Premier League

7 Feb နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက အသင်းကို ရှုံးနိမ့်စေခဲ့တဲ့ ဗီလာတိုက်စစ်မှူး အိုလီ ဝပ်ကင်းစ်ရဲ့ ပွဲအစသွင်းဂိုးကို ခွင့်ပြုခဲ့ရတာအတွက် ဝေဖန်လိုက်ပြီး ထိပ်ဆုံးလေးသင်းကို ဝင်ဖို့ အရည်အသွေးရှိတဲ့ အသင်းမျိုးက ဒီလို အမှားမလုပ်ဘူးလို့ ကစားသမားတွေကို ပြောကြား။

– ဗီလာနဲ့ပွဲကို ရှုံးနိမ့်ခဲ့ရတာအတွက် ခံစစ်က ဆီးဒရစ်မှာ တာဝန်ရှိခဲ့သလို သူ့အမှားကတစ်ဆင့် ပြုလုပ်သွားခဲ့တဲ့ ဖြတ်တင်ဘောမှာ ဝပ်ကင်းစ် ကန်မသွင်းခင် ပိတ်ဆို့ဖို့ ပျက်ကွက်ခဲ့တဲ့ ဟိုးလ်ဒင်းမှာလည်း တာဝန်ရှိတယ်လို့ Premier League Productions ကို အာဆင်နယ်ကစားသမားဟောင်း လီးဒစ်ဆန်က သုံးသပ်မှုပေးသွားခဲ့။

– အသင်းအတွက် ပထမဆုံးပွဲထွက်မှုမှာ အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဂျိုးဝီလော့ခ်ကို နယူးကာဆယ်လ်နည်းပြ စတိဗ် ဘရုစ်နဲ့ အသင်းဖော်သစ်တွေက ဝိုင်းဝန်းချီးကျူးခဲ့ကြပြီး ကစားသမားအနေနဲ့ ဒီအသင်းမှာ ကစားရတာနဲ့ ပွဲထွက်ဂိုးအတွက် အလွန်ပျော်ရွှင်ခဲ့ရတယ်လို့ဆို။

– တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ဗီလာဂိုးသမား မာတီနက်ဇ်က ဆွဲထားခဲ့တာကို ပင်နယ်တီ မရရှိခဲ့မှု၊ ဆာကာကို ဖျက်ထုတ်တဲ့ ကွန်ဆာဟာ အနီမထိဘဲ အဝါသာ ရရှိခဲ့မှုတို့အတွက် နည်းပြ မီခယ်လ် အာတီတာက ပေါက်ကွဲနေပြီး ဒိုင်လူကြီးတွေကို ရန်တွေ့ခဲ့တဲ့ အကြောင်းကိုတော့ အသေးစိတ် ဖြေကြားခြင်းမရှိခဲ့။

– ပြီးခဲတဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပြင်သစ်လီဂူးဝမ်းကလပ် နိစ်အသင်းကို ပြောင်းရွှေ့ကစားခဲ့တဲ့ အာဆင်နယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာအနေနဲ့ သူ့ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် အသင်းရဲ့ ဇန်နဝါရီတစ်လတာအကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရ။

– အင်စတာဂရမ်မှာ ဒီတစ်ခါတည်း ပင်နယ်တီမရဘူးလို့ လှောင်ပြောင်သွားတဲ့ လာကာဇက်ရဲ့ ပို့စ်ကို အသင်းဟောင်းနဲ့ နှစ်ကြိမ်တွေ့ရာမှာ နှစ်ကြိမ်စလုံး Clean Sheet ရယူနိုင်ခဲ့တဲ့ ဂိုးသမား မာတီနက်ဇ်က “မင်းအရင် စတွန်းတာလေ ဘရို”လို့ တုံ့ပြန်သွားခဲ့။


– အသင်းနဲ့ပွဲထွက်မှာ ဂိုးပေါက်ကာကွယ်မှု ၇ ကြိမ်နဲ့ လက်စွမ်းပြနိုင်ခဲ့ပေမယ့် Clean Sheet နဲ့ နိုင်ပွဲတွေကို ရယူနိုင်စွမ်း မရှိခဲ့တဲ့ ဂိုးသမား မတ် ရိုင်ယန်က ပွဲစစချင်းမှာ ပေးလိုက်ရတဲ့ ဂိုးအတွက် စိတ်ပျက်ရကြောင်းနဲ့ အသင်းအနိုင်ရဖို့ မကူညီနိုင်ခဲ့လို့ ဝမ်းနည်းကြောင်းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက အသင္းကို ရႈံးနိမ့္ေစခဲ့တဲ့ ဗီလာတိုက္စစ္မႉး အိုလီ ဝပ္ကင္းစ္ရဲ႕ ပြဲအစသြင္းဂိုးကို ခြင့္ျပဳခဲ့ရတာအတြက္ ေဝဖန္လိုက္ၿပီး ထိပ္ဆုံးေလးသင္းကို ဝင္ဖို႔ အရည္အေသြးရွိတဲ့ အသင္းမ်ိဳးက ဒီလို အမွားမလုပ္ဘူးလို႔ ကစားသမားေတြကို ေျပာၾကား။

