Premier League

ဆာလားကို မှီခိုနေရတဲ့ လီဗာပူးလ်နဲ့ ဘဝတူအသင်းတွေ အခြေအနေကောင်းနိုင်မလား

ဒီနှစ်ပရီးမီးယားလိဂ်မှာတော့ အသင်းရဲ့ ဂိုးတွေကို ရရှိဖို့ တစ်ဦးတစ်ယောက်အပေါ် မှီခိုနေရတဲ့ အသင်းတွေ များလာခဲ့ပြီး လီဗာပူးလ် အသင်းရဲ့ မိုဟာမက် ဆာလားတစ်ယောက် ဂိုးမသွင်းနိုင်တဲ့ပွဲတွေမှာ အနိုင်ရဖို့ ခက်ခဲတာကို တွေ့မြင်ခဲ့ရသလို တွဲဖက်ကစားသမားတွေကပါ ဂိုးမသွင်းနိုင်ရင်တော့ ပိုမိုဆိုးရွားတဲ့ ရလဒ်တွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။


မိုဟာမက် ဆာလား (လီဗာပူးလ်သွင်းဂိုးရဲ့ ၃၆.၄ ရာခိုင်နှုန်း)
အသင်းရဲ့ သွင်းဂိုးတွေမှာ ဆာလားရဲ့ ပါဝင်ပတ်သက်မှုက သုံးပုံတစ်ပုံကျော်ခဲ့သလို ဒီအနေအထားလောက်မှာ ရှိနေတယ်ဆိုရင်တော့ သူ့ကို မှီခိုမှု များတယ်လို့ အကြမ်းဖျင်း ပြောနိုင်မှာပါ။ အသင်းရဲ့ ဆိုးရွားနေတဲ့ ခံစစ်ကြောင့် ၄၄ ဂိုး သွင်းယူထားပေမယ့် အဆင့် ၄ ကို ရောက်နေတဲ့ အန်းဖီးလ်သားတွေအတွက် ဆာလားတစ်ဂိုးသွင်းရင်တောင် မလုံလောက်ဘူးလိုဖြစ်နေပြီး သူ့ရဲ့ အသင်းဖော်တစ်ယောက်ပါ ဂိုးမသွင်းနိုင်ဘူးဆိုရင် လီဗာပူးလ်တို့ ရုန်းကန်ရတတ်တာမို့ မှီခိုမှုကို တာဝန်ခွဲဝေယူနိုင်ဖို့ လိုအပ်နေတာပါ။


ကယ်လမ် ဝီလ်ဆန် (နယူးကာဆယ်လ်သွင်းဂိုးရဲ့ ၄၀ ရာခိုင်နှုန်း)
ဘုန်းမောက်ကနေ ပြောင်းလာတဲ့ အင်္ဂလန်တိုက်စစ်မှူး ဂိုးသွင်းတယ်ဆိုရင် နယူးကာဆယ်လ်တို့ အနိုင်ရတာများပြီး သူသာ ဂိုးမသွင်းဘူး ဆိုရင် ငှက်ကျားတွေ ရလဒ်က လှည့်ကြည့်စရာမလိုဘဲ အမှတ်ပျောက်လေ့ရှိပါတယ်။ စတိဗ် ဘရုစ်ရဲ့ အသင်းမှာ ပေါင်သန်း ၄၀ တန် ဂျင်း ဂျိုလင်တန် ကတော့ ပရိသတ်တွေ သည်းခံမှု ကုန်ဆုံးနေပြီဖြစ်ပြီး လက်ရှိမှာ ၂၅ ဂိုးထဲက ၁၀ ဂိုးသွင်းယူပေးထားတဲ့ ဝီလ်ဆန်အပေါ် မှီခိုမှုကလည်း လျှော့ချနိုင်ဖို့ ကောင်းနေတာပါ။


