Premier League

အချိန်ပိုအထိ ရုန်းကန်ခဲ့ရပြီးမှ အက်ဖ်အေ ကွာတားဖိုင်နယ်တက်တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဖလားပွဲတွေကိုလည်း အာရုံစိုက် ကစားနေပြီး အက်ဖ်အေဖလားမှာ ဘရူနို ဖာနန်ဒက်စ်ကလွဲရင် လူစုံထုတ်ကစားလာခဲ့ပေမယ့် အဝေးကွင်းမှာ ပိတ်ဆို့ကစားလာခဲ့သလို ခြေတက်နေတဲ့ ဝက်စ်ဟမ်းကို အနိုင်ယူဖို့ အချိန်ပိုအထိ ကန်ခဲ့ရပြီးမှ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

နှစ်သင်းစလုံး လူစုံထုတ်ကစားလာချိန်မှာ ပိုမိုကျစ်လျစ်ပြီး ခံစစ်ကစားနေတဲ့ ဝက်စ်ဟမ်းနောက်တန်းကို ထိုးဖောက်ဖို့က မော်ရင်ညိုပြောလဲ ပြောချင်စရာဖြစ်နေတဲ့ မာစီယယ်လ်နဲ့တော့ လုံလောက်ခြင်း မရှိဘဲ ကာဗာနီကို အနားပေးထားချိန်မှာ သူနဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ အဆုံးသတ်ပိုင်းကတော့ ဆိုးရွားနေခဲ့ပါတယ်။

မာစီယယ်လ်အကြောင်း ပြောကြေးဆိုရင်တော့ သူ့ရဲ့ ကန်ချက်ကို ပိတ်ဆို့တဲ့ အော့ဘွန်နာ ခြေကျင်းဝတ်ကို ထိပြီး ဒဏ်ရာရသွားခဲ့လို့ အစ်ဆာ ဂျော့ပ်နဲ့ လဲခဲ့ရတာနဲ့ ထောင့်ကန်ဘောကို ကာကွယ်ရာမှာတော့ ဂျော့ပ်နဲ့ ခေါင်းချင်းတိုက်ပြီး နှစ်ယောက်စလုံးနာသွားခဲ့တဲ့ ဝက်စ်ဟမ်း နောက်ခံလူတွေကို ဒဏ်ရာရစေနိုင်ခဲ့တာကိုပဲ ပြရမှာဖြစ်ပါတယ်။


ပထမပိုင်းမှာ ဝက်စ်ဟမ်းဂိုးသမား ဖာဘီယန်စကီးရဲ့ လက်စွမ်းတွေက ယူနိုက်တက်ရဲ့ ထိုးဖောက်မှုတွေထက် ပိုမိုသာလွန်နေခဲ့လို့ ဂိုးမရှိ သရေပဲဖြစ်နေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ မာစီယယ်လ်နဲ့ ထိခိုက်မိတဲ့ ဂျော့ပ်နဲ့ ဘိုဝင်တို့အစား ဖရက်ဒရစ်ခ်နဲ့ ဂျွန်ဆန်တို့ကို ဝက်စ်ဟမ်းတို့ လူစားလဲပြီး ခံစစ်ကို ပိုမိုဦးတည်လာခဲ့ပါတယ်။


ပွဲချိန် ၅၃ မိနစ်မှာ မာစီယယ်လ်ချပေးတာကို ရက်ရှ်ဖို့ဒ် အဆုံးသတ်ကန်သွင်းမှု တုံ့နှေးနေတာကြောင့် ဖာဘီယန်စကီး ပိတ်ဆို့သွားနိုင်ခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ ဗန်ဒဘိခ်နဲ့ မာတစ်ချ်တို့နေရာမှာ ဘရူနို ဖာနန်ဒက်စ်နဲ့ မက်တော်မီနေးတို့ကို ထည့်သွင်းပြီး ယူနိုက်တက်တို့ ဂိုးရဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ပိတ်ကစားနေတဲ့ ဝက်စ်ဟမ်းခံစစ်ကို ဖြိုဖျက်ဖို့ ဆိုးလ်ရှားအနေနဲ့ သူ့ရဲ့ နောက်ဆုံးလက်နက် ကာဗာနီကို ပွဲချိန် ၈၆ မိနစ်မှာ ထုတ်သုံးခဲ့ပြီး ခံစစ်က ဝန်ဘစ်ဆာကာနဲ့ အဲလက်စ် တဲလက်စ်တို့ကိုတော့ ဘရန်ဒန် ဝီလီယမ်စ်နဲ့ လုခ်ရှောတို့ကို ထည့်သွင်းပြီး မိနစ် ၉၀ ဂိုးမရှိသရေကျနေချိန်မှာ အချိန်ပိုအတွက် ပိုမိုလန်းဆန်းစေဖို့ ရည်ရွယ်ခဲ့ပုံပေါ်ပါတယ်။


