Premier League Transfer News

9 Feb ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ ဂျိမ်းစ် မီလ်နာဟာ အသင်းဖော်တွေအတွက် တွဲဖက်ကောင်းတစ်ယောက်အဖြစ် အသုံးဝင်နေဆဲဖြစ်ပြီး အတွေ့အကြုံတွေနဲ့ ထိန်းကျောင်းနိုင်တယ်ဆိုပေမယ့် ပွဲစဉ်တိုင်း ထည့်သွင်းကစားနိုင်ဖို့အတွက် ကြံ့ခိုင်မှုအရတော့ အဆင်မပြေတော့ဘဲ အရင်က မီလ်နာ မဟုတ်တော့ဘူးဆိုတာ သတိပြုဖို့ Talk Sport ရဲ့ အန်ဒီ တောင်းဆန်း သတိပေး။

– ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ ပွဲစဉ်အများဆုံးကို တခြားအသင်းဖော်တွေထက် ပိုကစားခဲ့ပြီး ပြိုင်ပွဲအရပ်ရပ်မှာ ၄၉ ပွဲကို ၉၄ ရာခိုင်နှုန်းအထိ ကစားပေးခဲ့တဲ့ အန်ဒီ ရောဘတ်ဆန်အနေနဲ့ ပွဲပန်းမှုဒဏ်တွေကို ခံနေရပြီး ဒီရာသီမှာ သူ့အတွက် စိတ်ရောလူပါ အားနည်းသွားခဲ့တယ်လို့ ဂျေမီ ကာရေဂါ ထောက်ပြခဲ့ပြီး အမြန်ဆုံး အနားပေးဖို့ တိုက်တွန်း။

– လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်းကို နွေရာသီမှာ ပြင်ဆင်သွားဖို့ အသင်းကနေ လစ်လပ်သွားနိုင်တဲ့ တောင်ပံနေရာတွေအတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဗီနီးရှပ်စ် ဂျူနီယာကို စောင့်ကြည့်နေပြီး စပိန်ကလပ်ဘက်ကလည်း ရောင်းချသွားလိုနေ။

– လိဒ်စ်ယူနိုက်တက်တိုက်စစ်မှူးဟောင်း နိုဝယ်လ် ဝှီးလန်းက ဒီနေ့ပွဲတွေမှာ စိတ်ဓာတ်ပိုင်း ခက်ထန်မာကျောမှုတွေ ပျောက်ဆုံးနေပြီး ရှုံးပွဲအပြီးမှာ မာရက်ဇ်နဲ့ စိတ်ပျက်လက်ပျက်ပုံစံကို ပြသပြီး နှုတ်ဆက်နေခဲ့တဲ့ ဆာလားရဲ့ ပုံစံကို ထောက်ပြခဲ့ချိန်မှာ ပရိသတ်တွေကတော့ အယ်လ်ဂျီးရီးယားရဲ့ ပခုံးပေါ်မှာ အီဂျစ်သား ငိုချမသွားတာပဲ ကျေးဇူးတင်ရကြောင်း သရော်သွားခဲ့။

– လီဗာပူးလ်အသင်းအနေနဲ့ အသင်းရဲ့ ကွင်းလယ်ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ရဲ့ နေရာမှာ အစားထိုးဖို့ စပို့တင်း လစ္စဘွန်းအသင်းမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ နေရာကို အစားဝင်ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ပေါ်တူဂီသား ပက်ဒရို ဂွန်ဆာလ်ဗက်စ်ကို ချိတ်ဆက်နေပြီး ၂၂ နှစ်သားအနေနဲ့ ပေါ်တူဂီအမှတ်ပေးပြိုင်ပွဲ ၁၅ ပွဲမှာ ၁၄ ဂိုး သွင်းယူဦးဆောင်နေသူဖြစ်ကြောင်း သိရ။

– လာမယ့်ရာသီမှာ အသင်းရဲ့ တိုက်စစ်ကို အားဖြည့်သွားဖို့နဲ့ အထောင်တိုက်စစ်မှူးကောင်းတစ်ယောက်ကို ခေါ်ယူဖို့ တိုက်စစ်မှူးဟောင်း စတန် ကော်လီမိုးက တိုက်တွန်းလိုက်ပြီး ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းနဲ့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းတို့ထဲက တစ်ဦးကို ခေါ်ယူဖို့ နည်းပြ ယာဂန် ကလော့ပ်ကို အကြံပေးသွား။

– လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှာ ထက်မြက်တဲ့ အဆုံးသတ်မှုက ပျောက်ဆုံးနေခဲ့ပြီး လူတွေက ပြီးခဲ့တဲ့ပွဲမှာ အယ်လစ်ဆန်ရဲ့ ပေးပို့မှု အမှားနှစ်ခုကနေ နှစ်ဂိုးပေးခဲ့ရတာကို မြင်ခဲ့ကြပေမယ့် အီဒါဆန် လူပေးမှားပြီး မာနေးဆီ ရောက်သွားတဲ့ ဘောလုံးက ဂိုးပေါက်မခြိမ်းခြောက်နိုင်ခဲ့ဘဲ အယ်လစ်ဆန်ဆီ ပြန်ရောက်သွားတာက အသင်းရဲ့ ယုံကြည်မှုပိုင်း အားနည်းချက်ကို ဖော်ပြနေကြောင်း စောင့်ကြည့်သူတွေ ထောက်ပြသွားခဲ့ကြ။

– အသင်းအနေနဲ့ လာမယ့်ရာသီမှာ နေရာသုံးနေရာအထိ အားဖြည့်သွားဖို့လိုနေတယ်လို့ လီဗာပူးလ်နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက ပြောကြားလိုက်ပြီး ဒီထဲက တစ်ဦးအဖြစ်တော့ လက်ရှိမှာ အငှားနဲ့ ရောက်နေတဲ့ အိုဇန် ကာဘက်ခ်ကို ရှုမြင်ထားသလို ကျန်တဲ့ ကွင်းလယ်လူတစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦးကို ထပ်မံခေါ်ယူဖို့ တိုက်တွန်း။

– ၂၀၁၉-၂၀ ရာသီအစမှာ လီဗာပူးလ်အသင်းက ခေါ်ယူသွားခဲ့ပြီး လက်ရှိအချိန်အထိ ပြောင်းရွှေ့ကြေးကို သဘောတူညီမှု မရသေးဘူးလို့ ဆိုထားတဲ့ တောင်ပံတိုက်စစ်မှူး ဟာဗီ အီးလီးယော့အတွက် ပေါင် ၁၀ သန်းအထိ ရရှိဖို့ ဖူလ်ဟမ်အသင်းက တောင်းဆိုနေပြီး နောက်တစ်ကြိမ်ရောင်းချမှုကနေလည်း ရာခိုင်နှုန်းခံစားခွင့်ရဖို့ မျှော်လင့်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ ဝါရင့္ကြင္းလယ္လူ ဂ်ိမ္းစ္ မီလ္နာဟာ အသင္းေဖာ္ေတြအတြက္ တြဲဖက္ေကာင္းတစ္ေယာက္အျဖစ္ အသုံးဝင္ေနဆဲျဖစ္ၿပီး အေတြ႕အႀကဳံေတြနဲ႔ ထိန္းေက်ာင္းႏိုင္တယ္ဆိုေပမယ့္ ပြဲစဥ္တိုင္း ထည့္သြင္းကစားႏိုင္ဖို႔အတြက္ ႀကံ့ခိုင္မႈအရေတာ့ အဆင္မေျပေတာ့ဘဲ အရင္က မီလ္နာ မဟုတ္ေတာ့ဘူးဆိုတာ သတိျပဳဖို႔ Talk Sport ရဲ႕ အန္ဒီ ေတာင္းဆန္း သတိေပး။

– ၿပီးခဲ့တဲ့ရာသီက အသင္းရဲ႕ ပြဲစဥ္အမ်ားဆုံးကို တျခားအသင္းေဖာ္ေတြထက္ ပိုကစားခဲ့ၿပီး ၿပိဳင္ပြဲအရပ္ရပ္မွာ ၄၉ ပြဲကို ၉၄ ရာခိုင္ႏႈန္းအထိ ကစားေပးခဲ့တဲ့ အန္ဒီ ေရာဘတ္ဆန္အေနနဲ႔ ပြဲပန္းမႈဒဏ္ေတြကို ခံေနရၿပီး ဒီရာသီမွာ သူ႔အတြက္ စိတ္ေရာလူပါ အားနည္းသြားခဲ့တယ္လို႔ ေဂ်မီ ကာေရဂါ ေထာက္ျပခဲ့ၿပီး အျမန္ဆုံး အနားေပးဖို႔ တိုက္တြန္း။

– လီဗာပူးလ္အသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္ပိုင္းကို ေႏြရာသီမွာ ျပင္ဆင္သြားဖို႔ အသင္းကေန လစ္လပ္သြားႏိုင္တဲ့ ေတာင္ပံေနရာေတြအတြက္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဘရာဇီးလ္တိုက္စစ္မႉး ဗီနီးရွပ္စ္ ဂ်ဴနီယာကို ေစာင့္ၾကည့္ေနၿပီး စပိန္ကလပ္ဘက္ကလည္း ေရာင္းခ်သြားလိုေန။

