ေနရ။


– မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ဂယ္ရီ နဗီးလ္က လက္ရွိ နံပတ္တစ္ ဂိုးသမားအေပၚ ခပ္ၾကမ္းၾကမ္း ေဝဖန္လိုက္ၿပီး သူတို႔အသင္းအေနနဲ႔ ေဒးဗစ္ ဒေဟးယား ဂိုးေပါက္မွာ ရွိေနသေ႐ြ႕ ကာလပတ္လုံး ဘာဆုဖလားမွ မရႏိုင္ဘူးလို႔ ေျပာၾကား။


– နည္းျပေဟာင္းႀကီး ဆာအဲလက္စ္ ဖာဂူဆန္အေနနဲ႔ သူ႔ရဲ႕ အကယ္ဒမီထြက္ လူငယ္ကစားသမားေတြအေပၚ သံေယာဇဥ္ႀကီးသူျဖစ္ၿပီး ဝက္စ္ဟမ္းအသင္းဆီကို ဂ်က္ဆီ လင္ဂတ္ရဲ႕ ေျပာင္းေ႐ႊ႕ခဲ့အၿပီးမွာ အေကာင္းဆုံးဂ႐ုစိုက္ေပးဖို႔ သူ႔ကို တိုက္တြန္းခဲ့တယ္လို႔ အိုးလ္ထရက္ဖို႔ဒ္ ထိုင္ခုံကို ဆက္ခံသူျဖစ္ဖူးတဲ့ ေဒးဗစ္မြိဳက္စ္က ထုတ္ေဖာ္သြား။


– ယူႏိုက္တက္လူငယ္အသင္းဆီ ေရာက္ရွိမလာခင္ ၿမိဳ႕ခံၿပိဳင္ဘက္ဆီမွာ လူငယ္ဘဝသြင္းဂိုး ၆၀၀ ေက်ာ္ ရရွိခဲ့ဖူးတဲ့ အသက္ ၁၇ ႏွစ္ အ႐ြယ္ တိုက္စစ္မႉး ခ်ာလီ မက္နီးလ္ဟာ ယူ-၁၈ မန္ခ်က္စတာဒါဘီမွာ အသင္းေဟာင္းဘက္ကို ၄ ဂိုးသြင္းယူခဲ့ၿပီး အသင္းတံဆိပ္ကို နမ္းရႈံ႕ျပသြားတာက မန္စီးတီးတို႔အတြက္ စိတ္ပ်က္စရာျဖစ္ခဲ့။


– လူငယ္ေတာင္ပံကစားသမား အာမက္ ဂ်ယ္လို ပါဝင္ပြဲထြက္ႏိုင္ေျခရွိေနတဲ့ ဝက္စ္ဘ႐ြန္းအသင္းနဲ႔ အေဝးကြင္းပြဲစဥ္မွာ မန္ခ်က္စတာ ယူႏိုက္တက္တို႔အတြက္ အမွားခံလို႔ မရတဲ့ ပြဲစဥ္ျဖစ္ေနၿပီး ခ်န္ပီယံဆုအတြက္ ေမွ်ာ္လင့္ခ်က္ကို ဆက္လက္ထိန္းသိမ္းခ်င္ရင္ မျဖစ္မေန ႏိုင္ပြဲရယူဖို႔ ေဘာလုံးကြၽမ္းက်င္သူေတြ တိုက္တြန္းသြားခဲ့ၾက။


– ေနာက္ဆုံးသုံးရာသီအတြင္း ေပၚတူဂီလိဂ္၊ ျပင္သစ္လီဂူးဝမ္းနဲ႔ ပရီးမီးယားလိဂ္တို႔ကို ဆက္တိုက္ေျပာင္းေ႐ႊ႕ၿပီး ေျခစြမ္းျပခဲ့တဲ့ လိဒ္စ္ ယူႏိုက္တက္ေတာင္ပံကစားသမား ရာဖင္ညာကို ေခၚယူဖို႔ လီဗာပူးလ္အသင္းနဲ႔အတူ ယူႏိုက္တက္တို႔ ၿပိဳင္ဆိုင္သြားဖြယ္ရွိေနၿပီး ဘီယယ္လ္ဆာ အလိုရွိေနတဲ့ ဒန္နီယယ္လ္ ဂ်ိမ္းစ္နဲ႔ အလဲအထပ္လုပ္ဖို႔ ဆြဲေဆာင္ဖြယ္ရွိေန။


– အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ဗဟိုေနာက္ခံလူ စတီဗင္ ဆာဗစ္ခ်္ကို မန္ခ်က္စတာၿမိဳ႕မွာ ေနာက္တစ္ႀကိမ္ ျပန္လည္ ျမင္ေတြ႕ရႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ခန႔္မွန္းေနၾကၿပီး မန္စီးတီးေနာက္ခံလူေဟာင္းကို ေႏြရာသီမွာ ေခၚယူဖို႔ ဗီလာရီးရဲလ္ရဲ႕ ေပၚေတာရက္စ္နဲ႔အတူ ေစာင့္ၾကည့္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z