Match Report Premier League

ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုအတြက္ ျပန္လည္ဦးေဆာင္တဲ့ ဗာဒီနဲ႔ ခ်ဲလ္ဆီးရဲ႕ဖိအားေပးမွဳကို မခံတဲ့ လက္စတာ

UNICODE: ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ နောက်ကျပွဲအဖြစ် တနင်္လာနေ့ညမှာ လက်စတာစီးတီးအသင်းနဲ့ အက်စတန်ဗီလာအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ လက်စတာစီးတီးအသင်းက နှစ်ဂိုးစီ သွင်းယူနိုင်ခဲ့တဲ့ ဂျေမီ ဗာဒီနဲ့ ဟာဗီ ဘန်းစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ လေးဂိုး-ဂိုးမရှိနိုင်ပွဲကို ဖော်ဆောင်ပြီး နောက်က ဖိအားပေးနေတဲ့ ချဲလ်ဆီးရဲ့လက်က ရုန်းထွက်လာခဲ့ပါတယ်။

တိုက်စစ်မှာ အီဟန်နာချိုကို ဦးဆောင်စေခဲ့ပြီး အယိုဇေ ပီရက်ဇ်၊ ဗာဒီတို့ကို အရန်ခုံမှာပဲ ထားခဲ့တဲ့ လက်စတာအနေနဲ့ ကာရာဘောင်းဖလားကလို ခြေစွမ်းမျိုးမရှိဘဲ အမှားမှားယွင်းယွင်းဖြစ်တဲ့ ဗီလာကို ဖိကစားနိုင်ခဲ့ပြီး အဆုံးသတ်မှုပိုင်း မကောင်းခဲ့ပေမယ့် ပွဲချိန် ၄၁ မိနစ်မှာတော့ မလိုအပ်ဘဲ ရှေ့တက်ဖျက်ဖို့ ကြိုးစားတဲ့ ဂိုးသမား ရေးနားကို တောင်ပံကစားသမား ဟာဗီ ဘန်းစ်က လှည့်ထွက်ပြီး လက်စတာတို့ အဖွင့်ဂိုးရယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အခွင့်အရေးတွေ ရခဲ့ပေမယ့် လွဲချော်မှုတွေ များနေခဲ့တဲ့ အီဟန်နာချိုကို ထုတ်ပြီး ဗာဒီကို ထည့်သွင်းခဲ့ရာမှာတော့ လက်စတာတိုက်စစ်က ထိရောက်လာခဲ့ပြီး မိနစ် ၆၀ မှာတော့ လက်နဲ့ တားဆီးဖို့ ကြိုးစားတဲ့ ဗီလာနောက်ခံလူ တိုင်ရုန်းမင်းစ်ကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဗာဒီက အမှားယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပါတယ်။

၇၉ မိနစ်မှာတော့ တစ်ချိန်လုံးပေါက်ထွက်နေခဲ့တဲ့ ဗီလာညာခြမ်းကနေပဲ ဗာဒီက ဘောလုံးဆွဲပြေးရင်း နောက်ခံလူနှစ်ဦးကို လိမ်ပြီး ကန်သွင်းခဲ့ရာမှာ အသက်အရွယ်ကြောင့် နှေးကွေးနေတဲ့ ရေးနား မဖမ်းနိုင်ခဲ့ဘဲ အင်္ဂလန်တိုက်စစ်မှူးအတွက် ဒီရာသီ ပရီးမီးယားလိဂ် ၁၉ ဂိုးမြောက်ဂိုးကို ခွင့်ပြုခဲ့ရသလို ဒီနေ့ပွဲမှာ ဗီလာနောက်တန်းဟာ စုဖွဲ့ပုံ ညံ့ဖျင်းခဲ့ပြီး နောက်တန်း ၄ ယောက်ရှိနေချိန်မှာကို ဗာဒီနဲ့ ဘန်းစ်နှစ်ဦးတည်းက အလွယ်တကူ ထိုးဖောက်ဂိုးသွင်းနိုင်ခဲ့တာပါ။

ပွဲချိန် ၈၄ မိနစ်မှာတော့ ဝတ်ကျေတန်းကျေ ကစားနေခဲ့ကြတဲ့ ဗီလာနောက်တန်း ၅ ယောက်ကြားကနေ အယ်လ်ဘရိုက်တန်ရဲ့ Cut Back ကို ဘန်းစ်ကပဲ အပြင်းပိတ်သွင်းသွားနိုင်ခဲ့လို့ လေးဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့ပြီး နောက်က လိုက်လာတဲ့ ချဲလ်ဆီးကို လက်စတာတို့ ၅ မှတ်ဖြတ်နိုင်ခဲ့ချိန်မှာ ဒင်းစမစ်ရဲ့ ဗီလာကတော့ အဆင့် ၁၉ အထိ ကျဆင်းသွားခဲ့ပြီး ဒီနေ့ခြေစွမ်းကို မပြင်နိုင်ရင်တော့ နောက်နှစ်မှာ ဘာမင်ဂမ်ဒါဘီကို ချန်ပီယံရှစ်မှာ မြင်ရဖို့ တဖြည်းဖြည်းနီးစပ်လာခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီတစ္ပတ္ ပရီးမီးယားလိဂ္ရဲ႕ ေနာက္က်ပြဲအျဖစ္ တနလၤာေန႔ညမွာ လက္စတာစီးတီးအသင္းနဲ႔ အက္စတန္ဗီလာအသင္းတုိ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ လက္စတာစီးတီးအသင္းက ႏွစ္ဂိုးစီ သြင္းယူႏုိင္ခဲ့တဲ့ ေဂ်မီ ဗာဒီနဲ႔ ဟာဗီ ဘန္းစ္တုိ႔ရဲ႕ သြင္းဂိုးေတြနဲ႔ ေလးဂိုး-ဂိုးမရွိႏုိင္ပြဲကို ေဖာ္ေဆာင္ၿပီး ေနာက္က ဖိအားေပးေနတဲ့ ခ်ဲလ္ဆီးရဲ႕လက္က ႐ုန္းထြက္လာခဲ့ပါတယ္။

