Match Report Premier League

ချန်ပီယံဆုအတွက် အတည်ငြိမ်ဆုံးပုံစံနဲ့ အမှတ်ပြန်ဖြတ်လိုက်တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဘန်လေကို အဝေးကွင်းမှာ အမှားအယွင်းမရှိဘဲ တည်ငြိမ်တဲ့ ပုံစံနဲ့ အနိုင်ကစားခဲ့ပြီး ပြိုင်ဘက်တွေရဲ့ ခြေချော်မှုကို လက်ထဲမှာ ပိုင်ဆိုင်ထားတဲ့ ပွဲကျန်တွေနဲ့အတူ အသုံးချနိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်မှာ အမှတ်ဖြတ်ပြီး ရပ်တည်နေနိုင်ခဲ့ပါတယ်။

အရင်ပွဲတွေမှာ အနားပေးထားခဲ့တဲ့ ကစားသမားတွေကို အပြည့်အဝ ပြန်လည်အသုံးပြုလာခဲ့တဲ့ မန်ချက်စတာစီးတီးတို့အနေနဲ့ စကတည်းက တိုက်စစ်ဆင်ကစားခဲ့သလို ပွဲချိန် ၃ မိနစ်မှာကတည်းက ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဘာနာဒို ဆေးလ်ဗားရဲ့ ကန်ချက်ကို နစ်ခ် ပုပ်ရဲ့ ကာကွယ်ပုံ မမှန်တာက တစ်ဆင့် ပြန်ထွက်လာတဲ့ ဘောလုံးကို ဂျေဆူးစ်က အနီးကပ် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ မာရက်ဇ်ရဲ့ လှလှပပ ပြေးထွက်သွားခဲ့တဲ့ ထိုးဖောက်မှုနဲ့ ကန်ချက်ကို နစ်ခ် ပုပ် ကာကွယ်နိုင်ခဲ့သလို စတာလင်ရဲ့ တန်ပြန်တိုက်စစ်က စွမ်းဆောင်မှုတွေကိုတော့ ဘန်လေခံစစ်က စုစည်းဖျက်ထုတ်သွားနိုင်ခဲ့လို့ စီးတီးတို့ ဂိုးထပ်မရဘဲ ရှိနေပါတယ်။

ပွဲချိန် ၃၇ မိနစ်အထိ ဒုတိယဂိုး ထပ်ရဖို့ စောင့်ဆိုင်းခဲ့ရပြီး ဒီဂိုးကိုတော့ ညာတောင်ပံက ဘောလုံးကိုင်ထားတဲ့ မာရက်ဇ်က မျှောထိုးပေးရာမှာ ပြီးခဲ့တဲ့ပွဲတွေမှာ ဆက်တိုက်ဂိုးသွင်းနေခဲ့တဲ့ ဂွန်ဒိုးဝမ်က အနိမ့်ဘောဖြတ်ချိုးပေးခဲ့ပြီး စတာလင်က နောက်တန်းနှစ်ယောက်ကြားက ပြေးဝင်ပိတ်သွင်းခဲ့လို့ ပထမပိုင်းမှာ စီးတီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဂွန်ဒိုးဝမ်ရဲ့ ကန်ချက် လွဲချော်ခဲ့သလို စတာလင်ကလည်း မာရက်ဇ်ကို ပေးသင့်တဲ့ ဘောလုံးကို တစ်ကိုယ်ကောင်းဆန်ပြီး ကန်သွင်းခဲ့လို့ တတိယဂိုးနဲ့ ဝေးခဲ့ရပြီး ခြေစွမ်းပြနေခဲ့တဲ့ မာရက်ဇ်ကတော့ တစ်ဂိုးသွင်းယူခဲ့ပေမယ့် VAR အရ လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရပါတယ်။

လက်ကျန်အချိန်တွေမှာ စတာလင်နဲ့ ဂျေဆူးစ်တို့ အခွင့်အရေးတွေကို ဖြုန်းတီးသွားခဲ့လို့ စီးတီးတို့ ဂိုးထပ်မရတော့ဘဲ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး အဝေးကွင်းက တစ်ဖက်သတ်ကစားနိုင်ခဲ့တဲ့ နိုင်ပွဲကတော့ ဒီလောက်နဲ့လည်း ပရိသတ်တွေကို ကျေနပ်စေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာစီးတီးတို့အနေနဲ့ မြို့ခံပြိုင်ဘက်ရဲ့ ဂိုးပြတ်နိုင်ပွဲနဲ့ ဖိအားပေးမှုကို အမှားအယွင်းမရှိ အကောင်းဆုံး တုံ့ပြန်သွားနိုင်ခဲ့သလို လက်ထဲမှာ ပွဲကျန်တစ်ပွဲနဲ့ ၃ မှတ် ပြန်ဖြတ်လိုက်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တစ်ကျော့ပြန် သိမ်းပိုက်ရယူဖို့ ဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဘန္ေလကို အေဝးကြင္းမွာ အမွားအယြင္းမရွိဘဲ တည္ၿငိမ္တဲ့ ပုံစံနဲ႔ အႏိုင္ကစားခဲ့ၿပီး ၿပိဳင္ဘက္ေတြရဲ႕ ေျခေခ်ာ္မႈကို လက္ထဲမွာ ပိုင္ဆိုင္ထားတဲ့ ပြဲက်န္ေတြနဲ႔အတူ အသုံးခ်ႏိုင္ခဲ့ၿပီး အမွတ္ေပးဇယားထိပ္မွာ အမွတ္ျဖတ္ၿပီး ရပ္တည္ေနႏိုင္ခဲ့ပါတယ္။

