Premier League

လက်စတာကို အဝေးကွင်းမှာ ရှုံးပြီး အဆင့် ၄ နေရာက ဖယ်ပေးဖို့ကိုပါ ခြိမ်းခြောက်ခံလိုက်ရတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ နောက်ခံလူသစ် အိုဇန် ကာဘက်ခ်ကို စတင်အသုံးပြုခဲ့ပြီး ဖာဘင်ညို မပါနိုင်တဲ့ ကွက်လပ်ကိုတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကပဲ ဖြည့်ကစားခဲ့ရသလို ကွင်းလယ်မှာတော့ ဝါရင့်ကစားသမား မီလ်နာကို ဆက်လက်အသုံးပြုခဲ့ပြီး လက်စတာကို အဝေးကွင်းမှာ သူတို့ရဲ့ ပုံမှန်ကစားကွက်အတိုင်း ရင်ဆိုင်လာခဲ့ပါတယ်။


ပွဲချိန် ၁၁ မိနစ်မှာ လက်စတာတိုက်စစ်မှူး ဗာဒီရဲ့ ကြိုးစားမှု ဂိုးပေါ်ကျော်သွားခဲ့ပြီး မကြာခင်မှာပဲ မီလ်နာကို သီယာဂိုနဲ့ လီဗာပူးလ်တို့ လူစားလဲခဲ့ရသလို ၁၇ မိနစ်မှာ ထောင့်ကန်ဘောကနေ ဆာလားရဲ့ သွေးတိုးစမ်းချက်က ဘေးထွက်သွားခဲ့ချိန်မှာ ဧည့်သည်တွေက ပွဲကို ပိုပြီး အသာစီး ယူထားနိုင်ခဲ့ပါတယ်။


ပထမပိုင်း တောက်လျှောက် လက်စတာရဲ့ ထိုးဖောက်ခွင့်က နည်းနေခဲ့ပြီး လီဗာပူးလ်တို့ ဘောလုံးပိုင်ဆိုင်မှုရော ကန်သွင်းမှုတွေကိုပါ ပြုလုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ ဆာလားရော မာနေး၊ ဖာမီနိုတို့ပါ အားနည်းနေတာကြောင့် ဂိုးမရခဲ့သလို အိမ်ရှင်ဘက်ကတော့ ဗာဒီက ဟန်ဒါဆန်နဲ့ ကာဘက်ခ်တို့ လစ်တိုင်း အမြဲတမ်း ကြံစည်နေခဲ့ပါတယ်။


ဂိုးမရှိ သရေကျနေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ လက်စတာခံစစ်မှာ မကြာခဏ ဟာကွက်တွေ ပေါ်နေခဲ့ပေမယ့် ရောဘတ်ဆန်ရဲ့ ပုံမလာတဲ့ ကန်သွင်းမှုနဲ့ ဖြတ်တင်မှုတွေက ဖြုန်းတီးရာ ရောက်နေခဲ့ပြီး ပွဲချိန် ၅၆ မိနစ်က အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ဖရီးကစ်ကန်ချက်ကလည်း ဂိုးထောင့်စွန်းနဲ့ ထိထွက်ခဲ့ပါတယ်။


ပွဲချိန် ၆၇ မိနစ်မှာတော့ ခြေစွမ်းပြနေခဲ့တဲ့ အာနိုးလ်ဒ်က မအောင်မြင်တဲ့ ကန်ချက်ကို ပြန်ချိုးပေးရာမှာ ဖာမီနိုက လက်စတာနောက်တန်းကို လှည့်စားပြီး နောက်ပေါက်နဲ့ ပြန်ချပေးတဲ့ ဘောလုံးကို ဆာလားက ဂိုးသမားရဲ့ အဝေးထောင့်ကို တိတိကျကျ ကန်သွင်းပြီး လီဗာပူးလ်တို့ ဦးဆောင်ခဲ့ပါတယ်။


