Premier League

14 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု


– နည်းပြ မီခယ်လ် အာတီတာအနေနဲ့ အသင်းကို ကိုင်တွယ်လမ်းညွှန်နေတဲ့ ပုံစံက အန္တရာယ်များပြီး ကာရာဘောင်းဖလား၊ အက်ဖ်အေ ဖလားတွေကနေ ထွက်ပြီး ပရီးမီးယားလိဂ်မှာလည်း ရပ်တည်မှု မကောင်းဘဲ ယူရိုပါလိဂ်တစ်ခုတည်းကို ဦးတည်ချက်ထားနေတဲ့ ပုံစံက အာဆင်နယ်အသင်းရဲ့ မျှော်မှန်းချက်တွေနဲ့ မကိုက်ညီဘူးလို့ ဒေးဗစ် ဆီးမန်း သတိပေး။


– လာမယ့်နွေရာသီမှာ ကွင်းလယ်လူ ဒါနီ စီဘာယော့စ်ကို ခေါ်ယူမယ်ဆိုရင် အာဆင်နယ်အသင်းအနေနဲ့ ပေါင် ၂၂ သန်း (ယူရို ၂၅ သန်း) ပေးချေရမှာဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်ဘက်က သတိပေးလိုက်ပြီး လက်ရှိခြေစွမ်းနဲ့ ကစားသမားတွေ ဈေးကွက်ထဲ ပေါများမှုကြောင့် ဂန်းနားတို့ နောက်ပြန်လှည့်ဖွယ်ရှိနေ။


– အာဆင်နယ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီက သူ့အနေနဲ့ အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းရဲ့ ပွဲကို ချဉ်းကပ်ပုံအတိုင်း အတုယူကစားမှာဖြစ်ကြောင်း ပြောကြားလိုက်ပြီး ဒဏ်ရာတွေ အားလုံး ပျောက်ကင်းပြီဖြစ်လို့ ကစားဖို့ အဆင်သင့်လို့ နည်းပြ အာတီတာကို အသိပေးသွားခဲ့။


– နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက အာဆင်နယ်အသင်းအနေနဲ့ ကွင်းသစ်ကြီးကို တည်ဆောက်ခဲ့ရရာမှာ အပေါင်စာချုပ်အတွက် အတိုးတွေ ဆပ်ဖို့ နှစ်တိုင်းမှာ ကစားသမားကောင်းတွေကို ရောင်းချခဲ့ရတာဖြစ်တယ်လို့ ပြန်ပြောင်းပြောပြလိုက်ပြီး အသင်းတစ်သင်း အတွက် ဘဏ္ဏာရေးအခြေအနေကို လေးစားလိုက်နာခဲ့ရကြောင်းဆို။


– လာမယ့်အပတ်မှာ ကစားရမယ့် အာဆင်နယ်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာ စီးတီးတို့ဘက်က ခြေစွမ်းပြသနေတဲ့ ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ် ပါဝင်နိုင်ဖို့ အခွင့်အရေးနည်းနေပြီး စပါးစ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာရခဲ့တယ်လို့ သိရ။


– ဒီဖေဖော်ဝါရီကာလဟာ အာဆင်နယ်အသင်းအတွက် အရေးကြီးတဲ့ အနေအထားကို ရောက်ရှိနေပြီး လက်ကျန်ဆုဖလားတွေထဲမှာ ဘယ်ဖလားလမ်းကြောင်းက လွဲချော်သွားနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ကြုံလာရနိုင်ကြောင်းနဲ့ ဘာကို အဓိက ပစ်မှတ်ထားရမလဲဆိုတာကို အဖြေပေါ်မှာဖြစ်တယ်လို့ ပရိသတ်တွေ စိတ်မချမ်းသာစရာစကားကို အာတီတာ ပြောကြား။


– ဘရိုက်တန်နဲ့ပွဲမှာ သူ့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် Clean Sheet ကို ၁၂ ကြိမ်မြောက် ရယူနိုင်ခဲ့ပြီး ဂိုးပေါက်ကာကွယ်မှု ၉ ကြိမ်အထိ ပြုလုပ်ခဲ့တဲ့ အီမီလီယာနို မာတီနက်ဇ်ကို ရရှိလိုက်တာဟာ ဒီရာသီရဲ့ အကောင်းဆုံး ခေါ်ယူမှုလို့ အက်စတန်ဗီလာပရိသတ်တွေ ချီးကျူးနေကြတာက အာဆင်နယ်ပရိသတ်တွေ ငြိုငြင်စရာဖြစ်လာ။