ဒေါမနစ် ကယ်လ်ဗတ်-လူဝင် (အဲဗာတန်သွင်းဂိုးရဲ့ ၃၈.၂ ရာခိုင်နှုန်း)
နောက်ထပ် မာဆေးဆိုက်ဒ်အသင်းတစ်သင်းဖြစ်တဲ့ အဲဗာတန်တို့ကလည်း သွင်းဂိုးတွေအတွက် အင်ဇာဂီလက်သစ်လို့ ဆိုနေကြတဲ့ နာမည်ရှည်ရှည်နဲ့ တိုက်စစ်မှူးကို မှီခိုရလေ့ရှိပါတယ်။ အသင်းရဲ့ ၃၄ ဂိုးရထားတဲ့ တိုက်စစ်မှာ ၁၃ ဂိုး ရယူပေးထားတဲ့ ကဲလ်ဗတ်-လူဝင် ဂိုးပေါက် ပျောက်သွားခဲ့တဲ့ ပွဲတွေမှာ အန်ဆယ်လော့တီတစ်ယောက် ကမောက်ကမဖြစ်ခဲ့ရပြီး ဒီရာသီမှာ ရစ်ချာလစ်ဆန် ခြေစွမ်းမပြနိုင်တာက ဆိုးသလို ဟားမက်စ်နဲ့ ဆီဂါ့ဒ်ဆန်တို့လည်း ဒီထက်ပိုပြီး အလုပ်လုပ်ဖို့ လိုအပ်နေပါပြီ။


ဟာရီကိန်း၊ ဆွန်ဟောင်မင် (စပါးစ်သွင်းဂိုးရဲ့ ၃၆.၁ ရာခိုင်နှုန်းစီ)
တစ်ယောက်ကို ၁၃ ဂိုးစီ သွင်းယူထားနိုင်တဲ့ ဒီစပါးစ်ရဲ့ တိုက်စစ်အတွဲကတော့ နှစ်ဦးပေါင်းဆိုရင် ၃၆ ဂိုးသာ ရရှိထားတဲ့ တိုက်စစ်ရဲ့ ၇၂.၂ ရာခိုင်နှုန်းဖြစ်တဲ့ ၂၆ ဂိုးအထိ ရယူထားပြီး သူတို့နှစ်ဦးထဲက ဖန်တီးမှုနဲ့ ပါးနပ်မှု ပိုမိုမြင့်မားတဲ့ ဟာရီကိန်း မပါဝင်နိုင်တဲ့အခါ ဆွန်ဟောင်မင်အနေနဲ့ ပိုမိုရုန်းကန်ရလေ့လည်း ရှိပါတယ်။ နှစ်ဦးစလုံး ဂိုးသွင်းယူနိုင်ပေမယ့် နှစ်ဦးစလုံးအပေါ် မှီခိုမှု မြင့်မားတာက မော်ရင်ညိုရဲ့ အဓိက ပြဿနာဖြစ်ပြီး ဘေးလ်၊ အယ်လီ၊ ဘာ့ဂ်ဗိန်း၊ လာမယ်လာ၊ မော်ရာတို့လို ကစားသမားတွေက သူတို့ရဲ့ Backup ကောင်းမဖြစ်တာကတော့ ဆိုးရွားမှုလည်းဖြစ်ပါတယ်။


ကျန်စာရင်းထဲမှာတော့ ပဲလေ့စ်ရဲ့ဂိုး ၃၃.၃ ရာခိုင်နှုန်းကို သွင်းယူထားတဲ့ ဇာဟာ၊ လိဒ်စ်ရဲ့ ဂိုး ၃၁.၆ ရာခိုင်နှုန်းကို သွင်းယူထားတဲ့ ဘမ်ဖို့ဒ်၊ အာဆင်နယ်ရဲ့ဂိုး ၂၉.၆ ရာခိုင်နှုန်းကို သွင်းယူထားတဲ့ လာကာဇက်၊ လက်စတာရဲ့ဂိုး ၂၈.၂ ရာခိုင်နှုန်းကို သွင်းယူထားတဲ့ ဗာဒီ၊ ဗီလာရဲ့ဂိုး ၂၇.၈ ရာခိုင်နှုန်းကို သွင်းယူထားတဲ့ ဝပ်ကင်းစ် ၊ မန်ချက်စတာယူနိုက်တက်ရဲ့ဂိုး ၂၆.၅ ရာခိုင်နှုန်းကို သွင်းယူထားတဲ့ ဘရူနို ဖာနန်ဒက်စ်တို့ ပါဝင်နေပြီး လက်စတာကလွဲရင် ကျန်တဲ့ အသင်းတွေအနေနဲ့ ဒီလို မှီခိုမှုပြဿနာကို အထင်ရှားဆုံး တွေ့မြင်ရတဲ့ ဆာလားရဲ့ လီဗာပူးလ်အသင်းနဲ့အတူ ဖြေရှင်းရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
ဒီႏွစ္ပရီးမီးယားလိဂ္မွာေတာ့ အသင္းရဲ႕ ဂိုးေတြကို ရရွိဖို႔ တစ္ဦးတစ္ေယာက္အေပၚ မွီခိုေနရတဲ့ အသင္းေတြ မ်ားလာခဲ့ၿပီး လီဗာပူးလ္ အသင္းရဲ႕ မိုဟာမက္ ဆာလားတစ္ေယာက္ ဂိုးမသြင္းႏိုင္တဲ့ပြဲေတြမွာ အႏိုင္ရဖို႔ ခက္ခဲတာကို ေတြ႕ျမင္ခဲ့ရသလို တြဲဖက္ကစားသမားေတြကပါ ဂိုးမသြင္းႏိုင္ရင္ေတာ့ ပိုမိုဆိုး႐ြားတဲ့ ရလဒ္ေတြကို ရင္ဆိုင္ရေလ့ရွိပါတယ္။