အချိန်ပို ၇ မိနစ်မှာတော့ ဒက်ကလန် ရိုက်စ် ဘောလုံးဆုံးရှုံးတာကနေ ယူနိုက်တက်တို့ တိုက်စစ်ဆင်ခဲ့ပြီး ဖရက်ဒ်ရဲ့ ဖြတ်တင်ဘောက ပြန်ကျလာတာကနေ ရက်ရှ်ဖို့ဒ်က ပြန်ခင်းပေးခဲ့တာကို တိုက်စစ်ကို နောက်ကျမှ ရောက်လာပြီး အနိမ့်ဘောကန်သွင်းချက်တွေနဲ့ အလုပ်ဖြစ်နေတဲ့ မက်တော်မီနေးက မြေမကျ လှမ်းကန်ပြီး အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဝက်စ်ဟမ်းတို့အနေနဲ့ သူတို့ရဲ့ ပထမဆုံး ဂိုးပေါက်တည့်မှုကို ဘင်ရာမာရဲ့ ခေါင်းတိုက်ချက်နဲ့ ရယူနိုင်ခဲ့ပေမယ့် ဂိုးသမား ဟန်ဒါဆန် ကာကွယ်သွားနိုင်ခဲ့ပြီး တစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့ပဲ မန်ချက်စတာယူနိုက်တက်တို့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဖလားပြဲေတြကိုလည္း အာ႐ုံစိုက္ ကစားေနၿပီး အက္ဖ္ေအဖလားမွာ ဘ႐ူႏို ဖာနန္ဒက္စ္ကလြဲရင္ လူစုံထုတ္ကစားလာခဲ့ေပမယ့္ အေဝးကြင္းမွာ ပိတ္ဆို႔ကစားလာခဲ့သလို ေျခတက္ေနတဲ့ ဝက္စ္ဟမ္းကို အႏိုင္ယူဖို႔ အခ်ိန္ပိုအထိ ကန္ခဲ့ရၿပီးမွ ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

ႏွစ္သင္းစလုံး လူစုံထုတ္ကစားလာခ်ိန္မွာ ပိုမိုက်စ္လ်စ္ၿပီး ခံစစ္ကစားေနတဲ့ ဝက္စ္ဟမ္းေနာက္တန္းကို ထိုးေဖာက္ဖို႔က ေမာ္ရင္ညိဳေျပာလဲ ေျပာခ်င္စရာျဖစ္ေနတဲ့ မာစီယယ္လ္နဲ႔ေတာ့ လုံေလာက္ျခင္း မရွိဘဲ ကာဗာနီကို အနားေပးထားခ်ိန္မွာ သူနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ရဲ႕ အဆုံးသတ္ပိုင္းကေတာ့ ဆိုး႐ြားေနခဲ့ပါတယ္။

မာစီယယ္လ္အေၾကာင္း ေျပာေၾကးဆိုရင္ေတာ့ သူ႔ရဲ႕ ကန္ခ်က္ကို ပိတ္ဆို႔တဲ့ ေအာ့ဘြန္နာ ေျခက်င္းဝတ္ကို ထိၿပီး ဒဏ္ရာရသြားခဲ့လို႔ အစ္ဆာ ေဂ်ာ့ပ္နဲ႔ လဲခဲ့ရတာနဲ႔ ေထာင့္ကန္ေဘာကို ကာကြယ္ရာမွာေတာ့ ေဂ်ာ့ပ္နဲ႔ ေခါင္းခ်င္းတိုက္ၿပီး ႏွစ္ေယာက္စလုံးနာသြားခဲ့တဲ့ ဝက္စ္ဟမ္း ေနာက္ခံလူေတြကို ဒဏ္ရာရေစႏိုင္ခဲ့တာကိုပဲ ျပရမွာျဖစ္ပါတယ္။


