Premier League

10 Feb နေ့လည်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ဒီပုံစံအတိုင်း ဆက်သွားနေရင် အသင်းကို ဥရောပအဆင့်ရောက်အောင် ပြန်လည် တည်ဆောက်ဖို့ သုံးလေးနှစ်ကြာမှာကို စိုးရိမ်နေရတယ်လို့ အသင်းရဲ့ စီမံခန့်ခွဲမှုအမှားတွေကို ကြည့်ရင်း ကွင်းလယ်လူဟောင်းကြီး ရေးပါလာက သုံးသပ်သွား။

– နိစ်အသင်းကို အငှားချထားပြီး ခြေစွမ်းပြလို့မှ ပရိသတ်တွေ စိတ်အေးလို့ မဆုံးသေးတဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာအနေနဲ့ ပြင်သစ်လူငယ်အသင်းရဲ့ အဝတ်လဲခန်းထဲက မဖွယ်မရာဖြစ်ရပ်ကို သူကိုယ်တိုင် ရိုက်ကူးထားတဲ့ ဗီဒီယို ထွက်ရှိလာခဲ့ပြီးမှာ ပြင်သစ် ဘောလုံးအဖွဲ့ချုပ် FFF ရဲ့ စစ်ဆေးမှုကို ရင်ဆိုင်ရတော့မှာဖြစ်ကြောင်း သိရ။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ ရက်ပိုင်းအတွင်းမှာပဲ သူတို့ရဲ့ ဆာလီဘာအပေါ် မျှော်လင့်ချက်တွေကို စွန့်လွှတ်လိုက်ကြပြီဖြစ်ပြီး နိစ်အသင်းကနေ မိခင်အသင်းနည်းပြ အာတီတာကို ရှုတ်ချတဲ့ စကားမျိုး ပြောကြားမှု၊ မဖွယ်မရာ ဗီဒီယိုတို့ကို တွေ့ကြုံခဲ့ရအပြီးမှာ ပရော်ဖက်ရှင်နယ် မပီသသလို တည်တည်ငြိမ်ငြိမ် မနေနိုင်တဲ့ သူမျိုးကို အသင်းမှာ ဆက်ထားလို့ မဖြစ်ဘူးလို့ ဝေဖန်နေကြ။

– အာဆင်နယ်အသင်းရဲ့ နောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ အာမန် ထရာအိုရေးက ကိုလာစီနက်ချ်နဲ့ မိတ်လန်းနိုင်းလ်စ်တို့ကို အသင်းက ထွက်ခွာခိုင်းခဲ့ပြီး အစားထိုးမှု မပြုလုပ်ခဲ့တဲ့ အာတီတာနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေကို အပြစ်တင်လိုက်ပြီး ဆီးဒရစ်ဟာ ဘယ်ခြမ်းမှာ ကစားပြီး ဘာမှ ကောင်းကွက်မရှိကြောင်းနဲ့ ခံစစ်ကိုသာ အင်အားချိနဲ့စေမှာဖြစ်ကြောင်း ပြစ်တင်သွားခဲ့။


– အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ဈေးကွက်မှာ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို မရောင်းချနိုင်ခဲ့တာ အမှားတစ်ခု ဖြစ်ခဲ့ပေမယ့် လက်ရှိခြေစွမ်းအရ မရောင်းချဘဲ အသင်းမှာ ဆက်လက်ထားရှိသွားဖို့နဲ့ စာချုပ်သက်တမ်းတိုးသွားဖို့ပဲ များနေတယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဂျူဗင်တပ်စ်၊ အက်သလက်တီကိုတို့နဲ့ သတင်းတွေအပေါ် သုံးသပ်။


– အာဆင်နယ်အသင်းနဲ့ ဘင်ဖီကာအသင်းတို့ရဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ဘင်ဖီကာရဲ့ အိမ်ကွင်းပွဲစဉ်အဖြစ် ရိုးမားရဲ့ အိုလံပီကိုကွင်းမှာ စတင်ကစားသွားရမှာဖြစ်ပြီး ဒုတိယအကျော့ အာဆင်နယ်ရဲ့ အိမ်ကွင်းပွဲစဉ်ကိုတော့ အိုလံပီယာကော့စ်ရဲ့ ဂျော်ဂျို့စ် ကရေးဆာကိစ်ကွင်းမှာ ကစားဖို့ UEFA အတည်ပြု။


– ဘာစီလိုနာအသင်းကနေ ဇန်နဝါရီမှာ အာဆင်နယ်ကို အငှားနဲ့ ပြောင်းရွှေ့ဖို့ အခွင့်အရေးကို ပယ်ချခဲ့တဲ့ ဘယ်နောက်ခံလူ ဂျူနီယာ ဖာပိုအနေနဲ့ နွေရာသီမှာ အသင်းကနေ အပြီးသတ်ထွက်ခွာပြီး ကစားခွင့်ရမယ့် အသင်းကိုသာ ပြောင်းရွှေ့ချင်လို့ ငြင်းဆန်ခဲ့တာလို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ဒီပုံစံအတိုင္း ဆက္သြားေနရင္ အသင္းကို ဥေရာပအဆင့္ေရာက္ေအာင္ ျပန္လည္ တည္ေဆာက္ဖို႔ သုံးေလးႏွစ္ၾကာမွာကို စိုးရိမ္ေနရတယ္လို႔ အသင္းရဲ႕ စီမံခန႔္ခြဲမႈအမွားေတြကို ၾကည့္ရင္း ကြင္းလယ္လူေဟာင္းႀကီး ေရးပါလာက သုံးသပ္သြား။

