Premier League

မန္ခ်က္စတာဒါဘီဟာ ဒါဘီပြဲနဲ႔ မတူေတာ့ဘူးလို႔ စကိုင္းစပုိ႔စ္တင္ဆက္သူေတြ ေဝဖန္

စကိုင္းစပုိ႔စ္ရဲ႕ အစီအစဥ္တင္ဆက္သူေတြျဖစ္ၾကတဲ့ မန္ခ်က္စတာယူႏုိက္တက္ကစားသမားေဟာင္း ဂယ္ရီ နဗီးလ္နဲ႔ မန္ခ်က္စတာစီးတီး ကစားသမားေဟာင္း မီကာ ရစ္ခ်တ္တုိ႔က မေန႔ညက ကစားခဲ့တဲ့ ဒါဘီပြဲဟာ သူတုိ႔ေတြ အရင္က ၾကည့္ခဲ့ဖူးတဲ့ ပြဲစဥ္ေတြနဲ႔ အရမ္းကို ကြာျခားေနတယ္လို႔ သုံးသပ္ေျပာၾကားလုိက္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ တစ္ဖက္သတ္ ေဘာလုံးကိုင္ၿပီး ဖိကစားခဲ့တယ္လုိ႔ ဆုိလို႔ရတဲ့ ပြဲစဥ္မွာ ထိေရာက္တဲ့ တုိက္စစ္ပုံေဖာ္မွဳေတြကိုေတာ့ လုပ္ေဆာင္ႏုိင္မွဳ နည္းခဲ့သလို အိမ္ရွင္ယူႏုိက္တက္ဘက္က က်စ္လ်စ္တဲ့ ခံစစ္ကစားပုံကိုလည္း မေက်ာ္ႏိုင္ခဲ့ဘဲ ကစားသမားေတြရဲ႕ ဆာေလာင္မွဳ ေပ်ာက္ဆုံးေနခဲ့တယ္လုိ႔လည္း သူတုိ႔က ဆုိပါတယ္။

“ဒါက ေတာ္ေတာ္ဆုိးပါတယ္ဗ်ာ။ ဒီေန႔ပြဲရဲ႕ ပုံစံက ကၽြန္ေတာ္တုိ႔ သိထားတဲ့ မန္ခ်က္စတာဒါဘီနဲ႔ ဘာမွ မဆုိင္ေတာ့ပါဘူး။ ၿပဳိင္ဆုိင္မွဳေတြနဲ႔ အျပန္အလွန္ရင္ဆုိင္မွဳေတြ နည္းခဲ့သလို မန္စီးတီးအေနနဲ႔ ေဘာလုံးကိုင္ထားေပမယ့္ ဘာမွ မယ္မယ္ရရလုပ္မျပႏုိင္ပါဘူး။ စီးတီးပရိသတ္တစ္ေယာက္ အေနနဲ႔ေတာ့ ဒါက စိတ္ပ်က္စရာျဖစ္ၿပီး သူတုိ႔မွာ ႏုိင္လိုစိတ္နဲ႔ ပြဲအေပၚ ဆာေလာင္မွဳက ေပ်ာက္ဆုံးေနခဲ့တယ္”လို႔ မန္စီးတီးမွာ ဆယ္ႏွစ္ၾကာ ကစားခဲ့တဲ့ ရစ္ခ်တ္က ဆုိပါတယ္။