မိုဟာမက္ ဆာလား (လီဗာပူးလ္သြင္းဂိုးရဲ႕ ၃၆.၄ ရာခိုင္ႏႈန္း)
အသင္းရဲ႕ သြင္းဂိုးေတြမွာ ဆာလားရဲ႕ ပါဝင္ပတ္သက္မႈက သုံးပုံတစ္ပုံေက်ာ္ခဲ့သလို ဒီအေနအထားေလာက္မွာ ရွိေနတယ္ဆိုရင္ေတာ့ သူ႔ကို မွီခိုမႈ မ်ားတယ္လို႔ အၾကမ္းဖ်င္း ေျပာႏိုင္မွာပါ။ အသင္းရဲ႕ ဆိုး႐ြားေနတဲ့ ခံစစ္ေၾကာင့္ ၄၄ ဂိုး သြင္းယူထားေပမယ့္ အဆင့္ ၄ ကို ေရာက္ေနတဲ့ အန္းဖီးလ္သားေတြအတြက္ ဆာလားတစ္ဂိုးသြင္းရင္ေတာင္ မလုံေလာက္ဘူးလိုျဖစ္ေနၿပီး သူ႔ရဲ႕ အသင္းေဖာ္တစ္ေယာက္ပါ ဂိုးမသြင္းႏိုင္ဘူးဆိုရင္ လီဗာပူးလ္တို႔ ႐ုန္းကန္ရတတ္တာမို႔ မွီခိုမႈကို တာဝန္ခြဲေဝယူႏိုင္ဖို႔ လိုအပ္ေနတာပါ။


ကယ္လမ္ ဝီလ္ဆန္ (နယူးကာဆယ္လ္သြင္းဂိုးရဲ႕ ၄၀ ရာခိုင္ႏႈန္း)
ဘုန္းေမာက္ကေန ေျပာင္းလာတဲ့ အဂၤလန္တိုက္စစ္မႉး ဂိုးသြင္းတယ္ဆိုရင္ နယူးကာဆယ္လ္တို႔ အႏိုင္ရတာမ်ားၿပီး သူသာ ဂိုးမသြင္းဘူး ဆိုရင္ ငွက္က်ားေတြ ရလဒ္က လွည့္ၾကည့္စရာမလိုဘဲ အမွတ္ေပ်ာက္ေလ့ရွိပါတယ္။ စတိဗ္ ဘ႐ုစ္ရဲ႕ အသင္းမွာ ေပါင္သန္း ၄၀ တန္ ဂ်င္း ဂ်ိဳလင္တန္ ကေတာ့ ပရိသတ္ေတြ သည္းခံမႈ ကုန္ဆုံးေနၿပီျဖစ္ၿပီး လက္ရွိမွာ ၂၅ ဂိုးထဲက ၁၀ ဂိုးသြင္းယူေပးထားတဲ့ ဝီလ္ဆန္အေပၚ မွီခိုမႈကလည္း ေလွ်ာ့ခ်ႏိုင္ဖို႔ ေကာင္းေနတာပါ။


