Premier League

13 Feb နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းအနေနဲ့ အင်တာမီလန်အသင်းရဲ့ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန်ကို လာမယ့် နွေရာသီမှာ ပေါင် ၁၈ သန်း (ယူရိုသန်း ၂၀)နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ အီတလီသတင်းဌာန ကယ်စီယို မာကာတိုက ဖော်ပြခဲ့ပြီး ဂျော်ဂျင်ညိုနဲ့ လဲဖို့တော့ ဆန္ဒမရှိဘူးလို့ဆို။

– လာမယ့် နွေရာသီမှာ ယူရို ၄၂.၅ သန်းနဲ့ ရရှိမယ့် RB လိုက်ပ်ဇစ်နောက်ခံလူ ဒါယို အူပါမီကာနိုကို ခေါ်ယူဖို့ နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ ဆန္ဒပြင်းပြနေပြီး ဘိုင်ယန်မြူးနစ်ရဲ့ ဒေးဗစ် အလာဘာ၊ နစ်ကလာ့စ် ဆူးလားနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ရာဖေးလ် ဗာရွန်းတို့ကိုလည်း အလိုရှိနေ။


– နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမယ့် လူစာရင်းမှာ ကစားသမား ၅ ဦးကိုတော့ အဓိက ဒေါက်တိုင်တွေအဖြစ် သတ်မှတ်ထားပြီး သီယာဂို ဆေးလ်ဗား၊ ရီးစ် ဂျိမ်းစ်၊ အန်ဂိုလို ကွန်တေ၊ မေဆန်မောင့်နဲ့ ခိုင်ဟာဗတ်ဇ်တို့ ဖြစ်ကြောင်း သိရ။


– ဘန်စလေနဲ့ပွဲမှာ Clean Sheet ရယူနိုင်ခဲ့သလို ခံစစ်ကနေ ဘောလုံးဖြန့်ဝေပေးပို့မှုတွေလည်း ကောင်းမွန်ခဲ့တဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါအနေနဲ့ ချဲလ်ဆီးပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ပြန်လည်ရယူနိုင်ခဲ့ပြီး နည်းပြသစ်နဲ့အတူ ပြန်လည်တောက်ပလာဖို့ မျှော်လင့်နေကြ။


– နယူးကာဆယ်လ်နဲ့ ကစားရမယ့် တနင်္လာနေ့ည ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာ တိုက်စစ်မှူး တီမို ဗာနာတစ်ယောက် သေချာပေါက် ပါဝင်လာနိုင်မှာဖြစ်ပြီး သူ့အနေနဲ့ သောကြာနေ့က လုပ်ဆောင်တဲ့ ထရိန်နင် သုံးချိန်မှာလည်း အပြည့်အဝ ပါဝင်လေ့ကျင့်နိုင်ခဲ့ပြီလို့ နည်းပြ တူဟယ်လ် ပြောကြား။


– ချဲလ်ဆီးပရိသတ်တွေအတွက်တော့ နောက်ခံလူ သီယာဂို ဆေးလ်ဗားရဲ့ ကြံ့ခိုင်မှုနဲ့ ပွဲကျပ်ဆက်တိုက် ကြုံတွေ့မှုမှာ ပြန်ကစားဖို့ ခက်ခဲနိုင်မှုကို စိုးရိမ်နေရချိန်မှာ နယ်မြေသစ်နဲ့ ကံမကောင်းခဲ့တဲ့ ဂျာမန်ကွင်းလယ်လူ ခိုင်ဟာဗတ်ဇ်ကတော့ ဘယ်တော့ ပြန်ကစားနိုင်မယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ စိတ်ပျက်စရာသတင်း ထွက်ပေါ်လာ။


– လက်ရှိ နာပိုလီနည်းပြ ဂျန်နာရို ဂတ်တူဆိုရဲ့ ကျန်းမာရေးအခြေအနေအရ အသင်းပိုင်ရှင် အော်ရယ်လီယို ဒီလော်ရန်တီးစ်အနေနဲ့ နည်းပြသစ်တစ်ဦး အစားထိုးနိုင်ချိန်မှာ မော်ရီဇီယို ဆာရီနဲ့ သူ့တပည့် ဂျော်ဂျင်ညိုတို့ ဆန်ပေါ်လိုမှာ တစ်ဖန်ပြန်ဆုံစည်းမယ်ဆိုရင် အံ့သြစရာမဟုတ်ဘူးလို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ အတိတ်စိမ်းပေးသွား။