– အာဆင်နယ်အသင်းအနေနဲ့ ဂိုးသမား မှားရောင်းလိုက်တာဖြစ်ပြီး မာတီနက်ဇ်အနေနဲ့ မဖြစ်နိုင်တဲ့ ကာကွယ်မှုတွေကိုတောင် ပြုလုပ်သွားတယ်လို့ ပရိသတ်တွေက နှမြောတသနေကြကြောင်း တွစ်တာမှာ ရေးသားနေကြချိန်မှာ ဝုလ်ဗ်စ်နဲ့ပွဲမှာ အထုတ်ခံခဲ့ရတဲ့ လက်ရှိဂိုးသမား ဘန်းဒ် လီနိုအတွက်တော့ စိတ်ပျက်စရာဖြစ်နေ။


– အာဆင်နယ်အသင်းက ချိတ်ဆက်နေတဲ့ ၁၇ ဂိုးရှင် တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာကို လာမယ့် နွေရာသီမှာ ပေါင် ၁၅ သန်းတည်းနဲ့ ဆဲလ်တစ်အသင်းဘက်က ရောင်းထုတ်သွားဖို့ ရှိနေလို့ ခေါ်ယူမယ်ဆိုရင် လက်မနှေးဖို့ စကိုင်းစပို့စ်ရဲ့ အလန် ဝေါ်လ်ကာ သတိပေး။


– ဒဏ်ရာတွေကြောင့် ထင်သလောက် ခြေစွမ်းမပြနိုင်ဘဲဖြစ်နေတဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ သူ့အတွက် အာဆင်နယ် အသင်းက ဘယ်လောက်ကုန်ကျခဲ့တယ်ဆိုတာ ကောင်းကောင်း သိရှိထားပြီး ယုံကြည်မှုအပြည့်နဲ့ ပြန်လည်ပေးဆပ်နိုင်မယ်လို့ နည်းပြ အာတီတာ ထောက်ခံမှုပြုလုပ်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

– နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ အသင္းကို ကိုင္တြယ္လမ္းၫႊန္ေနတဲ့ ပုံစံက အႏၲရာယ္မ်ားၿပီး ကာရာေဘာင္းဖလား၊ အက္ဖ္ေအ ဖလားေတြကေန ထြက္ၿပီး ပရီးမီးယားလိဂ္မွာလည္း ရပ္တည္မႈ မေကာင္းဘဲ ယူ႐ိုပါလိဂ္တစ္ခုတည္းကို ဦးတည္ခ်က္ထားေနတဲ့ ပုံစံက အာဆင္နယ္အသင္းရဲ႕ ေမွ်ာ္မွန္းခ်က္ေတြနဲ႔ မကိုက္ညီဘူးလို႔ ေဒးဗစ္ ဆီးမန္း သတိေပး။


– လာမယ့္ေႏြရာသီမွာ ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္ကို ေခၚယူမယ္ဆိုရင္ အာဆင္နယ္အသင္းအေနနဲ႔ ေပါင္ ၂၂ သန္း (ယူ႐ို ၂၅ သန္း) ေပးေခ်ရမွာျဖစ္ေၾကာင္း ရီးရဲလ္မက္ဒရစ္ဘက္က သတိေပးလိုက္ၿပီး လက္ရွိေျခစြမ္းနဲ႔ ကစားသမားေတြ ေဈးကြက္ထဲ ေပါမ်ားမႈေၾကာင့္ ဂန္းနားတို႔ ေနာက္ျပန္လွည့္ဖြယ္ရွိေန။


– အာဆင္နယ္အသင္းရဲ႕ လူငယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီက သူ႔အေနနဲ႔ အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းရဲ႕ ပြဲကို ခ်ဥ္းကပ္ပုံအတိုင္း အတုယူကစားမွာျဖစ္ေၾကာင္း ေျပာၾကားလိုက္ၿပီး ဒဏ္ရာေတြ အားလုံး ေပ်ာက္ကင္းၿပီျဖစ္လို႔ ကစားဖို႔ အဆင္သင့္လို႔ နည္းျပ အာတီတာကို အသိေပးသြားခဲ့။


– နည္းျပေဟာင္းႀကီး အာဆင္ဝင္းဂါးက အာဆင္နယ္အသင္းအေနနဲ႔ ကြင္းသစ္ႀကီးကို တည္ေဆာက္ခဲ့ရရာမွာ အေပါင္စာခ်ဳပ္အတြက္ အတိုးေတြ ဆပ္ဖို႔ ႏွစ္တိုင္းမွာ ကစားသမားေကာင္းေတြကို ေရာင္းခ်ခဲ့ရတာျဖစ္တယ္လို႔ ျပန္ေျပာင္းေျပာျပလိုက္ၿပီး အသင္းတစ္သင္း အတြက္ ဘဏၰာေရးအေျခအေနကို ေလးစားလိုက္နာခဲ့ရေၾကာင္းဆို။


