Premier League

ချန်ပီယံခြေစွမ်းကို ဆက်လက်ပြသပြီး စပါးစ်ကို လက်စားချေတဲ့ မန်ချက်စတာစီးတီး


မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ရူဘင် ဒီယက်စ်ကို အသုံးမပြုဘဲ စတုန်းစ်နဲ့ လာပေါ့တ်ကို ပွဲထုတ်ခဲ့ပြီး ဂွန်ဒိုးဝမ်၊ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗားတို့လို ပုံစံကောင်းရနေတဲ့ ကစားသမားတွေကို အထိုင်မဖျက် ဆက်လက်သုံးစွဲခဲ့သလို တိုက်စစ်မှာတော့ ဖိုဒန်၊ စတာလင်နဲ့ ဂျေဆူးစ်တို့ ပွဲထွက်လာခဲ့ကြပါတယ်။


စပါးစ်အသင်းမှာတော့ ဘာ့ဂ်ဗိန်းကို ချန်လှပ်ထားခဲ့ပြီး ညာနောက်ခံလူနေရာမှာလည်း ဗဟိုခံစစ်သမား တာဂန်ညာကို ကစားခိုင်းတဲ့ မော်ရင်ညိုအနေနဲ့ အဝေးကွင်းမှာ မန်စီးတီးကို ရင်ဆိုင်ဖို့ အပြောင်းအလဲလုပ်ခဲ့ပေမယ့် မလုံလောက်ခဲ့ဘဲ သူတို့ရဲ့ နောက်တန်းအတွဲအဖက်က ပေါ်တူဂီသားရဲ့ စတိုင်ကို အပြည့်အဝ သရုပ်မဆောင်နိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။


ပွဲချိန် ၁၄ မိနစ်မှာ ဟာရီကိန်းရဲ့ ဖရီးကစ် ကောင်းပေမယ့် တိုင်ထိထွက်ခဲ့လို့ စပါးစ်တို့ ဦးဆောင်နိုင်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး မိနစ် ၂၀ မှာတော့ သတိမထားဘဲ အလျင်စလို ကစားတဲ့ ဟွိုင်ဘယာ့ဂ်ရဲ့ ပင်နယ်တီဧရိယာထဲမှာ ဂွန်ဒိုးဝမ်ကို အတင်းဝင်လုံးဖျက်ခဲ့တာကနေ ပင်နယ်တီ ပေးခဲ့ရပါတယ်။


ဒီအခွင့်အရေးကိုတော့ ဂွါဒီယိုလာ ပြောထားသလို အီဒါဆန်က ရှေ့တက်လာခဲ့ပေမယ့် ပေးကန်ခဲ့ခြင်း မရှိဘဲ ကွင်းလယ်လူ ရိုဒရီက တာဝန်ယူခဲ့ပြီး ကန်သွင်းခဲ့ရာမှာ ဒိုက်ပစ်မှန်တဲ့ လိုရစ်ရဲ့ လက်နဲ့ထိပြီးမှ ဝင်သွားခဲ့လို့ စီးတီးတို့ရဲ့ ပင်နယ်တီ သည်းထိတ်ရင်ဖိုက မပြီးဆုံးသေးဘဲ အဖွင့်ဂိုးကို ရယူနိုင်ခဲ့တာပါ။


ပထမပိုင်းမှာ စီးတီးတို့ဘက်က ဘာနာဒိုနဲ့ ဂျေဆူးစ်တို့ အဆုံးသတ်မှုတွေ လွဲချော်နေခဲ့သလို စပါးစ်တို့ဘက်ကလည်း အခွင့်အရေးတွေ မရှာဖွေနိုင်တော့တဲ့အတွက် တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အိမ်ရှင်တို့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ မော်ရင်ညိုက ဆစ်ဆိုကိုကိုထည့်ပြီး ကွင်းလယ်ကို ပြင်ဆင်လာခဲ့ပါတယ်။


ဒါကြောင့် စီးတီးတို့ ကစားရတာ အနည်းငယ်ကျပ်သွားခဲ့ပေမယ့် တစ်ဦးချင်းနဲ့ တွဲလုံးတွေမှာ ပိုမိုသာလွန်တဲ့ တိုက်စစ်က စပါးစ်နောက်တန်းကို ဖြတ်ကျော်နိုင်မြဲဖြစ်ပြီး ပွဲချိန် မိနစ် ၅၀ မှာတော့ စတာလင်ပေးတဲ့ ဘောလုံးကို ဂွန်ဒိုးဝမ်က ထောင့်ကျဉ်းအနေအထားက ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ ကန်ချက်ပျော့ပေမယ့် လိုရစ်ကာကွယ်ပုံကလည်း ပိုပျော့ခဲ့လို့ လက်နဲ့ထိပြီး ဂိုးဝင်သွားသလို နှစ်ဂိုး-ဂိုးမရှိ ဖြစ်နေခဲ့ပါတယ်။


