Premier League

6 Feb နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ကွင်းလယ်ကြယ်ပွင့်ကစားသမား ပေါ့ဂ်ဘာနဲ့ ၎င်းရဲ့အနာဂတ်အတွက် စကားပြောဆိုမှုတွေ ဆက်လက်ပြုလုပ်နေပြီး ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ရဲ့ အလုပ်အပေါ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းကို ချီးကျူးခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေမယ်လို့ အကောင်းမြင်နေကြောင်း သိရ။

-အတ္တလန္တာကနေ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးနောက် ယူ-၂၃ အသင်းအတွက် ကစားပေးနေတဲ့ အာမက် ဂျယ်လိုဟာ ဘလက်ဘန်းအသင်းကို ၆-၄ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ခဲ့သလို တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး နောက်ထပ်အထင်ကြီးဖွယ်ခြေစွမ်းနဲ့ ပထမအသင်းအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ ဆိုးလ်ရှားကို သတင်းစကား ပါးခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုလာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ဒေါ့မွန်ကြယ်ပွင့် ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ အခြားအသင်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး SPORT1 ရဲ့ သတင်းအရ ဒေါ့မွန်အသင်းဟာ ၂၀၂၁-၂၀၂၂ ရာသီမတိုင်မီ အင်္ဂလန်တောင်ပံကစားသမားက အသင်းကနေ ထွက်ခွာလိမ့်မယ်လို့ မျှော်မှန်းထားကြောင်း သိရ။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် မတ်လ နိုင်ငံတကာအားလပ်ရက်မှာ ပေါ်တူဂီကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်နဲ့ တောင်အမေရိကကြယ်ပွင့် ကာဗာနီတို့ကို နိုင်ငံအသင်းတာဝန်အတွက် သွားရောက်ကစားခွင့် ပြုမှာမဟုတ်ဘဲ အနားပေးသွားမှာဖြစ်တယ်လို့ သိရပြီး အဲဒီလို အနားပေးလိုက်ခြင်းအားဖြင့် ဘရူနို ဖာနန်ဒက်စ်အတွက် ယူရိုကစားဖို့ ပြန်လည်အားမွေးနိုင်မယ့် အခွင့်အရေးကောင်းလို့ သိရ။

-အဲဗာတန်အသင်းနည်းပြ ဒေးဗစ် မိုရက်စ်က ဘန်ရာမာရဲ့ လုပ်အားနှုန်းကို အံ့သြ ဝမ်းမြောက်ပျော်ရွှင်မိခဲ့ပြီး ကြယ်ပွင့်တောင်ပံကစားသမားဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂျက်ဆီလင်ဂတ်နဲ့ ကြောက်မက်ဖွယ် ဖန်တီးမှုအားကောင်းတဲ့ တွဲဖက်တွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေကြောင်း သိရ။

-မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား အဲရစ် ဘိုင်လီဟာ အိုးထရက်ဖို့ဒ်မှာ အဲဗာတန်အသင်းနဲ့ ကစားရမယ့်ပွဲစဉ်အတွက် ကြံ့ခိုင်မှုရရှိဖို့ တိုက်ပွဲဝင်နေရတယ်လို့ သိရပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က အသင်းလေ့ကျင့်ရေးကွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကားမတော်တဆမှုကြောင့် ရရှိခဲ့တဲ့ဒဏ်ရာအချို့ကို ပျောက်ကင်းအောင် ကြိုးးပမ်းနေရဆဲဖြစ်တယ်လို့ သိရ။

-အူဒီးနီးအသင်းကင်းထောက် အန်ဒရီယာ ကာနီဗေးလ်က မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ဟာ အီတလီမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ကြီးမားတဲ့အရာတွေအတွက် ရည်ရွယ်ခဲ့တယ်ဆိုတာကို အမြဲတမ်းယုံကြည်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး အလွန်ငယ်ရွယ်သေးတဲ့အချိန်မှာ အူဒီးနီးစ်ကို ရောက်လာခဲ့ပြီးနောက် အခက်အခဲအချို့ရှိခဲ့ပေမယ့် ထိပ်တန်းအဆင့်ကစားသမားဖြစ်လာမယ်လို့ သိခဲ့ပြီးသားဖြစ်ကြောင်း ပြောကြားခဲ့။

