Match Report Premier League

အိမ်ကွင်းမှာ ဂိုးမရသေးဘဲ ဘရိုက်တန်ကို ရှုံးပြီး နောက်တစ်ကြိမ် ခြေချော်ခဲ့ပြန်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဒဏ်ရာပြဿနာရှိနေတဲ့ ဆာဒီယို မာနေးကို ချန်လှပ်ထားခဲ့ပြီး ဆာလားနဲ့ ဖာမီနိုတို့ကို ရှာကျီရီနဲ့ ရှေ့မှာ တွဲပေးခဲ့ပြီး ကွင်းလယ်ကတော့ အပြောင်းအလဲမရှိခဲ့သလို ခံစစ်မှာတော့ ဖိလစ်ကို ဟန်ဒါဆန်နဲ့တွဲပြီး ဆက်လက်ပွဲထုတ်လာခဲ့ပါတယ်။

စပါးစ်ကို အနိုင်ယူပြီးကတည်းက အိမ်ကွင်းမှာ နိုင်ပွဲမရသေးပေမယ့် နောက်ဆုံးနှစ်ပွဲမှာ လန်ဒန်အသင်းတွေကို အဝေးကွင်းမှာ ဆက်တိုက် အနိုင်ရထားတဲ့ ခြေစွမ်းအရ လီဗာပူးလ်တို့ကို ပရိသတ်တွေက မျှော်လင့်ထားခဲ့ပေမယ့် ထင်မှတ်မထားလောက်အောင်ပဲ သူတို့ရဲ့ အဆုံးသတ်စွမ်းရည်က ဆိုးရွားနေခဲ့ပါတယ်။

စောစောစီးစီးမှာကတည်းက ဆာလားက တစ်လုံးစဖြုန်းခဲ့သလို ဘရိုက်တန်တို့ကတော့ ထိရောက်တဲ့ ကောင်တာတွေနဲ့ လီဗာပူးလ် နောက်တန်းကို ဖိအားပေးခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် အပိုင်အခွင့်အရေးတွေကတော့ များများစားစား မရခဲ့သေးလို့ ပထမပိုင်းကတော့ သိပ်ပြီး ကြည့်မကောင်းဘူးဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လီဗာပူးလ်တို့ ဖိကစားလာပေမယ့် လူးဝစ္စ ဒန့်ခ်နဲ့ ဘရိုက်တန်နောက်တန်းက တောင့်ခံထားနိုင်ခဲ့သလို အိမ်ရှင်တွေရဲ့ ပေးပို့မှု တွေကလည်း ပြီးခဲ့တဲ့ ပွဲတွေမှာလိုမျိုး တိတိကျကျ မဖြစ်ခဲ့လို့ ဖာမီနိုနဲ့ ဆာလားတို့ အသုံးချဖို့ ရုန်းကန်နေခဲ့ရပြီး ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာတော့ ဘရိုက်တန်တို့ တိုက်စစ်ဆင်လာခဲ့ပြီး ညာခြမ်းက မာ့ချ်ရဲ့ ဖြတ်တင်ဘောကို ဘယ်ခြမ်းက ပြေးတက်လာတဲ့ ဒန်ဘန်း ခေါင်းတိုက်ချပေးတာကတစ်ဆင့် ထရော့ဆတ်က ထိန်းဖို့ ကြိုးစားနေတုန်းမှာပဲ အယ်လ်ဇာတေက ပြေးဝင်ကန်သွင်းသွားခဲ့ရာမှာ ဂိုးသမား ကယ်လေဟာ အငိုက်မိသွားခဲ့ပြီး ဂိုးပေးခဲ့ရပါတယ်။

အာနိုးလ်ဒ်ရဲ့ ဖြတ်တင်ဘောတွေကို ဆာလားက အသုံးချနိုင်ခြင်း မရှိချိန်မှာ နည်းပြ ကလော့ပ်က အိုရီဂီကို ထည့်သွင်းခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့သလို ဘရိုက်တန်ရဲ့ တိုက်စစ်ဆင်မှုတွေကိုတောင် တစ်ချက်တစ်ချက်မှာ အသည်းအသန် ကာကွယ်နေခဲ့ရပြီး ဂိုးသမား ကယ်လေဟာနဲ့ နောက်ခံလူ ဟန်ဒါဆန်တို့ ကောင်းခဲ့လို့သာ ဂိုးထပ်မပေးခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လီဗာပူးလ်တို့အနေနဲ့ ဘရိုက်တန်ကို ဘောလုံးပိုင်ဆိုင်မှု ၆၄ ရာခိုင်နှုန်းနဲ့ ဖိကစားခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၁ ကြိမ် ရရှိခဲ့ပေမယ့် တစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ အိမ်ကွင်းမှာ သုံးပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးမှုနဲ့အတူ လေးပွဲဆက်တိုက် အနိုင်မရဘဲ နှစ်ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပြီး လက်စတာရဲ့ ပြန်ကျော်တက်ခြင်းကို ခံခဲ့ရသလို အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။

