Premier League Transfer News

4 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ တည်ငြိမ်မှု မရှိတဲ့ အသင်းရဲ့ တိုက်စစ်ကို ပိုမိုအလေးထားသင့်ပြီး အူဘာမီယန်းနဲ့ လာကာဇက်တို့နေရာမှာ မာတီနယ်လီကို ပိုမိုနေရာပေးသင့်သလို ကောင်းတဲ့အချိန် ကောင်းပေမယ့် အသင်းကို အမှတ်ဆုံးရှုံးအောင်လုပ်တာများတဲ့ ချာကာနဲ့ ဒေးဗစ် လူးဝစ်ဇ်တို့ကိုလည်း အမြန်ဆုံး အစားထိုးသင့်ပြီလို့ ပရိသတ်တွေ တိုက်တွန်းနေကြ။

– အသင်းရဲ့ ယူရိုပါလိဂ်လူစာရင်းကို ရာသီဝက် ပြောင်းလဲတင်သွင်းရာမှာ အိုက်စလန်ဂိုးသမား အဲလက်စ် ရူနာဆန်ကို ဖယ်ရှားခဲ့ပြီး ပထမအသင်းအတွက် ခွင့်ပြုထားတဲ့ ငယ်မွေးခြံပေါက်မဟုတ်တဲ့ ကစားသမားတွေကို လဲလှယ်ခဲ့ရာမှာ မာတီနယ်လီ၊ ရိုင်ယန်နဲ့ အော်ဒီဂွါဒ်တို့ ပါဝင်လာ။

– ဒေးလီးမေးလ်မှာ ပုံမှန်ရေးသားနေကျ ဒိုင်လူကြီးဟောင်း မာ့ခ် ကလက်တန်ဘတ်ရဲ့ အနီကတ်မဖြစ်သင့်ကြောင်း တရားဝင်ထောက်ခံမှုအပြီးမှာ အာဆင်နယ်အသင်းအနေနဲ့ ဒေးဗစ် လူးဝစ်ဇ်ရဲ့ ထုတ်ပယ်ခံရမှုနဲ့ ပွဲပယ်မှုတွေအတွက် အက်ဖ်အေဆီ အယူခံဝင်သွားဖို့ လုပ်ဆောင်နေ။

– လီဗာပူးလ်အသင်းကို အန်းဖီးလ်မှာ အနိုင်ယူခဲ့တဲ့ ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားကိုသာ ရရှိလိုက်ရင် ငါတို့ကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်တော့ဘူးလို့ အာဆင်နယ်ပရိသတ်တွေက သူတို့ရဲ့ မျှော်လင့်ချက်တွေနဲ့အတူ အသင်းကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ကြ။

– ဆောင်းရာသီမှာ ချန်ပီယံရှစ်အသင်းတွေဆီ အငှားထွက်မကစားဘဲ ဂျာမနီကို ရွေးချယ်ဖို့ ကြိုးစားခဲ့သလို အလှမ်းကျယ် အလယ်လပ် ဖြစ်ပြီး မအောင်မြင်ဘဲ အသင်းမှာ ဆက်ရှိနေခဲ့တဲ့ တောင်ပံကစားသမား ရီးစ် နယ်လ်ဆန်အတွက် စိတ်ပူမိကြောင်း အသင်းဂန္ထဝင် အီယန်ရိုက်ပြောကြား။

– စတိဗ် ဘရုစ်နဲ့ ပထမဆုံး တွေ့ဆုံစဉ်မှာ အံ့အားသင့်ခဲ့ရပြီး အခုလိုမျိုး တွေ့တွေ့ချင်းမှာ သူ့ကို ဘယ်လိုမျိုး သုံးစွဲမယ်လို့ တိတိကျကျနဲ့ ပြည့်ပြည့်စုံစုံ ပြောနိုင်တဲ့ နည်းပြမျိုး အရင်က မတွေ့ဖူးကြောင်း နယူးကာဆယ်လ်ရောက် ဂျိုး ဝီလော့ခ်က အာဆင်နယ်က အခြေအနေနဲ့ နှိုင်းယှဉ်သုံးသပ်သွားခဲ့။

