Premier League

8 Feb နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


– မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ သူ့ရဲ့ ပထမဦးစားပေးဂိုးသမား ဒေးဗစ် ဒဟေးယားကို ပွဲထွက်နေရာအတွက် သတိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ကစားသမားတွေအနေနဲ့လည်း သူတို့ရဲ့ နေရာတစ်နေရာအတွက် စွမ်းဆောင်ရည် တည်ငြိမ်နေဖို့ လိုအပ်ကြောင်းဆို။


– အဲဗာတန်နဲ့ပွဲကို အနိုင်ရရှိဖို့ မစွမ်းဆောင်နိုင်ခဲ့ဘဲ တိုက်စစ်မှာ ဘောလုံးဆုံးရှုံးမှု အကြိမ် ၂၀ အထိ ဖြစ်ပွားခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက အပြစ်တင်ခဲ့ကြပြီး အရန်ခုံထိုင်ဖို့ လိုအပ်နေပြီလို့ သတိပေးခဲ့ကြ။


– ပါဝင်ကစားတဲ့ အချိန်တွေမှာ ခြေစွမ်းပုံမှန် ရှိခဲ့ပေမယ့် ဒဏ်ရာနဲ့ ကြံ့ခိုင်မှုက အထိမခံနိုင်အောင်ဖြစ်နေပြီး မကြာခဏ အနားယူနေရတဲ့ နောက်ခံလူတစ်ဦးဖြစ်တဲ့ ဗစ်တာ နီးလ်ဆန် လင်ဒီလော့ဖ်ရဲ့ နေရာမှာ ဖီအိုရင်တီးနားအသင်းရဲ့ ဆားဘီးယားခံစစ်မှူး နီကိုလာ မီလန်ကိုဗစ်ချ်နဲ့ အစားထိုးဖို့ ယူနိုက်တက်တာဝန်ရှိသူတွေ စဉ်းစားနေ။


– အက်ဖ်အေဖလားမှာ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံနေတဲ့ ဝက်စ်ဟမ်းအသင်းမှာ အငှားနဲ့ ရောက်ရှိနေခဲ့တဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်အနေနဲ့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်နိုင်မှာ မဟုတ်ဘဲ မိခင်အသင်းကို ပြန်လည်ရင်ဆိုင်ခွင့်ရှိရင်တောင်မှ ဝတ်ဖို့ဒ်နဲ့ တတိယအဆင့်မှာ ပွဲထွက်ကစားပြီးဖြစ်လို့ ဒုတိယအသင်းအတွက် ကစားခွင့်မရှိကြောင်း သိရ။


– ရှုံးပွဲတွေ ဆက်တိုက်တွေ့ပြီး မန်ချက်စတာစီးတီးအသင်းနဲ့ ၁၀ မှတ်ပြတ်သွားခဲ့တဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဘာအကြောင်းပြချက်၊ ဘာဆင်ခြေမှ ပေးနေဖို့ မလိုဘဲ စိန်ခေါ်မှုတွေမှာ အစမ်းသပ်မခံနိုင်ဘူးဆိုတာကို ဝန်ခံလိုက်ဖို့ မြို့ခံပြိုင်ဘက်အသင်းရဲ့ ရာသီအစက ရုန်းကန်ခဲ့ရမှုအပြီး ထိပ်ဆုံးရောက်နေမှုနဲ့ နှိုင်းယှဉ်ပြီး ယူနိုက်တက်ဂန္ထဝင် ရွိုင်းကီးန် လှောင်ပြောင်။


– အသင်းရဲ့ အဓိက ဂိုးသွင်းတာဝန်နဲ့ ဂိုးတွေ ပုံမှန်သွင်းယူနိုင်ဖို့ ရက်ရှ်ဖို့ဒ်ကို ဖိအားမပေးဘဲ ချမ်းသာပေးကြဖို့ ပရိသတ်တွေကို တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က တောင်းဆိုလိုက်ပြီး ဒီနေရာအတွက် ကာဗာနီနဲ့ အလားတူတိုက်စစ်မှူးတွေကပဲ သင့်တော်လိမ့်မယ်လို့ ပြောကြား။


– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဇယားထိပ်မှာ ရပ်တည်နေခဲ့တုန်းက ပွဲခံနေခဲ့ကြပြီးမှ မန်ချက်စတာစီးတီးနဲ့ အမှတ်ပြတ်သွားတဲ့ အချိန်မှာ နည်းပြ ဆိုးလ်ရှားရဲ့ ချန်ပီယံစိန်ခေါ်သူမဟုတ်ဘူးလို့ ပြောသွားတဲ့ စကားကို သူမယုံကြောင်း စကိုင်းစပို့စ်ကနေ ဂျေမီ ကာရေဂါ ဝေဖန်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ သူ႔ရဲ႕ ပထမဦးစားေပးဂိုးသမား ေဒးဗစ္ ဒေဟးယားကို ပြဲထြက္ေနရာအတြက္ သတိေပးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး ကစားသမားေတြအေနနဲ႔လည္း သူတို႔ရဲ႕ ေနရာတစ္ေနရာအတြက္ စြမ္းေဆာင္ရည္ တည္ၿငိမ္ေနဖို႔ လိုအပ္ေၾကာင္းဆို။


