Premier League Transfer News

10 Feb ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– နည်းပြ ဖရန့် လမ်းပတ်လက်ထက်က နေရာရခဲ့ပေမယ့် လက်ရှိမှာ နေရာပျောက်ဆုံးစပြုနေတဲ့ ကစားသမားတွေကို လာမယ့် ဘန်စလေနဲ့ပွဲမှာ ပွဲထုတ်ပြီး စောင့်ကြည့်အကဲဖြတ်သွားမယ့် အစီအစဉ်ကို နည်းပြသစ် သောမတ်စ် တူဟယ်လ်က ချမှတ်ထားပြီး ဒီထဲမှာ ကွင်းလယ်လူ ဘီလီ ဂီးလ်မိုးနဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်တို့ ပါဝင်နေ။

– နည်းပြ သောမတ်စ် တူဟယ်လ်ကို နွေရာသီမှာ နည်းပြဟောင်း လမ်းပတ်တုန်းကလိုပဲ ကြီးကြီးမားမား အားဖြည့်မှုတွေအတွက် ခွင့်ပြုချက် ပေးသွားဖွယ်ရှိနေပြီး သူလိုချင်တဲ့ ကစားသမား ၃ ယောက်လောက်ကို အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျက ခွင့်ပြုသွားမယ်လို့ ဆိုနေကြ။

– ရာသီအစက ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒဏ်ရာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးမှာ ခြေစွမ်းကျဆင်းသွားခဲ့တဲ့ တောင်ပံတိုက်စစ်မှူး ဟာကင်းမ် ဇီးယက်ရှ်က သူ့အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အမြန်နှုန်းနဲ့ အသားမကျသေးသလို အိမ်လွမ်းဝေဒနာကိုလည်း ရင်ဆိုင်နေရတယ်လို့ ဝန်ခံပြောကြားသွားခဲ့။

– ပြီးခဲ့တဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြခဲ့ပြီး တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့သလို ပင်နယ်တီတစ်လုံး ရယူပေးခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာအတွက် ခြေစွမ်းပြနိုင်မယ့် အချိန်တွေ ရောက်ရှိလာတော့မယ်လို့ အသင်းဖော်နောက်ခံလူ ရီးစ် ဂျိမ်းစ်က ထောက်ခံမှုပြသ။

– လာမယ့် နွေရာသီအားဖြည့်မှုအတွက် အသင်းရဲ့ ခံစစ်ကို အဓိက ပြင်ဆင်သွားမှာဖြစ်တဲ့အပြင် RB လိုက်ပ်ဇစ်ရဲ့ အီဘရာဟီမာ ကိုနာတေနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ရာဖေးလ် ဗာရွန်းတို့လို ပြင်သစ်ကြယ်ပွင့်တွေကို အဓိက ပစ်မှတ်ထားနေတာကြောင့် ပရိသတ်တွေ ရင်ခုန်နေကြ။

– ဒေါ့မွန်အသင်းအနေနဲ့ ဒီရာသီမှာ ခြေစွမ်းသိပ်မပြနိုင်တဲ့ အင်္ဂလန်ကစားသမားနှစ်ဦးဖြစ်တဲ့ ဂျေဒန် ဆန်ချိုနဲ့ ဂျုဒ် ဘယ်လင်ဂမ်တို့ကို နွေရာသီမှာ အရောင်းစာရင်းတင်သွားဖွယ်ရှိနေပြီး ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ဆီက ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေပြီလို့ BILD ဖော်ပြ။

– နည်းပြဟောင်း ဖရန့် လမ်းပတ်ရဲ့ လက်ထက်မှာ နေရာပျောက်ဆုံးခဲ့တဲ့ ဒိန်းမတ်နောက်ခံလူ အန်ဒရီးယက်စ် ခရစ္စတင်ဆန်ကို နည်းပြသစ် သောမတ်စ် တူဟယ်လ်ရဲ့ လက်ထက်မှာ အခွင့်အရေးပေးသွားဖို့ ရှိနေပြီး နေရာတစ်နေရာကို ဇူးမားနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေ။

– ဘန်စလေနဲ့ ကစားမယ့်ပွဲအတွက် အမေရိကန်တောင်ပံကစားသမား ခရစ္စတီယန် ပူလီရှစ်ချ် ပြန်လည်ပါဝင်နိုင်ဖို့ ရှိနေပြီး ထရိန်နင်မှာ အပြည့်အဝ လေ့ကျင့်နိုင်ခဲ့ပြီဖြစ်ပေမယ့် ဂျာမန်ကွင်းလယ်လူ ခိုင် ဟာဗတ်ဇ်ရဲ့ အရိပ်အယောင်ကို တွေ့မြင်ရသေးခြင်းမရှိဘူးလို့ စောင့်ကြည့်သူတွေဆို။

– မန်ချက်စတာယူနိုက်တက်အသင်းမှာ ရုန်းကန်နေခဲ့ရတဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်နဲ့ ချဲလ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှု၊ အမြန်နှုန်းတွေနဲ့ အသားမကျဘဲ အိမ်လွမ်းနေပြီလို့ဆိုတဲ့ တောင်ပံကစားသမား ဟာကင်းမ် ဇီးယက်ရှ်တို့ကို ယုံကြည်စိတ်မွေးပြီး ကြိုးစားကြဖို့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဒီယာ့ခ် ကော့တ် အားပေးစကားဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


– နည်ျးပ သောမတ္စ် တူဟယ္လ္ကို နြေရာသီမွာ နည်ျးပေဟာင်း လမ်းပတ္တုန်းကလိုပဲ ကြီးကြီးမားမား အာျးဖည့်မွုတြေအတြက် ခြင့်ျပုခ်က် ပေးသြားဖြယ်ရွိနေပြီး သူလိုခ်င္တဲ့ ကစားသမား ၃ ယောက်လောက္ကို အသင်းပိုင်ရွင် ရိုမန် အေဘရာမိုဗစ္ခ်္က ခြင့်ျပုသြားမယ္လို့ ဆိုနေကြ။






– ဘန်စလေနဲ့ ကစားမယ့်ပွဲအတွက် အမေရိကန်တောင်ပံကစားသမား ခရစ္စတီယန် ပူလီရှစ်ခ်ျ ပြန်လည်ပါဝင်နိုင်ဖို့ ရှိနေပြီး ထရိန်နင်မှာ အပြည့်အဝ လေ့ကျင့်နိုင်ခဲ့ပြီဖြစ်ပေမယ့် ဂျာမန်ကွင်းလယ်လူ ခိုင် ဟာဗတ်ဇ်ရဲ့ အရိပ်အယောင်ကို တွေ့မြင်ရသေးခြင်းမရှိဘူးလို့ စောင့်ကြည့်သူတွေဆို။


REF: INTERNET SOURCES
SPORTS A2Z.