ပွဲချိန် ၆၅ မိနစ်မှာတော့ အီဒါဆန် ကန်တင်လိုက်တဲ့ ဘောလုံးကို ပြေးလိုက်သွားတဲ့ ဂွန်ဒိုးဝမ်က စိုးရိမ်စိတ်ကြီးပြီး First Place မှာ မဖျက်နိုင်ခဲ့တဲ့ ဆန်းချက်ဇ်ကို လှည့်စားပြီး သူ့စရိတ်နဲ့သူ မြေပေါ်လဲကျစေခဲ့ပြီးမှာ ညာဘက်ထောင့်ကို အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား လိုရစ်ရဲ့ ခြေထောက်ဘေးက ကပ်ဝင်သွားခဲ့လို့ စီးတီးတို့ တတိယဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။


ဒီနောက်ပိုင်းမှာတော့ ဖိုဒန်၊ လာပေါ့တ်တို့ရဲ့ အခွင့်အရေးတွေ လွဲချော်ခဲ့သလို လူစားဝင်ကစားသမား ဂါရက်သ် ဘေးလ်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကလည်း ဂိုးမဖြစ်ခဲ့လို့ ဒီရလဒ်အတိုင်း မပြောင်းလဲဘဲ ပွဲပြီးဆုံးခဲ့ပြီး နည်းပြ ဂွါဒီယိုလာအတွက်တော့ ပထမအကျော့က ရှုံးကြွေးကို တစ်ဂိုးပိုဆပ်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။


ဒီပွဲရလဒ်ကြောင့် စီးတီးတို့ ချန်ပီယံခြေစွမ်းနဲ့ အမှတ်ပေးဇယားမှာ ယူနိုက်တက်တို့ ပွဲမကစားခင် ၈ မှတ်အထိ ဖြတ်လိုက်ပြီး ဒုတိယနေရာက လက်စတာနဲ့ ၇ မှတ်အကွာ တစ်ပွဲလျှော့ကစားပြီး ပရီးမီးယားလိဂ်ဖလားကို တစ်ကျော့ပြန်ရယူဖို့ ဆုပ်ကိုင်မှုက ပိုမိုခိုင်မာလာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ႐ူဘင္ ဒီယက္စ္ကို အသုံးမျပဳဘဲ စတုန္းစ္နဲ႔ လာေပါ့တ္ကို ပြဲထုတ္ခဲ့ၿပီး ဂြန္ဒိုးဝမ္၊ ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗားတို႔လို ပုံစံေကာင္းရေနတဲ့ ကစားသမားေတြကို အထိုင္မဖ်က္ ဆက္လက္သုံးစြဲခဲ့သလို တိုက္စစ္မွာေတာ့ ဖိုဒန္၊ စတာလင္နဲ႔ ေဂ်ဆူးစ္တို႔ ပြဲထြက္လာခဲ့ၾကပါတယ္။


စပါးစ္အသင္းမွာေတာ့ ဘာ့ဂ္ဗိန္းကို ခ်န္လွပ္ထားခဲ့ၿပီး ညာေနာက္ခံလူေနရာမွာလည္း ဗဟိုခံစစ္သမား တာဂန္ညာကို ကစားခိုင္းတဲ့ ေမာ္ရင္ညိဳအေနနဲ႔ အေဝးကြင္းမွာ မန္စီးတီးကို ရင္ဆိုင္ဖို႔ အေျပာင္းအလဲလုပ္ခဲ့ေပမယ့္ မလုံေလာက္ခဲ့ဘဲ သူတို႔ရဲ႕ ေနာက္တန္းအတြဲအဖက္က ေပၚတူဂီသားရဲ႕ စတိုင္ကို အျပည့္အဝ သ႐ုပ္မေဆာင္ႏိုင္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။


ပြဲခ်ိန္ ၁၄ မိနစ္မွာ ဟာရီကိန္းရဲ႕ ဖရီးကစ္ ေကာင္းေပမယ့္ တိုင္ထိထြက္ခဲ့လို႔ စပါးစ္တို႔ ဦးေဆာင္ႏိုင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရၿပီး မိနစ္ ၂၀ မွာေတာ့ သတိမထားဘဲ အလ်င္စလို ကစားတဲ့ ဟြိဳင္ဘယာ့ဂ္ရဲ႕ ပင္နယ္တီဧရိယာထဲမွာ ဂြန္ဒိုးဝမ္ကို အတင္းဝင္လုံးဖ်က္ခဲ့တာကေန ပင္နယ္တီ ေပးခဲ့ရပါတယ္။