မန္ခ်က္စတာစီးတီးအသင္းရဲ႕ တစ္ဂိုးရွဳံးနိမ့္ေနခ်ိန္မွာ ကစားခဲ့တဲ့ တုိက္စစ္ကစားဟန္အတြက္လည္း ရစ္ခ်တ္က ေမးခြန္းထုတ္သြားခဲ့ၿပီး အသင္းအေနနဲ႔ ဒီလို ဒါဘီပြဲမ်ဳိးမွာ ဂိုးရလိုစိတ္ ေပ်ာက္ဆုံးေနခဲ့တာက ဆုိးရြားၿပီး ဒါဘီပြဲဆုိတာ ဒီလိုမ်ဳိးလို႔ တစ္ခါမွ မထင္ခဲ့ဖူးဘူးလို႔လည္း ဂြါဒီယိုလာရဲ႕ အသင္းအေပၚ ေဝဖန္လုိက္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ ဂယ္ရီ နဗီးလ္ကေတာ့ သူ႕အျမင္မွာ ဒီပြဲအေနနဲ႔ တစ္စုံတစ္ရာ ေပ်ာက္ဆုံးၿပီး လိုအပ္ခ်က္ရွိေနခဲ့တယ္လို႔ အဓိကအားျဖင့္ေတာ့ ဒါဟာ ဧည့္သည္ မန္စီးတီးအသင္းဘက္က လိုအပ္ခ်က္ျဖစ္ေၾကာင္းနဲ႔ အိမ္ရွင္ေတြအတြက္ေတာ့ ဒီေန႔ႏုိင္ပြဲဟာ ဥေရာပဝင္ခြင့္ အတြက္ ယုံၾကည္မွဳ တုိးတက္ေစခဲ့တယ္လုိ႔လည္း သုံးသပ္သြားခဲ့ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: စကိုင်းစပို့စ်ရဲ့ အစီအစဉ်တင်ဆက်သူတွေဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီ နဗီးလ်နဲ့ မန်ချက်စတာစီးတီး ကစားသမားဟောင်း မီကာ ရစ်ချတ်တို့က မနေ့ညက ကစားခဲ့တဲ့ ဒါဘီပွဲဟာ သူတို့တွေ အရင်က ကြည့်ခဲ့ဖူးတဲ့ ပွဲစဉ်တွေနဲ့ အရမ်းကို ကွာခြားနေတယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ တစ်ဖက်သတ် ဘောလုံးကိုင်ပြီး ဖိကစားခဲ့တယ်လို့ ဆိုလို့ရတဲ့ ပွဲစဉ်မှာ ထိရောက်တဲ့ တိုက်စစ်ပုံဖော်မှုတွေကိုတော့ လုပ်ဆောင်နိုင်မှု နည်းခဲ့သလို အိမ်ရှင်ယူနိုက်တက်ဘက်က ကျစ်လျစ်တဲ့ ခံစစ်ကစားပုံကိုလည်း မကျော်နိုင်ခဲ့ဘဲ ကစားသမားတွေရဲ့ ဆာလောင်မှု ပျောက်ဆုံးနေခဲ့တယ်လို့လည်း သူတို့က ဆိုပါတယ်။

“ဒါက တော်တော်ဆိုးပါတယ်ဗျာ။ ဒီနေ့ပွဲရဲ့ ပုံစံက ကျွန်တော်တို့ သိထားတဲ့ မန်ချက်စတာဒါဘီနဲ့ ဘာမှ မဆိုင်တော့ပါဘူး။ ပြိုင်ဆိုင်မှုတွေနဲ့ အပြန်အလှန်ရင်ဆိုင်မှုတွေ နည်းခဲ့သလို မန်စီးတီးအနေနဲ့ ဘောလုံးကိုင်ထားပေမယ့် ဘာမှ မယ်မယ်ရရလုပ်မပြနိုင်ပါဘူး။ စီးတီးပရိသတ်တစ်ယောက် အနေနဲ့တော့ ဒါက စိတ်ပျက်စရာဖြစ်ပြီး သူတို့မှာ နိုင်လိုစိတ်နဲ့ ပွဲအပေါ် ဆာလောင်မှုက ပျောက်ဆုံးနေခဲ့တယ်”လို့ မန်စီးတီးမှာ ဆယ်နှစ်ကြာ ကစားခဲ့တဲ့ ရစ်ချတ်က ဆိုပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ တစ်ဂိုးရှုံးနိမ့်နေချိန်မှာ ကစားခဲ့တဲ့ တိုက်စစ်ကစားဟန်အတွက်လည်း ရစ်ချတ်က မေးခွန်းထုတ်သွားခဲ့ပြီး အသင်းအနေနဲ့ ဒီလို ဒါဘီပွဲမျိုးမှာ ဂိုးရလိုစိတ် ပျောက်ဆုံးနေခဲ့တာက ဆိုးရွားပြီး ဒါဘီပွဲဆိုတာ ဒီလိုမျိုးလို့ တစ်ခါမှ မထင်ခဲ့ဖူးဘူးလို့လည်း ဂွါဒီယိုလာရဲ့ အသင်းအပေါ် ဝေဖန်လိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ဂယ်ရီ နဗီးလ်ကတော့ သူ့အမြင်မှာ ဒီပွဲအနေနဲ့ တစ်စုံတစ်ရာ ပျောက်ဆုံးပြီး လိုအပ်ချက်ရှိနေခဲ့တယ်လို့ အဓိကအားဖြင့်တော့ ဒါဟာ ဧည့်သည် မန်စီးတီးအသင်းဘက်က လိုအပ်ချက်ဖြစ်ကြောင်းနဲ့ အိမ်ရှင်တွေအတွက်တော့ ဒီနေ့နိုင်ပွဲဟာ ဥရောပဝင်ခွင့် အတွက် ယုံကြည်မှု တိုးတက်စေခဲ့တယ်လို့လည်း သုံးသပ်သွားခဲ့ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.