Premier League

7 Feb နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းကို ရင်ဆိုင်ကစားရမယ့်ပွဲစဉ်မှာ အနိုင်မရခဲ့ရင်တော့ တစ်ပွဲလျှော့ကစားပြီး ၇ မှတ် ဖြတ်ထားခဲ့တဲ့ ချန်ပီယံပြိုင်ဘက်ကို အသာစီးရယူခွင့် ပေးရနိုင်ပြီး စီးတီးတို့ရဲ့ ဧပြီလ ပွဲကျပ်ကာလတွေကိုသာ စောင့်ကြည့်ရတော့မည်။


– အသင်းရဲ့ ညာနောက်ခံလူ ထရင့်-အလက်ဇန်းဒါး အာနိုးလ်ဒ်က သူ့အနေနဲ့ ဒီရာသီမှာ ကစားရတာဟာ အရင်နှစ်တွေက ခြေစွမ်းပြခဲ့တဲ့ ပုံစံကို ဘယ်လိုမှ မမီသေးကြောင်းနဲ့ ပွဲတွေ ဆက်တိုက် များလွန်းနေတာကလည်း ပုံစံကောင်းပြန်ရနိုင်ဖို့ ခက်ခဲစေကြောင်း ဝန်ခံသွား။


– လီဗာပူးလ်အသင်းအနေနဲ့ အသင်းရဲ့ ပေါ်တူဂီစကားပြော နိုင်ငံတကာလက်ရွေးစင်တွေဖြစ်ကြတဲ့ အယ်လစ်ဆန်၊ ဖာဘင်ညို၊ ဖာမီနိုနဲ့ ဂျိုတာတို့ကို ဘရာဇီးလ်နဲ့ ပေါ်တူဂီအသင်းတွေဆီကို ဗြိတိန်နိုင်ငံရဲ့ အနီရောင်အဆင့်သတ်မှတ်ချက်ကြောင့် လက်ရွေးစင်တာဝန်ကနေ ပိတ်ပင်သွားဖွယ်ရှိနေ။


– လီဗာပူးလ်အသင်းအနေနဲ့ အမှားအယွင်းလုပ်ဖို့ အခွင့်အရေးမရှိတော့ကြောင်းနဲ့ ပြီးခဲ့တဲ့ ပွဲတွေမှာ လက်နဲ့ တည်ဆောက်ထားသမျှကို နောက်ကျောနဲ့ တိုက်ပြီး ဖျက်ဆီးပစ်ခဲ့ကြောင်း၊ အကြိမ်ကိုးသန်း ဘောလုံးပေးမှန်ပေမယ့် သုံးလေးကြိမ် မှားယွင်းတာကလည်း အသင်းကို ဒုက္ခပေးနိုင်ကြောင်း နည်းပြ ယာဂန် ကလော့ပ် သတိပေးသွား။


– မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဂျာမန်ကွင်းလယ်လူဟောင်း ဒီတ်မာ ဟာမန်းက အန်းဖီးလ်သားတွေ အနေနဲ့ လက်တွေ့မကျတဲ့ ချန်ပီယံကာကွယ်မှု မျှော်လင့်ချက်ကို စွန့်လွှတ်ပြီး ထိပ်ဆုံးလေးသင်းရပ်တည်နိုင်မှုကိုသာ ခိုင်မာအောင် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်း။


– အသင်းရဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ကနေ ၁၀၀ ရာခိုင်နှုန်းလောက် အခွင့်အရေးနည်းပါးနေပြီဖြစ်တဲ့ လီဗာပူးလ်အသင်းအနေနဲ့ မန်စီးတီးနဲ့ပွဲမှာ ခံစစ်ကို အာရုံမစိုက်ဘဲ တိုက်စစ်ကစားသွားမယ်ဆိုရင်တော့ နိုင်ပွဲဆက်နေတဲ့ ဧည့်သည်တွေရဲ့ တန်ပြန်တိုက်စစ်က လက်သီးပုန်းကို ခံစားသွားရနိုင်ကြောင်း ပေါလ်မာဆန် သုံးသပ်။


– မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတွေကို လျှော့မတွက်ကြဖို့နဲ့ ရာသီအစကနေ အောက်ဆုံးက ထိပ်ဆုံးကို လှမ်းလာခဲ့တဲ့ ခရီးလိုပဲ ပွဲတိုင်းကို ဖိဖိစီးစီး ကစားဖို့ လူငယ်ကွင်းလယ်လူ ဖီးလ် ဖိုဒန်က သတိပေးလိုက်ပြီး အန်းဖီးလ်မှာ မိမိတို့အနေနဲ့ အသင်းကောင်း တစ်သင်းကို ကစားရချိန်မှာ အလွယ်တကူ အမှတ်လျော့နိုင်တာကို မမေ့ဖို့ ပွဲကြိုသတိပေးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းကို ရင္ဆိုင္ကစားရမယ့္ပြဲစဥ္မွာ အႏိုင္မရခဲ့ရင္ေတာ့ တစ္ပြဲေလွ်ာ့ကစားၿပီး ၇ မွတ္ ျဖတ္ထားခဲ့တဲ့ ခ်န္ပီယံၿပိဳင္ဘက္ကို အသာစီးရယူခြင့္ ေပးရႏိုင္ၿပီး စီးတီးတို႔ရဲ႕ ဧၿပီလ ပြဲက်ပ္ကာလေတြကိုသာ ေစာင့္ၾကည့္ရေတာ့မည္။


