Premier League

မန်စီးတီးတို့ စပါးစ်ကို ဘယ်လိုရလဒ် ထွက်ပေါ်နိုင်မလဲနဲ့ ပွဲကြိုအချက်အလက်များ

မန်ချက်စတာစီးတီးအသင်းနဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ ဒီည ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားမယ့် ပွဲကတော့ ဒီတစ်ပတ်အတွက် အကြီးမားဆုံး ပရီးမီးယားလိဂ်ပွဲလည်းဖြစ်နေပြီး လက်ရှိဦးဆောင်သူတွေအနေနဲ့ ဝိုင်းဝန်းမေတ္တာပို့နေကြတဲ့ ပြိုင်ဘက်တွေရဲ့ မနာလိုမှုတွေက ရုန်းထွက်နိုင်မလား ကြည့်ရမှာဖြစ်သလို ဇာတာကျနေတဲ့ မြောက်လန်ဒန်သားတွေအတွက်တော့ မော်ရင်ညိုတို့အုပ်စုကပဲဖြစ်ဖြစ် တစ်ခုခုလုပ်နိုင်ဖို့ မျှော်လင့်ရမှာလည်း ဖြစ်ပါတယ်။

ဒီနှစ် မြောက်လန်ဒန်ကတော့ အမှတ်ပေးဇယားမှာ အခြေအနေ မကောင်းခဲ့ဘဲ အာဆင်နယ်နဲ့ စပါးစ်တို့ ပေါင်းရင် အမှတ်ပေးဇယားရဲ့ ပျမ်းမျှ ရပ်တည်မှုက ၉.၅ ဖြစ်နေပြီး မာဆေးဆိုက်ရဲ့ ပျမ်းမျှရပ်တည်မှုက ၅.၅ ဖြစ်နေချိန်မှာ မန်ချက်စတာမြို့ရဲ့ ရပ်တည်မှုက အမြင့်ဆုံးအဖြစ် ၁.၅ ကို ရယူထားတာကို စောင့်ကြည့်သူတွေရဲ့ အပျော်သဘော တွက်ချက်မှုအရ သိနိုင်ပါတယ်။

ဒီနေ့မှာတော့ လုံးဝကို ကြွေတက်နေတယ်လို့ ပြောရမယ့် ဂွါဒီယိုလာရဲ့ မန်စီးတီးတို့နဲ့ သူများကို ဟော်ကီပွဲလား မေးခဲ့ဖူးပြီး အဲဗာတန်ကို ငါးဂိုး-လေးဂိုးနဲ့ ရှုံးတော့ အသံမထွက်နိုင်တဲ့ ဇာတာကျသူကြီး ဦးဂျိုဆေးတို့ရဲ့ စပါးစ် တွေ့ဆုံမှုမှာ အကောင်းဆုံးတိုက်စစ်နဲ့ သူမဟုတ်သလိုပဲလို့ ပြောရမယ့် ဆိုးရွားတဲ့ ခံစစ်တို့ တွေ့ဆုံမှုက ပွဲကြိုခန့်မှန်းသူတွေအတွက် လွယ်ကူနေမှာဖြစ်ပြီး ဒီပွဲကြိုထူးခြားချက်တွေကိုတော့ ကြည့်ကြရအောင်ပါ။

ပက်ပ် ဂွါဒီယိုလာ Vs ဂျိုဆေး မော်ရင်ညို
နည်းပြနှစ်ဦး သူတို့ ကိုင်တွယ်တဲ့ အသင်းတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်တဲ့ ၂၄ ကြိမ်မှာ ဂွါဒီယိုလာက ၁၁ ကြိမ် အနိုင်ရရှိထားပြီး ကျန်တဲ့ ၁၃ ကြိမ်မှာ မော်ရင်ညိုက ၇ ကြိမ်နိုင်ခဲ့ချိန်မှာ ၆ ကြိမ်ကတော့ သရေကျခဲ့တာပါ။ အဲဗာတန်နဲ့ပွဲမှာ ၅ ဂိုးအထိ ပေးခဲ့ရတဲ့ ခံစစ်ကတော့ မော်ရင်ညိုရဲ့ ကျစ်လျစ်တဲ့ ခံစစ်ပိတ်ဆို့မှုနဲ့ Park the Bus ဆိုတဲ့ ဝေါဟာရကို မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး တိုက်စစ်က ၄၃ ဂိုး သွင်းယူထားနိုင်တဲ့ စီးတီးတို့ကို ပိတ်ဆို့ဖို့ ကြီးကြီးမားမား ပြောင်းလဲပြင်ဆင်ရဖို့ ရှိနေပါတယ်။

