Premier League

13 Feb နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု


– မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က အသင်းရဲ့ အနာဂတ်ခေါင်းဆောင်လို့ ဆိုစမှတ် ပြုနေကြတဲ့ ကွင်းလယ်လူ စကော့ မက်တော်မီနေးမှာ ချဲလ်ဆီးဂန္ထဝင် ဖရန့် လမ်းပတ်ရဲ့ အရည်အသွေးတွေကို တွေ့မြင်နေရတယ်လို့ ဆိုလိုက်ပြီး သူ့ရဲ့ ပုံစံကောင်းအတွက် ပျော်ရွှင်မိကြောင်း ပြောကြား။


– နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားအနေနဲ့ လူငယ်အသင်းက ခံစစ်မှူး ဟန်နီဘယ်လ် မေဘရီနဲ့ တိုက်စစ်မှူး ရှိုလာ ရှိုးတိုင်ယာတို့ကို ကစားသမားသစ် အာမက် ဂျယ်လိုတို့နဲ့အတူ အသင်းကြီးနဲ့ ပူးပေါင်းလေ့ကျင့်ခိုင်းထားကြောင့် ပရိသတ်တွေကတော့ ဝက်စ်ဘရွန်းနဲ့ပွဲမှာ အိုင်ဗရီကို့စ်သားကို တွေ့မြင်ရဖို့ မျှော်လင့်ချက် ကြီးမားနေ။


– ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့်မှာ ရီးရဲလ်ဆိုစီဒက်အသင်းရဲ့ အနိုတာကွင်းမှာ ကစားရဖို့ ဖြစ်မလာခဲ့တာဟာ သူတို့အသင်းအတွက် အားသာချက်ကို ဖြစ်စေခဲ့ပြီလို့ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောကြားခဲ့ပေမယ့် ဥရောပမှာ ခရီးသွားရ ခက်ခဲနေတာ ကိုတော့ သဘောမကျကြောင်းဆို။


– ဝက်စ်ဘရွန်းနဲ့ပွဲမှာ နောက်ခံလူ အဲရစ် ဘိုင်လီအနေနဲ့ ပါဝင်လာနိုင်ဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုရှိနေပြီလို့ သိရပြီး ကွင်းလယ်လူ ပေါလ် ပေါ့ဘာကတော့ အဲဗာတန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လွဲချော်ဖို့ သေချာနေကြောင်း ယူနိုက်တက်တာဝန်ရှိသူတွေ အတည်ပြုသွား။


– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ငယ်မွေးခြံပေါက် အင်္ဂလန်ကစားသမားတွေကို ဦးစားပေးခေါ်ယူတဲ့ ပေါ်လစီကိုပဲ ဆက်လက်အသုံးပြုသွားဖွယ်ရှိနေပြီး အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားနဲ့ တွဲဖက်ဖို့ အက်စတန်ဗီလာနောက်ခံလူ တိုင်ရုန်း မင်းစ်ကို နွေရာသီမှာ ခေါ်ယူသွားဖို့ စီစဉ်နေ။


– ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်အနေနဲ့ အခုလိုမျိုး အရန်ဟင်းပွဲတစ်ပွဲဖြစ်နေတာဟာ သူ့ရဲ့ ယုံကြည်မှုကို ကျဆင်းစေပြီး နယ်သာလန် လက်ရွေးစင်တစ်ယောက်အနေနဲ့ ဒီလိုအနေအထားဟာ လက်ခံနိုင်စရာ မရှိတာကြောင့် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ဆီက ထွက်ခွာဖို့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဂျာမိန်း ဂျီးနပ်စ်တိုက်တွန်း။


– မန်ချက်စတာယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ ဘယ်နောက်ခံလူ လုခ်ရှောအနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဦးစားပေး နေရာတစ်နေရာကို ပြန်လည်ရရှိဖို့ နီးစပ်နေပြီး ၂၅ နှစ်သားအနေနဲ့ လာမယ့် မတ်လအတွင်း ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ မြို့ခံပြိုင်ဘက်နောက်ခံလူ ဂျွန်စတုန်းစ်နဲ့အတူ ရွေးချယ်ခံရဖို့ရှိနေ။


