Match Report Premier League

မော်ရင်ညိုရဲ့ ဘတ်စ်ကားသော့ကို ရအောင်ဖွင့်ပြီး တစ်လုံးတည်းသောဂိုးနဲ့ စပါးစ်အပေါ် အနိုင်ယူခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ နည်းပြသစ် သောမတ်စ် တူဟယ်လ်လက်ထက်မှာ ဆက်တိုက်အခြေအနေကောင်းနေပြီး မော်ရင်ညိုရဲ့တော့တင်ဟမ် ဟော့စပါးစ်အသင်းကို အဝေးကွင်းမှာ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့သလို အဆိုးဆုံးအနေအထားကို တုံ့ပြန်နိုင်ခဲ့ကြပါတယ်။

ကားလို့စ် ဗီနီးရှပ်စ်ကို ပွဲထုတ်ခဲ့တဲ့ ချဲလ်ဆီးနည်းပြဟောင်း ပေါ်တူဂီသားကြောင့် ပွဲမစခင် လူစာရင်းက စိတ်ဝင်စားစရာဖြစ်ခဲ့ပေမယ့် ပွဲထဲမှာတော့ ထိရောက်မှု နည်းပါးခဲ့သလို အိမ်ရှင်တွေထက် ဧည့်သည်တွေထက် ပိုမိုအခွင့်အရေးဖော်ဆောင်နိုင်ခဲ့ပါတယ်။

ပထမပိုင်း ၂၄ မိနစ်မှာတော့ ခြေစွမ်းပြနေတဲ့ အက်ဇ်ပီလီကွေတာပေးတဲ့ ဘောလုံးကို အထောင်တိုက်စစ်မှူး တီမို ဗာနာ ဆွဲယူရင်း ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတာက စပါးစ်တို့အတွက် ပေးဆပ်ရမှု ကြီးမားလွန်းခဲ့ပြီး ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုက ဒီပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းပြီး ဦးဆောင်ဂိုးရယူနိုင်ခဲ့ပါတယ်။

မော်ရင်ညိုရဲ့အသင်းကတော့ ကစားပုံတော်တော်လေး ဆိုးရွားနေခဲ့သလို ဘောလုံးပိုင်ဆိုင်မှုနဲ့ ဖန်တီးမှုအပိုင်းမှာလည်း ပြဿနာရှိနေခဲ့ပြီး ဟာရီကိန်း မပါဝင်နိုင်မှုက အသင်းအတွက် ကြီးကြီးမားမား နစ်နာစေခဲ့သလို မော်ရင်ညိုအနေနဲ့ ဒီကွက်လပ်အတွက် မဖြည့်ဆည်းနိုင်ခဲ့တာကိုလည်း တွေ့ရပြီး ဒုတိယပိုင်းမှာ အပြောင်းအလဲနှစ်ခုလုပ်ခဲ့ပေမယ့်လည်း အဖြေပြောင်းလဲအောင်တော့ မစွမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးတို့အနေနဲ့ နှစ်ပွဲဆက်အနိုင်နဲ့ အဆင့် ၆ နေရာကို တက်ရောက်လာသလို ရမှတ် ၃၆ မှတ်နဲ့ ဥရောပဝင်ခွင့်အတွက် စိန်ခေါ်နိုင်မယ့် အနေအထားကို ရောက်ရှိလာခဲ့ပြီး တူဟယ်လ်ကတော့ အသင်းကို ကျစ်ကျစ်လျစ်လျစ်နဲ့ မောင်းနှင်နိုင်မယ့် ပုံစံကို ပြသနေသလို ဒုတိယ ကွန်တီအဖြစ် အောင်မြင်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ နည္းျပသစ္ ေသာမတ္စ္ တူဟယ္လ္လက္ထက္မွာ ဆက္တိုက္အေျခအေနေကာင္းေနၿပီး ေမာ္ရင္ညိဳရဲ႕ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းကို အေဝးကြင္းမွာ တစ္လုံးတည္းေသာ ဂိုးနဲ႔ အႏိုင္ယူႏိုင္ခဲ့သလို အဆိုးဆုံးအေနအထားကို တုံ႔ျပန္ႏိုင္ခဲ့ၾကပါတယ္။

ကားလို႔စ္ ဗီနီးရွပ္စ္ကို ပြဲထုတ္ခဲ့တဲ့ ခ်ဲလ္ဆီးနည္းျပေဟာင္း ေပၚတူဂီသားေၾကာင့္ ပြဲမစခင္ လူစာရင္းက စိတ္ဝင္စားစရာျဖစ္ခဲ့ေပမယ့္ ပြဲထဲမွာေတာ့ ထိေရာက္မႈ နည္းပါးခဲ့သလို အိမ္ရွင္ေတြထက္ ဧည့္သည္ေတြထက္ ပိုမိုအခြင့္အေရးေဖာ္ေဆာင္ႏိုင္ခဲ့ပါတယ္။

ပထမပိုင္း ၂၄ မိနစ္မွာေတာ့ ေျခစြမ္းျပေနတဲ့ အက္ဇ္ပီလီေကြတာေပးတဲ့ ေဘာလုံးကို အေထာင္တိုက္စစ္မႉး တီမို ဗာနာ ဆြဲယူရင္း ျပစ္ဒဏ္က်ဴးလြန္ခံခဲ့ရတာက စပါးစ္တို႔အတြက္ ေပးဆပ္ရမႈ ႀကီးမားလြန္းခဲ့ၿပီး ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳက ဒီပင္နယ္တီကို အမွားအယြင္းမရွိ ကန္သြင္းၿပီး ဦးေဆာင္ဂိုးရယူႏိုင္ခဲ့ပါတယ္။

ေမာ္ရင္ညိဳရဲ႕အသင္းကေတာ့ ကစားပုံေတာ္ေတာ္ေလး ဆိုး႐ြားေနခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈနဲ႔ ဖန္တီးမႈအပိုင္းမွာလည္း ျပႆနာရွိေနခဲ့ၿပီး ဟာရီကိန္း မပါဝင္ႏိုင္မႈက အသင္းအတြက္ ႀကီးႀကီးမားမား နစ္နာေစခဲ့သလို ေမာ္ရင္ညိဳအေနနဲ႔ ဒီကြက္လပ္အတြက္ မျဖည့္ဆည္းႏိုင္ခဲ့တာကိုလည္း ေတြ႕ရၿပီး ဒုတိယပိုင္းမွာ အေျပာင္းအလဲႏွစ္ခုလုပ္ခဲ့ေပမယ့္လည္း အေျဖေျပာင္းလဲေအာင္ေတာ့ မစြမ္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ႏွစ္ပြဲဆက္အႏိုင္နဲ႔ အဆင့္ ၆ ေနရာကို တက္ေရာက္လာသလို ရမွတ္ ၃၆ မွတ္နဲ႔ ဥေရာပဝင္ခြင့္အတြက္ စိန္ေခၚႏိုင္မယ့္ အေနအထားကို ေရာက္ရွိလာခဲ့ၿပီး တူဟယ္လ္ကေတာ့ အသင္းကို က်စ္က်စ္လ်စ္လ်စ္နဲ႔ ေမာင္းႏွင္ႏိုင္မယ့္ ပုံစံကို ျပသေနသလို ဒုတိယ ကြန္တီအျဖစ္ ေအာင္ျမင္ႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.