– နိစ္အသင္းကို အငွားခ်ထားၿပီး ေျခစြမ္းျပလို႔မွ ပရိသတ္ေတြ စိတ္ေအးလို႔ မဆုံးေသးတဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအေနနဲ႔ ျပင္သစ္လူငယ္အသင္းရဲ႕ အဝတ္လဲခန္းထဲက မဖြယ္မရာျဖစ္ရပ္ကို သူကိုယ္တိုင္ ႐ိုက္ကူးထားတဲ့ ဗီဒီယို ထြက္ရွိလာခဲ့ၿပီးမွာ ျပင္သစ္ ေဘာလုံးအဖြဲ႕ခ်ဳပ္ FFF ရဲ႕ စစ္ေဆးမႈကို ရင္ဆိုင္ရေတာ့မွာျဖစ္ေၾကာင္း သိရ။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ရက္ပိုင္းအတြင္းမွာပဲ သူတို႔ရဲ႕ ဆာလီဘာအေပၚ ေမွ်ာ္လင့္ခ်က္ေတြကို စြန႔္လႊတ္လိုက္ၾကၿပီျဖစ္ၿပီး နိစ္အသင္းကေန မိခင္အသင္းနည္းျပ အာတီတာကို ရႈတ္ခ်တဲ့ စကားမ်ိဳး ေျပာၾကားမႈ၊ မဖြယ္မရာ ဗီဒီယိုတို႔ကို ေတြ႕ႀကဳံခဲ့ရအၿပီးမွာ ပေရာ္ဖက္ရွင္နယ္ မပီသသလို တည္တည္ၿငိမ္ၿငိမ္ မေနႏိုင္တဲ့ သူမ်ိဳးကို အသင္းမွာ ဆက္ထားလို႔ မျဖစ္ဘူးလို႔ ေဝဖန္ေနၾက။

– အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူေဟာင္းတစ္ဦးျဖစ္တဲ့ အာမန္ ထရာအိုေရးက ကိုလာစီနက္ခ်္နဲ႔ မိတ္လန္းႏိုင္းလ္စ္တို႔ကို အသင္းက ထြက္ခြာခိုင္းခဲ့ၿပီး အစားထိုးမႈ မျပဳလုပ္ခဲ့တဲ့ အာတီတာနဲ႔ နည္းစနစ္ပိုင္းဆိုင္ရာ တာဝန္ရွိသူေတြကို အျပစ္တင္လိုက္ၿပီး ဆီးဒရစ္ဟာ ဘယ္ျခမ္းမွာ ကစားၿပီး ဘာမွ ေကာင္းကြက္မရွိေၾကာင္းနဲ႔ ခံစစ္ကိုသာ အင္အားခ်ိနဲ႔ေစမွာျဖစ္ေၾကာင္း ျပစ္တင္သြားခဲ့။


– အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ေဈးကြက္မွာ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို မေရာင္းခ်ႏိုင္ခဲ့တာ အမွားတစ္ခု ျဖစ္ခဲ့ေပမယ့္ လက္ရွိေျခစြမ္းအရ မေရာင္းခ်ဘဲ အသင္းမွာ ဆက္လက္ထားရွိသြားဖို႔နဲ႔ စာခ်ဳပ္သက္တမ္းတိုးသြားဖို႔ပဲ မ်ားေနတယ္လို႔ ဖာဘရီဇီယို ႐ိုမာႏိုက ဂ်ဴဗင္တပ္စ္၊ အက္သလက္တီကိုတို႔နဲ႔ သတင္းေတြအေပၚ သုံးသပ္။


– အာဆင္နယ္အသင္းနဲ႔ ဘင္ဖီကာအသင္းတို႔ရဲ႕ ယူ႐ိုပါလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ ဘင္ဖီကာရဲ႕ အိမ္ကြင္းပြဲစဥ္အျဖစ္ ႐ိုးမားရဲ႕ အိုလံပီကိုကြင္းမွာ စတင္ကစားသြားရမွာျဖစ္ၿပီး ဒုတိယအေက်ာ့ အာဆင္နယ္ရဲ႕ အိမ္ကြင္းပြဲစဥ္ကိုေတာ့ အိုလံပီယာေကာ့စ္ရဲ႕ ေဂ်ာ္ဂ်ိဳ႕စ္ ကေရးဆာကိစ္ကြင္းမွာ ကစားဖို႔ UEFA အတည္ျပဳ။


– ဘာစီလိုနာအသင္းကေန ဇန္နဝါရီမွာ အာဆင္နယ္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ အခြင့္အေရးကို ပယ္ခ်ခဲ့တဲ့ ဘယ္ေနာက္ခံလူ ဂ်ဴနီယာ ဖာပိုအေနနဲ႔ ေႏြရာသီမွာ အသင္းကေန အၿပီးသတ္ထြက္ခြာၿပီး ကစားခြင့္ရမယ့္ အသင္းကိုသာ ေျပာင္းေ႐ႊ႕ခ်င္လို႔ ျငင္းဆန္ခဲ့တာလို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.