Premier League

7 Feb နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု


– အဲဗာတန်အသင်းကို နောက်ဆုံးမိနစ်မှာ သရေကျစေမယ့် သွင်းဂိုးကို ခွင့်ပြုခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ သူတို့ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်ကို အင်အားချိနဲ့သွားစေခဲ့ပြီး နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားအနေနဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို လူစားလဲခဲ့တာက မှားယွင်းခဲ့ကြောင်း ပေါလ် စခိုးလ် သုံးသပ်။


– မန်ချက်စတာယူနိုက်တက်ရဲ့ အရန်နောက်ခံလူ အိတ်ဇယ်လ် တွမ်ဇီဘီကတော့ လူမျိုးရေးခွဲခြားတဲ့ ပရိသတ်တွေရဲ့ ပစ်မှတ်ဖြစ်နေပြီး ရှက်ဖီးလ်ဒ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အဲဗာတန်ကို နောက်ဆုံးမိနစ်မှာ လူစားဝင်လာပြီးမှ သရေဂိုးပေးခဲ့ရမှုမှာလည်း တာဝန်ရှိသူအဖြစ် ထပ်မံတိုက်ခိုက်ခံနေရ။


– အဲဗာတန်ကို အိမ်ကွင်းမှာ သရေကျခဲ့ပြီး ဦးဆောင်သူ မန်စီးတီးတို့ လီဗာပူးလ်ကို အနိုင်မရဖို့ ဆုတောင်းရတော့မယ့် အနေအထားကို ရောက်ရှိသွားခဲ့တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ ဒိုင်လူကြီး ဂျွန်မော့စ်ရဲ့ နာကျင်အချိန်ပို ၄ မိနစ် သတ်မှတ်ပေးမှုနဲ့ ၅ မိနစ်မှာမှ ချေပဂိုးပေးခဲ့ရတဲ့ ဖြစ်ရပ်ကို မေးခွန်းထုတ်သွားခဲ့။


– အိမ်ကွင်းမှာ အဲဗာတန်ကို သုံးဂိုးစီ သရေကျခဲ့အပြီးမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကို အမီလိုက်နိုင်ဖို့ မလွယ်တော့ဘူးလို့ ပြောကြားလိုက်တဲ့ နည်းပြ ဆိုးလ်ရှားကို ဘောလုံးသုံးသပ်တင်ဆက်သူ လီဗာပူးလ်ကစားသမားဟောင်း ဂျေမီ ရက်ဒ်နက်ပ်က ဒါဟာ မှားယွင်းကြောင်းနဲ့ ကစားသမားတွေနဲ့အတူ ယုံကြည်မှုနဲ့ ကြိုးစားဖို့ တိုက်တွန်း။


– ဒေါမနစ် ကဲလ်ဗတ်-လူဝင်ရဲ့ နောက်ဆုံးမိနစ် ချေပဂိုးအပါဝင် အဲဗာတန်ရဲ့ သရေဂိုးနှစ်ဂိုးကို သွင်းယူနိုင်ဖို့ ခွင့်ပြုခဲ့တဲ့ ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒဟေးယားအနေနဲ့ သတ္တိရှိရှိနဲ့ ကြိုးစားကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဂျေမီ ရက်ဒ်နက်ပ်နဲ့ ဂယ်ရီ နဗီးလ်တို့ ဝေဖန်သွား။

– အဲဗာတန်နဲ့ပွဲမှာ လူစားလဲခဲ့ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာအနေနဲ့ ပေါင်နောက်ကြောဒဏ်ရာ ရရှိသွားခဲ့ပုံပေါ်ပြီး အသင်းဖော် လင်ဒီလော့ဖ်ဆီကို ဘောလုံးပေးပို့ပြီး ကွင်းထဲမှာ လဲကျသွားခဲ့တဲ့ ပြင်သစ်ကစားသမားအနေနဲ့ ပြုစုကုသမှုခံယူရာမှာလည်း မသက်သာခဲ့လို့ ဖရက်ဒ်နဲ့ လူစားလဲခဲ့ရ။


– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က မိမိတို့အသင်းအနေနဲ့ အနိုင်ရလဒ်ကို လွှင့်ပစ်ခဲ့တာ ဖြစ်ပြီး ပေးလိုက်ရတဲ့ ဂိုးတွေကလည်း လွယ်လွန်းသလို ဒါမျိုးကို မကြာခဏ ခွင့်ပြုနေတာကို ရပ်တန့်သင့်ပြီလို့ အသင်းဖော်တွေဆီကို ပြောကြားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အဲဗာတန္အသင္းကို ေနာက္ဆုံးမိနစ္မွာ သေရက်ေစမယ့္ သြင္းဂိုးကို ခြင့္ျပဳခဲ့ရတဲ့ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ သူတို႔ရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံေမွ်ာ္လင့္ခ်က္ကို အင္အားခ်ိနဲ႔သြားေစခဲ့ၿပီး နည္းျပ အိုလီ ဂန္နာ ဆိုးလ္ရွားအေနနဲ႔ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို လူစားလဲခဲ့တာက မွားယြင္းခဲ့ေၾကာင္း ေပါလ္ စခိုးလ္ သုံးသပ္။


– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အရန္ေနာက္ခံလူ အိတ္ဇယ္လ္ တြမ္ဇီဘီကေတာ့ လူမ်ိဳးေရးခြဲျခားတဲ့ ပရိသတ္ေတြရဲ႕ ပစ္မွတ္ျဖစ္ေနၿပီး ရွက္ဖီးလ္ဒ္ကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ အဲဗာတန္ကို ေနာက္ဆုံးမိနစ္မွာ လူစားဝင္လာၿပီးမွ သေရဂိုးေပးခဲ့ရမႈမွာလည္း တာဝန္ရွိသူအျဖစ္ ထပ္မံတိုက္ခိုက္ခံေနရ။


– အဲဗာတန္ကို အိမ္ကြင္းမွာ သေရက်ခဲ့ၿပီး ဦးေဆာင္သူ မန္စီးတီးတို႔ လီဗာပူးလ္ကို အႏိုင္မရဖို႔ ဆုေတာင္းရေတာ့မယ့္ အေနအထားကို ေရာက္ရွိသြားခဲ့တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားအေနနဲ႔ ဒိုင္လူႀကီး ဂြၽန္ေမာ့စ္ရဲ႕ နာက်င္အခ်ိန္ပို ၄ မိနစ္ သတ္မွတ္ေပးမႈနဲ႔ ၅ မိနစ္မွာမွ ေခ်ပဂိုးေပးခဲ့ရတဲ့ ျဖစ္ရပ္ကို ေမးခြန္းထုတ္သြားခဲ့။


– အိမ္ကြင္းမွာ အဲဗာတန္ကို သုံးဂိုးစီ သေရက်ခဲ့အၿပီးမွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးကို အမီလိုက္ႏိုင္ဖို႔ မလြယ္ေတာ့ဘူးလို႔ ေျပာၾကားလိုက္တဲ့ နည္းျပ ဆိုးလ္ရွားကို ေဘာလုံးသုံးသပ္တင္ဆက္သူ လီဗာပူးလ္ကစားသမားေဟာင္း ေဂ်မီ ရက္ဒ္နက္ပ္က ဒါဟာ မွားယြင္းေၾကာင္းနဲ႔ ကစားသမားေတြနဲ႔အတူ ယုံၾကည္မႈနဲ႔ ႀကိဳးစားဖို႔ တိုက္တြန္း။


– ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ရဲ႕ ေနာက္ဆုံးမိနစ္ ေခ်ပဂိုးအပါဝင္ အဲဗာတန္ရဲ႕ သေရဂိုးႏွစ္ဂိုးကို သြင္းယူႏိုင္ဖို႔ ခြင့္ျပဳခဲ့တဲ့ ယူႏိုက္တက္ ဂိုးသမား ေဒးဗစ္ ဒေဟးယားအေနနဲ႔ သတၱိရွိရွိနဲ႔ ႀကိဳးစားကာကြယ္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ ေဂ်မီ ရက္ဒ္နက္ပ္နဲ႔ ဂယ္ရီ နဗီးလ္တို႔ ေဝဖန္သြား။

– အဲဗာတန္နဲ႔ပြဲမွာ လူစားလဲခဲ့ရတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအေနနဲ႔ ေပါင္ေနာက္ေၾကာဒဏ္ရာ ရရွိသြားခဲ့ပုံေပၚၿပီး အသင္းေဖာ္ လင္ဒီေလာ့ဖ္ဆီကို ေဘာလုံးေပးပို႔ၿပီး ကြင္းထဲမွာ လဲက်သြားခဲ့တဲ့ ျပင္သစ္ကစားသမားအေနနဲ႔ ျပဳစုကုသမႈခံယူရာမွာလည္း မသက္သာခဲ့လို႔ ဖရက္ဒ္နဲ႔ လူစားလဲခဲ့ရ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ၾကယ္ပြင့္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္က မိမိတို႔အသင္းအေနနဲ႔ အႏိုင္ရလဒ္ကို လႊင့္ပစ္ခဲ့တာ ျဖစ္ၿပီး ေပးလိုက္ရတဲ့ ဂိုးေတြကလည္း လြယ္လြန္းသလို ဒါမ်ိဳးကို မၾကာခဏ ခြင့္ျပဳေနတာကို ရပ္တန႔္သင့္ၿပီလို႔ အသင္းေဖာ္ေတြဆီကို ေျပာၾကားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.