– လိဒ္စ္ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ႏိုဝယ္လ္ ဝွီးလန္းက ဒီေန႔ပြဲေတြမွာ စိတ္ဓာတ္ပိုင္း ခက္ထန္မာေက်ာမႈေတြ ေပ်ာက္ဆုံးေနၿပီး ရႈံးပြဲအၿပီးမွာ မာရက္ဇ္နဲ႔ စိတ္ပ်က္လက္ပ်က္ပုံစံကို ျပသၿပီး ႏႈတ္ဆက္ေနခဲ့တဲ့ ဆာလားရဲ႕ ပုံစံကို ေထာက္ျပခဲ့ခ်ိန္မွာ ပရိသတ္ေတြကေတာ့ အယ္လ္ဂ်ီးရီးယားရဲ႕ ပခုံးေပၚမွာ အီဂ်စ္သား ငိုခ်မသြားတာပဲ ေက်းဇူးတင္ရေၾကာင္း သေရာ္သြားခဲ့။

– လီဗာပူးလ္အသင္းအေနနဲ႔ အသင္းရဲ႕ ကြင္းလယ္ကေန ထြက္ခြာဖို႔ ရွိေနတဲ့ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ရဲ႕ ေနရာမွာ အစားထိုးဖို႔ စပို႔တင္း လစၥဘြန္းအသင္းမွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေနရာကို အစားဝင္ၿပီး ေျခစြမ္းျပႏိုင္ခဲ့တဲ့ ေပၚတူဂီသား ပက္ဒ႐ို ဂြန္ဆာလ္ဗက္စ္ကို ခ်ိတ္ဆက္ေနၿပီး ၂၂ ႏွစ္သားအေနနဲ႔ ေပၚတူဂီအမွတ္ေပးၿပိဳင္ပြဲ ၁၅ ပြဲမွာ ၁၄ ဂိုး သြင္းယူဦးေဆာင္ေနသူျဖစ္ေၾကာင္း သိရ။

– လာမယ့္ရာသီမွာ အသင္းရဲ႕ တိုက္စစ္ကို အားျဖည့္သြားဖို႔နဲ႔ အေထာင္တိုက္စစ္မႉးေကာင္းတစ္ေယာက္ကို ေခၚယူဖို႔ တိုက္စစ္မႉးေဟာင္း စတန္ ေကာ္လီမိုးက တိုက္တြန္းလိုက္ၿပီး ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းနဲ႔ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းတို႔ထဲက တစ္ဦးကို ေခၚယူဖို႔ နည္းျပ ယာဂန္ ကေလာ့ပ္ကို အႀကံေပးသြား။

– လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္မွာ ထက္ျမက္တဲ့ အဆုံးသတ္မႈက ေပ်ာက္ဆုံးေနခဲ့ၿပီး လူေတြက ၿပီးခဲ့တဲ့ပြဲမွာ အယ္လစ္ဆန္ရဲ႕ ေပးပို႔မႈ အမွားႏွစ္ခုကေန ႏွစ္ဂိုးေပးခဲ့ရတာကို ျမင္ခဲ့ၾကေပမယ့္ အီဒါဆန္ လူေပးမွားၿပီး မာေနးဆီ ေရာက္သြားတဲ့ ေဘာလုံးက ဂိုးေပါက္မၿခိမ္းေျခာက္ႏိုင္ခဲ့ဘဲ အယ္လစ္ဆန္ဆီ ျပန္ေရာက္သြားတာက အသင္းရဲ႕ ယုံၾကည္မႈပိုင္း အားနည္းခ်က္ကို ေဖာ္ျပေနေၾကာင္း ေစာင့္ၾကည့္သူေတြ ေထာက္ျပသြားခဲ့ၾက။

– အသင္းအေနနဲ႔ လာမယ့္ရာသီမွာ ေနရာသုံးေနရာအထိ အားျဖည့္သြားဖို႔လိုေနတယ္လို႔ လီဗာပူးလ္ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါက ေျပာၾကားလိုက္ၿပီး ဒီထဲက တစ္ဦးအျဖစ္ေတာ့ လက္ရွိမွာ အငွားနဲ႔ ေရာက္ေနတဲ့ အိုဇန္ ကာဘက္ခ္ကို ရႈျမင္ထားသလို က်န္တဲ့ ကြင္းလယ္လူတစ္ဦးနဲ႔ တိုက္စစ္မႉးတစ္ဦးကို ထပ္မံေခၚယူဖို႔ တိုက္တြန္း။

– ၂၀၁၉-၂၀ ရာသီအစမွာ လီဗာပူးလ္အသင္းက ေခၚယူသြားခဲ့ၿပီး လက္ရွိအခ်ိန္အထိ ေျပာင္းေ႐ႊ႕ေၾကးကို သေဘာတူညီမႈ မရေသးဘူးလို႔ ဆိုထားတဲ့ ေတာင္ပံတိုက္စစ္မႉး ဟာဗီ အီးလီးေယာ့အတြက္ ေပါင္ ၁၀ သန္းအထိ ရရွိဖို႔ ဖူလ္ဟမ္အသင္းက ေတာင္းဆိုေနၿပီး ေနာက္တစ္ႀကိမ္ေရာင္းခ်မႈကေနလည္း ရာခိုင္ႏႈန္းခံစားခြင့္ရဖို႔ ေမွ်ာ္လင့္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.