Premier League

26 Feb နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားဖို့ ပစ်မှတ်ထားခဲ့ပေမယ့် အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲကိုပါ လွဲချော်ခဲ့တဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားအနေနဲ့ ဒဏ်ရာက အကင်းမသေသေးဘူးလို့ ခန့်မှန်းရပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားမယ့် ပွဲကြိုထရိန်နင်ကို လွဲချော်ခဲ့။

– ချဲလ်ဆီးကစားသမားတွေနဲ့ ပရိသတ်တွေအတွက် ပေးလိုက်တဲ့ နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ မက်ဆေ့ချ်ကြီးကတော့ စိတ်လှုပ်ရှားစရာကောင်းလွန်းခဲ့ပြီး ဘယ်ကစားသမားပဲဖြစ်ဖြစ် များပြားတဲ့ ပိုက်ဆံနဲ့ ဝယ်ဝယ်၊ အကယ်ဒမီက ထွက်ထွက်၊ အလွတ်ပြောင်းနဲ့ပဲ ရောက်လာလာ သူတို့ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်ရအောင် တွန်းတင်သွားမယ်လို့ ဆိုခဲ့။

– မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်မှာ အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ အာရုံစူးစိုက်မှုကို ပေးဆပ်ပြီး ကစားသွားရမယ်လို့ အသင်းသားတွေကို နည်းပြ တူဟယ်လ်က တိုက်တွန်းလိုက်ပြီး ပြီးခဲ့တဲ့ ပွဲတွေက ၉၆ မိနစ်စာ ရုန်းအားကို လျှော့ချမပစ်ဖို့ သတိပေးသွားခဲ့။

– ပြီးခဲ့တဲ့ ဆောင်းရာသီအထိ ချဲလ်ဆီးအသင်းအနေနဲ့ ကစားသမားအပြောင်းအရွှေ့ဈေးကွက်မှာ ရောင်းချမှုတွေကနေ ပေါင် ၄၈၉ သန်းအထိ ရရှိခဲ့ပေမယ့် ဒီပမာဏထဲမှာ အသင်းအတွက် အမြတ်ငွေ ပေါင် ၄ သန်းသာပါဝင်နေခဲ့တာကတော့ အပြောင်းအရွှေ့တာဝန်ခံ မာရီနာ ဂရာနော့ဗ်စကာယာတစ်ယောက် စိတ်ပျက်စရာဖြစ်ခဲ့ရ။

– နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ အသင်းကို ကိုင်တွယ်တဲ့ အစပိုင်းပွဲစဉ် ၈ ပွဲမှာ ၆ ပွဲနိုင်ပြီး ၂ ပွဲ သရေကျထားခဲ့တဲ့ ရလဒ်တွေကို အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်က သဘောကျနေပြီး နွေရာသီမှာ သူ့အတွက် ဈေးကြီးပေးရမယ့် နာမည်ကြီး ကစားသမားတစ်ဦး ခေါ်ယူပေးမယ်လို့ ဆိုထားကြောင်း သတင်းထွက်ပေါ်လာ။

– အရွယ်ကောင်းနဲ့ အတွေ့အကြုံကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ နောက်ခံလူ ဒေးဗစ် အလာဘာဟာ အသင်းတစ်သင်းကို တစ်ဆင့် မြင့်အောင် ကူညီပေးနိုင်မယ့် ကစားသမားမျိုးဖြစ်လို့ ချဲလ်ဆီးတို့အတွက် ခေါ်ယူဖို့ အစွမ်းကုန်ကြိုးစားရဖွယ်ရှိနေပြီး ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ကို အဓိက ပြိုင်ဆိုင်ရမှာဖြစ်ကြောင်း Daily Star ရေးသား။

– ၂၀၂၁-၂၂ ရာသီမှာ အာလင်း ဟားလန်းကို ဆက်လက်အသုံးပြုနိုင်ဖို့ မိမိတို့အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာဖြစ်တယ်လို့ ဒေါ့မွန် အားကစားဒါရိုက်တာ မီရှာအေးလ် ဇော့ခ်က ပြောကြားလိုက်တဲ့အတွက် ချဲလ်ဆီးအသင်းအနေနဲ့ သူ့အတွက် မူလတန်ကြေးထက် မြင့်မားတဲ့ ယူရိုသန်း ၁၁၀ လောက်အထိ အသုံးပြုရနိုင်တယ်လို့ ခန့်မှန်းနေကြ။

