Match Report Premier League

ဆရာေဟာင္းေတြကို အႏိုင္ယူေနတဲ့ လမ္းပတ္ေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ပိုမိုနီးစပ္လာတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္ကေတာ့ ဒဏ္ရာေတြ မ်ားေနတဲ့ တိုက္စစ္ကို ဝါရင့္ကစားသမား သုံးေယာက္နဲ႔ ဦးေဆာင္ေစခဲ့ၿပီး တနဂၤေႏြေန႔ စတမ္းဖို႔ဘရစ္ခ်္က ပြဲစဥ္ကို လွလွပပ စုဖြဲ႕ကစားဟန္ကိုပါ ေဖာ္ေဆာင္ႏုိင္ခဲ့ၿပီး ဆရာေဟာင္း အန္ဆယ္ေလာ့တီရဲ႕ အဲဗာတန္ကို အျပတ္အသတ္ အႏုိင္ယူသြားႏိုင္ခဲ့ပါတယ္။

လန္ဒန္အေနာက္ပုိင္းသားေတြအေနနဲ႔ ၄-၃-၃ ပုံစံမွာ ဂိုးသမား ကီပါကို ျပန္လည္ေနရာေပးခဲ့ၿပီး ဂ်ီး႐ူး၊ ဝီလီယန္၊ ပက္ဒ႐ိုတုိ႔ ဝါရင့္တုိက္စစ္နဲ႔ ကစားခဲ့ေပမယ့္ လမ္းပတ္ကို ေလွ်ာ့တြက္ၿပီး အသင္းကို ပုံစံေကာင္းရေစခဲ့တဲ့ ၃-၅-၂ ကို ဘဝေမ့တဲ့ သေဘာနဲ႔ စြန္႔လႊတ္ၿပီး ၄-၅-၁ လိုလို ၄-၄-၂ လိုလိုနဲ႔ တုိက္စစ္ကစားခဲ့တဲ့ အန္ဆယ္ေလာ့တီကေတာ့ ဒီေန႔မွာ အရွက္တကြဲျဖစ္ခဲ့ရတာပါ။

ကြင္းလယ္မွာ လူငယ္ေလး ဘီလီ ဂီးလ္မုိးနဲ႔ ဘာကေလတုိ႔ကို တြဲေပးထားၿပီး အဖ်က္သမားစစ္စစ္မပါတဲ့ ခ်ဲလ္ဆီးဟာ တစ္သင္းလုံး ပူးေပါင္းၿပီး ေနရာလြတ္ေတြကို က်ဥ္းပစ္ခဲ့ရာမွာ အဲဗာတန္ရဲ႕ အားကိုးရတဲ့ ရစ္ခ်ာလစ္ဆင္ပါ ေပ်ာက္သြားတဲ့အထိျဖစ္ခဲ့ၿပီး တန္ျပန္တုိက္စစ္ေတြကလည္း ထက္ျမက္ခဲ့လို႔ အဖြင့္ဂိုးကို ေမဆန္ေမာင့္က ပက္ဒ႐ိုရဲ႕ ေပးပုိ႔မွဳကို ဘယ္နဲ႔ထိန္းၿပီး ကိုယ္တစ္ပတ္လွည့္ ကန္သြင္းခဲ့ရာမွာေတာ့ ပစ္ခ္ဖို႔ဒ္ မဖမ္းႏုိင္ဘဲ အဖြင့္ဂိုးရခဲ့ပါတယ္။

ဒုတိယေျမာက္ဦးေဆာင္ဂိုးကိုေတာ့ ေနာက္ခံလူ ယယ္ရီ မီနာအစား အန္ဆယ္ေလာ့တီ အေျပာင္းအလဲလုပ္ၿပီး ေနရာေပးခဲ့တဲ့ တြမ္ေဒးဗီးစ္ရဲ႕ မက်စ္လ်စ္တဲ့ ကြင္းလယ္အထိုင္ကို ေက်ာ္ျဖတ္ၿပီး ဘာကေလက ထိုးေပးခဲ့တာကို ပက္ဒ႐ိုက လူကၽြံေထာင္ေခ်ာက္ကို ေက်ာ္ျဖတ္သြင္းယူႏုိင္ခဲ့လုိ႔ ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ခ်ဲလ္ဆီးတုိ႔ အႏုိင္ရရွိေနခဲ့ပါတယ္။