ဘယ်သူတွေ ပါဝင်လာမလဲ?
တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကတော့ ဒီပွဲမတိုင်ခင်မှာ လေ့ကျင့်ခန်း ဆင်းနေပြီလို့ ဆိုပေမယ့် မန်စီးတီးမှာက သူ့ရဲ့ အခန်းကဏ္ဍက အရေးမပါတော့ဘူးလို့ ဝမ်းနည်းစွာနဲ့ သုံးသပ်ရမှာဖြစ်သလို ဂွါဒီယိုလာဟာ ဂျေဆူးစ်ကိုတောင် မထည့်ဘဲ တိုက်စစ်မှူးမဲ့ ကစားကွက်နဲ့ နိုင်ပွဲတွေကို ဆက်တိုက်ရယူနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒီအချိန်မှာ ဟာရီကိန်းကို ပြန်ရလိုက်တာကတော့ မော်ရင်ညိုအတွက် စိတ်သက်သာစရာတစ်ခုဖြစ်ပေမယ့် နွေရာသီအငှားခေါ်ယူမှုမှာ ထင်သလို မဖြစ်ခဲ့ဘဲ အသင်းကို ကြီးကြီးမားမား အကျိုးမပြုနိုင်ခဲ့တဲ့ ဂါရက်ဘေးလ်ကတော့ အဂွေရိုလိုမျိုး အနေအထားနဲ့ပဲ ပါဝင်လာနိုင်မှာဖြစ်သလို သူတို့ကို ထိန်းချုပ်ဖို့ စီးတီးရဲ့ ရူဘင် ဒီယက်စ် ပြန်ကစားနိုင်မှာပါ။

ကံဇာတာ အတက်အကျနဲ့ မတူညီတဲ့ တွေ့ဆုံမှု
ပထမအကျော့မှာ သူတို့နှစ်သင်း တော့တင်ဟမ်ကွင်းမှာ ဆုံတွေ့ခဲ့တုန်းက အနိုင်ရခဲ့တဲ့ စပါးစ်တို့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ချိန်မှာ စီးတီးတို့ ကတော့ အဆင့် ၁၁ အထိ ရောက်သွားခဲ့ရပါတယ်။ ဒီတစ်ကြိမ် တွေ့ဆုံမှုကတော့ မကန်ခင်မှာပဲ စီးတီးတို့က အဆင့် ၁ ကို ပြတ်ပြတ်သားသား သိမ်းပိုက်ထားနိုင်ပြီး စပါးစ်ကတော့ အဆင့် ၈ မှာ ရပ်တည်နေသလို ဗီလာနိုင်ရင် နောက်တစ်ဆင့်တောင် ထပ်ကျသွားနိုင်တဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ စီးတီးတို့ ကြွေတက်နေပေမယ့် မခံချင်စိတ်နဲ့ စပါးစ်ရဲ့ ရုန်းအားကိုတော့ ထည့်တွက်သင့်ပါတယ်။