ဒီနောက်ပိုင်းမှာတော့ ကားတစ်ဂျုံးစ်ကို ထုတ်ပြီး ချိမ်ဘာလိန်ကို ထည့်တဲ့ လီဗာပူးလ်နဲ့ အယ်လ်ဘရိုက်တန်နေရာမှာ အာယိုဇေ ပီရက်ဇ်ကို လူစားလဲတဲ့ လက်စတာတို့ လားရာချင်းက မတူညီဘဲ ကွဲပြားသွားခဲ့ပြီး အိမ်ရှင်တို့ ပိုမိုဖိအားပေးလာနိုင်ခဲ့သလို ပွဲချိန် ၇၇ မိနစ်မှာတော့ ပင်နယ်တီအဖြစ်က သက်သာခွင့်ရခဲ့တဲ့ ဖရီးကစ်ကို မက်ဒီဆန် ကန်သွင်းရာမှာ ဘယ်သူနဲ့မှ မထိဘဲ ဂိုးဝင်သွားခဲ့ပြီး ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။


ဖာမီနိုကြောင့် လူကျွံဘောမဖြစ်တော့ဘဲ VAR က သတ်မှတ်ပေးခဲ့တဲ့ ဂိုးရအပြီး မကြာခင်မှာပဲ လီဗာပူးလ်တို့ ထပ်မံကံဆိုးခဲ့ပြီး တီးလီးမန်းစ် ကန်တင်ပေးတဲ့ ဘောလုံးကို နောက်ခံလူသစ် ကာဘက်ခ်နဲ့ ဂိုးသမား အယ်လစ်ဆန်တို့ အပြိုင်ဖျက်ထုတ်ရာက ပြန်ထွက်လာတဲ့ ဘောလုံးကို ဗာဒီက အေးအေးဆေးဆေး ဆွဲပြေးပြီး ပြန်လည်ဦးဆောင်နိုင်ခဲ့တာပါ။

၈၁ မိနစ်မှာ ဂိုးပေးခဲ့ရတဲ့ အမှားကိုတော့ ပရိသတ်အတော်များများက အယ်လစ်ဆန်ရဲ့ လောကြီးလွန်းတဲ့ အမှားလို့ပဲ ဝေဖန်ခဲ့ကြပြီး ကာဘက်ခ်အနေနဲ့ ဖျက်ထုတ်နိုင်မလားဆိုတာကို အရင်စောင့်ကြည့်ရမယ့်အချိန်မှာ နားလည်မှု မရှိဘဲ ပြေးထွက်လာခဲ့တာက အသင်းအတွက် အထိနာစေခဲ့သလို မန်စီးတီးနဲ့ပွဲက အမှားတွေနဲ့ဆိုရင် နှစ်ပွဲမှာ ဂိုးပေးရစေတဲ့ အမှားပေါင်း သုံးခုအထိ ရှိသွားခဲ့တာလည်းဖြစ်ပါတယ်။


ပွဲချိန် ၈၅ မိနစ်မှာတော့ ဆာလားရဲ့ လူပေးမှားမှုကနေ အန်ဒီဒီရသွားပြီး ထိုးပေးလိုက်တဲ့ ဘောလုံးကို နောက်ခံလူသစ် ကာဘက်ခ်ရဲ့ လူကျွံဘောဖမ်းပုံ မသေသပ်တဲ့ အမှားကနေ ဘယ်တောင်ပံသမား ဟာဗီ ဘန်းစ်က တောက်လျှောက်ဆွဲပြေးပြီး အယ်လီဆန်ရဲ့ အဝေးတိုင်ဘက်ကို လှမ်းကန်ပြီး လက်စတာတို့အတွက် အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။


ပွဲပြီးဆုံးချိန်မှာတော့ လက်စတာတို့ အိမ်ကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်တို့ ပွဲမကစားခင်မှာ ဒုတိယ နေရာကို တက်လှမ်းနိုင်ခဲ့ချိန်မှာ လီဗာပူးလ်တို့ကတော့ ချဲလ်ဆီးအသင်းအနေနဲ့ နယူးကာဆယ်လ်နဲ့ပွဲမှာ တစ်မှတ်ရရင်တောင် အဆင့်လေးအတွင်းက ထွက်ပေးရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆာလားကို မှီခိုလွန်းမှုနဲ့အတူ နည်းပြ ယာဂန် ကလော့ပ်အတွက် ခေါင်းခဲစရာ ပြဿနာလည်း ဖြစ်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ေနာက္ခံလူသစ္ အိုဇန္ ကာဘက္ခ္ကို စတင္အသုံးျပဳခဲ့ၿပီး ဖာဘင္ညိဳ မပါႏိုင္တဲ့ ကြက္လပ္ကိုေတာ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကပဲ ျဖည့္ကစားခဲ့ရသလို ကြင္းလယ္မွာေတာ့ ဝါရင့္ကစားသမား မီလ္နာကို ဆက္လက္အသုံးျပဳခဲ့ၿပီး လက္စတာကို အေဝးကြင္းမွာ သူတို႔ရဲ႕ ပုံမွန္ကစားကြက္အတိုင္း ရင္ဆိုင္လာခဲ့ပါတယ္။