တုိက္စစ္မွာ အီဟန္နာခ်ဳိကို ဦးေဆာင္ေစခဲ့ၿပီး အယိုေဇ ပီရက္ဇ္၊ ဗာဒီတုိ႔ကို အရန္ခုံမွာပဲ ထားခဲ့တဲ့ လက္စတာအေနနဲ႔ ကာရာေဘာင္းဖလားကလို ေျခစြမ္းမ်ဳိးမရွိဘဲ အမွားမွားယြင္းယြင္းျဖစ္တဲ့ ဗီလာကို ဖိကစားႏုိင္ခဲ့ၿပီး အဆုံးသတ္မွဳပုိင္း မေကာင္းခဲ့ေပမယ့္ ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ မလိုအပ္ဘဲ ေရွ႕တက္ဖ်က္ဖို႔ ႀကဳိးစားတဲ့ ဂိုးသမား ေရးနားကို ေတာင္ပံကစားသမား ဟာဗီ ဘန္းစ္က လွည့္ထြက္ၿပီး လက္စတာတုိ႔ အဖြင့္ဂိုးရယူႏုိင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာ အခြင့္အေရးေတြ ရခဲ့ေပမယ့္ လြဲေခ်ာ္မွဳေတြ မ်ားေနခဲ့တဲ့ အီဟန္နာခ်ဳိကို ထုတ္ၿပီး ဗာဒီကို ထည့္သြင္းခဲ့ရာမွာေတာ့ လက္စတာတုိက္စစ္က ထိေရာက္လာခဲ့ၿပီး မိနစ္ ၆၀ မွာေတာ့ လက္နဲ႔ တားဆီးဖို႔ ႀကဳိးစားတဲ့ ဗီလာေနာက္ခံလူ တုိင္႐ုန္းမင္းစ္ေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဗာဒီက အမွားယြင္းမရွိ ကန္သြင္းယူႏုိင္ခဲ့ပါတယ္။

၇၉ မိနစ္မွာေတာ့ တစ္ခ်ိန္လုံးေပါက္ထြက္ေနခဲ့တဲ့ ဗီလာညာျခမ္းကေနပဲ ဗာဒီက ေဘာလုံးဆြဲေျပးရင္း ေနာက္ခံလူႏွစ္ဦးကို လိမ္ၿပီး ကန္သြင္းခဲ့ရာမွာ အသက္အရြယ္ေၾကာင့္ ေႏွးေကြးေနတဲ့ ေရးနား မဖမ္းႏုိင္ခဲ့ဘဲ အဂၤလန္တုိက္စစ္မွဴးအတြက္ ဒီရာသီ ပရီးမီးယားလိဂ္ ၁၉ ဂိုးေျမာက္ဂိုးကို ခြင့္ျပဳခဲ့ရသလို ဒီေန႔ပြဲမွာ ဗီလာေနာက္တန္းဟာ စုဖြဲ႕ပုံ ညံ့ဖ်င္းခဲ့ၿပီး ေနာက္တန္း ၄ ေယာက္ရွိေနခ်ိန္မွာကို ဗာဒီနဲ႔ ဘန္းစ္ႏွစ္ဦးတည္းက အလြယ္တကူ ထိုးေဖာက္ဂိုးသြင္းႏုိင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ဝတ္ေက်တန္းေက် ကစားေနခဲ့ၾကတဲ့ ဗီလာေနာက္တန္း ၅ ေယာက္ၾကားကေန အယ္လ္ဘ႐ိုက္တန္ရဲ႕ Cut Back ကို ဘန္းစ္ကပဲ အျပင္းပိတ္သြင္းသြားႏုိင္ခဲ့လို႔ ေလးဂိုး-ဂိုးမရွိနဲ႔ ပြဲၿပီးဆုံးခဲ့ၿပီး ေနာက္က လိုက္လာတဲ့ ခ်ဲလ္ဆီးကို လက္စတာတုိ႔ ၅ မွတ္ျဖတ္ႏုိင္ခဲ့ခ်ိန္မွာ ဒင္းစမစ္ရဲ႕ ဗီလာကေတာ့ အဆင့္ ၁၉ အထိ က်ဆင္းသြားခဲ့ၿပီး ဒီေန႔ေျခစြမ္းကို မျပင္ႏုိင္ရင္ေတာ့ ေနာက္ႏွစ္မွာ ဘာမင္ဂမ္ဒါဘီကို ခ်န္ပီယံရွစ္မွာ ျမင္ရဖို႔ တျဖည္းျဖည္းနီးစပ္လာခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.