ဒီအခြင့္အေရးကိုေတာ့ ဂြါဒီယိုလာ ေျပာထားသလို အီဒါဆန္က ေရွ႕တက္လာခဲ့ေပမယ့္ ေပးကန္ခဲ့ျခင္း မရွိဘဲ ကြင္းလယ္လူ ႐ိုဒရီက တာဝန္ယူခဲ့ၿပီး ကန္သြင္းခဲ့ရာမွာ ဒိုက္ပစ္မွန္တဲ့ လိုရစ္ရဲ႕ လက္နဲ႔ထိၿပီးမွ ဝင္သြားခဲ့လို႔ စီးတီးတို႔ရဲ႕ ပင္နယ္တီ သည္းထိတ္ရင္ဖိုက မၿပီးဆုံးေသးဘဲ အဖြင့္ဂိုးကို ရယူႏိုင္ခဲ့တာပါ။


ပထမပိုင္းမွာ စီးတီးတို႔ဘက္က ဘာနာဒိုနဲ႔ ေဂ်ဆူးစ္တို႔ အဆုံးသတ္မႈေတြ လြဲေခ်ာ္ေနခဲ့သလို စပါးစ္တို႔ဘက္ကလည္း အခြင့္အေရးေတြ မရွာေဖြႏိုင္ေတာ့တဲ့အတြက္ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ အိမ္ရွင္တို႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ေမာ္ရင္ညိဳက ဆစ္ဆိုကိုကိုထည့္ၿပီး ကြင္းလယ္ကို ျပင္ဆင္လာခဲ့ပါတယ္။


ဒါေၾကာင့္ စီးတီးတို႔ ကစားရတာ အနည္းငယ္က်ပ္သြားခဲ့ေပမယ့္ တစ္ဦးခ်င္းနဲ႔ တြဲလုံးေတြမွာ ပိုမိုသာလြန္တဲ့ တိုက္စစ္က စပါးစ္ေနာက္တန္းကို ျဖတ္ေက်ာ္ႏိုင္ၿမဲျဖစ္ၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ စတာလင္ေပးတဲ့ ေဘာလုံးကို ဂြန္ဒိုးဝမ္က ေထာင့္က်ဥ္းအေနအထားက ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ကန္ခ်က္ေပ်ာ့ေပမယ့္ လိုရစ္ကာကြယ္ပုံကလည္း ပိုေပ်ာ့ခဲ့လို႔ လက္နဲ႔ထိၿပီး ဂိုးဝင္သြားသလို ႏွစ္ဂိုး-ဂိုးမရွိ ျဖစ္ေနခဲ့ပါတယ္။


ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ အီဒါဆန္ ကန္တင္လိုက္တဲ့ ေဘာလုံးကို ေျပးလိုက္သြားတဲ့ ဂြန္ဒိုးဝမ္က စိုးရိမ္စိတ္ႀကီးၿပီး First Place မွာ မဖ်က္ႏိုင္ခဲ့တဲ့ ဆန္းခ်က္ဇ္ကို လွည့္စားၿပီး သူ႔စရိတ္နဲ႔သူ ေျမေပၚလဲက်ေစခဲ့ၿပီးမွာ ညာဘက္ေထာင့္ကို အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား လိုရစ္ရဲ႕ ေျခေထာက္ေဘးက ကပ္ဝင္သြားခဲ့လို႔ စီးတီးတို႔ တတိယဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။


ဒီေနာက္ပိုင္းမွာေတာ့ ဖိုဒန္၊ လာေပါ့တ္တို႔ရဲ႕ အခြင့္အေရးေတြ လြဲေခ်ာ္ခဲ့သလို လူစားဝင္ကစားသမား ဂါရက္သ္ ေဘးလ္ရဲ႕ တစ္ကိုယ္ေတာ္ ထိုးေဖာက္မႈကလည္း ဂိုးမျဖစ္ခဲ့လို႔ ဒီရလဒ္အတိုင္း မေျပာင္းလဲဘဲ ပြဲၿပီးဆုံးခဲ့ၿပီး နည္းျပ ဂြါဒီယိုလာအတြက္ေတာ့ ပထမအေက်ာ့က ရႈံးေႂကြးကို တစ္ဂိုးပိုဆပ္သြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။


ဒီပြဲရလဒ္ေၾကာင့္ စီးတီးတို႔ ခ်န္ပီယံေျခစြမ္းနဲ႔ အမွတ္ေပးဇယားမွာ ယူႏိုက္တက္တို႔ ပြဲမကစားခင္ ၈ မွတ္အထိ ျဖတ္လိုက္ၿပီး ဒုတိယေနရာက လက္စတာနဲ႔ ၇ မွတ္အကြာ တစ္ပြဲေလွ်ာ့ကစားၿပီး ပရီးမီးယားလိဂ္ဖလားကို တစ္ေက်ာ့ျပန္ရယူဖို႔ ဆုပ္ကိုင္မႈက ပိုမိုခိုင္မာလာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z