ပြဲခ်ိန္ ၁၁ မိနစ္မွာ လက္စတာတိုက္စစ္မႉး ဗာဒီရဲ႕ ႀကိဳးစားမႈ ဂိုးေပၚေက်ာ္သြားခဲ့ၿပီး မၾကာခင္မွာပဲ မီလ္နာကို သီယာဂိုနဲ႔ လီဗာပူးလ္တို႔ လူစားလဲခဲ့ရသလို ၁၇ မိနစ္မွာ ေထာင့္ကန္ေဘာကေန ဆာလားရဲ႕ ေသြးတိုးစမ္းခ်က္က ေဘးထြက္သြားခဲ့ခ်ိန္မွာ ဧည့္သည္ေတြက ပြဲကို ပိုၿပီး အသာစီး ယူထားႏိုင္ခဲ့ပါတယ္။


ပထမပိုင္း ေတာက္ေလွ်ာက္ လက္စတာရဲ႕ ထိုးေဖာက္ခြင့္က နည္းေနခဲ့ၿပီး လီဗာပူးလ္တို႔ ေဘာလုံးပိုင္ဆိုင္မႈေရာ ကန္သြင္းမႈေတြကိုပါ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္းမွာ ဆာလားေရာ မာေနး၊ ဖာမီႏိုတို႔ပါ အားနည္းေနတာေၾကာင့္ ဂိုးမရခဲ့သလို အိမ္ရွင္ဘက္ကေတာ့ ဗာဒီက ဟန္ဒါဆန္နဲ႔ ကာဘက္ခ္တို႔ လစ္တိုင္း အၿမဲတမ္း ႀကံစည္ေနခဲ့ပါတယ္။


ဂိုးမရွိ သေရက်ေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ လက္စတာခံစစ္မွာ မၾကာခဏ ဟာကြက္ေတြ ေပၚေနခဲ့ေပမယ့္ ေရာဘတ္ဆန္ရဲ႕ ပုံမလာတဲ့ ကန္သြင္းမႈနဲ႔ ျဖတ္တင္မႈေတြက ျဖဳန္းတီးရာ ေရာက္ေနခဲ့ၿပီး ပြဲခ်ိန္ ၅၆ မိနစ္က အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ဖရီးကစ္ကန္ခ်က္ကလည္း ဂိုးေထာင့္စြန္းနဲ႔ ထိထြက္ခဲ့ပါတယ္။


ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ေျခစြမ္းျပေနခဲ့တဲ့ အာႏိုးလ္ဒ္က မေအာင္ျမင္တဲ့ ကန္ခ်က္ကို ျပန္ခ်ိဳးေပးရာမွာ ဖာမီႏိုက လက္စတာေနာက္တန္းကို လွည့္စားၿပီး ေနာက္ေပါက္နဲ႔ ျပန္ခ်ေပးတဲ့ ေဘာလုံးကို ဆာလားက ဂိုးသမားရဲ႕ အေဝးေထာင့္ကို တိတိက်က် ကန္သြင္းၿပီး လီဗာပူးလ္တို႔ ဦးေဆာင္ခဲ့ပါတယ္။