– ဒေါ့မွန်အသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ နည်းပြ တူဟယ်လ် ရောက်လာခဲ့အပြီးမှာ တောင်ပံတိုက်စစ်မှူး ခရစ္စတီယန် ပူလီရှစ်ချ်ရဲ့ အခန်း ကဏ္ဍက မြင့်မားလာတော့မယ်လို့ အားလုံးက တွေးထင်ခဲ့ကြပေမယ့် လမ်းပတ်သားလို့ ခေါ်ခဲ့ကြတဲ့ မေဆန်မောင့်နောက်မှာ အရန်အဖြစ် နေရာပျောက်ဆုံးနေခဲ့ပြီး ၃-၄-၂-၁ ကစားကွက်မှာ တဖြည်းဖြည်း ဘေးရောက်လာတာကို အံ့အားသင့်နေကြ။

– လမ်းပတ်နဲ့ တူဟယ်လ်ရဲ့ အသင်းကို ကိုင်တွယ်ပုံတွေထဲက ကွာခြားချက်တစ်ခုက ဂျာမန်သားဟာ ထရိန်နင်မှာ သူကိုယ်တိုင် ပါဝင် ညွှန်ကြားနေတာဖြစ်ပြီး အသင်းခေါင်းဆောင်ဟောင်းကတော့ ဂျိုဒီ မောရစ်၊ အန်ထော်နီ ဘယ်ရီနဲ့ ဂျိုး အက်ဒ်ဝပ်တို့ကို ပါဝင်စေပြီး သူက ဘေးကနေ စောင့်ကြည့်လေ့လာနေတာပဲဖြစ်တယ်လို့ အက်သလက်တစ် ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေဆာက္သမ္တန္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ပါဝင္ကစားဖို႔ ပစ္မွတ္ထားခဲ့ေပမယ့္ အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ပြဲကိုပါ လြဲေခ်ာ္ခဲ့တဲ့ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားအေနနဲ႔ ဒဏ္ရာက အကင္းမေသေသးဘူးလို႔ ခန႔္မွန္းရၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ကစားမယ့္ ပြဲႀကိဳထရိန္နင္ကို လြဲေခ်ာ္ခဲ့။

– ခ်ဲလ္ဆီးကစားသမားေတြနဲ႔ ပရိသတ္ေတြအတြက္ ေပးလိုက္တဲ့ နည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ မက္ေဆ့ခ်္ႀကီးကေတာ့ စိတ္လႈပ္ရွားစရာေကာင္းလြန္းခဲ့ၿပီး ဘယ္ကစားသမားပဲျဖစ္ျဖစ္ မ်ားျပားတဲ့ ပိုက္ဆံနဲ႔ ဝယ္ဝယ္၊ အကယ္ဒမီက ထြက္ထြက္၊ အလြတ္ေျပာင္းနဲ႔ပဲ ေရာက္လာလာ သူတို႔ရဲ႕ အျမင့္ဆုံး စြမ္းေဆာင္ရည္ရေအာင္ တြန္းတင္သြားမယ္လို႔ ဆိုခဲ့။

– မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပြဲစဥ္မွာ အေကာင္းဆုံး စြမ္းေဆာင္ရည္နဲ႔ အာ႐ုံစူးစိုက္မႈကို ေပးဆပ္ၿပီး ကစားသြားရမယ္လို႔ အသင္းသားေတြကို နည္းျပ တူဟယ္လ္က တိုက္တြန္းလိုက္ၿပီး ၿပီးခဲ့တဲ့ ပြဲေတြက ၉၆ မိနစ္စာ ႐ုန္းအားကို ေလွ်ာ့ခ်မပစ္ဖို႔ သတိေပးသြားခဲ့။

– ၿပီးခဲ့တဲ့ ေဆာင္းရာသီအထိ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ကစားသမားအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ေရာင္းခ်မႈေတြကေန ေပါင္ ၄၈၉ သန္းအထိ ရရွိခဲ့ေပမယ့္ ဒီပမာဏထဲမွာ အသင္းအတြက္ အျမတ္ေငြ ေပါင္ ၄ သန္းသာပါဝင္ေနခဲ့တာကေတာ့ အေျပာင္းအေ႐ႊ႕တာဝန္ခံ မာရီနာ ဂရာေနာ့ဗ္စကာယာတစ္ေယာက္ စိတ္ပ်က္စရာျဖစ္ခဲ့ရ။

