Premier League

10 Feb နေ့လည်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု


– ဝက်စ်ဟမ်းနဲ့ပွဲမှာ အနိုင်ဂိုးကို နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ စကော့ မက်တော်မီနေးကို မန်ချက်စတာယူနိုက်တက် နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားက အဆုံးသတ်သမားကောင်းတစ်ယောက်လို့ ချီးကျူးသွားခဲ့ပြီး နောက်ကိုလည်း ပုံစံမျိုး ရှေ့တက်ပြီး ကစားဖို့ တိုက်တွန်းသွား။


– ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ပုံဖော်ကစားပြီး တန်ပြန်တိုက်စစ်တွေကို အမြန်ဆုံး သွားတဲ့ ပုံစံနဲ့ မသင့်တော်ဘူးလို့ ပရိသတ်တွေ ဝေဖန်နေကြပြီး ကစားသမားရဲ့ တစ်ချက်ထိ ကစားပုံမျိုး မပြောင်းလဲနိုင်ဘူးဆိုရင် ရောင်းချဖို့ အကြံပေးနေကြ။


– ခြေစွမ်းမကောင်းတဲ့ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့အစား ပုံစံကောင်းပြသနေတဲ့ ဂရင်းဝုဒ်ကို လူစားလဲခဲ့တာဟာ သူ့ရဲ့ ပွဲပန်းနိုင်ခြေကို ကြိုတင်ကာကွယ်ဖို့ ဖြစ်ပြီး တန်ပြန်တိုက်စစ်တွေမှာ ရက်ရှ်ဖို့ဒ်က ပိုမိုအားကိုးရလို့ လူစားမလဲခဲ့တာလည်းဖြစ်ကြောင်း ဆိုးလ်ရှား ရှင်းလင်း။


– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူနေရာမှာ ခြေစွမ်းပြသနေခဲ့တဲ့ လုခ်ရှောဟာ သူ့ကို ကိုင်တွယ်စဉ်က အမျိုးမျိုး ပြစ်တင်ဝေဖန်ခဲ့တဲ့ မော်ရင်ညိုရဲ့ အဆင်အခြင်မရှိတဲ့ လုပ်ရပ်တွေကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီလို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အီယန်ရိုက်က ရန်ဘက်နှစ်သင်းကြားကနေ သုံးသပ်ဝေဖန်မှု ပြုလုပ်သွားခဲ့။


– ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မွိုက်စ်က သူတို့အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ရှုံးဖို့ မထိုက်တန်ခဲ့ဘူးလို့ ဆိုလိုက်ပြီး အသင်းရဲ့ ကစားသမားအချို့ကို ပွဲတွင်းမှာ လက်လွှတ်ခဲ့ရပေမယ့် အကောင်းဆုံးကစားနိုင်ခဲ့တဲ့ ဟမ်းမားတွေအနေနဲ့ အနည်းဆုံး ပင်နယ်တီ အဆုံးအဖြတ်အထိ ရောက်ရှိခဲ့သင့်တယ်လို့ အသင်းဟောင်း ယူနိုက်တက်နဲ့ပွဲအပြီးမှာ ပြောကြား။


– မန်ချက်စတာယူနိုက်တက်အနေနဲ့ သူတို့ရဲ့ နွေရာသီခံစစ်အားဖြည့်မှုအဖြစ် RB လိုက်ပ်ဇစ်အသင်းရဲ့ ဗဟိုနောက်ခံလူ အီဘရာဟီမာ ကိုနာတေကို ဦးစားပေးသတ်မှတ်ထားပြီး ခေါ်ယူဖို့အတွက်တော့ ပြိုင်ဘက်တွေဖြစ်ကြတဲ့ လီဗာပူးလ်၊ ချဲလ်ဆီးတို့နဲ့ လုရနိုင်ကြောင်း သိရ။


– ဝက်စ်ဟမ်းနဲ့ပွဲမှာ အသင်းနဲ့ ပွဲထွက်ဖို့ အများက မျှော်လင့်ထားခဲ့ကြပေမယ့် လွဲချော်ခဲ့တဲ့ အိုင်ဗရီကို့စ်တောင်ပံတိုက်စစ်မှူး အာမက် ဂျယ်လိုအနေနဲ့ အကောင်းဘက်ကိုပဲ တွေးမြင်ထားခဲ့ပြီး အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်အသင်းသားတွေကို တွစ်တာကနေ ချီးကျူးသွား။


– အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ သူတို့အသင်းရဲ့ ပွဲချိန်တစ်လျှောက် အကောင်းဆုံးကစားနိုင်ခဲ့တဲ့သူအဖြစ် မိနစ် ၉၀ မှာ လုခ်ရှောနဲ့ လူစားလဲခံခဲ့ရတဲ့ ဘရာဇီးလ်နောက်ခံလူ အဲလက်စ် တဲလက်စ်ကို ယူနိုက်တက်ပရိသတ်အများစုက သတ်မှတ်ခဲ့ကြပြီး သူ့ရဲ့ လုပ်အားနဲ့ အမြန်နှုန်းကို သဘောကျနေကြ။


– စပါးစ်နဲ့ နယူးကာဆယ်လ်ကွင်းလယ်လူဟောင်း ဂျာမိန်း ဂျီးနပ်စ်က သူ့အနေနဲ့ ယူနိုက်တက်ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်အတွက် စာနာခံစားမိတယ်လို့ ပြောကြားလိုက်ပြီး ဒတ်ချ်ကွင်းလယ်လူအနေနဲ့ ဝန်းကျင်သစ်မှာ စိုးရိမ်ထိတ်လန့်မှုတွေ၊ အသင်းဖော်သစ်တွေနဲ့ စည်းဝါးမကိုက်တဲ့ ပုံစံတွေနဲ့ ကစားနေရတယ်လို့ ပြောကြား။


– မန်ချက်စတာယူနိုက်တက်အသင်းမှာ ရုန်းကန်နေခဲ့ရတဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်နဲ့ ချဲလ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှု၊ အမြန်နှုန်းတွေနဲ့ အသားမကျဘဲ အိမ်လွမ်းနေပြီလို့ဆိုတဲ့ တောင်ပံကစားသမား ဟာကင်းမ် ဇီးယက်ရှ်တို့ကို ယုံကြည်စိတ်မွေးပြီး ကြိုးစားကြဖို့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဒီယာ့ခ် ကော့တ် အားပေးစကားဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဝက္စ္ဟမ္းနဲ႔ပြဲမွာ အႏိုင္ဂိုးကို နာက်င္အခ်ိန္ပိုမွာ သြင္းယူေပးခဲ့တဲ့ ကြင္းလယ္လူ စေကာ့ မက္ေတာ္မီေနးကို မန္ခ်က္စတာယူႏိုက္တက္ နည္းျပ အိုလီ ဂန္နာ ဆိုးလ္ရွားက အဆုံးသတ္သမားေကာင္းတစ္ေယာက္လို႔ ခ်ီးက်ဴးသြားခဲ့ၿပီး ေနာက္ကိုလည္း ပုံစံမ်ိဳး ေရွ႕တက္ၿပီး ကစားဖို႔ တိုက္တြန္းသြား။


– ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကြင္းလယ္မွာ ပုံေဖာ္ကစားၿပီး တန္ျပန္တိုက္စစ္ေတြကို အျမန္ဆုံး သြားတဲ့ ပုံစံနဲ႔ မသင့္ေတာ္ဘူးလို႔ ပရိသတ္ေတြ ေဝဖန္ေနၾကၿပီး ကစားသမားရဲ႕ တစ္ခ်က္ထိ ကစားပုံမ်ိဳး မေျပာင္းလဲႏိုင္ဘူးဆိုရင္ ေရာင္းခ်ဖို႔ အႀကံေပးေနၾက။


– ေျခစြမ္းမေကာင္းတဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္တို႔အစား ပုံစံေကာင္းျပသေနတဲ့ ဂရင္းဝုဒ္ကို လူစားလဲခဲ့တာဟာ သူ႔ရဲ႕ ပြဲပန္းႏိုင္ေျခကို ႀကိဳတင္ကာကြယ္ဖို႔ ျဖစ္ၿပီး တန္ျပန္တိုက္စစ္ေတြမွာ ရက္ရွ္ဖို႔ဒ္က ပိုမိုအားကိုးရလို႔ လူစားမလဲခဲ့တာလည္းျဖစ္ေၾကာင္း ဆိုးလ္ရွား ရွင္းလင္း။


– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဘယ္ေနာက္ခံလူေနရာမွာ ေျခစြမ္းျပသေနခဲ့တဲ့ လုခ္ေရွာဟာ သူ႔ကို ကိုင္တြယ္စဥ္က အမ်ိဳးမ်ိဳး ျပစ္တင္ေဝဖန္ခဲ့တဲ့ ေမာ္ရင္ညိဳရဲ႕ အဆင္အျခင္မရွိတဲ့ လုပ္ရပ္ေတြကို အေကာင္းဆုံး တုံ႔ျပန္ႏိုင္ခဲ့ၿပီလို႔ အာဆင္နယ္တိုက္စစ္မႉးေဟာင္း အီယန္႐ိုက္က ရန္ဘက္ႏွစ္သင္းၾကားကေန သုံးသပ္ေဝဖန္မႈ ျပဳလုပ္သြားခဲ့။


– ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္ မြိဳက္စ္က သူတို႔အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ရႈံးဖို႔ မထိုက္တန္ခဲ့ဘူးလို႔ ဆိုလိုက္ၿပီး အသင္းရဲ႕ ကစားသမားအခ်ိဳ႕ကို ပြဲတြင္းမွာ လက္လႊတ္ခဲ့ရေပမယ့္ အေကာင္းဆုံးကစားႏိုင္ခဲ့တဲ့ ဟမ္းမားေတြအေနနဲ႔ အနည္းဆုံး ပင္နယ္တီ အဆုံးအျဖတ္အထိ ေရာက္ရွိခဲ့သင့္တယ္လို႔ အသင္းေဟာင္း ယူႏိုက္တက္နဲ႔ပြဲအၿပီးမွာ ေျပာၾကား။


– မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ သူတို႔ရဲ႕ ေႏြရာသီခံစစ္အားျဖည့္မႈအျဖစ္ RB လိုက္ပ္ဇစ္အသင္းရဲ႕ ဗဟိုေနာက္ခံလူ အီဘရာဟီမာ ကိုနာေတကို ဦးစားေပးသတ္မွတ္ထားၿပီး ေခၚယူဖို႔အတြက္ေတာ့ ၿပိဳင္ဘက္ေတြျဖစ္ၾကတဲ့ လီဗာပူးလ္၊ ခ်ဲလ္ဆီးတို႔နဲ႔ လုရႏိုင္ေၾကာင္း သိရ။


– ဝက္စ္ဟမ္းနဲ႔ပြဲမွာ အသင္းနဲ႔ ပြဲထြက္ဖို႔ အမ်ားက ေမွ်ာ္လင့္ထားခဲ့ၾကေပမယ့္ လြဲေခ်ာ္ခဲ့တဲ့ အိုင္ဗရီကို႔စ္ေတာင္ပံတိုက္စစ္မႉး အာမက္ ဂ်ယ္လိုအေနနဲ႔ အေကာင္းဘက္ကိုပဲ ေတြးျမင္ထားခဲ့ၿပီး အႏိုင္ရရွိခဲ့တဲ့ ယူႏိုက္တက္အသင္းသားေတြကို တြစ္တာကေန ခ်ီးက်ဴးသြား။


– အက္ဖ္ေအဖလား ပၪၥမအဆင့္မွာ သူတို႔အသင္းရဲ႕ ပြဲခ်ိန္တစ္ေလွ်ာက္ အေကာင္းဆုံးကစားႏိုင္ခဲ့တဲ့သူအျဖစ္ မိနစ္ ၉၀ မွာ လုခ္ေရွာနဲ႔ လူစားလဲခံခဲ့ရတဲ့ ဘရာဇီးလ္ေနာက္ခံလူ အဲလက္စ္ တဲလက္စ္ကို ယူႏိုက္တက္ပရိသတ္အမ်ားစုက သတ္မွတ္ခဲ့ၾကၿပီး သူ႔ရဲ႕ လုပ္အားနဲ႔ အျမန္ႏႈန္းကို သေဘာက်ေနၾက။


– စပါးစ္နဲ႔ နယူးကာဆယ္လ္ကြင္းလယ္လူေဟာင္း ဂ်ာမိန္း ဂ်ီးနပ္စ္က သူ႔အေနနဲ႔ ယူႏိုက္တက္ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္အတြက္ စာနာခံစားမိတယ္လို႔ ေျပာၾကားလိုက္ၿပီး ဒတ္ခ်္ကြင္းလယ္လူအေနနဲ႔ ဝန္းက်င္သစ္မွာ စိုးရိမ္ထိတ္လန႔္မႈေတြ၊ အသင္းေဖာ္သစ္ေတြနဲ႔ စည္းဝါးမကိုက္တဲ့ ပုံစံေတြနဲ႔ ကစားေနရတယ္လို႔ ေျပာၾကား။


– မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ႐ုန္းကန္ေနခဲ့ရတဲ့ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္နဲ႔ ခ်ဲလ္ဆီးအသင္းမွာ ပရီးမီးယားလိဂ္ရဲ႕ ႀကံ့ခိုင္မႈ၊ အျမန္ႏႈန္းေတြနဲ႔ အသားမက်ဘဲ အိမ္လြမ္းေနၿပီလို႔ဆိုတဲ့ ေတာင္ပံကစားသမား ဟာကင္းမ္ ဇီးယက္ရွ္တို႔ကို ယုံၾကည္စိတ္ေမြးၿပီး ႀကိဳးစားၾကဖို႔ လီဗာပူးလ္တိုက္စစ္မႉးေဟာင္း ဒီယာ့ခ္ ေကာ့တ္ အားေပးစကားဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.