– ကစားသမားတွေက အနီကတ်တွေနဲ့ ယဉ်ပါးနေရတာကို စိတ်ပျက်နေကြတဲ့ အာဆင်နယ်ပရိသတ်တွေအတွက် ပိုမိုစိတ်ပျက်စရာအဖြစ် အက်ဒီ နကီးတီးယားနဲ့ အီမီးလ် စမစ်ရိုးတို့ကို ထုတ်ပယ်ခဲ့ဖူးတဲ့ ဒိုင်လူကြီး ခရစ္စ ကာဗန်းနားနဲ့ အဝေးကွင်း အက်စ်တန်ဗီလာပွဲမှာ တွေ့ဆုံရမှာဖြစ်တဲ့အတွက် စိုးရိမ်နေကြ။

– လာမယ့်တစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီမှာ သူတို့ရဲ့ အသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်ကို နွေရာသီမှာ ပေါင်သန်း ၁၀၀ လောက်နဲ့ ခေါ်ယူဖို့ တိုက်တွန်းနေတဲ့ အာဆင်နယ်ပရိသတ်တွေကို ပမာဏက နည်းလွန်းသေးတယ်လို့ အက်စ်တန်ဗီလာပရိသတ်တွေ တွစ်တာက ပြန်လည်လှောင်ပြောင်။

– ဝုလ်ဗ်စ်ကို ရှုံးတဲ့ ပွဲရဲ့ ပထမပိုင်းအပြီး သရေကျနေချိန်မှာ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ထုတ်ပြီး တစ်ဖက်အသင်းကို အသာစီးရအောင် လုပ်ပေးခဲ့တဲ့ နည်းပြ မီခယ်လ် အာတီတာရဲ့ လူစားလဲမှုကို အာဆင်နယ်ကွင်းလယ်လူဟောင်း အီမန်ညူယယ်လ် ဖရင်မ်ပေါင်က မေးခွန်းထုတ်သွားခဲ့။

– အာဆင်နယ်ကွင်းလယ်လူဟောင်းနဲ့ စကိုင်းစပို့စ်တင်ဆက်သူ ပေါလ် မာဆန်က ဝုလ်ဗ်စ်နဲ့ပွဲက သရေကျနေချိန်နဲ့ ရှုံးနိမ့်နေချိန်တွေမှာ တိုက်စစ်မှူးနေရာမှာ ဘယ်သူမှ ထားကစားခြင်းမရှိခဲ့ဘဲ အူဘာမီယန်းကို ဘယ်တောင်ပံမှာ ခံစစ်ကူခိုင်းခဲ့တဲ့ အာတီတာရဲ့ နည်းစနစ်ဟာ အသင်းအတွက် စိုးရိမ်စရာလို့ ဝေဖန်။

– ဂျူဗင်တပ်စ်ကွင်းလယ်လူ အာရွန် ရမ်ဆေးအနေနဲ့ စီးရီးအေမှာ ပိုမိုတိုးတက်မြင့်မားလာတဲ့ ခြေစွမ်းနဲ့ အတွေ့အကြုံတွေကို ယူဆောင်ပြီး အာဆင်နယ်အသင်းမှာ တစ်ကျော့ပြန် ကစားပေးဦးမယ်လို့ ယုံကြည်နေကြောင်း အသင်းရဲ့ Invincible ဂန္ထဝင် ရောဘတ် ပီရက်စ်က မျှော်လင့်တောင်းဆိုသွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ ရှုံးပွဲတွေက ပြန်ထွက်လာပြီး ဆက်တိုက်အနိုင်ယူခဲ့တဲ့ ခြေစွမ်းမျိုးကို ခြေချော်လက်ချော်မဖြစ်ဘဲ ဆက်လက် ထိန်းသိမ်းပြီး တည်ငြိမ်မှုကို ပြသနိုင်ခဲ့ရင် အဆင့် ၅ အတွင်းကို ကောင်းကောင်းဝင်နိုင်တယ်လို့ ဂန္ထဝင်ဂိုးသမားကြီး ဒေးဗစ် ဆီးမန်း အားပေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ တည္ၿငိမ္မႈ မရွိတဲ့ အသင္းရဲ႕ တိုက္စစ္ကို ပိုမိုအေလးထားသင့္ၿပီး အူဘာမီယန္းနဲ႔ လာကာဇက္တို႔ေနရာမွာ မာတီနယ္လီကို ပိုမိုေနရာေပးသင့္သလို ေကာင္းတဲ့အခ်ိန္ ေကာင္းေပမယ့္ အသင္းကို အမွတ္ဆုံးရႈံးေအာင္လုပ္တာမ်ားတဲ့ ခ်ာကာနဲ႔ ေဒးဗစ္ လူးဝစ္ဇ္တို႔ကိုလည္း အျမန္ဆုံး အစားထိုးသင့္ၿပီလို႔ ပရိသတ္ေတြ တိုက္တြန္းေနၾက။

