Premier League

13 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာက သူ့ရဲ့ တောင်ပံတိုက်စစ်မှူး နီကိုလာ ပေပေဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ အနေအထားကနေ လွတ်မြောက်ပြီး နောက်တစ်ဆင့် မြင့်မားတဲ့ဆီကို တက်လှမ်းလာနိုင်ခဲ့ပြီလို့ သုံးသပ်သွားခဲ့။

အသင်းရဲ့ ဂိုးသမားနှစ်ဦးဖြစ်တဲ့ ဘန်းဒ် လီနိုနဲ့ မတ် ရိုင်ယန်တို့ကြားမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို နည်းပြ အာတီတာက မျှော်လင့်နေပြီး သြစတေးလျသားရဲ့ လက်စွမ်းကို ချီးကျူးခဲ့သလို ဒါဟာလည်း သူ့ကို အာဆင်နယ်အသင်းဆီ ခေါ်ယူခဲ့ခြင်းရဲ့ အဓိက အကြောင်းရင်း ဖြစ်ကြောင်း ပြောကြား။

အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာ အီဒူးအနေနဲ့ တိုက်စစ်ပိုင်းကို အားဖြည့်သွားဖို့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းရဲ့ ရှေ့တန်းကစားသမား တီယာဂို တောမတ်စ်ကို ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ရရှိနိုင်မယ်လို့ဆို။

ပရိသတ်တွေ တောင်းဆိုနေတဲ့ တောင်ပံတိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီကို ပွဲထွက်ပေးမကစားခြင်းဟာ အသင်းနဲ့ကြားမှာ လုံလောက်နဲ့ နားလည်မှု မရှိလို့ဖြစ်ကြောင်း အာတီတာရဲ့ ပြောကြားမှုက ရယ်စရာဖြစ်ခဲ့ပြီး ကစားခွင့်နည်းတဲ့သူတစ်ယောက်က အသင်းနဲ့ ဘယ်လိုစည်းဝါးကိုက်နိုင်မလဲလို့ မေးခွန်းထုတ်မှုတွေ ရှိလာ။

အမ်းမရိတ်ကွင်းမှာ ဆက်နေဖို့အတွက် လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်မှာ လုံလောက်တဲ့ အကြောင်းပြချက်ရှိတယ်လို့ဆိုပြီး သူ့အနေနဲ့ မကြာခင်အချိန်အတွင်းမှာ အသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုသွားဖို့ အာဆင်နယ်အသင်းဘက်က ယုံကြည်နေကြောင်းသိရ။

တိုက်စစ်ကို လွတ်လွတ်လပ်လပ် လိုက်ပါကစားခိုင်းပြီး နောက်က ကစားသမားတွေက ခံစစ်ကို ဖြည့်ဆည်းပေးမှာဖြစ်လို့ စိတ်မပူဖို့ ပြောခဲ့တဲ့ စတိဗ် ဘရုစ်ရဲ့ အသင်းမှာ ကစားရတာကို ဂျိုးဝီလော့ခ်တစ်ယောက် ပျော်ရွှင်နေပြီး နယူးကာဆယ်လ်အကြောင်းက သူ့ရဲ့ ဦးစားပေးဖြစ်ပြီး အာဆင်နယ်အကြောင်းကို မစဉ်းစားသေးကြောင်း ပြောကြား။

– လိဒ်စ်ယူနိုက်တက်နဲ့ အိမ်ကွင်းပွဲစဉ်မှာ အငှားနဲ့ ခေါ်ယူထားခဲ့ပြီး ဗီလာနဲ့ပွဲမှာ ခြေစွမ်းကောင်းခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကို ပွဲထွက်ကစားခွင့်ပေးသင့်ကြောင်းနဲ့ လူငယ်ကစားသမား အီမီးလ် စမစ်ရိုးကို အနားပေးပြီး အပြောင်းအလဲလုပ်သင့်ကြောင်း အာဆင်နယ် ကစားသမားဟောင်း ကီဗင် ကမ်းဘဲလ် တိုက်တွန်း။