– တူဟယ်လ်ရဲ့ ၃-၄-၃ ကစားကွက်မှာ နောက်ခံလူ မားကို့စ် အလွန်ဆိုဟာ အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် တစ်ကျော့ပြန် အောင်မြင်လာနိုင်ပြီး အန်တိုနီယို ကွန်တီလက်ထက် ခြေစွမ်းမျိုးနဲ့ ချဲလ်ဆီးတို့အတွက် ကြီးမားတဲ့ အင်အားတစ်ခုဖြစ်လာလိမ့်မယ်လို့ မီကာ ရစ်ချတ်စ် ခန့်မှန်း။


– ချဲလ်ဆီးအသင်းအနေနဲ့ နည်းပြ တူဟယ်လ်ရဲ့ ပစ်မှတ်တစ်ခုဖြစ်တဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို နွေရာသီမှာ ခေါ်ယူနိုင်ဖို့ အသင်းရဲ့ ကစားသမားတွေထဲက ဂိုးသမား ကီပါ၊ နောက်ခံလူ ခရစ္စတင်ဆန်နဲ့ တိုမိုရီတို့ကို ဈေးကောင်းရမယ်ဆိုရင် ရောင်းချသွားဖို့ စီစဉ်နေ။


– အက်သလက်တီကို မက်ဒရစ်ဆိုတာ အိမ်ကွင်းအားသာချက်မရှိရင် ဘာမှ မလုပ်နိုင်ပါဘူးလို့ စိန်ခေါ်ထားတဲ့ နည်းပြ တူဟယ်လ်အတွက် သတင်းကောင်းအဖြစ် ချဲလ်ဆီးအသင်းရဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို အဓိက နောက်ခံလူ ဟိုဆေး ဟီမီနက်ဇ် ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ အင္တာမီလန္အသင္းရဲ႕ ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆန္ကို လာမယ့္ ေႏြရာသီမွာ ေပါင္ ၁၈ သန္း (ယူ႐ိုသန္း ၂၀)နဲ႔ ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ အီတလီသတင္းဌာန ကယ္စီယို မာကာတိုက ေဖာ္ျပခဲ့ၿပီး ေဂ်ာ္ဂ်င္ညိဳနဲ႔ လဲဖို႔ေတာ့ ဆႏၵမရွိဘူးလို႔ဆို။

– လာမယ့္ ေႏြရာသီမွာ ယူ႐ို ၄၂.၅ သန္းနဲ႔ ရရွိမယ့္ RB လိုက္ပ္ဇစ္ေနာက္ခံလူ ဒါယို အူပါမီကာႏိုကို ေခၚယူဖို႔ နည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ ဆႏၵျပင္းျပေနၿပီး ဘိုင္ယန္ျမဴးနစ္ရဲ႕ ေဒးဗစ္ အလာဘာ၊ နစ္ကလာ့စ္ ဆူးလားနဲ႔ ရီးရဲလ္မက္ဒရစ္ရဲ႕ ရာေဖးလ္ ဗာ႐ြန္းတို႔ကိုလည္း အလိုရွိေန။


– နည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္သြားမယ့္ လူစာရင္းမွာ ကစားသမား ၅ ဦးကိုေတာ့ အဓိက ေဒါက္တိုင္ေတြအျဖစ္ သတ္မွတ္ထားၿပီး သီယာဂို ေဆးလ္ဗား၊ ရီးစ္ ဂ်ိမ္းစ္၊ အန္ဂိုလို ကြန္ေတ၊ ေမဆန္ေမာင့္နဲ႔ ခိုင္ဟာဗတ္ဇ္တို႔ ျဖစ္ေၾကာင္း သိရ။


– ဘန္စေလနဲ႔ပြဲမွာ Clean Sheet ရယူႏိုင္ခဲ့သလို ခံစစ္ကေန ေဘာလုံးျဖန႔္ေဝေပးပို႔မႈေတြလည္း ေကာင္းမြန္ခဲ့တဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါအေနနဲ႔ ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕ ခ်ီးက်ဴးမႈေတြကို ျပန္လည္ရယူႏိုင္ခဲ့ၿပီး နည္းျပသစ္နဲ႔အတူ ျပန္လည္ေတာက္ပလာဖို႔ ေမွ်ာ္လင့္ေနၾက။