– လာမယ့္အပတ္မွာ ကစားရမယ့္ အာဆင္နယ္အသင္းနဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔ရဲ႕ ပြဲစဥ္မွာ စီးတီးတို႔ဘက္က ေျခစြမ္းျပသေနတဲ့ ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္ ပါဝင္ႏိုင္ဖို႔ အခြင့္အေရးနည္းေနၿပီး စပါးစ္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ ေပါင္ၿခံဒဏ္ရာရခဲ့တယ္လို႔ သိရ။


– ဒီေဖေဖာ္ဝါရီကာလဟာ အာဆင္နယ္အသင္းအတြက္ အေရးႀကီးတဲ့ အေနအထားကို ေရာက္ရွိေနၿပီး လက္က်န္ဆုဖလားေတြထဲမွာ ဘယ္ဖလားလမ္းေၾကာင္းက လြဲေခ်ာ္သြားႏိုင္မလဲဆိုတာ ရွင္းရွင္းလင္းလင္း ေတြ႕ႀကဳံလာရႏိုင္ေၾကာင္းနဲ႔ ဘာကို အဓိက ပစ္မွတ္ထားရမလဲဆိုတာကို အေျဖေပၚမွာျဖစ္တယ္လို႔ ပရိသတ္ေတြ စိတ္မခ်မ္းသာစရာစကားကို အာတီတာ ေျပာၾကား။


– ဘ႐ိုက္တန္နဲ႔ပြဲမွာ သူ႔ရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ Clean Sheet ကို ၁၂ ႀကိမ္ေျမာက္ ရယူႏိုင္ခဲ့ၿပီး ဂိုးေပါက္ကာကြယ္မႈ ၉ ႀကိမ္အထိ ျပဳလုပ္ခဲ့တဲ့ အီမီလီယာႏို မာတီနက္ဇ္ကို ရရွိလိုက္တာဟာ ဒီရာသီရဲ႕ အေကာင္းဆုံး ေခၚယူမႈလို႔ အက္စတန္ဗီလာပရိသတ္ေတြ ခ်ီးက်ဴးေနၾကတာက အာဆင္နယ္ပရိသတ္ေတြ ၿငိဳျငင္စရာျဖစ္လာ။


– အာဆင္နယ္အသင္းအေနနဲ႔ ဂိုးသမား မွားေရာင္းလိုက္တာျဖစ္ၿပီး မာတီနက္ဇ္အေနနဲ႔ မျဖစ္ႏိုင္တဲ့ ကာကြယ္မႈေတြကိုေတာင္ ျပဳလုပ္သြားတယ္လို႔ ပရိသတ္ေတြက ႏွေျမာတသေနၾကေၾကာင္း တြစ္တာမွာ ေရးသားေနၾကခ်ိန္မွာ ဝုလ္ဗ္စ္နဲ႔ပြဲမွာ အထုတ္ခံခဲ့ရတဲ့ လက္ရွိဂိုးသမား ဘန္းဒ္ လီႏိုအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ေန။


– အာဆင္နယ္အသင္းက ခ်ိတ္ဆက္ေနတဲ့ ၁၇ ဂိုးရွင္ တိုက္စစ္မႉး ေအာ့ဒ္ဆြန္း ေအဒူယာကို လာမယ့္ ေႏြရာသီမွာ ေပါင္ ၁၅ သန္းတည္းနဲ႔ ဆဲလ္တစ္အသင္းဘက္က ေရာင္းထုတ္သြားဖို႔ ရွိေနလို႔ ေခၚယူမယ္ဆိုရင္ လက္မေႏွးဖို႔ စကိုင္းစပို႔စ္ရဲ႕ အလန္ ေဝၚလ္ကာ သတိေပး။


– ဒဏ္ရာေတြေၾကာင့္ ထင္သေလာက္ ေျခစြမ္းမျပႏိုင္ဘဲျဖစ္ေနတဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအေနနဲ႔ သူ႔အတြက္ အာဆင္နယ္ အသင္းက ဘယ္ေလာက္ကုန္က်ခဲ့တယ္ဆိုတာ ေကာင္းေကာင္း သိရွိထားၿပီး ယုံၾကည္မႈအျပည့္နဲ႔ ျပန္လည္ေပးဆပ္ႏိုင္မယ္လို႔ နည္းျပ အာတီတာ ေထာက္ခံမႈျပဳလုပ္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z