အာဆင်နယ်နဲ့ လိဒ်စ်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကို ဂိုးများလိမ့်မယ်လို့ ဘီဘီစီရဲ့ ဘောလုံးပွဲခန့်မှန်းသူ လော်ရိုက ပြောကြားလိုက်ပြီး တစ်သင်းနဲ့ တစ်သင်း အပြန်အလှန်ဖွင့်ကစားမယ့်ပွဲစဉ်မှာ ဂန်းနားတွေကပဲ အမ်းမရိတ်မှာ အောင်ပွဲခံနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းဆို။

ရှော်လ်ကာအသင်းကို တစ်ကျော့ပြန် ရောက်ရှိလာပြီး အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမားဟောင်း ဆိဒ် ကိုလာစီနက်ချ်ကို အပြီးသတ်ခေါ်ယူသွားဖို့ အားကစားဒါရိုက်တာ ဂျိုချင် ရှနိုက်ဒါက ပြောကြားခဲ့အပြီးမှာ အာဆင်နယ်ပရိသတ်တွေက ပျော်ရွှင်နေကြပြီး သူ့အတွက် ပေါင်သန်း ၂၀ လောက်ရရင် ကောင်းမယ်လို့ ဆိုနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

အာဆင္နယ္အသင္းနည္းျပ မီခယ္လ္ အာတီတာက သူ႔ရဲ႕ ေတာင္ပံတိုက္စစ္မႉး နီကိုလာ ေပေပဟာ ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရတဲ့ အေနအထားကေန လြတ္ေျမာက္ၿပီး ေနာက္တစ္ဆင့္ ျမင့္မားတဲ့ဆီကို တက္လွမ္းလာႏိုင္ခဲ့ၿပီလို႔ သုံးသပ္သြားခဲ့။

အသင္းရဲ႕ ဂိုးသမားႏွစ္ဦးျဖစ္တဲ့ ဘန္းဒ္ လီႏိုနဲ႔ မတ္ ႐ိုင္ယန္တို႔ၾကားမွာ ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈကို နည္းျပ အာတီတာက ေမွ်ာ္လင့္ေနၿပီး ၾသစေတးလ်သားရဲ႕ လက္စြမ္းကို ခ်ီးက်ဴးခဲ့သလို ဒါဟာလည္း သူ႔ကို အာဆင္နယ္အသင္းဆီ ေခၚယူခဲ့ျခင္းရဲ႕ အဓိက အေၾကာင္းရင္း ျဖစ္ေၾကာင္း ေျပာၾကား။

အာဆင္နယ္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ အီဒူးအေနနဲ႔ တိုက္စစ္ပိုင္းကို အားျဖည့္သြားဖို႔ ေပၚတူဂီကလပ္ စပို႔တင္းလစၥဘြန္းရဲ႕ ေရွ႕တန္းကစားသမား တီယာဂို ေတာမတ္စ္ကို ေခၚယူဖို႔ နီးစပ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး ေပါင္သန္း ၂၀ ဝန္းက်င္နဲ႔ ရရွိႏိုင္မယ္လို႔ဆို။

ပရိသတ္ေတြ ေတာင္းဆိုေနတဲ့ ေတာင္ပံတိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီကို ပြဲထြက္ေပးမကစားျခင္းဟာ အသင္းနဲ႔ၾကားမွာ လုံေလာက္နဲ႔ နားလည္မႈ မရွိလို႔ျဖစ္ေၾကာင္း အာတီတာရဲ႕ ေျပာၾကားမႈက ရယ္စရာျဖစ္ခဲ့ၿပီး ကစားခြင့္နည္းတဲ့သူတစ္ေယာက္က အသင္းနဲ႔ ဘယ္လိုစည္းဝါးကိုက္ႏိုင္မလဲလို႔ ေမးခြန္းထုတ္မႈေတြ ရွိလာ။