– အသင္းရဲ႕ ညာေနာက္ခံလူ ထရင့္-အလက္ဇန္းဒါး အာႏိုးလ္ဒ္က သူ႔အေနနဲ႔ ဒီရာသီမွာ ကစားရတာဟာ အရင္ႏွစ္ေတြက ေျခစြမ္းျပခဲ့တဲ့ ပုံစံကို ဘယ္လိုမွ မမီေသးေၾကာင္းနဲ႔ ပြဲေတြ ဆက္တိုက္ မ်ားလြန္းေနတာကလည္း ပုံစံေကာင္းျပန္ရႏိုင္ဖို႔ ခက္ခဲေစေၾကာင္း ဝန္ခံသြား။


– လီဗာပူးလ္အသင္းအေနနဲ႔ အသင္းရဲ႕ ေပၚတူဂီစကားေျပာ ႏိုင္ငံတကာလက္ေ႐ြးစင္ေတြျဖစ္ၾကတဲ့ အယ္လစ္ဆန္၊ ဖာဘင္ညိဳ၊ ဖာမီႏိုနဲ႔ ဂ်ိဳတာတို႔ကို ဘရာဇီးလ္နဲ႔ ေပၚတူဂီအသင္းေတြဆီကို ၿဗိတိန္ႏိုင္ငံရဲ႕ အနီေရာင္အဆင့္သတ္မွတ္ခ်က္ေၾကာင့္ လက္ေ႐ြးစင္တာဝန္ကေန ပိတ္ပင္သြားဖြယ္ရွိေန။


– လီဗာပူးလ္အသင္းအေနနဲ႔ အမွားအယြင္းလုပ္ဖို႔ အခြင့္အေရးမရွိေတာ့ေၾကာင္းနဲ႔ ၿပီးခဲ့တဲ့ ပြဲေတြမွာ လက္နဲ႔ တည္ေဆာက္ထားသမွ်ကို ေနာက္ေက်ာနဲ႔ တိုက္ၿပီး ဖ်က္ဆီးပစ္ခဲ့ေၾကာင္း၊ အႀကိမ္ကိုးသန္း ေဘာလုံးေပးမွန္ေပမယ့္ သုံးေလးႀကိမ္ မွားယြင္းတာကလည္း အသင္းကို ဒုကၡေပးႏိုင္ေၾကာင္း နည္းျပ ယာဂန္ ကေလာ့ပ္ သတိေပးသြား။


– မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္အသင္းေတြမွာ ကစားခဲ့ဖူးတဲ့ ဂ်ာမန္ကြင္းလယ္လူေဟာင္း ဒီတ္မာ ဟာမန္းက အန္းဖီးလ္သားေတြ အေနနဲ႔ လက္ေတြ႕မက်တဲ့ ခ်န္ပီယံကာကြယ္မႈ ေမွ်ာ္လင့္ခ်က္ကို စြန႔္လႊတ္ၿပီး ထိပ္ဆုံးေလးသင္းရပ္တည္ႏိုင္မႈကိုသာ ခိုင္မာေအာင္ လုပ္ေဆာင္သင့္ေၾကာင္း တိုက္တြန္း။


– အသင္းရဲ႕ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ကေန ၁၀၀ ရာခိုင္ႏႈန္းေလာက္ အခြင့္အေရးနည္းပါးေနၿပီျဖစ္တဲ့ လီဗာပူးလ္အသင္းအေနနဲ႔ မန္စီးတီးနဲ႔ပြဲမွာ ခံစစ္ကို အာ႐ုံမစိုက္ဘဲ တိုက္စစ္ကစားသြားမယ္ဆိုရင္ေတာ့ ႏိုင္ပြဲဆက္ေနတဲ့ ဧည့္သည္ေတြရဲ႕ တန္ျပန္တိုက္စစ္က လက္သီးပုန္းကို ခံစားသြားရႏိုင္ေၾကာင္း ေပါလ္မာဆန္ သုံးသပ္။


– မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္အသင္းေတြကို ေလွ်ာ့မတြက္ၾကဖို႔နဲ႔ ရာသီအစကေန ေအာက္ဆုံးက ထိပ္ဆုံးကို လွမ္းလာခဲ့တဲ့ ခရီးလိုပဲ ပြဲတိုင္းကို ဖိဖိစီးစီး ကစားဖို႔ လူငယ္ကြင္းလယ္လူ ဖီးလ္ ဖိုဒန္က သတိေပးလိုက္ၿပီး အန္းဖီးလ္မွာ မိမိတို႔အေနနဲ႔ အသင္းေကာင္း တစ္သင္းကို ကစားရခ်ိန္မွာ အလြယ္တကူ အမွတ္ေလ်ာ့ႏိုင္တာကို မေမ့ဖို႔ ပြဲႀကိဳသတိေပးသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.