– နယူးကာဆယ္လ္နဲ႔ ကစားရမယ့္ တနလၤာေန႔ည ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္မွာ တိုက္စစ္မႉး တီမို ဗာနာတစ္ေယာက္ ေသခ်ာေပါက္ ပါဝင္လာႏိုင္မွာျဖစ္ၿပီး သူ႔အေနနဲ႔ ေသာၾကာေန႔က လုပ္ေဆာင္တဲ့ ထရိန္နင္ သုံးခ်ိန္မွာလည္း အျပည့္အဝ ပါဝင္ေလ့က်င့္ႏိုင္ခဲ့ၿပီလို႔ နည္းျပ တူဟယ္လ္ ေျပာၾကား။


– ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ေတာ့ ေနာက္ခံလူ သီယာဂို ေဆးလ္ဗားရဲ႕ ႀကံ့ခိုင္မႈနဲ႔ ပြဲက်ပ္ဆက္တိုက္ ႀကဳံေတြ႕မႈမွာ ျပန္ကစားဖို႔ ခက္ခဲႏိုင္မႈကို စိုးရိမ္ေနရခ်ိန္မွာ နယ္ေျမသစ္နဲ႔ ကံမေကာင္းခဲ့တဲ့ ဂ်ာမန္ကြင္းလယ္လူ ခိုင္ဟာဗတ္ဇ္ကေတာ့ ဘယ္ေတာ့ ျပန္ကစားႏိုင္မယ္ဆိုတာ အတိအက် မေျပာႏိုင္ေသးဘူးလို႔ စိတ္ပ်က္စရာသတင္း ထြက္ေပၚလာ။


– လက္ရွိ နာပိုလီနည္းျပ ဂ်န္နာ႐ို ဂတ္တူဆိုရဲ႕ က်န္းမာေရးအေျခအေနအရ အသင္းပိုင္ရွင္ ေအာ္ရယ္လီယို ဒီေလာ္ရန္တီးစ္အေနနဲ႔ နည္းျပသစ္တစ္ဦး အစားထိုးႏိုင္ခ်ိန္မွာ ေမာ္ရီဇီယို ဆာရီနဲ႔ သူ႔တပည့္ ေဂ်ာ္ဂ်င္ညိဳတို႔ ဆန္ေပၚလိုမွာ တစ္ဖန္ျပန္ဆုံစည္းမယ္ဆိုရင္ အံ့ၾသစရာမဟုတ္ဘူးလို႔ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူ အတိတ္စိမ္းေပးသြား။


– တူဟယ္လ္ရဲ႕ ၃-၄-၃ ကစားကြက္မွာ ေနာက္ခံလူ မားကို႔စ္ အလြန္ဆိုဟာ အေရးပါတဲ့ ကစားသမားတစ္ဦးအျဖစ္ တစ္ေက်ာ့ျပန္ ေအာင္ျမင္လာႏိုင္ၿပီး အန္တိုနီယို ကြန္တီလက္ထက္ ေျခစြမ္းမ်ိဳးနဲ႔ ခ်ဲလ္ဆီးတို႔အတြက္ ႀကီးမားတဲ့ အင္အားတစ္ခုျဖစ္လာလိမ့္မယ္လို႔ မီကာ ရစ္ခ်တ္စ္ ခန႔္မွန္း။


– ခ်ဲလ္ဆီးအသင္းအေနနဲ႔ နည္းျပ တူဟယ္လ္ရဲ႕ ပစ္မွတ္တစ္ခုျဖစ္တဲ့ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းကို ေႏြရာသီမွာ ေခၚယူႏိုင္ဖို႔ အသင္းရဲ႕ ကစားသမားေတြထဲက ဂိုးသမား ကီပါ၊ ေနာက္ခံလူ ခရစၥတင္ဆန္နဲ႔ တိုမိုရီတို႔ကို ေဈးေကာင္းရမယ္ဆိုရင္ ေရာင္းခ်သြားဖို႔ စီစဥ္ေန။


– အက္သလက္တီကို မက္ဒရစ္ဆိုတာ အိမ္ကြင္းအားသာခ်က္မရွိရင္ ဘာမွ မလုပ္ႏိုင္ပါဘူးလို႔ စိန္ေခၚထားတဲ့ နည္းျပ တူဟယ္လ္အတြက္ သတင္းေကာင္းအျဖစ္ ခ်ဲလ္ဆီးအသင္းရဲ႕ ရင္ဆိုင္ရမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္ကို အဓိက ေနာက္ခံလူ ဟိုေဆး ဟီမီနက္ဇ္ ဒဏ္ရာေၾကာင့္ ပါဝင္ႏိုင္မွာ မဟုတ္ေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z