Premier League Transfer News

4 Feb ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကြားမှာ နောက်ဆုံးအနေနဲ့ အငြင်းအခုံသစ်တစ်ခုဖြစ်ပွားခဲ့ပြီး စီးတီးပရိသတ်တွေကတော့ သူတို့ရဲ့ ဘာနာဒို ဆေးလ်ဗားဟာ မြို့ခံပြိုင်ဘက်ရဲ့ ဘရူနို ဖာနန်ဒက်စ်ထက် ဆယ်ဆကောင်းမွန်တယ်လို့ ပေါ်တူဂီသားချင်း နှိုင်းယှဉ်နေကြ။

– ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဓိကပြိုင်ဆိုင်နေကြတဲ့ မန်စီးတီးနဲ့ လီဗာပူးလ်တို့ကြား ကွာဟချက်က အစ်တီဟတ်သားတွေအနေနဲ့ ကျွမ်းကျင်မှုကို သုံးစွဲပြီး သက်တောင့်သက်သာ အနိုင်ယူကစားဖို့ လုပ်ဆောင်နေချိန်မှာ အန်းဖီးလ်သားတွေရဲ့ အရပ်အနားမရှိ တစ်ဖက်အသင်းကို မပြတ်ဖိအားပေးတဲ့ ပုံစံကို သူတို့ကိုယ်သူတို့ ပြန်သတ်သလိုဖြစ်စေပြီး ပင်ပန်းမှုနဲ့ ဒဏ်ရာတွေက လက်ရှိပုံစံမျိုး ဖြစ်စေခဲ့တယ်လို့ စပါးစ်ကွင်းလယ်လူဟောင်း အိုဟာရာ သုံးသပ်။

– ဒဏ်ရာများတတ်ပြီး ကြံ့ခိုင်မှု ပြည့်ဝတဲ့ အနေအထားမှာမရှိတဲ့ ပုံစံတွေနဲ့ ကစားချိန်မိနစ်တွေ လျော့ကျလာခဲ့သလို အရန်ခုံမှာ ထိုင်ရတာ များလာခဲ့တဲ့ ပြင်သစ်နောက်ခံလူ အေးမရစ် လာပေါ့တ်က လက်ရှိအနေအထားအတိုင်းဆိုရင်တော့ နွေရာသီမှာ အသင်းက ထွက်ခွာဖို့ စဉ်းစားတော့မယ်လို့ဆိုနေ။

– မန်ချက်စတာစီးတီးအသင်းနဲ့ နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် တိုက်စစ်မှူး ဆာဂျီယို အဂွေရိုအနေနဲ့ ဘာစီလိုနာအသင်းကို သွားရောက် ကစားပြီး သူ့ရဲ့ တစ်ကျော့ပြန် စပိန်မြေနင်းမှုကို ရာသီကုန်မှာ လုပ်ဆောင်နိုင်ဖွယ်ရှိတယ်လို့ သိရပြီး နူးကမ့်ကို ပျော်ပျော်ကြီး ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေ။

– ညာတောင်ပံတစ်လျှောက်ကနေ လှည့်စားမှုများတဲ့ ကစားဟန်နဲ့ Inverted Winger တစ်ဦးဖြစ်တဲ့ ဘယ်သန်တောင်ပံကစားသမား ရီယက် မာရက်ဇ်ရဲ့ ခြေစွမ်းပြနေတဲ့ ဟန်ပန်တွေက ဂွါဒီယိုလာရဲ့ အလှည့်ကျသုံးစွဲပုံမှာ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့တယ်လို့ စီးတီးတိုက်စစ်မှူးဟောင်း ရှောင်ဂုတ်တာ ချီးကျူး။

– လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ရှိနေပြီး သူ့အနေနဲ့ စိတ်ဝင်စားနေတဲ့ အသင်းတွေကို လွတ်လပ်စွာ ဆွေးနွေးပိုင်ခွင့် ရှိထားတယ်ဆိုတာကို ကောင်းကောင်းသိကြောင်း တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ပြောကြားလိုက်ပြီး မန်စီးတီးနဲ့ အသံပြန်ထွက်လာ။

– မန်ချက်စတာစီးတီးအသင်းရဲ့ ပွဲ ၂၀ ဆက်တိုက် ရှုံးပွဲမရှိဘဲ နောက်ဆုံး ၁၃ ပွဲကို နိုင်ပွဲတွေ ဆက်နေမှုမှာ အဓိကကျတဲ့ ကစားသမားဟာ ဒီရာသီမှာ အသင်းအတွက် အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့သလို ဖန်တီးမှုတွေလည်းလုပ်နိုင်ခဲ့တဲ့ ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်လို့ ဂွါဒီယိုလာ သတ်မှတ်ပြောကြားသွား။

– အသင်းရဲ့ နိုင်ပွဲဆက်မှုနဲ့အတူ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို ထိန်းသိမ်းရယူနိုင်ခဲ့မှုမှာ တစ်သင်းလုံးရဲ့ စုစည်းညီညွတ်တဲ့ ကစားပုံက အဓိကကျတယ်လို့ တောင်ပံကစားသမား ရာဟင်းမ် စတာလင်က ပြောကြားလိုက်ပြီး အင်္ဂလန်သားအနေနဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ ၃ ဂိုး သွင်းယူပေးထားနိုင်ခဲ့။

– ခံစစ်က ပေးဂိုးမရှိတဲ့ နိုင်ပွဲတွေကို ဖော်ဆောင်နေနိုင်ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၁၃ ပွဲမှာ ၂ ဂိုးသာ ပေးခဲ့ရတာမှာ အသင်းကို ဒီရာသီမှာ ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီနောက်ခံလူ ရူဘင် ဒီယက်စ်ရဲ့ နောက်တန်းကို ဦးဆောင်ညွှန်ကြားနိုင်မှုက အရေးပါခဲ့ကြောင်း မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ရစ်ချတ်ဒန်း သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:










REF: INTERNET SOURCES
SPORTS A2Z.