Premier League

7 Feb နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု


– ဆိုရှယ်မီဒီယာတွေပေါ်မှာ မျောက်ပုံ အီမိုဂျီတွေ ရက်ရက်ရောရော အသုံးပြုခွင့်ပေးထားခဲ့မှုအပေါ် စည်းကမ်းချိုးဖောက် စော်ကားမှုအဖြစ် မရှုမြင်ဘူးလို့ ငြင်းချက်ထုတ်ခဲ့တဲ့ မီဒီယာ ကုမ္ပဏီတွေအနေနဲ့ မိုက်မဲပြီး တုံးအတဲ့ ဆင်ခြေတွေ ပေးနေကြတာဖြစ်တယ်လို့ ချဲလ်ဆီးတောင်ပံကစားသမား ကယ်လမ် ဟဒ်-ဆန် အိုဒွိုင်းက လူမျိုးရေးခွဲခြားမှုအဖြစ် ဆန့်ကျင်ထောက်ပြသွား။


– ချဲလ်ဆီးနောက်ခံလူ အန်တိုနီယို ရူဒီဂါက အသင်းဖော် ဟဒ်ဆန်-အိုဒွိုင်းရဲ့ ပြောကြားမှုအပေါ် ထောက်ခံသွားပြီး ဆိုရှယ်မီဒီယာတွေကို ထူထောင်ထားတဲ့ ကုမ္ပဏီတွေအနေနဲ့ ဘောလုံးသမားတွေကို လူမျိုးရေးခွဲခြားသူတွေထံက အကျိုးအမြတ်ရရှိနေခဲ့လို့သာ ဒီလိုမျိုး လျစ်လျူရှုထားနိုင်တာလို့ ဝေဖန်။


– ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ် သောမတ်စ် တူဟယ်လ်က သူတို့အနေနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ လန်ဒန်ဒါဘီပွဲကို အနိုင်ရခဲ့တဲ့ နိုင်ပွဲကို တွန်းအားအဖြစ် အသုံးချသွားမှာဖြစ်ပြီး ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ ကစားရမယ့်ပွဲအတွက်ကိုတော့ ပိုမိုလန်းဆန်းတဲ့ အသင်းနဲ့ ပွဲထုတ်လာမယ်လို့ဆို။

– အသင်းရဲ့ နွေရာသီကစားသမားသစ်ခေါ်ယူမှုအတွက် လျာထားချက်တွေကတော့ ပြီးခဲ့တဲ့ ရာသီကလိုပဲ စိတ်လှုပ်ရှားချင်စရာဖြစ်နေပြီး ချဲလ်ဆီးနည်းပြသစ် တူဟယ်လ်အနေနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဒေးဗစ် အလာဘာနဲ့ နစ်ကလတ်စ် ဆူးလား၊ RB လိုက်ပ်ဇစ်ရဲ့ ဒါယို အူပါမီကာနိုတို့ထဲက တစ်ဦးအနည်းဆုံး ရရှိဖို့ တောင်းဆိုထား။


– ချဲလ်ဆီးအသင်းရဲ့ ဂျာမန်ကွင်းလယ်လူဟောင်းကြီး မီရှာအေးလ် ဘားလက်ခ်က ဂျာမန်သား ခိုင် ဟာဗတ်ဇ်နဲ့ ပတ်သက်လို့ ပရိသတ်တွေ အနေနဲ့ စိတ်ရှည်ကြဖို့နဲ့ အသင်းကနေ အရည်အသွေးမြင့် ကစားသမားကောင်းတစ်ဦးကို ခေါ်ယူတဲ့ အခါမှာ သူနဲ့ အသင်းကြား အပြန်အလှန် နားလည်ဖို့နဲ့ ခြေစွမ်းပြနိုင်ဖို့ကို အချိန်ပေးသင့်ကြောင်း တောင်းဆို။


– တိုက်စစ်မှူး တီမို ဗာနာအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ရှေ့တန်းကစားပုံမှာ နေရာလွတ်များများ ပိုမိုရရှိဖို့ လိုအပ်နေကြောင်း အကြံပေးခဲ့ပြီး မကြာခင်မှာပဲ ဂိုးတွေ ရလာလိမ့်မှာဖြစ်သလို ပထမဆုံးဂိုးကို ရလိုက်တာနဲ့ ဆက်တိုက်သွင်းယူနိုင်လိမ့်မယ်လို့ ကွင်းလယ်လူဟောင်း ဘားလက်ခ် အားပေးသွား။

– စပါးစ်ကို အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ခြေစွမ်းပြသခဲ့ပေမယ့် ပွဲချိန် ၃၆ မိနစ်မှာပဲ ခရစ္စတင်ဆန်နဲ့ လူစားလဲခံခဲ့ရတဲ့ နောက်ခံလူ သီယာဂို ဆေးလ်ဗားအနေနဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ အဝေးကွင်းပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပြီး ပိုကောင်းတဲ့ ပုံစံနဲ့ ပြန်လာခဲ့မယ်လို့ အင်စတာဂရမ်မှာ ပတ်တီးစည်းထားပုံနဲ့အတူ ပို့စ်တင်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဆိုရွယ္မီဒီယာေတြေပၚမွာ ေမ်ာက္ပုံ အီမိုဂ်ီေတြ ရက္ရက္ေရာေရာ အသုံးျပဳခြင့္ေပးထားခဲ့မႈအေပၚ စည္းကမ္းခ်ိဳးေဖာက္ ေစာ္ကားမႈအျဖစ္ မရႈျမင္ဘူးလို႔ ျငင္းခ်က္ထုတ္ခဲ့တဲ့ မီဒီယာ ကုမၸဏီေတြအေနနဲ႔ မိုက္မဲၿပီး တုံးအတဲ့ ဆင္ေျခေတြ ေပးေနၾကတာျဖစ္တယ္လို႔ ခ်ဲလ္ဆီးေတာင္ပံကစားသမား ကယ္လမ္ ဟဒ္-ဆန္ အိုဒြိဳင္းက လူမ်ိဳးေရးခြဲျခားမႈအျဖစ္ ဆန႔္က်င္ေထာက္ျပသြား။