အန်းဖီးလ်မှာ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့မှုက အသင်းအတွက်တော့ စိန်ခေါ်မှုကို ပိုမိုကြီးမားစေခဲ့ပြီး အသင်းရဲ့ အဓိက ပြဿနာက ခံစစ်ထက် ဖန်တီးမှုနဲ့ အဆုံးသတ်ပိုင်းကို ရုတ်တရက် ကူးပြောင်းသွားခဲ့ပြီး ပေးပို့မှု ၈၅ ရာခိုင်နှုန်းသာ တိကျခဲ့တဲ့ ပွဲက တိုက်စစ်နဲ့ ကွင်းလယ်တည်ဆောက်ပုံကို အနည်းနဲ့ အများ ပြင်ဆင်ရတော့မယ်ဆိုတာ သတိပေးလိုက်သလိုဖြစ်ခဲ့ချိန်မှာ နည်းပြ ယာဂန် ကလော့ပ်တစ်ယောက် လာမယ့်ပွဲတွေမှာ ပြောင်းလဲပြီး နိုင်ပွဲဆက်နေတဲ့ မန်ချက်စတာစီးတီးကို စိန်ခေါ်ဖို့ မဖြစ်မနေ လုပ်ဆောင်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဒဏ္ရာျပႆနာရွိေနတဲ့ ဆာဒီယို မာေနးကို ခ်န္လွပ္ထားခဲ့ၿပီး ဆာလားနဲ႔ ဖာမီႏိုတို႔ကို ရွာက်ီရီနဲ႔ ေရွ႕မွာ တြဲေပးခဲ့ၿပီး ကြင္းလယ္ကေတာ့ အေျပာင္းအလဲမရွိခဲ့သလို ခံစစ္မွာေတာ့ ဖိလစ္ကို ဟန္ဒါဆန္နဲ႔တြဲၿပီး ဆက္လက္ပြဲထုတ္လာခဲ့ပါတယ္။

စပါးစ္ကို အႏိုင္ယူၿပီးကတည္းက အိမ္ကြင္းမွာ ႏိုင္ပြဲမရေသးေပမယ့္ ေနာက္ဆုံးႏွစ္ပြဲမွာ လန္ဒန္အသင္းေတြကို အေဝးကြင္းမွာ ဆက္တိုက္ အႏိုင္ရထားတဲ့ ေျခစြမ္းအရ လီဗာပူးလ္တို႔ကို ပရိသတ္ေတြက ေမွ်ာ္လင့္ထားခဲ့ေပမယ့္ ထင္မွတ္မထားေလာက္ေအာင္ပဲ သူတို႔ရဲ႕ အဆုံးသတ္စြမ္းရည္က ဆိုး႐ြားေနခဲ့ပါတယ္။

