Premier League

12 Feb ညခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု


– လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမယ့် လက်စတာစီးတီးအသင်းမှာ နောက်ခံလူတွေ ကြံ့ခိုင်မှု အားနည်းနေချိန်မှာ ဘယ်ရောညာပါ အားကိုးရတဲ့ တောင်ပံခံစစ်သမား ဂျိမ်းစ် ဂျပ်စတင် ဒဏ်ရာရရှိသွားခဲ့မှုက တိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ ဂိုးသွင်းယူဖို့ အခွင့်ကောင်းရစေမယ်လို့ သုံးသပ်ခဲ့ကြ။


– လာမယ့်နွေရာသီမှာ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒဝပ်ရဲ့ ကစားသမား အရောင်းစွမ်းရည်ကို ထပ်မံစောင့်ကြည့်ရဖွယ်ရှိနေပြီး အသင်းမှာ နာမည်ကြီးပြီး ကြံ့ခိုင်မှုနည်းလို့ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားအနည်းဆုံး သုံးဦးကို ရောင်းချသွားဖို့ ရှိနေပြီး ဒီစာရင်းထဲမှာ အဲလက်စ် ချိမ်ဘာလိန်၊ ချာဒန် ရှာကျီရီနဲ့ နာဘီ ကီးတားတို့ ပါဝင်နေ။

လီဗာပူးလ်အသင်း၏ အားထားရတဲ့ ကစားသမား ဖာဘင်ညိုသည် ရရှိထားတဲ့ ကြွက်သား ဒဏ်ရာ မသက်သာသေးသည့်အတွက် လက်စတာစီးတီးနှင့်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ဒဏ်ရာ အသီးသီးရနေတဲ့ ဒီယေဂို ဂျိုတာနဲ့ နာဘီ ကီးတားတို့ နှစ်ဦးတွင် နာဘီ ကီးတားအနေနဲ့ တစ်ဦးတည်းလေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီး အသင်းနဲ့တော့ ပူးပေါင်းလေ့ကျင့်မှု မကြာခင်ပြုလုပ်နိုင်တော့မှာ ဖြစ်ပေမယ့် ဒီယေဂို ဂျိုတာအနေနဲ့တော့ လေ့ကျင်ခန်းပြန်ဆင်းနိုင်ဖို့ နောက်ထပ် ၂ ပတ် ၃ ပတ် စောင့်ရဦးမယ်လို့ လီဗာပူးလ်နည်းပြကလော့ပ်က ပွဲကြို အင်တာဗျူးမှာ ပြောခဲ့ပါတယ်။


– လီဗာပူးလ်အသင်းတာဝန်ရှိသူတွေအနေနဲ့ ကွင်းလယ်မှာ အသင်းကနေ လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ ဒတ်ချ်လက်ရွေးစင် ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်နေရာမှာ အစားထိုးဖို့ ဂျာမန်ကလပ် မိုချန် ဂလာဘက်ချ်က ဖလိုရီယန် နွိုင်ဟော့စ်ကို ယူရိုသန်း ၄၀ အောက်မှာ ခေါ်ယူနိုင်ဖို့ စီစဉ်နေ။


– လာမယ့်နွေရာသီမှာ လီဗာပူးလ်အသင်းအနေနဲ့ ကွင်းလယ်လူတွေဖြစ်ကြတဲ့ နာဘီ ကီးတားနဲ့ တာကူမီ မီနာမီနိုတို့ကို ရောင်းချမှုကနေ ပေါင်သန်း ၅၀ လောက် ရှာဖွေနိုင်ဖို့ မျှော်လင့်နေပြီး သူတို့အစား ကားတစ်ဂျုံးစ်နဲ့ အကယ်ဒမီထွက် ကလာ့ခ်ဆန်တို့လို လူငယ်တွေကို အသုံးပြုသွားဖို့ စီမံကိန်းချမှတ်ထား။


– အသင်းကနေ မီနာမီနိုရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ လာမယ့်နွေရာသီမှာ ထပ်မံအတည်ပြုသွားမှာဖြစ်ပြီး ဒီကြားထဲမှာ ဘလက်ဘန်း အသင်းဆီ အငှားချထားခဲ့တဲ့ လူငယ်ကစားသမား ဟာဗီ အီးလီးယော့ရဲ့ ခြေစွမ်းကို စိတ်ချရမယ်ဆိုရင်တော့ ဂျပန်လက်ရွေးစင်ကို ရောင်းထုတ်သွားဖွယ်ရှိနေ။


– လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်တစ်ခုဖြစ်တဲ့ နောက်ခံလူ မီရီ ဒီမီရယ်လ်ကို လာမယ့်နွေရာသီမှာ ရောင်းထုတ်ဖို့ ဂျူဗင်တပ်စ်အသင်းက ဆန္ဒရှိနေပြီး အသင်းရဲ့ ဘဏ္ဏာရေးအခြေအနေကို ထိန်းညှိသွားဖို့ စီစဉ်နေချိန်မှာ ပေါင်သန်း ၅၀ လောက် ရရှိရင် ကမ်းလှမ်းမှုတွေကို လက်ခံသွားဖွယ်ရှိနေ။