– ခ်ဲလ္ဆီးေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါက အသင္းေဖာ္ ဟဒ္ဆန္-အိုဒြိဳင္းရဲ႕ ေျပာၾကားမႈအေပၚ ေထာက္ခံသြားၿပီး ဆိုရွယ္မီဒီယာေတြကို ထူေထာင္ထားတဲ့ ကုမၸဏီေတြအေနနဲ႔ ေဘာလုံးသမားေတြကို လူမ်ိဳးေရးခြဲျခားသူေတြထံက အက်ိဳးအျမတ္ရရွိေနခဲ့လို႔သာ ဒီလိုမ်ိဳး လ်စ္လ်ဴရႈထားႏိုင္တာလို႔ ေဝဖန္။


– ခ်ဲလ္ဆီးအသင္းရဲ႕ နည္းျပသစ္ ေသာမတ္စ္ တူဟယ္လ္က သူတို႔အေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ လန္ဒန္ဒါဘီပြဲကို အႏိုင္ရခဲ့တဲ့ ႏိုင္ပြဲကို တြန္းအားအျဖစ္ အသုံးခ်သြားမွာျဖစ္ၿပီး ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔ ကစားရမယ့္ပြဲအတြက္ကိုေတာ့ ပိုမိုလန္းဆန္းတဲ့ အသင္းနဲ႔ ပြဲထုတ္လာမယ္လို႔ဆို။


– အသင္းရဲ႕ ေႏြရာသီကစားသမားသစ္ေခၚယူမႈအတြက္ လ်ာထားခ်က္ေတြကေတာ့ ၿပီးခဲ့တဲ့ ရာသီကလိုပဲ စိတ္လႈပ္ရွားခ်င္စရာျဖစ္ေနၿပီး ခ်ဲလ္ဆီးနည္းျပသစ္ တူဟယ္လ္အေနနဲ႔ ဘိုင္ယန္ျမဴးနစ္ရဲ႕ ေဒးဗစ္ အလာဘာနဲ႔ နစ္ကလတ္စ္ ဆူးလား၊ RB လိုက္ပ္ဇစ္ရဲ႕ ဒါယို အူပါမီကာႏိုတို႔ထဲက တစ္ဦးအနည္းဆုံး ရရွိဖို႔ ေတာင္းဆိုထား။


– ခ်ဲလ္ဆီးအသင္းရဲ႕ ဂ်ာမန္ကြင္းလယ္လူေဟာင္းႀကီး မီရွာေအးလ္ ဘားလက္ခ္က ဂ်ာမန္သား ခိုင္ ဟာဗတ္ဇ္နဲ႔ ပတ္သက္လို႔ ပရိသတ္ေတြ အေနနဲ႔ စိတ္ရွည္ၾကဖို႔နဲ႔ အသင္းကေန အရည္အေသြးျမင့္ ကစားသမားေကာင္းတစ္ဦးကို ေခၚယူတဲ့ အခါမွာ သူနဲ႔ အသင္းၾကား အျပန္အလွန္ နားလည္ဖို႔နဲ႔ ေျခစြမ္းျပႏိုင္ဖို႔ကို အခ်ိန္ေပးသင့္ေၾကာင္း ေတာင္းဆို။


– တိုက္စစ္မႉး တီမို ဗာနာအေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ေရွ႕တန္းကစားပုံမွာ ေနရာလြတ္မ်ားမ်ား ပိုမိုရရွိဖို႔ လိုအပ္ေနေၾကာင္း အႀကံေပးခဲ့ၿပီး မၾကာခင္မွာပဲ ဂိုးေတြ ရလာလိမ့္မွာျဖစ္သလို ပထမဆုံးဂိုးကို ရလိုက္တာနဲ႔ ဆက္တိုက္သြင္းယူႏိုင္လိမ့္မယ္လို႔ ကြင္းလယ္လူေဟာင္း ဘားလက္ခ္ အားေပးသြား။


– စပါးစ္ကို အႏိုင္ရရွိခဲ့တဲ့ အေဝးကြင္းပြဲစဥ္မွာ ေျခစြမ္းျပသခဲ့ေပမယ့္ ပြဲခ်ိန္ ၃၆ မိနစ္မွာပဲ ခရစၥတင္ဆန္နဲ႔ လူစားလဲခံခဲ့ရတဲ့ ေနာက္ခံလူ သီယာဂို ေဆးလ္ဗားအေနနဲ႔ ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔ အေဝးကြင္းပြဲစဥ္ကို လြဲေခ်ာ္ေတာ့မွာျဖစ္ၿပီး ပိုေကာင္းတဲ့ ပုံစံနဲ႔ ျပန္လာခဲ့မယ္လို႔ အင္စတာဂရမ္မွာ ပတ္တီးစည္းထားပုံနဲ႔အတူ ပို႔စ္တင္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.