– အဲဗာတန္နဲ႔ပြဲကို အႏိုင္ရရွိဖို႔ မစြမ္းေဆာင္ႏိုင္ခဲ့ဘဲ တိုက္စစ္မွာ ေဘာလုံးဆုံးရႈံးမႈ အႀကိမ္ ၂၀ အထိ ျဖစ္ပြားခဲ့တဲ့ အဂၤလန္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြက အျပစ္တင္ခဲ့ၾကၿပီး အရန္ခုံထိုင္ဖို႔ လိုအပ္ေနၿပီလို႔ သတိေပးခဲ့ၾက။


– ပါဝင္ကစားတဲ့ အခ်ိန္ေတြမွာ ေျခစြမ္းပုံမွန္ ရွိခဲ့ေပမယ့္ ဒဏ္ရာနဲ႔ ႀကံ့ခိုင္မႈက အထိမခံႏိုင္ေအာင္ျဖစ္ေနၿပီး မၾကာခဏ အနားယူေနရတဲ့ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဗစ္တာ နီးလ္ဆန္ လင္ဒီေလာ့ဖ္ရဲ႕ ေနရာမွာ ဖီအိုရင္တီးနားအသင္းရဲ႕ ဆားဘီးယားခံစစ္မႉး နီကိုလာ မီလန္ကိုဗစ္ခ်္နဲ႔ အစားထိုးဖို႔ ယူႏိုက္တက္တာဝန္ရွိသူေတြ စဥ္းစားေန။


– အက္ဖ္ေအဖလားမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတြ႕ဆုံေနတဲ့ ဝက္စ္ဟမ္းအသင္းမွာ အငွားနဲ႔ ေရာက္ရွိေနခဲ့တဲ့ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္အေနနဲ႔ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ႏိုင္မွာ မဟုတ္ဘဲ မိခင္အသင္းကို ျပန္လည္ရင္ဆိုင္ခြင့္ရွိရင္ေတာင္မွ ဝတ္ဖို႔ဒ္နဲ႔ တတိယအဆင့္မွာ ပြဲထြက္ကစားၿပီးျဖစ္လို႔ ဒုတိယအသင္းအတြက္ ကစားခြင့္မရွိေၾကာင္း သိရ။


– ရႈံးပြဲေတြ ဆက္တိုက္ေတြ႕ၿပီး မန္ခ်က္စတာစီးတီးအသင္းနဲ႔ ၁၀ မွတ္ျပတ္သြားခဲ့တဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ဘာအေၾကာင္းျပခ်က္၊ ဘာဆင္ေျခမွ ေပးေနဖို႔ မလိုဘဲ စိန္ေခၚမႈေတြမွာ အစမ္းသပ္မခံႏိုင္ဘူးဆိုတာကို ဝန္ခံလိုက္ဖို႔ ၿမိဳ႕ခံၿပိဳင္ဘက္အသင္းရဲ႕ ရာသီအစက ႐ုန္းကန္ခဲ့ရမႈအၿပီး ထိပ္ဆုံးေရာက္ေနမႈနဲ႔ ႏႈိင္းယွဥ္ၿပီး ယူႏိုက္တက္ဂႏၴဝင္ ႐ြိဳင္းကီးန္ ေလွာင္ေျပာင္။


– အသင္းရဲ႕ အဓိက ဂိုးသြင္းတာဝန္နဲ႔ ဂိုးေတြ ပုံမွန္သြင္းယူႏိုင္ဖို႔ ရက္ရွ္ဖို႔ဒ္ကို ဖိအားမေပးဘဲ ခ်မ္းသာေပးၾကဖို႔ ပရိသတ္ေတြကို တိုက္စစ္မႉးေဟာင္း အန္ဒီကိုးလ္က ေတာင္းဆိုလိုက္ၿပီး ဒီေနရာအတြက္ ကာဗာနီနဲ႔ အလားတူတိုက္စစ္မႉးေတြကပဲ သင့္ေတာ္လိမ့္မယ္လို႔ ေျပာၾကား။


– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဇယားထိပ္မွာ ရပ္တည္ေနခဲ့တုန္းက ပြဲခံေနခဲ့ၾကၿပီးမွ မန္ခ်က္စတာစီးတီးနဲ႔ အမွတ္ျပတ္သြားတဲ့ အခ်ိန္မွာ နည္းျပ ဆိုးလ္ရွားရဲ႕ ခ်န္ပီယံစိန္ေခၚသူမဟုတ္ဘူးလို႔ ေျပာသြားတဲ့ စကားကို သူမယုံေၾကာင္း စကိုင္းစပို႔စ္ကေန ေဂ်မီ ကာေရဂါ ေဝဖန္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.