– အသင္းရဲ႕ ယူ႐ိုပါလိဂ္လူစာရင္းကို ရာသီဝက္ ေျပာင္းလဲတင္သြင္းရာမွာ အိုက္စလန္ဂိုးသမား အဲလက္စ္ ႐ူနာဆန္ကို ဖယ္ရွားခဲ့ၿပီး ပထမအသင္းအတြက္ ခြင့္ျပဳထားတဲ့ ငယ္ေမြးၿခံေပါက္မဟုတ္တဲ့ ကစားသမားေတြကို လဲလွယ္ခဲ့ရာမွာ မာတီနယ္လီ၊ ႐ိုင္ယန္နဲ႔ ေအာ္ဒီဂြါဒ္တို႔ ပါဝင္လာ။

– ေဒးလီးေမးလ္မွာ ပုံမွန္ေရးသားေနက် ဒိုင္လူႀကီးေဟာင္း မာ့ခ္ ကလက္တန္ဘတ္ရဲ႕ အနီကတ္မျဖစ္သင့္ေၾကာင္း တရားဝင္ေထာက္ခံမႈအၿပီးမွာ အာဆင္နယ္အသင္းအေနနဲ႔ ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ ထုတ္ပယ္ခံရမႈနဲ႔ ပြဲပယ္မႈေတြအတြက္ အက္ဖ္ေအဆီ အယူခံဝင္သြားဖို႔ လုပ္ေဆာင္ေန။

– လီဗာပူးလ္အသင္းကို အန္းဖီးလ္မွာ အႏိုင္ယူခဲ့တဲ့ ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ဘ႐ိုက္တန္ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားကိုသာ ရရွိလိုက္ရင္ ငါတို႔ကို ဘယ္သူမွ တားဆီးႏိုင္မွာ မဟုတ္ေတာ့ဘူးလို႔ အာဆင္နယ္ပရိသတ္ေတြက သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြနဲ႔အတူ အသင္းကို ေခၚယူေပးဖို႔ ေတာင္းဆိုခဲ့ၾက။

– ေဆာင္းရာသီမွာ ခ်န္ပီယံရွစ္အသင္းေတြဆီ အငွားထြက္မကစားဘဲ ဂ်ာမနီကို ေ႐ြးခ်ယ္ဖို႔ ႀကိဳးစားခဲ့သလို အလွမ္းက်ယ္ အလယ္လပ္ ျဖစ္ၿပီး မေအာင္ျမင္ဘဲ အသင္းမွာ ဆက္ရွိေနခဲ့တဲ့ ေတာင္ပံကစားသမား ရီးစ္ နယ္လ္ဆန္အတြက္ စိတ္ပူမိေၾကာင္း အသင္းဂႏၴဝင္ အီယန္႐ိုက္ေျပာၾကား။

– စတိဗ္ ဘ႐ုစ္နဲ႔ ပထမဆုံး ေတြ႕ဆုံစဥ္မွာ အံ့အားသင့္ခဲ့ရၿပီး အခုလိုမ်ိဳး ေတြ႕ေတြ႕ခ်င္းမွာ သူ႔ကို ဘယ္လိုမ်ိဳး သုံးစြဲမယ္လို႔ တိတိက်က်နဲ႔ ျပည့္ျပည့္စုံစုံ ေျပာႏိုင္တဲ့ နည္းျပမ်ိဳး အရင္က မေတြ႕ဖူးေၾကာင္း နယူးကာဆယ္လ္ေရာက္ ဂ်ိဳး ဝီေလာ့ခ္က အာဆင္နယ္က အေျခအေနနဲ႔ ႏႈိင္းယွဥ္သုံးသပ္သြားခဲ့။