– အသင်းပရိသတ်တွေအနေနဲ့ လီဗာပူးလ်အသင်းရဲ့ နွေရာသီပစ်မှတ်ဖြစ်တဲ့ ဂျာမနီလက်ရွေးစင် ဖလိုရီယန် နွိုင်ဟော့စ်ကို သဘောကျနေ ကြပြီး မွန်ချန်ဂလာဘက်ချ်တိုက်စစ်မှာ ဂိုးတွေနဲ့ ဖန်တီးမှုတွေ ပြုလုပ်ပြီး ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူကို ခေါ်ယူပေးဖို့ တောင်းဆိုနေကြ။


– လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာကို နွေရာသီမှာ ခေါ်ယူဖို့ လီဗာပူးလ်အသင်းက စိတ်ဝင်စား နေပြီး သူတို့အနေနဲ့ အသင်းရဲ့ ပိုလျှံကစားသမားတွေဖြစ်ကြတဲ့ ရှာကျီရီ၊ ဝီလ်ဆန်၊ အိုရီဂီနဲ့ ဂရူယစ်ချ်တို့ထဲက တစ်ဦးကို ယော့ခ်ရှိုင်းယားကလပ်ဆီ အလိုက်ပေးကမ်းလှမ်းသွားဖို့ရှိနေ။


– ချန်ပီယံဆုကို ကာကွယ်ဖို့ ခက်ခဲနေပြီး ထိပ်ဆုံးလေးသင်းဝင်ဖို့ကိုသာ လက်တွေ့ကျတဲ့ ရည်မှန်းချက်အဖြစ် လုပ်ဆောင်ရမယ်လို့ နောက်ခံလူဟောင်း ဂျေမီ ကာရေဂါရဲ့ သုံးသပ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ အသင်းရဲ့ ဘယ်တောင်ပံကစားသမား ဆာဒီယို မာနေးရဲ့ ခြေစွမ်းက အဓိကကျလိမ့်မယ်လို့ ပရိသတ်တွေ ထင်မြင်ချက်ပေးနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

– လီဗာပူးလ္အသင္းနဲ႔ ရင္ဆိုင္ရမယ့္ လက္စတာစီးတီးအသင္းမွာ ေနာက္ခံလူေတြ ႀကံ့ခိုင္မႈ အားနည္းေနခ်ိန္မွာ ဘယ္ေရာညာပါ အားကိုးရတဲ့ ေတာင္ပံခံစစ္သမား ဂ်ိမ္းစ္ ဂ်ပ္စတင္ ဒဏ္ရာရရွိသြားခဲ့မႈက တိုက္စစ္မႉး မိုဟာမက္ ဆာလားအေနနဲ႔ ဂိုးသြင္းယူဖို႔ အခြင့္ေကာင္းရေစမယ္လို႔ သုံးသပ္ခဲ့ၾက။


– လာမယ့္ေႏြရာသီမွာ အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒဝပ္ရဲ႕ ကစားသမား အေရာင္းစြမ္းရည္ကို ထပ္မံေစာင့္ၾကည့္ရဖြယ္ရွိေနၿပီး အသင္းမွာ နာမည္ႀကီးၿပီး ႀကံ့ခိုင္မႈနည္းလို႔ ေျခစြမ္းမျပႏိုင္တဲ့ ကစားသမားအနည္းဆုံး သုံးဦးကို ေရာင္းခ်သြားဖို႔ ရွိေနၿပီး ဒီစာရင္းထဲမွာ အဲလက္စ္ ခ်ိမ္ဘာလိန္၊ ခ်ာဒန္ ရွာက်ီရီနဲ႔ နာဘီ ကီးတားတို႔ ပါဝင္ေန။

လီဗာပူးလ်အသင်း၏ အားထားရတဲ့ ကစားသမား ဖာဘင်ညိုသည် ရရှိထားတဲ့ ကြွက်သား ဒဏ်ရာ မသက်သာသေးသည့်အတွက် လက်စတာစီးတီးနှင့်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ဒဏ်ရာ အသီးသီးရနေတဲ့ ဒီယေဂို ဂျိုတာနဲ့ နာဘီ ကီးတားတို့ နှစ်ဦးတွင် နာဘီ ကီးတားအနေနဲ့ တစ်ဦးတည်းလေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီး အသင်းနဲ့တော့ ပူးပေါင်းလေ့ကျင့်မှု မကြာခင်ပြုလုပ်နိုင်တော့မှာ ဖြစ်ပေမယ့် ဒီယေဂို ဂျိုတာအနေနဲ့တော့ လေ့ကျင်ခန်းပြန်ဆင်းနိုင်ဖို့ နောက်ထပ် ၂ ပတ် ၃ ပတ် စောင့်ရဦးမယ်လို့ လီဗာပူးလ်နည်းပြကလော့ပ်က ပွဲကြို အင်တာဗျူးမှာ ပြောခဲ့ပါတယ်။