အရင္ပြဲေတြမွာ အနားေပးထားခဲ့တဲ့ ကစားသမားေတြကို အျပည့္အဝ ျပန္လည္အသုံးျပဳလာခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ စကတည္းက တိုက္စစ္ဆင္ကစားခဲ့သလို ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက ဦးေဆာင္ဂိုး စတင္ရရွိခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ဘာနာဒို ေဆးလ္ဗားရဲ႕ ကန္ခ်က္ကို နစ္ခ္ ပုပ္ရဲ႕ ကာကြယ္ပုံ မမွန္တာက တစ္ဆင့္ ျပန္ထြက္လာတဲ့ ေဘာလုံးကို ေဂ်ဆူးစ္က အနီးကပ္ ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ မာရက္ဇ္ရဲ႕ လွလွပပ ေျပးထြက္သြားခဲ့တဲ့ ထိုးေဖာက္မႈနဲ႔ ကန္ခ်က္ကို နစ္ခ္ ပုပ္ ကာကြယ္ႏိုင္ခဲ့သလို စတာလင္ရဲ႕ တန္ျပန္တိုက္စစ္က စြမ္းေဆာင္မႈေတြကိုေတာ့ ဘန္ေလခံစစ္က စုစည္းဖ်က္ထုတ္သြားႏိုင္ခဲ့လို႔ စီးတီးတို႔ ဂိုးထပ္မရဘဲ ရွိေနပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္အထိ ဒုတိယဂိုး ထပ္ရဖို႔ ေစာင့္ဆိုင္းခဲ့ရၿပီး ဒီဂိုးကိုေတာ့ ညာေတာင္ပံက ေဘာလုံးကိုင္ထားတဲ့ မာရက္ဇ္က ေမွ်ာထိုးေပးရာမွာ ၿပီးခဲ့တဲ့ပြဲေတြမွာ ဆက္တိုက္ဂိုးသြင္းေနခဲ့တဲ့ ဂြန္ဒိုးဝမ္က အနိမ့္ေဘာျဖတ္ခ်ိဳးေပးခဲ့ၿပီး စတာလင္က ေနာက္တန္းႏွစ္ေယာက္ၾကားက ေျပးဝင္ပိတ္သြင္းခဲ့လို႔ ပထမပိုင္းမွာ စီးတီးတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဂြန္ဒိုးဝမ္ရဲ႕ ကန္ခ်က္ လြဲေခ်ာ္ခဲ့သလို စတာလင္ကလည္း မာရက္ဇ္ကို ေပးသင့္တဲ့ ေဘာလုံးကို တစ္ကိုယ္ေကာင္းဆန္ၿပီး ကန္သြင္းခဲ့လို႔ တတိယဂိုးနဲ႔ ေဝးခဲ့ရၿပီး ေျခစြမ္းျပေနခဲ့တဲ့ မာရက္ဇ္ကေတာ့ တစ္ဂိုးသြင္းယူခဲ့ေပမယ့္ VAR အရ လူကြၽံေနလို႔ ပယ္ဖ်က္ခံခဲ့ရပါတယ္။

လက္က်န္အခ်ိန္ေတြမွာ စတာလင္နဲ႔ ေဂ်ဆူးစ္တို႔ အခြင့္အေရးေတြကို ျဖဳန္းတီးသြားခဲ့လို႔ စီးတီးတို႔ ဂိုးထပ္မရေတာ့ဘဲ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ၿပီး အေဝးကြင္းက တစ္ဖက္သတ္ကစားႏိုင္ခဲ့တဲ့ ႏိုင္ပြဲကေတာ့ ဒီေလာက္နဲ႔လည္း ပရိသတ္ေတြကို ေက်နပ္ေစႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ရဲ႕ ဂိုးျပတ္ႏိုင္ပြဲနဲ႔ ဖိအားေပးမႈကို အမွားအယြင္းမရွိ အေကာင္းဆုံး တုံ႔ျပန္သြားႏိုင္ခဲ့သလို လက္ထဲမွာ ပြဲက်န္တစ္ပြဲနဲ႔ ၃ မွတ္ ျပန္ျဖတ္လိုက္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ တစ္ေက်ာ့ျပန္ သိမ္းပိုက္ရယူဖို႔ ဇယားထိပ္ဆုံးမွာ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.