– ဆီဗီလာအသင်းမှာ ခြေစွမ်းပြသနေခဲ့ပြီး နွေရာသီတုန်းက မန်စီးတီးအသင်းနဲ့ နီးစပ်ခဲ့ဖူးတဲ့ ပြင်သစ်လူငယ်နောက်ခံလူ ဂျူးလ်စ် ကွန်ဒီ အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ဆက်သွယ်စုံစမ်းခဲ့တယ်လို့ စပိန်မီဒီယာတွေ ဖော်ပြခဲ့ပြီး ပေါင်သန်း ၇၀ ဝန်းကျင်မှာ ဈေးနှုန်းသတ်မှတ်နိုင်တယ်လို့ ခန့်မှန်းနေကြ။


– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကောင်းဆုံးကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က သူ့အနေနဲ့ သွင်းဂိုးတွေ ရရှိခဲ့တဲ့ အခါမျိုးမှာ ပရိသတ်တွေ ကွင်းထဲမှာ ရှိနေသလိုမျိုး သဘောထားပြီး အောင်ပွဲခံခဲ့သလို ဒါဟာ ကွင်းထဲ ဝင်မလာနိုင်ခဲ့ပေမယ့် အင်တိုက်အားတိုက် အားပေးဆဲဖြစ်တဲ့သူတွေကို အပျော်တွေ မျှဝေနိုင်မယ့် နည်းလမ်းလို့ ယူဆကြောင်း

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းတိုက္စစ္မႉးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္က အသင္းရဲ႕ အနာဂတ္ေခါင္းေဆာင္လို႔ ဆိုစမွတ္ ျပဳေနၾကတဲ့ ကြင္းလယ္လူ စေကာ့ မက္ေတာ္မီေနးမွာ ခ်ဲလ္ဆီးဂႏၴဝင္ ဖရန႔္ လမ္းပတ္ရဲ႕ အရည္အေသြးေတြကို ေတြ႕ျမင္ေနရတယ္လို႔ ဆိုလိုက္ၿပီး သူ႔ရဲ႕ ပုံစံေကာင္းအတြက္ ေပ်ာ္႐ႊင္မိေၾကာင္း ေျပာၾကား။


– နည္းျပ အိုလီ ဂန္နာ ဆိုးလ္ရွားအေနနဲ႔ လူငယ္အသင္းက ခံစစ္မႉး ဟန္နီဘယ္လ္ ေမဘရီနဲ႔ တိုက္စစ္မႉး ရႈိလာ ရႈိးတိုင္ယာတို႔ကို ကစားသမားသစ္ အာမက္ ဂ်ယ္လိုတို႔နဲ႔အတူ အသင္းႀကီးနဲ႔ ပူးေပါင္းေလ့က်င့္ခိုင္းထားေၾကာင့္ ပရိသတ္ေတြကေတာ့ ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ အိုင္ဗရီကို႔စ္သားကို ေတြ႕ျမင္ရဖို႔ ေမွ်ာ္လင့္ခ်က္ ႀကီးမားေန။


– ယူ႐ိုပါလိဂ္ ၃၂ သင္း ရႈံးထြက္အဆင့္မွာ ရီးရဲလ္ဆိုစီဒက္အသင္းရဲ႕ အႏိုတာကြင္းမွာ ကစားရဖို႔ ျဖစ္မလာခဲ့တာဟာ သူတို႔အသင္းအတြက္ အားသာခ်က္ကို ျဖစ္ေစခဲ့ၿပီလို႔ မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ေျပာၾကားခဲ့ေပမယ့္ ဥေရာပမွာ ခရီးသြားရ ခက္ခဲေနတာ ကိုေတာ့ သေဘာမက်ေၾကာင္းဆို။


– ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ ေနာက္ခံလူ အဲရစ္ ဘိုင္လီအေနနဲ႔ ပါဝင္လာႏိုင္ဖို႔ လုံေလာက္တဲ့ ႀကံ့ခိုင္မႈရွိေနၿပီလို႔ သိရၿပီး ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကေတာ့ အဲဗာတန္နဲ႔ပြဲမွာ ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ဖို႔ ေသခ်ာေနေၾကာင္း ယူႏိုက္တက္တာဝန္ရွိသူေတြ အတည္ျပဳသြား။


– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ ငယ္ေမြးၿခံေပါက္ အဂၤလန္ကစားသမားေတြကို ဦးစားေပးေခၚယူတဲ့ ေပၚလစီကိုပဲ ဆက္လက္အသုံးျပဳသြားဖြယ္ရွိေနၿပီး အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားနဲ႔ တြဲဖက္ဖို႔ အက္စတန္ဗီလာေနာက္ခံလူ တိုင္႐ုန္း မင္းစ္ကို ေႏြရာသီမွာ ေခၚယူသြားဖို႔ စီစဥ္ေန။


– ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္အေနနဲ႔ အခုလိုမ်ိဳး အရန္ဟင္းပြဲတစ္ပြဲျဖစ္ေနတာဟာ သူ႔ရဲ႕ ယုံၾကည္မႈကို က်ဆင္းေစၿပီး နယ္သာလန္ လက္ေ႐ြးစင္တစ္ေယာက္အေနနဲ႔ ဒီလိုအေနအထားဟာ လက္ခံႏိုင္စရာ မရွိတာေၾကာင့္ ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ဆီက ထြက္ခြာဖို႔ အဂၤလန္လက္ေ႐ြးစင္ေဟာင္း ဂ်ာမိန္း ဂ်ီးနပ္စ္တိုက္တြန္း။


– မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ ဘယ္ေနာက္ခံလူ လုခ္ေရွာအေနနဲ႔ အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ ဦးစားေပး ေနရာတစ္ေနရာကို ျပန္လည္ရရွိဖို႔ နီးစပ္ေနၿပီး ၂၅ ႏွစ္သားအေနနဲ႔ လာမယ့္ မတ္လအတြင္း ကစားရမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲေတြမွာ ၿမိဳ႕ခံၿပိဳင္ဘက္ေနာက္ခံလူ ဂြၽန္စတုန္းစ္နဲ႔အတူ ေ႐ြးခ်ယ္ခံရဖို႔ရွိေန။


– ဆီဗီလာအသင္းမွာ ေျခစြမ္းျပသေနခဲ့ၿပီး ေႏြရာသီတုန္းက မန္စီးတီးအသင္းနဲ႔ နီးစပ္ခဲ့ဖူးတဲ့ ျပင္သစ္လူငယ္ေနာက္ခံလူ ဂ်ဴးလ္စ္ ကြန္ဒီ အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းက ဆက္သြယ္စုံစမ္းခဲ့တယ္လို႔ စပိန္မီဒီယာေတြ ေဖာ္ျပခဲ့ၿပီး ေပါင္သန္း ၇၀ ဝန္းက်င္မွာ ေဈးႏႈန္းသတ္မွတ္ႏိုင္တယ္လို႔ ခန႔္မွန္းေနၾက။


– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အေကာင္းဆုံးကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္က သူ႔အေနနဲ႔ သြင္းဂိုးေတြ ရရွိခဲ့တဲ့ အခါမ်ိဳးမွာ ပရိသတ္ေတြ ကြင္းထဲမွာ ရွိေနသလိုမ်ိဳး သေဘာထားၿပီး ေအာင္ပြဲခံခဲ့သလို ဒါဟာ ကြင္းထဲ ဝင္မလာႏိုင္ခဲ့ေပမယ့္ အင္တိုက္အားတိုက္ အားေပးဆဲျဖစ္တဲ့သူေတြကို အေပ်ာ္ေတြ မွ်ေဝႏိုင္မယ့္ နည္းလမ္းလို႔ ယူဆေၾကာင္း

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z