-ပေါလ်မာဆန်က မန်ချက်စတာယူနိုက်တက်အပယ်ခံ ဂျက်ဆီ လင်ဂတ်ဟာ အိုးထရက်ဖို့ဒ်မှာ အနာဂတ်မရှိတော့တာကြောင့် ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို အပြီးသတ် စွန့်ခွာသင့်တယ်လို့ ပြောကြားခဲ့ပြီး နည်းပြဆိုးလ်ရှားက လင်ဂတ်ကို အိုးထရက်ဖို့ဒ် ပြန်လာပြီး ကစားသမားဘဝ ပြန်လည်ရှင်သန်အောင်လုပ်ဖို့ တောင်းဆိုထားခဲ့ပေမယ့် ပေါလ်မာဆန်ကတော့ လင်ဂတ်ကို ယူနိုက်တက်နည်းပြ ရောင်းထုတ်ချင်တဲ့အတွက် ဟန်ဆောင်နေတာဖြစ်တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းသမိုင်းမှာ ကစားသမား ၈ ဦးနဲ့ အသင်းဝန်ထမ်း ၃ ဦး ကွယ်လွန်ခဲ့ရတဲ့ အမှောင်မိုက်ဆုံးကာလဖြစ်ခဲ့တဲ့ မြူးနစ်လေယာဉ်ပျက်ကျမှုဟာ ယနေ့မှာ ၆၃ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အသင်းရဲ့သမိုင်းမှာ ဖျောက်ဖျက်လို့မရတဲ့ အတိတ်ဖြစ်ရပ်ဆိုးကို ဘယ်တော့မှ မေ့လို့ရနိုင်မှာမဟုတ်ဘူးလို့ မန်ချက်စတာယူနိုက်တက်အသင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက ကြင္းလယ္ၾကယ္ပြင့္ကစားသမား ေပါ့ဂ္ဘာနဲ႔ ၎ရဲ့အနာဂတ္အတြက္ စကားေျပာဆိုမႈေတြ ဆက္လက္ျပဳလုပ္ေနၿပီး ျပင္သစ္ကြင္းလယ္ၾကယ္ပြင့္ရဲ့ အလုပ္အေပၚထားတဲ့ က်င့္ဝတ္စည္းကမ္းကို ခ်ီးက်ဴးခဲ့ၿပီး အိုးထရက္ဖို႔ဒ္မွာ ဆက္ရွိေနမယ္လို႔ အေကာင္းျမင္ေနေၾကာင္း သိရ။

-အတၱလႏၲာကေန ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ မန္ခ်က္စတာယူနိုက္တက္ကို ေျပာင္းေရႊ႕လာၿပီးေနာက္ ယူ-၂၃ အသင္းအတြက္ ကစားေပးေနတဲ့ အာမက္ ဂ်ယ္လိုဟာ ဘလက္ဘန္းအသင္းကို ၆-၄ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးဖန္တီးမႈ ၃ ႀကိမ္အထိ ျပဳလုပ္ခဲ့သလို တစ္ဂိုး သြင္းယူနိုင္ခဲ့ၿပီး ေနာက္ထပ္အထင္ႀကီးဖြယ္ေျခစြမ္းနဲ႔ ပထမအသင္းအတြက္ အဆင္သင့္ျဖစ္ေနၿပီျဖစ္တယ္လို႔ ဆိုးလ္ရွားကို သတင္းစကား ပါးခဲ့။

-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ယခုလာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ေဒါ့မြန္ၾကယ္ပြင့္ ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူဖို႔ အျခားအသင္းေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ရဖြယ္ရွိတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး SPORT1 ရဲ့ သတင္းအရ ေဒါ့မြန္အသင္းဟာ ၂၀၂၁-၂၀၂၂ ရာသီမတိုင္မီ အဂၤလန္ေတာင္ပံကစားသမားက အသင္းကေန ထြက္ခြာလိမ့္မယ္လို႔ ေမၽွာ္မွန္းထားေၾကာင္း သိရ။

-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လာမယ့္ မတ္လ နိုင္ငံတကာအားလပ္ရက္မွာ ေပၚတူဂီၾကယ္ပြင့္ ဘ႐ူနိုဖာနန္ဒက္စ္နဲ႔ ေတာင္အေမရိကၾကယ္ပြင့္ ကာဗာနီတို႔ကို နိုင္ငံအသင္းတာဝန္အတြက္ သြားေရာက္ကစားခြင့္ ျပဳမွာမဟုတ္ဘဲ အနားေပးသြားမွာျဖစ္တယ္လို႔ သိရၿပီး အဲဒီလို အနားေပးလိုက္ျခင္းအားျဖင့္ ဘ႐ူနို ဖာနန္ဒက္စ္အတြက္ ယူရိုကစားဖို႔ ျပန္လည္အားေမြးနိုင္မယ့္ အခြင့္အေရးေကာင္းလို႔ သိရ။