အမ္းမရိတ္ကြင္းမွာ ဆက္ေနဖို႔အတြက္ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္မွာ လုံေလာက္တဲ့ အေၾကာင္းျပခ်က္ရွိတယ္လို႔ဆိုၿပီး သူ႔အေနနဲ႔ မၾကာခင္အခ်ိန္အတြင္းမွာ အသင္းနဲ႔ ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔ အာဆင္နယ္အသင္းဘက္က ယုံၾကည္ေနေၾကာင္းသိရ။

တိုက္စစ္ကို လြတ္လြတ္လပ္လပ္ လိုက္ပါကစားခိုင္းၿပီး ေနာက္က ကစားသမားေတြက ခံစစ္ကို ျဖည့္ဆည္းေပးမွာျဖစ္လို႔ စိတ္မပူဖို႔ ေျပာခဲ့တဲ့ စတိဗ္ ဘ႐ုစ္ရဲ႕ အသင္းမွာ ကစားရတာကို ဂ်ိဳးဝီေလာ့ခ္တစ္ေယာက္ ေပ်ာ္႐ႊင္ေနၿပီး နယူးကာဆယ္လ္အေၾကာင္းက သူ႔ရဲ႕ ဦးစားေပးျဖစ္ၿပီး အာဆင္နယ္အေၾကာင္းကို မစဥ္းစားေသးေၾကာင္း ေျပာၾကား။

– လိဒ္စ္ယူႏိုက္တက္နဲ႔ အိမ္ကြင္းပြဲစဥ္မွာ အငွားနဲ႔ ေခၚယူထားခဲ့ၿပီး ဗီလာနဲ႔ပြဲမွာ ေျခစြမ္းေကာင္းခဲ့တဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ကို ပြဲထြက္ကစားခြင့္ေပးသင့္ေၾကာင္းနဲ႔ လူငယ္ကစားသမား အီမီးလ္ စမစ္႐ိုးကို အနားေပးၿပီး အေျပာင္းအလဲလုပ္သင့္ေၾကာင္း အာဆင္နယ္ ကစားသမားေဟာင္း ကီဗင္ ကမ္းဘဲလ္ တိုက္တြန္း။

အာဆင္နယ္နဲ႔ လိဒ္စ္ယူႏိုက္တက္တို႔ရဲ႕ ပြဲစဥ္ကို ဂိုးမ်ားလိမ့္မယ္လို႔ ဘီဘီစီရဲ႕ ေဘာလုံးပြဲခန႔္မွန္းသူ ေလာ္႐ိုက ေျပာၾကားလိုက္ၿပီး တစ္သင္းနဲ႔ တစ္သင္း အျပန္အလွန္ဖြင့္ကစားမယ့္ပြဲစဥ္မွာ ဂန္းနားေတြကပဲ အမ္းမရိတ္မွာ ေအာင္ပြဲခံႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္းဆို။

ေရွာ္လ္ကာအသင္းကို တစ္ေက်ာ့ျပန္ ေရာက္ရွိလာၿပီး အသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရတဲ့ သူတို႔ရဲ႕ အကယ္ဒမီထြက္ ကစားသမားေဟာင္း ဆိဒ္ ကိုလာစီနက္ခ်္ကို အၿပီးသတ္ေခၚယူသြားဖို႔ အားကစားဒါ႐ိုက္တာ ဂ်ိဳခ်င္ ရွႏိုက္ဒါက ေျပာၾကားခဲ့အၿပီးမွာ အာဆင္နယ္ပရိသတ္ေတြက ေပ်ာ္႐ႊင္ေနၾကၿပီး သူ႔အတြက္ ေပါင္သန္း ၂၀ ေလာက္ရရင္ ေကာင္းမယ္လို႔ ဆိုေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z