– ကစားသမားေတြက အနီကတ္ေတြနဲ႔ ယဥ္ပါးေနရတာကို စိတ္ပ်က္ေနၾကတဲ့ အာဆင္နယ္ပရိသတ္ေတြအတြက္ ပိုမိုစိတ္ပ်က္စရာအျဖစ္ အက္ဒီ နကီးတီးယားနဲ႔ အီမီးလ္ စမစ္႐ိုးတို႔ကို ထုတ္ပယ္ခဲ့ဖူးတဲ့ ဒိုင္လူႀကီး ခရစၥ ကာဗန္းနားနဲ႔ အေဝးကြင္း အက္စ္တန္ဗီလာပြဲမွာ ေတြ႕ဆုံရမွာျဖစ္တဲ့အတြက္ စိုးရိမ္ေနၾက။

– လာမယ့္တစ္ပတ္ ပရီးမီးယားလိဂ္ပြဲစဥ္မတိုင္မီမွာ သူတို႔ရဲ႕ အသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေႏြရာသီမွာ ေပါင္သန္း ၁၀၀ ေလာက္နဲ႔ ေခၚယူဖို႔ တိုက္တြန္းေနတဲ့ အာဆင္နယ္ပရိသတ္ေတြကို ပမာဏက နည္းလြန္းေသးတယ္လို႔ အက္စ္တန္ဗီလာပရိသတ္ေတြ တြစ္တာက ျပန္လည္ေလွာင္ေျပာင္။

– ဝုလ္ဗ္စ္ကို ရႈံးတဲ့ ပြဲရဲ႕ ပထမပိုင္းအၿပီး သေရက်ေနခ်ိန္မွာ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ထုတ္ၿပီး တစ္ဖက္အသင္းကို အသာစီးရေအာင္ လုပ္ေပးခဲ့တဲ့ နည္းျပ မီခယ္လ္ အာတီတာရဲ႕ လူစားလဲမႈကို အာဆင္နယ္ကြင္းလယ္လူေဟာင္း အီမန္ညဴယယ္လ္ ဖရင္မ္ေပါင္က ေမးခြန္းထုတ္သြားခဲ့။

– အာဆင္နယ္ကြင္းလယ္လူေဟာင္းနဲ႔ စကိုင္းစပို႔စ္တင္ဆက္သူ ေပါလ္ မာဆန္က ဝုလ္ဗ္စ္နဲ႔ပြဲက သေရက်ေနခ်ိန္နဲ႔ ရႈံးနိမ့္ေနခ်ိန္ေတြမွာ တိုက္စစ္မႉးေနရာမွာ ဘယ္သူမွ ထားကစားျခင္းမရွိခဲ့ဘဲ အူဘာမီယန္းကို ဘယ္ေတာင္ပံမွာ ခံစစ္ကူခိုင္းခဲ့တဲ့ အာတီတာရဲ႕ နည္းစနစ္ဟာ အသင္းအတြက္ စိုးရိမ္စရာလို႔ ေဝဖန္။

– ဂ်ဴဗင္တပ္စ္ကြင္းလယ္လူ အာ႐ြန္ ရမ္ေဆးအေနနဲ႔ စီးရီးေအမွာ ပိုမိုတိုးတက္ျမင့္မားလာတဲ့ ေျခစြမ္းနဲ႔ အေတြ႕အႀကဳံေတြကို ယူေဆာင္ၿပီး အာဆင္နယ္အသင္းမွာ တစ္ေက်ာ့ျပန္ ကစားေပးဦးမယ္လို႔ ယုံၾကည္ေနေၾကာင္း အသင္းရဲ႕ Invincible ဂႏၴဝင္ ေရာဘတ္ ပီရက္စ္က ေမွ်ာ္လင့္ေတာင္းဆိုသြားခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ ရႈံးပြဲေတြက ျပန္ထြက္လာၿပီး ဆက္တိုက္အႏိုင္ယူခဲ့တဲ့ ေျခစြမ္းမ်ိဳးကို ေျခေခ်ာ္လက္ေခ်ာ္မျဖစ္ဘဲ ဆက္လက္ ထိန္းသိမ္းၿပီး တည္ၿငိမ္မႈကို ျပသႏိုင္ခဲ့ရင္ အဆင့္ ၅ အတြင္းကို ေကာင္းေကာင္းဝင္ႏိုင္တယ္လို႔ ဂႏၴဝင္ဂိုးသမားႀကီး ေဒးဗစ္ ဆီးမန္း အားေပး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.