နှစ်သင်း မှတ်တမ်းမှတ်ရာများ
ရပ်တည်မှု။ မန်စီးတီး (၁) – စပါး (၈)၊ ဂိုးအများဆုံးသွင်းသူ။ ဂွန်ဒိုးဝမ် (၈ ဂိုး) – ဟာရီကိန်း၊ ဆွန်ဟောင်မင် (၁၃ ဂိုးစီ)၊ အများဆုံးဖန်တီးသူ။ ဒီဘရိုင်းနား (၁၀ ကြိမ်) – ဟာရီကိန်း (၁၁ ကြိမ်)၊ အသင်းလိုက်သွင်းဂိုး။ မန်စီးတီး (၄၃ ဂိုး) – စပါး (၃၆ ဂိုး)၊ နောက်ဆုံး ၆ ပွဲရလဒ်။ မန်စီးတီး (၆ ပွဲနိုင်) – စပါးစ် (၂ ပွဲနိုင် ၄ ပွဲရှုံး)၊ တန်ပြန်တိုက်စစ်သွင်းဂိုး။ မန်စီးတီး (၁ ဂိုး) – စပါးစ် (၄ ဂိုး)၊ Clean Sheet မန်စီးတီး (၁၃ ပွဲ) – စပါးစ် (၇ ပွဲ)။ ပေးပို့မှုအကြိမ်ရေ။ မန်စီးတီး (၁၄၉၆၇ ကြိမ်) – စပါးစ် (၁၀၆၆၆ ကြိမ်)။

ပွဲပြီးရလဒ် ခန့်မှန်းချက်များ
လော်ရို – မန်စီးတီး၂-၁ စပါး ၊ ဘာဘာတော့ဗ် မန်စီးတီး ၂-၁ စပါး ၊ အိုဝင် မန်စီးတီး ၃-၁ စပါး

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
မန္ခ်က္စတာစီးတီးအသင္းနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔ ဒီည ၁၂ နာရီမွာ ယွဥ္ၿပိဳင္ကစားမယ့္ ပြဲကေတာ့ ဒီတစ္ပတ္အတြက္ အႀကီးမားဆုံး ပရီးမီးယားလိဂ္ပြဲလည္းျဖစ္ေနၿပီး လက္ရွိဦးေဆာင္သူေတြအေနနဲ႔ ဝိုင္းဝန္းေမတၱာပို႔ေနၾကတဲ့ ၿပိဳင္ဘက္ေတြရဲ႕ မနာလိုမႈေတြက ႐ုန္းထြက္ႏိုင္မလား ၾကည့္ရမွာျဖစ္သလို ဇာတာက်ေနတဲ့ ေျမာက္လန္ဒန္သားေတြအတြက္ေတာ့ ေမာ္ရင္ညိဳတို႔အုပ္စုကပဲျဖစ္ျဖစ္ တစ္ခုခုလုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ရမွာလည္း ျဖစ္ပါတယ္။

ဒီႏွစ္ ေျမာက္လန္ဒန္ကေတာ့ အမွတ္ေပးဇယားမွာ အေျခအေန မေကာင္းခဲ့ဘဲ အာဆင္နယ္နဲ႔ စပါးစ္တို႔ ေပါင္းရင္ အမွတ္ေပးဇယားရဲ႕ ပ်မ္းမွ် ရပ္တည္မႈက ၉.၅ ျဖစ္ေနၿပီး မာေဆးဆိုက္ရဲ႕ ပ်မ္းမွ်ရပ္တည္မႈက ၅.၅ ျဖစ္ေနခ်ိန္မွာ မန္ခ်က္စတာၿမိဳ႕ရဲ႕ ရပ္တည္မႈက အျမင့္ဆုံးအျဖစ္ ၁.၅ ကို ရယူထားတာကို ေစာင့္ၾကည့္သူေတြရဲ႕ အေပ်ာ္သေဘာ တြက္ခ်က္မႈအရ သိႏိုင္ပါတယ္။