ေဒါမနစ္ ကယ္လ္ဗတ္-လူဝင္ (အဲဗာတန္သြင္းဂိုးရဲ႕ ၃၈.၂ ရာခိုင္ႏႈန္း)
ေနာက္ထပ္ မာေဆးဆိုက္ဒ္အသင္းတစ္သင္းျဖစ္တဲ့ အဲဗာတန္တို႔ကလည္း သြင္းဂိုးေတြအတြက္ အင္ဇာဂီလက္သစ္လို႔ ဆိုေနၾကတဲ့ နာမည္ရွည္ရွည္နဲ႔ တိုက္စစ္မႉးကို မွီခိုရေလ့ရွိပါတယ္။ အသင္းရဲ႕ ၃၄ ဂိုးရထားတဲ့ တိုက္စစ္မွာ ၁၃ ဂိုး ရယူေပးထားတဲ့ ကဲလ္ဗတ္-လူဝင္ ဂိုးေပါက္ ေပ်ာက္သြားခဲ့တဲ့ ပြဲေတြမွာ အန္ဆယ္ေလာ့တီတစ္ေယာက္ ကေမာက္ကမျဖစ္ခဲ့ရၿပီး ဒီရာသီမွာ ရစ္ခ်ာလစ္ဆန္ ေျခစြမ္းမျပႏိုင္တာက ဆိုးသလို ဟားမက္စ္နဲ႔ ဆီဂါ့ဒ္ဆန္တို႔လည္း ဒီထက္ပိုၿပီး အလုပ္လုပ္ဖို႔ လိုအပ္ေနပါၿပီ။


ဟာရီကိန္း၊ ဆြန္ေဟာင္မင္ (စပါးစ္သြင္းဂိုးရဲ႕ ၃၆.၁ ရာခိုင္ႏႈန္းစီ)
တစ္ေယာက္ကို ၁၃ ဂိုးစီ သြင္းယူထားႏိုင္တဲ့ ဒီစပါးစ္ရဲ႕ တိုက္စစ္အတြဲကေတာ့ ႏွစ္ဦးေပါင္းဆိုရင္ ၃၆ ဂိုးသာ ရရွိထားတဲ့ တိုက္စစ္ရဲ႕ ၇၂.၂ ရာခိုင္ႏႈန္းျဖစ္တဲ့ ၂၆ ဂိုးအထိ ရယူထားၿပီး သူတို႔ႏွစ္ဦးထဲက ဖန္တီးမႈနဲ႔ ပါးနပ္မႈ ပိုမိုျမင့္မားတဲ့ ဟာရီကိန္း မပါဝင္ႏိုင္တဲ့အခါ ဆြန္ေဟာင္မင္အေနနဲ႔ ပိုမို႐ုန္းကန္ရေလ့လည္း ရွိပါတယ္။ ႏွစ္ဦးစလုံး ဂိုးသြင္းယူႏိုင္ေပမယ့္ ႏွစ္ဦးစလုံးအေပၚ မွီခိုမႈ ျမင့္မားတာက ေမာ္ရင္ညိဳရဲ႕ အဓိက ျပႆနာျဖစ္ၿပီး ေဘးလ္၊ အယ္လီ၊ ဘာ့ဂ္ဗိန္း၊ လာမယ္လာ၊ ေမာ္ရာတို႔လို ကစားသမားေတြက သူတို႔ရဲ႕ Backup ေကာင္းမျဖစ္တာကေတာ့ ဆိုး႐ြားမႈလည္းျဖစ္ပါတယ္။


က်န္စာရင္းထဲမွာေတာ့ ပဲေလ့စ္ရဲ႕ဂိုး ၃၃.၃ ရာခိုင္ႏႈန္းကို သြင္းယူထားတဲ့ ဇာဟာ၊ လိဒ္စ္ရဲ႕ ဂိုး ၃၁.၆ ရာခိုင္ႏႈန္းကို သြင္းယူထားတဲ့ ဘမ္ဖို႔ဒ္၊ အာဆင္နယ္ရဲ႕ဂိုး ၂၉.၆ ရာခိုင္ႏႈန္းကို သြင္းယူထားတဲ့ လာကာဇက္၊ လက္စတာရဲ႕ဂိုး ၂၈.၂ ရာခိုင္ႏႈန္းကို သြင္းယူထားတဲ့ ဗာဒီ၊ ဗီလာရဲ႕ဂိုး ၂၇.၈ ရာခိုင္ႏႈန္းကို သြင္းယူထားတဲ့ ဝပ္ကင္းစ္ ၊ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ဂိုး ၂၆.၅ ရာခိုင္ႏႈန္းကို သြင္းယူထားတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ ပါဝင္ေနၿပီး လက္စတာကလြဲရင္ က်န္တဲ့ အသင္းေတြအေနနဲ႔ ဒီလို မွီခိုမႈျပႆနာကို အထင္ရွားဆုံး ေတြ႕ျမင္ရတဲ့ ဆာလားရဲ႕ လီဗာပူးလ္အသင္းနဲ႔အတူ ေျဖရွင္းရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z