-အဲဗာတန္အသင္းနည္းၿပ ေဒးဗစ္ မိုရက္စ္က ဘန္ရာမာရဲ့ လုပ္အားႏႈန္းကို အံ့ၾသ ဝမ္းေျမာက္ေပ်ာ္ရႊင္မိခဲ့ၿပီး ၾကယ္ပြင့္ေတာင္ပံကစားသမားဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကေန အငွားနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ဂ်က္ဆီလင္ဂတ္နဲ႔ ေၾကာက္မက္ဖြယ္ ဖန္တီးမႈအားေကာင္းတဲ့ တြဲဖက္ေတြ ျဖစ္လာလိမ့္မယ္လို႔ ေမၽွာ္လင့္ေနေၾကာင္း သိရ။

-မန္ခ်က္စတာယူနိုက္တက္ေနာက္ခံကစားသမား အဲရစ္ ဘိုင္လီဟာ အိုးထရက္ဖို႔ဒ္မွာ အဲဗာတန္အသင္းနဲ႔ ကစားရမယ့္ပြဲစဥ္အတြက္ ႀကံ့ခိုင္မႈရရွိဖို႔ တိုက္ပြဲဝင္ေနရတယ္လို႔ သိရၿပီး ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္က အသင္းေလ့က်င့္ေရးကြင္းမွာ ျဖစ္ပြားခဲ့တဲ့ ကားမေတာ္တဆမႈေၾကာင့္ ရရွိခဲ့တဲ့ဒဏ္ရာအခ်ိဳ႕ကို ေပ်ာက္ကင္းေအာင္ ႀကိဳးးပမ္းေနရဆဲျဖစ္တယ္လို႔ သိရ။

-အူဒီးနီးအသင္းကင္းေထာက္ အန္ဒရီယာ ကာနီေဗးလ္က မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဘ႐ူနို ဖာနန္ဒက္စ္ဟာ အီတလီမွာ ႐ုန္းကန္ခဲ့ရေပမယ့္လည္း ႀကီးမားတဲ့အရာေတြအတြက္ ရည္ရြယ္ခဲ့တယ္ဆိုတာကို အျမဲတမ္းယုံၾကည္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အလြန္ငယ္ရြယ္ေသးတဲ့အခ်ိန္မွာ အူဒီးနီးစ္ကို ေရာက္လာခဲ့ၿပီးေနာက္ အခက္အခဲအခ်ိဳ႕ရွိခဲ့ေပမယ့္ ထိပ္တန္းအဆင့္ကစားသမားျဖစ္လာမယ္လို႔ သိခဲ့ၿပီးသားျဖစ္ေၾကာင္း ေျပာၾကားခဲ့။

-ေပါလ္မာဆန္က မန္ခ်က္စတာယူနိုက္တက္အပယ္ခံ ဂ်က္ဆီ လင္ဂတ္ဟာ အိုးထရက္ဖို႔ဒ္မွာ အနာဂတ္မရွိေတာ့တာေၾကာင့္ ယခုေႏြရာသီမွာ မန္ခ်က္စတာယူနိုက္တက္အသင္းကို အၿပီးသတ္ စြန႔္ခြာသင့္တယ္လို႔ ေျပာၾကားခဲ့ၿပီး နည္းျပဆိုးလ္ရွားက လင္ဂတ္ကို အိုးထရက္ဖို႔ဒ္ ျပန္လာၿပီး ကစားသမားဘဝ ျပန္လည္ရွင္သန္ေအာင္လုပ္ဖို႔ ေတာင္းဆိုထားခဲ့ေပမယ့္ ေပါလ္မာဆန္ကေတာ့ လင္ဂတ္ကို ယူနိုက္တက္နည္းၿပ ေရာင္းထုတ္ခ်င္တဲ့အတြက္ ဟန္ေဆာင္ေနတာျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္အသင္းသမိုင္းမွာ ကစားသမား ၈ ဦးနဲ႔ အသင္းဝန္ထမ္း ၃ ဦး ကြယ္လြန္ခဲ့ရတဲ့ အေမွာင္မိုက္ဆုံးကာလျဖစ္ခဲ့တဲ့ ျမဴးနစ္ေလယာဥ္ပ်က္က်မႈဟာ ယေန႔မွာ ၆၃ ႏွစ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္ၿပီး အသင္းရဲ့သမိုင္းမွာ ေဖ်ာက္ဖ်က္လို႔မရတဲ့ အတိတ္ျဖစ္ရပ္ဆိုးကို ဘယ္ေတာ့မွ ေမ့လို႔ရနိုင္မွာမဟုတ္ဘူးလို႔ မန္ခ်က္စတာယူနိုက္တက္အသင္းဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.