ဒီေန႔မွာေတာ့ လုံးဝကို ေႂကြတက္ေနတယ္လို႔ ေျပာရမယ့္ ဂြါဒီယိုလာရဲ႕ မန္စီးတီးတို႔နဲ႔ သူမ်ားကို ေဟာ္ကီပြဲလား ေမးခဲ့ဖူးၿပီး အဲဗာတန္ကို ငါးဂိုး-ေလးဂိုးနဲ႔ ရႈံးေတာ့ အသံမထြက္ႏိုင္တဲ့ ဇာတာက်သူႀကီး ဦးဂ်ိဳေဆးတို႔ရဲ႕ စပါးစ္ ေတြ႕ဆုံမႈမွာ အေကာင္းဆုံးတိုက္စစ္နဲ႔ သူမဟုတ္သလိုပဲလို႔ ေျပာရမယ့္ ဆိုး႐ြားတဲ့ ခံစစ္တို႔ ေတြ႕ဆုံမႈက ပြဲႀကိဳခန႔္မွန္းသူေတြအတြက္ လြယ္ကူေနမွာျဖစ္ၿပီး ဒီပြဲႀကိဳထူးျခားခ်က္ေတြကိုေတာ့ ၾကည့္ၾကရေအာင္ပါ။

ပက္ပ္ ဂြါဒီယိုလာ Vs ဂ်ိဳေဆး ေမာ္ရင္ညိဳ
နည္းျပႏွစ္ဦး သူတို႔ ကိုင္တြယ္တဲ့ အသင္းေတြနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈျဖစ္တဲ့ ၂၄ ႀကိမ္မွာ ဂြါဒီယိုလာက ၁၁ ႀကိမ္ အႏိုင္ရရွိထားၿပီး က်န္တဲ့ ၁၃ ႀကိမ္မွာ ေမာ္ရင္ညိဳက ၇ ႀကိမ္ႏိုင္ခဲ့ခ်ိန္မွာ ၆ ႀကိမ္ကေတာ့ သေရက်ခဲ့တာပါ။ အဲဗာတန္နဲ႔ပြဲမွာ ၅ ဂိုးအထိ ေပးခဲ့ရတဲ့ ခံစစ္ကေတာ့ ေမာ္ရင္ညိဳရဲ႕ က်စ္လ်စ္တဲ့ ခံစစ္ပိတ္ဆို႔မႈနဲ႔ Park the Bus ဆိုတဲ့ ေဝါဟာရကို ေမးခြန္းထုတ္စရာျဖစ္ခဲ့ၿပီး တိုက္စစ္က ၄၃ ဂိုး သြင္းယူထားႏိုင္တဲ့ စီးတီးတို႔ကို ပိတ္ဆို႔ဖို႔ ႀကီးႀကီးမားမား ေျပာင္းလဲျပင္ဆင္ရဖို႔ ရွိေနပါတယ္။

ဘယ္သူေတြ ပါဝင္လာမလဲ?
တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကေတာ့ ဒီပြဲမတိုင္ခင္မွာ ေလ့က်င့္ခန္း ဆင္းေနၿပီလို႔ ဆိုေပမယ့္ မန္စီးတီးမွာက သူ႔ရဲ႕ အခန္းက႑က အေရးမပါေတာ့ဘူးလို႔ ဝမ္းနည္းစြာနဲ႔ သုံးသပ္ရမွာျဖစ္သလို ဂြါဒီယိုလာဟာ ေဂ်ဆူးစ္ကိုေတာင္ မထည့္ဘဲ တိုက္စစ္မႉးမဲ့ ကစားကြက္နဲ႔ ႏိုင္ပြဲေတြကို ဆက္တိုက္ရယူႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။ ဒီအခ်ိန္မွာ ဟာရီကိန္းကို ျပန္ရလိုက္တာကေတာ့ ေမာ္ရင္ညိဳအတြက္ စိတ္သက္သာစရာတစ္ခုျဖစ္ေပမယ့္ ေႏြရာသီအငွားေခၚယူမႈမွာ ထင္သလို မျဖစ္ခဲ့ဘဲ အသင္းကို ႀကီးႀကီးမားမား အက်ိဳးမျပဳႏိုင္ခဲ့တဲ့ ဂါရက္ေဘးလ္ကေတာ့ အေဂြ႐ိုလိုမ်ိဳး အေနအထားနဲ႔ပဲ ပါဝင္လာႏိုင္မွာျဖစ္သလို သူတို႔ကို ထိန္းခ်ဳပ္ဖို႔ စီးတီးရဲ႕ ႐ူဘင္ ဒီယက္စ္ ျပန္ကစားႏိုင္မွာပါ။