– နည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ အသင္းကို ကိုင္တြယ္တဲ့ အစပိုင္းပြဲစဥ္ ၈ ပြဲမွာ ၆ ပြဲႏိုင္ၿပီး ၂ ပြဲ သေရက်ထားခဲ့တဲ့ ရလဒ္ေတြကို အသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္က သေဘာက်ေနၿပီး ေႏြရာသီမွာ သူ႔အတြက္ ေဈးႀကီးေပးရမယ့္ နာမည္ႀကီး ကစားသမားတစ္ဦး ေခၚယူေပးမယ္လို႔ ဆိုထားေၾကာင္း သတင္းထြက္ေပၚလာ။

– အ႐ြယ္ေကာင္းနဲ႔ အေတြ႕အႀကဳံေကာင္းေတြကို ပိုင္ဆိုင္ထားတဲ့ ေနာက္ခံလူ ေဒးဗစ္ အလာဘာဟာ အသင္းတစ္သင္းကို တစ္ဆင့္ ျမင့္ေအာင္ ကူညီေပးႏိုင္မယ့္ ကစားသမားမ်ိဳးျဖစ္လို႔ ခ်ဲလ္ဆီးတို႔အတြက္ ေခၚယူဖို႔ အစြမ္းကုန္ႀကိဳးစားရဖြယ္ရွိေနၿပီး ရီးရဲလ္မက္ဒရစ္၊ မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္တို႔ကို အဓိက ၿပိဳင္ဆိုင္ရမွာျဖစ္ေၾကာင္း Daily Star ေရးသား။

– ၂၀၂၁-၂၂ ရာသီမွာ အာလင္း ဟားလန္းကို ဆက္လက္အသုံးျပဳႏိုင္ဖို႔ မိမိတို႔အေနနဲ႔ အတတ္ႏိုင္ဆုံး ႀကိဳးစားသြားမွာျဖစ္တယ္လို႔ ေဒါ့မြန္ အားကစားဒါ႐ိုက္တာ မီရွာေအးလ္ ေဇာ့ခ္က ေျပာၾကားလိုက္တဲ့အတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူ႔အတြက္ မူလတန္ေၾကးထက္ ျမင့္မားတဲ့ ယူ႐ိုသန္း ၁၁၀ ေလာက္အထိ အသုံးျပဳရႏိုင္တယ္လို႔ ခန႔္မွန္းေနၾက။

– ေဒါ့မြန္အသင္းမွာ အတူလက္တြဲခဲ့ဖူးတဲ့ နည္းျပ တူဟယ္လ္ ေရာက္လာခဲ့အၿပီးမွာ ေတာင္ပံတိုက္စစ္မႉး ခရစၥတီယန္ ပူလီရွစ္ခ်္ရဲ႕ အခန္း က႑က ျမင့္မားလာေတာ့မယ္လို႔ အားလုံးက ေတြးထင္ခဲ့ၾကေပမယ့္ လမ္းပတ္သားလို႔ ေခၚခဲ့ၾကတဲ့ ေမဆန္ေမာင့္ေနာက္မွာ အရန္အျဖစ္ ေနရာေပ်ာက္ဆုံးေနခဲ့ၿပီး ၃-၄-၂-၁ ကစားကြက္မွာ တျဖည္းျဖည္း ေဘးေရာက္လာတာကို အံ့အားသင့္ေနၾက။

– လမ္းပတ္နဲ႔ တူဟယ္လ္ရဲ႕ အသင္းကို ကိုင္တြယ္ပုံေတြထဲက ကြာျခားခ်က္တစ္ခုက ဂ်ာမန္သားဟာ ထရိန္နင္မွာ သူကိုယ္တိုင္ ပါဝင္ ၫႊန္ၾကားေနတာျဖစ္ၿပီး အသင္းေခါင္းေဆာင္ေဟာင္းကေတာ့ ဂ်ိဳဒီ ေမာရစ္၊ အန္ေထာ္နီ ဘယ္ရီနဲ႔ ဂ်ိဳး အက္ဒ္ဝပ္တို႔ကို ပါဝင္ေစၿပီး သူက ေဘးကေန ေစာင့္ၾကည့္ေလ့လာေနတာပဲျဖစ္တယ္လို႔ အက္သလက္တစ္ ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.