ေစာေစာစီးစီးမွာကတည္းက ဆာလားက တစ္လုံးစျဖဳန္းခဲ့သလို ဘ႐ိုက္တန္တို႔ကေတာ့ ထိေရာက္တဲ့ ေကာင္တာေတြနဲ႔ လီဗာပူးလ္ ေနာက္တန္းကို ဖိအားေပးခဲ့ၿပီး တစ္ဖက္နဲ႔တစ္ဖက္ အပိုင္အခြင့္အေရးေတြကေတာ့ မ်ားမ်ားစားစား မရခဲ့ေသးလို႔ ပထမပိုင္းကေတာ့ သိပ္ၿပီး ၾကည့္မေကာင္းဘူးျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာ လီဗာပူးလ္တို႔ ဖိကစားလာေပမယ့္ လူးဝစၥ ဒန႔္ခ္နဲ႔ ဘ႐ိုက္တန္ေနာက္တန္းက ေတာင့္ခံထားႏိုင္ခဲ့သလို အိမ္ရွင္ေတြရဲ႕ ေပးပို႔မႈ ေတြကလည္း ၿပီးခဲ့တဲ့ ပြဲေတြမွာလိုမ်ိဳး တိတိက်က် မျဖစ္ခဲ့လို႔ ဖာမီႏိုနဲ႔ ဆာလားတို႔ အသုံးခ်ဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး ဂိုးေပါက္ေပ်ာက္ဆုံးေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ တိုက္စစ္ဆင္လာခဲ့ၿပီး ညာျခမ္းက မာ့ခ်္ရဲ႕ ျဖတ္တင္ေဘာကို ဘယ္ျခမ္းက ေျပးတက္လာတဲ့ ဒန္ဘန္း ေခါင္းတိုက္ခ်ေပးတာကတစ္ဆင့္ ထေရာ့ဆတ္က ထိန္းဖို႔ ႀကိဳးစားေနတုန္းမွာပဲ အယ္လ္ဇာေတက ေျပးဝင္ကန္သြင္းသြားခဲ့ရာမွာ ဂိုးသမား ကယ္ေလဟာ အငိုက္မိသြားခဲ့ၿပီး ဂိုးေပးခဲ့ရပါတယ္။

အာႏိုးလ္ဒ္ရဲ႕ ျဖတ္တင္ေဘာေတြကို ဆာလားက အသုံးခ်ႏိုင္ျခင္း မရွိခ်ိန္မွာ နည္းျပ ကေလာ့ပ္က အိုရီဂီကို ထည့္သြင္းခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့သလို ဘ႐ိုက္တန္ရဲ႕ တိုက္စစ္ဆင္မႈေတြကိုေတာင္ တစ္ခ်က္တစ္ခ်က္မွာ အသည္းအသန္ ကာကြယ္ေနခဲ့ရၿပီး ဂိုးသမား ကယ္ေလဟာနဲ႔ ေနာက္ခံလူ ဟန္ဒါဆန္တို႔ ေကာင္းခဲ့လို႔သာ ဂိုးထပ္မေပးခဲ့ရတာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ လီဗာပူးလ္တို႔အေနနဲ႔ ဘ႐ိုက္တန္ကို ေဘာလုံးပိုင္ဆိုင္မႈ ၆၄ ရာခိုင္ႏႈန္းနဲ႔ ဖိကစားခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၁၁ ႀကိမ္ ရရွိခဲ့ေပမယ့္ တစ္ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ကြင္းမွာ သုံးပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ဆုံးမႈနဲ႔အတူ ေလးပြဲဆက္တိုက္ အႏိုင္မရဘဲ ႏွစ္ပြဲဆက္တိုက္ ရႈံးပြဲေတြ႕ခဲ့ၿပီး လက္စတာရဲ႕ ျပန္ေက်ာ္တက္ျခင္းကို ခံခဲ့ရသလို အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ ေနရာကို ေရာက္ရွိသြားခဲ့ပါတယ္။

အန္းဖီးလ္မွာ ႏွစ္ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့မႈက အသင္းအတြက္ေတာ့ စိန္ေခၚမႈကို ပိုမိုႀကီးမားေစခဲ့ၿပီး အသင္းရဲ႕ အဓိက ျပႆနာက ခံစစ္ထက္ ဖန္တီးမႈနဲ႔ အဆုံးသတ္ပိုင္းကို ႐ုတ္တရက္ ကူးေျပာင္းသြားခဲ့ၿပီး ေပးပို႔မႈ ၈၅ ရာခိုင္ႏႈန္းသာ တိက်ခဲ့တဲ့ ပြဲက တိုက္စစ္နဲ႔ ကြင္းလယ္တည္ေဆာက္ပုံကို အနည္းနဲ႔ အမ်ား ျပင္ဆင္ရေတာ့မယ္ဆိုတာ သတိေပးလိုက္သလိုျဖစ္ခဲ့ခ်ိန္မွာ နည္းျပ ယာဂန္ ကေလာ့ပ္တစ္ေယာက္ လာမယ့္ပြဲေတြမွာ ေျပာင္းလဲၿပီး ႏိုင္ပြဲဆက္ေနတဲ့ မန္ခ်က္စတာစီးတီးကို စိန္ေခၚဖို႔ မျဖစ္မေန လုပ္ေဆာင္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.