ဒီေနာက္ပိုင္းမွာေတာ့ ကားတစ္ဂ်ဳံးစ္ကို ထုတ္ၿပီး ခ်ိမ္ဘာလိန္ကို ထည့္တဲ့ လီဗာပူးလ္နဲ႔ အယ္လ္ဘ႐ိုက္တန္ေနရာမွာ အာယိုေဇ ပီရက္ဇ္ကို လူစားလဲတဲ့ လက္စတာတို႔ လားရာခ်င္းက မတူညီဘဲ ကြဲျပားသြားခဲ့ၿပီး အိမ္ရွင္တို႔ ပိုမိုဖိအားေပးလာႏိုင္ခဲ့သလို ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ပင္နယ္တီအျဖစ္က သက္သာခြင့္ရခဲ့တဲ့ ဖရီးကစ္ကို မက္ဒီဆန္ ကန္သြင္းရာမွာ ဘယ္သူနဲ႔မွ မထိဘဲ ဂိုးဝင္သြားခဲ့ၿပီး ေခ်ပဂိုး ျပန္ေပးခဲ့ရပါတယ္။


ဖာမီႏိုေၾကာင့္ လူကြၽံေဘာမျဖစ္ေတာ့ဘဲ VAR က သတ္မွတ္ေပးခဲ့တဲ့ ဂိုးရအၿပီး မၾကာခင္မွာပဲ လီဗာပူးလ္တို႔ ထပ္မံကံဆိုးခဲ့ၿပီး တီးလီးမန္းစ္ ကန္တင္ေပးတဲ့ ေဘာလုံးကို ေနာက္ခံလူသစ္ ကာဘက္ခ္နဲ႔ ဂိုးသမား အယ္လစ္ဆန္တို႔ အၿပိဳင္ဖ်က္ထုတ္ရာက ျပန္ထြက္လာတဲ့ ေဘာလုံးကို ဗာဒီက ေအးေအးေဆးေဆး ဆြဲေျပးၿပီး ျပန္လည္ဦးေဆာင္ႏိုင္ခဲ့တာပါ။

၈၁ မိနစ္မွာ ဂိုးေပးခဲ့ရတဲ့ အမွားကိုေတာ့ ပရိသတ္အေတာ္မ်ားမ်ားက အယ္လစ္ဆန္ရဲ႕ ေလာႀကီးလြန္းတဲ့ အမွားလို႔ပဲ ေဝဖန္ခဲ့ၾကၿပီး ကာဘက္ခ္အေနနဲ႔ ဖ်က္ထုတ္ႏိုင္မလားဆိုတာကို အရင္ေစာင့္ၾကည့္ရမယ့္အခ်ိန္မွာ နားလည္မႈ မရွိဘဲ ေျပးထြက္လာခဲ့တာက အသင္းအတြက္ အထိနာေစခဲ့သလို မန္စီးတီးနဲ႔ပြဲက အမွားေတြနဲ႔ဆိုရင္ ႏွစ္ပြဲမွာ ဂိုးေပးရေစတဲ့ အမွားေပါင္း သုံးခုအထိ ရွိသြားခဲ့တာလည္းျဖစ္ပါတယ္။


ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ဆာလားရဲ႕ လူေပးမွားမႈကေန အန္ဒီဒီရသြားၿပီး ထိုးေပးလိုက္တဲ့ ေဘာလုံးကို ေနာက္ခံလူသစ္ ကာဘက္ခ္ရဲ႕ လူကြၽံေဘာဖမ္းပုံ မေသသပ္တဲ့ အမွားကေန ဘယ္ေတာင္ပံသမား ဟာဗီ ဘန္းစ္က ေတာက္ေလွ်ာက္ဆြဲေျပးၿပီး အယ္လီဆန္ရဲ႕ အေဝးတိုင္ဘက္ကို လွမ္းကန္ၿပီး လက္စတာတို႔အတြက္ အႏိုင္ေသခ်ာေစမယ့္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ပါတယ္။


ပြဲၿပီးဆုံးခ်ိန္မွာေတာ့ လက္စတာတို႔ အိမ္ကြင္းမွာ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္တို႔ ပြဲမကစားခင္မွာ ဒုတိယ ေနရာကို တက္လွမ္းႏိုင္ခဲ့ခ်ိန္မွာ လီဗာပူးလ္တို႔ကေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ နယူးကာဆယ္လ္နဲ႔ပြဲမွာ တစ္မွတ္ရရင္ေတာင္ အဆင့္ေလးအတြင္းက ထြက္ေပးရမယ့္ အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ဆာလားကို မွီခိုလြန္းမႈနဲ႔အတူ နည္းျပ ယာဂန္ ကေလာ့ပ္အတြက္ ေခါင္းခဲစရာ ျပႆနာလည္း ျဖစ္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z