ပထမပိုင္းမွာ ဝက္စ္ဟမ္းဂိုးသမား ဖာဘီယန္စကီးရဲ႕ လက္စြမ္းေတြက ယူႏိုက္တက္ရဲ႕ ထိုးေဖာက္မႈေတြထက္ ပိုမိုသာလြန္ေနခဲ့လို႔ ဂိုးမရွိ သေရပဲျဖစ္ေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ မာစီယယ္လ္နဲ႔ ထိခိုက္မိတဲ့ ေဂ်ာ့ပ္နဲ႔ ဘိုဝင္တို႔အစား ဖရက္ဒရစ္ခ္နဲ႔ ဂြၽန္ဆန္တို႔ကို ဝက္စ္ဟမ္းတို႔ လူစားလဲၿပီး ခံစစ္ကို ပိုမိုဦးတည္လာခဲ့ပါတယ္။


ပြဲခ်ိန္ ၅၃ မိနစ္မွာ မာစီယယ္လ္ခ်ေပးတာကို ရက္ရွ္ဖို႔ဒ္ အဆုံးသတ္ကန္သြင္းမႈ တုံ႔ေႏွးေနတာေၾကာင့္ ဖာဘီယန္စကီး ပိတ္ဆို႔သြားႏိုင္ခဲ့ၿပီး ဒီေနာက္ပိုင္းမွာေတာ့ ဗန္ဒဘိခ္နဲ႔ မာတစ္ခ်္တို႔ေနရာမွာ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ မက္ေတာ္မီေနးတို႔ကို ထည့္သြင္းၿပီး ယူႏိုက္တက္တို႔ ဂိုးရဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ပိတ္ကစားေနတဲ့ ဝက္စ္ဟမ္းခံစစ္ကို ၿဖိဳဖ်က္ဖို႔ ဆိုးလ္ရွားအေနနဲ႔ သူ႔ရဲ႕ ေနာက္ဆုံးလက္နက္ ကာဗာနီကို ပြဲခ်ိန္ ၈၆ မိနစ္မွာ ထုတ္သုံးခဲ့ၿပီး ခံစစ္က ဝန္ဘစ္ဆာကာနဲ႔ အဲလက္စ္ တဲလက္စ္တို႔ကိုေတာ့ ဘရန္ဒန္ ဝီလီယမ္စ္နဲ႔ လုခ္ေရွာတို႔ကို ထည့္သြင္းၿပီး မိနစ္ ၉၀ ဂိုးမရွိသေရက်ေနခ်ိန္မွာ အခ်ိန္ပိုအတြက္ ပိုမိုလန္းဆန္းေစဖို႔ ရည္႐ြယ္ခဲ့ပုံေပၚပါတယ္။


အခ်ိန္ပို ၇ မိနစ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္ ေဘာလုံးဆုံးရႈံးတာကေန ယူႏိုက္တက္တို႔ တိုက္စစ္ဆင္ခဲ့ၿပီး ဖရက္ဒ္ရဲ႕ ျဖတ္တင္ေဘာက ျပန္က်လာတာကေန ရက္ရွ္ဖို႔ဒ္က ျပန္ခင္းေပးခဲ့တာကို တိုက္စစ္ကို ေနာက္က်မွ ေရာက္လာၿပီး အနိမ့္ေဘာကန္သြင္းခ်က္ေတြနဲ႔ အလုပ္ျဖစ္ေနတဲ့ မက္ေတာ္မီေနးက ေျမမက် လွမ္းကန္ၿပီး အသင္းအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ရယူႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဝက္စ္ဟမ္းတို႔အေနနဲ႔ သူတို႔ရဲ႕ ပထမဆုံး ဂိုးေပါက္တည့္မႈကို ဘင္ရာမာရဲ႕ ေခါင္းတိုက္ခ်က္နဲ႔ ရယူႏိုင္ခဲ့ေပမယ့္ ဂိုးသမား ဟန္ဒါဆန္ ကာကြယ္သြားႏိုင္ခဲ့ၿပီး တစ္ဂိုး-ဂိုးမရွိ ရလဒ္နဲ႔ပဲ မန္ခ်က္စတာယူႏိုက္တက္တို႔ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.