– ဗီလာနဲ႔ပြဲကို ရႈံးနိမ့္ခဲ့ရတာအတြက္ ခံစစ္က ဆီးဒရစ္မွာ တာဝန္ရွိခဲ့သလို သူ႔အမွားကတစ္ဆင့္ ျပဳလုပ္သြားခဲ့တဲ့ ျဖတ္တင္ေဘာမွာ ဝပ္ကင္းစ္ ကန္မသြင္းခင္ ပိတ္ဆို႔ဖို႔ ပ်က္ကြက္ခဲ့တဲ့ ဟိုးလ္ဒင္းမွာလည္း တာဝန္ရွိတယ္လို႔ Premier League Productions ကို အာဆင္နယ္ကစားသမားေဟာင္း လီးဒစ္ဆန္က သုံးသပ္မႈေပးသြားခဲ့။

– အသင္းအတြက္ ပထမဆုံးပြဲထြက္မႈမွာ အဖြင့္ဂိုးသြင္းယူေပးႏိုင္ခဲ့တဲ့ ကြင္းလယ္လူ ဂ်ိဳးဝီေလာ့ခ္ကို နယူးကာဆယ္လ္နည္းျပ စတိဗ္ ဘ႐ုစ္နဲ႔ အသင္းေဖာ္သစ္ေတြက ဝိုင္းဝန္းခ်ီးက်ဴးခဲ့ၾကၿပီး ကစားသမားအေနနဲ႔ ဒီအသင္းမွာ ကစားရတာနဲ႔ ပြဲထြက္ဂိုးအတြက္ အလြန္ေပ်ာ္႐ႊင္ခဲ့ရတယ္လို႔ဆို။

– တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ဗီလာဂိုးသမား မာတီနက္ဇ္က ဆြဲထားခဲ့တာကို ပင္နယ္တီ မရရွိခဲ့မႈ၊ ဆာကာကို ဖ်က္ထုတ္တဲ့ ကြန္ဆာဟာ အနီမထိဘဲ အဝါသာ ရရွိခဲ့မႈတို႔အတြက္ နည္းျပ မီခယ္လ္ အာတီတာက ေပါက္ကြဲေနၿပီး ဒိုင္လူႀကီးေတြကို ရန္ေတြ႕ခဲ့တဲ့ အေၾကာင္းကိုေတာ့ အေသးစိတ္ ေျဖၾကားျခင္းမရွိခဲ့။

– ၿပီးခဲတဲ့ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ ျပင္သစ္လီဂူးဝမ္းကလပ္ နိစ္အသင္းကို ေျပာင္းေ႐ႊ႕ကစားခဲ့တဲ့ အာဆင္နယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအေနနဲ႔ သူ႔ရဲ႕ ေကာင္းမြန္တဲ့ ေျခစြမ္းေတြေၾကာင့္ အသင္းရဲ႕ ဇန္နဝါရီတစ္လတာအေကာင္းဆုံး ကစားသမားအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရ။

– အင္စတာဂရမ္မွာ ဒီတစ္ခါတည္း ပင္နယ္တီမရဘူးလို႔ ေလွာင္ေျပာင္သြားတဲ့ လာကာဇက္ရဲ႕ ပို႔စ္ကို အသင္းေဟာင္းနဲ႔ ႏွစ္ႀကိမ္ေတြ႕ရာမွာ ႏွစ္ႀကိမ္စလုံး Clean Sheet ရယူႏိုင္ခဲ့တဲ့ ဂိုးသမား မာတီနက္ဇ္က “မင္းအရင္ စတြန္းတာေလ ဘ႐ို”လို႔ တုံ႔ျပန္သြားခဲ့။


– အသင္းနဲ႔ပြဲထြက္မွာ ဂိုးေပါက္ကာကြယ္မႈ ၇ ႀကိမ္နဲ႔ လက္စြမ္းျပႏိုင္ခဲ့ေပမယ့္ Clean Sheet နဲ႔ ႏိုင္ပြဲေတြကို ရယူႏိုင္စြမ္း မရွိခဲ့တဲ့ ဂိုးသမား မတ္ ႐ိုင္ယန္က ပြဲစစခ်င္းမွာ ေပးလိုက္ရတဲ့ ဂိုးအတြက္ စိတ္ပ်က္ရေၾကာင္းနဲ႔ အသင္းအႏိုင္ရဖို႔ မကူညီႏိုင္ခဲ့လို႔ ဝမ္းနည္းေၾကာင္းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.