ကံဇာတာ အတက္အက်နဲ႔ မတူညီတဲ့ ေတြ႕ဆုံမႈ
ပထမအေက်ာ့မွာ သူတို႔ႏွစ္သင္း ေတာ့တင္ဟမ္ကြင္းမွာ ဆုံေတြ႕ခဲ့တုန္းက အႏိုင္ရခဲ့တဲ့ စပါးစ္တို႔ ထိပ္ဆုံးမွာ ရပ္တည္ႏိုင္ခဲ့ခ်ိန္မွာ စီးတီးတို႔ ကေတာ့ အဆင့္ ၁၁ အထိ ေရာက္သြားခဲ့ရပါတယ္။ ဒီတစ္ႀကိမ္ ေတြ႕ဆုံမႈကေတာ့ မကန္ခင္မွာပဲ စီးတီးတို႔က အဆင့္ ၁ ကို ျပတ္ျပတ္သားသား သိမ္းပိုက္ထားႏိုင္ၿပီး စပါးစ္ကေတာ့ အဆင့္ ၈ မွာ ရပ္တည္ေနသလို ဗီလာႏိုင္ရင္ ေနာက္တစ္ဆင့္ေတာင္ ထပ္က်သြားႏိုင္တဲ့ အေနအထားမွာ ရွိေနခဲ့ပါတယ္။ စီးတီးတို႔ ေႂကြတက္ေနေပမယ့္ မခံခ်င္စိတ္နဲ႔ စပါးစ္ရဲ႕ ႐ုန္းအားကိုေတာ့ ထည့္တြက္သင့္ပါတယ္။

ႏွစ္သင္း မွတ္တမ္းမွတ္ရာမ်ား
ရပ္တည္မႈ။ မန္စီးတီး (၁) – စပါး (၈)၊ ဂိုးအမ်ားဆုံးသြင္းသူ။ ဂြန္ဒိုးဝမ္ (၈ ဂိုး) – ဟာရီကိန္း၊ ဆြန္ေဟာင္မင္ (၁၃ ဂိုးစီ)၊ အမ်ားဆုံးဖန္တီးသူ။ ဒီဘ႐ိုင္းနား (၁၀ ႀကိမ္) – ဟာရီကိန္း (၁၁ ႀကိမ္)၊ အသင္းလိုက္သြင္းဂိုး။ မန္စီးတီး (၄၃ ဂိုး) – စပါး (၃၆ ဂိုး)၊ ေနာက္ဆုံး ၆ ပြဲရလဒ္။ မန္စီးတီး (၆ ပြဲႏိုင္) – စပါးစ္ (၂ ပြဲႏိုင္ ၄ ပြဲရႈံး)၊ တန္ျပန္တိုက္စစ္သြင္းဂိုး။ မန္စီးတီး (၁ ဂိုး) – စပါးစ္ (၄ ဂိုး)၊ Clean Sheet မန္စီးတီး (၁၃ ပြဲ) – စပါးစ္ (၇ ပြဲ)။ ေပးပို႔မႈအႀကိမ္ေရ။ မန္စီးတီး (၁၄၉၆၇ ႀကိမ္) – စပါးစ္ (၁၀၆၆၆ ႀကိမ္)။

ပြဲၿပီးရလဒ္ ခန႔္မွန္းခ်က္မ်ား
ေလာ္႐ို – မန္စီးတီး၂-၁ စပါး ၊ ဘာဘာေတာ့ဗ္ မန္စီးတီး ၂-၁ စပါး ၊ အိုဝင္ မန္စီးတီး ၃-၁ စပါး

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z