– လီဗာပူးလ္အသင္းတာဝန္ရွိသူေတြအေနနဲ႔ ကြင္းလယ္မွာ အသင္းကေန လက္လႊတ္ဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္တဲ့ ဒတ္ခ်္လက္ေ႐ြးစင္ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ေနရာမွာ အစားထိုးဖို႔ ဂ်ာမန္ကလပ္ မိုခ်န္ ဂလာဘက္ခ်္က ဖလိုရီယန္ ႏြိဳင္ေဟာ့စ္ကို ယူ႐ိုသန္း ၄၀ ေအာက္မွာ ေခၚယူႏိုင္ဖို႔ စီစဥ္ေန။


– လာမယ့္ေႏြရာသီမွာ လီဗာပူးလ္အသင္းအေနနဲ႔ ကြင္းလယ္လူေတြျဖစ္ၾကတဲ့ နာဘီ ကီးတားနဲ႔ တာကူမီ မီနာမီႏိုတို႔ကို ေရာင္းခ်မႈကေန ေပါင္သန္း ၅၀ ေလာက္ ရွာေဖြႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး သူတို႔အစား ကားတစ္ဂ်ဳံးစ္နဲ႔ အကယ္ဒမီထြက္ ကလာ့ခ္ဆန္တို႔လို လူငယ္ေတြကို အသုံးျပဳသြားဖို႔ စီမံကိန္းခ်မွတ္ထား။


– အသင္းကေန မီနာမီႏိုရဲ႕ အနာဂတ္ကို ဆုံးျဖတ္ဖို႔ လာမယ့္ေႏြရာသီမွာ ထပ္မံအတည္ျပဳသြားမွာျဖစ္ၿပီး ဒီၾကားထဲမွာ ဘလက္ဘန္း အသင္းဆီ အငွားခ်ထားခဲ့တဲ့ လူငယ္ကစားသမား ဟာဗီ အီးလီးေယာ့ရဲ႕ ေျခစြမ္းကို စိတ္ခ်ရမယ္ဆိုရင္ေတာ့ ဂ်ပန္လက္ေ႐ြးစင္ကို ေရာင္းထုတ္သြားဖြယ္ရွိေန။


– လီဗာပူးလ္အသင္းရဲ႕ ပစ္မွတ္တစ္ခုျဖစ္တဲ့ ေနာက္ခံလူ မီရီ ဒီမီရယ္လ္ကို လာမယ့္ေႏြရာသီမွာ ေရာင္းထုတ္ဖို႔ ဂ်ဴဗင္တပ္စ္အသင္းက ဆႏၵရွိေနၿပီး အသင္းရဲ႕ ဘဏၰာေရးအေျခအေနကို ထိန္းညႇိသြားဖို႔ စီစဥ္ေနခ်ိန္မွာ ေပါင္သန္း ၅၀ ေလာက္ ရရွိရင္ ကမ္းလွမ္းမႈေတြကို လက္ခံသြားဖြယ္ရွိေန။


– အသင္းပရိသတ္ေတြအေနနဲ႔ လီဗာပူးလ္အသင္းရဲ႕ ေႏြရာသီပစ္မွတ္ျဖစ္တဲ့ ဂ်ာမနီလက္ေ႐ြးစင္ ဖလိုရီယန္ ႏြိဳင္ေဟာ့စ္ကို သေဘာက်ေန ၾကၿပီး မြန္ခ်န္ဂလာဘက္ခ်္တိုက္စစ္မွာ ဂိုးေတြနဲ႔ ဖန္တီးမႈေတြ ျပဳလုပ္ၿပီး ေျခစြမ္းျပေနတဲ့ ကြင္းလယ္လူကို ေခၚယူေပးဖို႔ ေတာင္းဆိုေနၾက။


– လိဒ္စ္ယူႏိုက္တက္အသင္းရဲ႕ ဘရာဇီးလ္ေတာင္ပံကစားသမား ရာဖင္ညာကို ေႏြရာသီမွာ ေခၚယူဖို႔ လီဗာပူးလ္အသင္းက စိတ္ဝင္စား ေနၿပီး သူတို႔အေနနဲ႔ အသင္းရဲ႕ ပိုလွ်ံကစားသမားေတြျဖစ္ၾကတဲ့ ရွာက်ီရီ၊ ဝီလ္ဆန္၊ အိုရီဂီနဲ႔ ဂ႐ူယစ္ခ်္တို႔ထဲက တစ္ဦးကို ေယာ့ခ္ရႈိင္းယားကလပ္ဆီ အလိုက္ေပးကမ္းလွမ္းသြားဖို႔ရွိေန။


– ခ်န္ပီယံဆုကို ကာကြယ္ဖို႔ ခက္ခဲေနၿပီး ထိပ္ဆုံးေလးသင္းဝင္ဖို႔ကိုသာ လက္ေတြ႕က်တဲ့ ရည္မွန္းခ်က္အျဖစ္ လုပ္ေဆာင္ရမယ္လို႔ ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါရဲ႕ သုံးသပ္ခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ အသင္းရဲ႕ ဘယ္ေတာင္ပံကစားသမား ဆာဒီယို မာေနးရဲ႕ ေျခစြမ္းက အဓိကက်လိမ့္မယ္လို႔ ပရိသတ္ေတြ ထင္ျမင္ခ်က္ေပးေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z