တတိယဂိုးကိုေတာ့ ဂိုးဧရိယာအျပင္ဘက္ကေန ေတာင္ပံကစားသမား ဝီလီယန္က အနိမ့္ေဘာ အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္ မကာကြယ္ႏုိင္ခဲ့သလို ကန္ခြင့္ျပဳခဲ့တဲ့ ခံစစ္ကလည္း ညံ့ဖ်င္းခဲ့တာ ျဖစ္ပါတယ္။ ေနာက္ဆုံးဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ဝီလီယန္ ျပန္တင္ေပးတာကို ဂ်ီ႐ူးက အနီးကပ္ ပိတ္သြင္းႏုိင္ခဲ့လို႔ ပြဲအၿပီးမွာ ခ်ဲလ္ဆီးတုိ႔ ေလးဂိုး-ဂိုးမရွိနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အလားအလာ ေကာင္းသြားခဲ့ၿပီး အဲဗာတန္ကေတာ့ လာမယ့္အိမ္ကြင္းပြဲမွာ လီဗာပူးလ္ကို ရွဳံးခဲ့ရင္ ဥေရာပဝင္ခြင့္နဲ႔ လြဲႏိုင္တဲ့ အေျခအေနကို ေရာက္ရွိသြားခဲ့ၿပီေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်ကတော့ ဒဏ်ရာတွေ များနေတဲ့ တိုက်စစ်ကို ဝါရင့်ကစားသမား သုံးယောက်နဲ့ ဦးဆောင်စေခဲ့ပြီး တနင်္ဂနွေနေ့ စတမ်းဖို့ဘရစ်ချ်က ပွဲစဉ်ကို လှလှပပ စုဖွဲ့ကစားဟန်ကိုပါ ဖော်ဆောင်နိုင်ခဲ့ပြီး ဆရာဟောင်း အန်ဆယ်လော့တီရဲ့ အဲဗာတန်ကို အပြတ်အသတ် အနိုင်ယူသွားနိုင်ခဲ့ပါတယ်။

လန်ဒန်အနောက်ပိုင်းသားတွေအနေနဲ့ ၄-၃-၃ ပုံစံမှာ ဂိုးသမား ကီပါကို ပြန်လည်နေရာပေးခဲ့ပြီး ဂျီးရူး၊ ဝီလီယန်၊ ပက်ဒရိုတို့ ဝါရင့်တိုက်စစ်နဲ့ ကစားခဲ့ပေမယ့် လမ်းပတ်ကို လျှော့တွက်ပြီး အသင်းကို ပုံစံကောင်းရစေခဲ့တဲ့ ၃-၅-၂ ကို ဘဝမေ့တဲ့ သဘောနဲ့ စွန့်လွှတ်ပြီး ၄-၅-၁ လိုလို ၄-၄-၂ လိုလိုနဲ့ တိုက်စစ်ကစားခဲ့တဲ့ အန်ဆယ်လော့တီကတော့ ဒီနေ့မှာ အရှက်တကွဲဖြစ်ခဲ့ရတာပါ။

ကွင်းလယ်မှာ လူငယ်လေး ဘီလီ ဂီးလ်မိုးနဲ့ ဘာကလေတို့ကို တွဲပေးထားပြီး အဖျက်သမားစစ်စစ်မပါတဲ့ ချဲလ်ဆီးဟာ တစ်သင်းလုံး ပူးပေါင်းပြီး နေရာလွတ်တွေကို ကျဉ်းပစ်ခဲ့ရာမှာ အဲဗာတန်ရဲ့ အားကိုးရတဲ့ ရစ်ချာလစ်ဆင်ပါ ပျောက်သွားတဲ့အထိဖြစ်ခဲ့ပြီး တန်ပြန်တိုက်စစ်တွေကလည်း ထက်မြက်ခဲ့လို့ အဖွင့်ဂိုးကို မေဆန်မောင့်က ပက်ဒရိုရဲ့ ပေးပို့မှုကို ဘယ်နဲ့ထိန်းပြီး ကိုယ်တစ်ပတ်လှည့် ကန်သွင်းခဲ့ရာမှာတော့ ပစ်ခ်ဖို့ဒ် မဖမ်းနိုင်ဘဲ အဖွင့်ဂိုးရခဲ့ပါတယ်။

ဒုတိယမြောက်ဦးဆောင်ဂိုးကိုတော့ နောက်ခံလူ ယယ်ရီ မီနာအစား အန်ဆယ်လော့တီ အပြောင်းအလဲလုပ်ပြီး နေရာပေးခဲ့တဲ့ တွမ်ဒေးဗီးစ်ရဲ့ မကျစ်လျစ်တဲ့ ကွင်းလယ်အထိုင်ကို ကျော်ဖြတ်ပြီး ဘာကလေက ထိုးပေးခဲ့တာကို ပက်ဒရိုက လူကျွံထောင်ချောက်ကို ကျော်ဖြတ်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ချဲလ်ဆီးတို့ အနိုင်ရရှိနေခဲ့ပါတယ်။

တတိယဂိုးကိုတော့ ဂိုးဧရိယာအပြင်ဘက်ကနေ တောင်ပံကစားသမား ဝီလီယန်က အနိမ့်ဘော အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ပစ်ခ်ဖို့ဒ် မကာကွယ်နိုင်ခဲ့သလို ကန်ခွင့်ပြုခဲ့တဲ့ ခံစစ်ကလည်း ညံ့ဖျင်းခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးဂိုးကိုတော့ ထောင့်ကန်ဘောကနေ ဝီလီယန် ပြန်တင်ပေးတာကို ဂျီရူးက အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ ပွဲအပြီးမှာ ချဲလ်ဆီးတို့ လေးဂိုး-ဂိုးမရှိနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အလားအလာ ကောင်းသွားခဲ့ပြီး အဲဗာတန်ကတော့ လာမယ့်အိမ်ကွင်းပွဲမှာ လီဗာပူးလ်ကို ရှုံးခဲ့ရင် ဥရောပဝင်ခွင့်နဲ့ လွဲနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပြီကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.