Premier League

6 Feb နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် ကိုဗာချစ်က တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ပွဲစဉ်မှာ ရလဒ်ကောင်း ရနိုင်တယ်လို့ အမြဲတမ်း ခံစားခဲ့ရပြီး မြောက်လန်ဒန်က အောင်ပွဲမှာ အဲဒီခံစားချက်က ကြီးမားတဲ့အစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့လို့ လျင်မြန်စွာ စတင်နိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးနောက်ခံကစားသမား မားကို့စ် အလွန်ဆိုရဲ့ ဘန်လေအသင်းနဲ့ပွဲစဉ်က မြေမကျ ဂိုးကန်သွင်းချက်ဟာ ပရီးမီးယားလိဂ်ရဲ့ ဇန်နဝါရီလအတွက် အကောင်းဆုံးသွင်းဂိုးစာရင်းထဲမှာ ဆန်ခါတင် ပါဝင်ခဲ့တယ်လို့ သိရပြီး စုစုပေါင်း ဆန်ခါတင်စာရင်းထဲမှာ သွင်းဂိုး ၈ ဂိုး ပါဝင်နေတယ်လို့ သိရ။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ဂိုးသမား ကာဘာလီရိုဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အဓိကကျတဲ့ အခန်းကဏ္ဍနေ ပါဝင်ကစားပေးခဲ့တယ်လို့ ပြောကြားခဲ့ပြီး အသင်းရဲ့တတိယဦးစားပေးဂိုးသမားဟာ ပင်နယ်တီကာကွယ်ရာမှာ ကျွမ်းကျင်သူဖြစ်တာကြောင့် ပင်နယ်တီကန်သွင်းဖို့ တာဝန်ကို ဘယ်သူယူသင့်တယ်ဆိုတာကို ဆုံးဖြတ်ရာမှာ အကူအညီဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့။

-အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က ချဲလ်ဆီးအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံးအသင်းဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ကြာသပတေးနေ့ ညနေခင်းက ပွဲစဉ် ပထမပိုင်းမှာ စပါးအသင်းပရိသတ်တွေဟာ အမြင့်မားဆုံးအဆင့်မှာ အရှက်ရခဲ့ကြတယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ကြာသပတေးနေ့မှာ တော့တင်ဟမ်ဟော့စပါးအသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း သီယာဂို ဆေးလ်ဗား ကြွက်သားနာကျင်မှု ဝေဒနာ ခံစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး တနင်္ဂနွေနေ့မှာ ကစားရမယ့် ရှက်ဖီးယူနိုက်တက်နဲ့ ပွဲစဉ်အတွက် ပါဝင်ကစားပေးဖို့ မရေရာဘူးလို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်နောက်ခံကစားသမား ဒေးဗစ်အလာဘာကို ခေါ်ယူဖို့အတွက် အပီအပြင် ကြိုးပမ်းနေပေမယ့် လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းက ရှေ့ဆုံးကနေ ဦးဆောင်နေတာဖြစ်ပြီး ချဲလ်ဆီးအသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုထက် ပိုမိုကောင်းမွန်တဲ့ကမ်းလှမ်းမှုနဲ့ လက်ဦးမှုရယူသွားဖို့ ကြိုးပမ်းသွားလိမ့်မယ်လို့ The Guardian က ဖော်ပြခဲ့ပါတယ်။

-ချဲလ်ဆီးတောင်ပံကြယ်ပွင့် ဟတ်ဒ်ဆန်-အိုဒွိုင်းက နည်းပြသစ် သောမတ်စ် တူဟယ်ရဲ့လက်အောက်မှာ အသင်းသားတွေအားလုံးဟာ ပျော်ရွှင်စရာဘဝကို ရရှိနေကြတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဂျာမန်လူမျိုးနည်းပြရဲ့ ကွင်းဘေးစည်းက ထူးခြားတဲ့စတိုင်လ်က ကစားသမားတွေအတွက် စစ်မှန်တဲ့ စိတ်အားတက်ကြွစရာအကြောင်းဖြစ်တယ်လို့ ပြောကြားခဲ့။