Match Report Premier League

မန်ချက်စတာယူနိုက်တက် 9-0 ဆောက်သမ်တန် ပွဲအပြီး ထူးထူးခြားခြား ပြောစရာ အချက် 7 ချက်

စောစောရေချိုးတဲ့ စိန့်ကလေး
ဆောက်သမ်တန်ကွင်းလယ်လူ အလက်ဇန်းဒါး ယန်ကီဗစ်ဇ်ကတော့ ဒီနေ့ပွဲမှာ စောစောစီးစီးမှာပဲ အဝတ်လဲခန်းထဲ ပြန်ပြီး ရေချိုးခဲ့ရတာပါ။ ယူနိုက်တက်ကွင်းလယ်လူ စကော့ မက်တော်မီနေးကို ကစားပုံကြမ်းခဲ့တဲ့ ယန်ကီဗစ်ဇ်ဟာ နှစ်မိနစ် မပြည့်ခင်မှာပဲ အထုတ်ခံခဲ့ရတာဖြစ်ပြီး ဒီလိုမျိုး စောစောစီးစီး အထုတ်ခံရတဲ့ စတုတ္ထမြောက် ပရီးမီးယားလိဂ်ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

ဘယ်ကနေ ညာ
မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ခံလူနှစ်ယောက်ဟာ တိုက်စစ်ကို ကောင်းစွာ လိုက်ပါပံ့ပိုးနိုင်ခြင်းမရှိဘူးလို့ အဝေဖန် ခံခဲ့ရတာ တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့် ဒီရာသီမှာတော့ တိုးတက်လာနေပြီး လုခ်ရှောရဲ့ တိုက်စစ်ကစားဟန်နဲ့ ဖန်တီးမှုတွေ မြင်ခဲ့ရသလို ဒီနေ့မှာလည်း ဘယ်နောက်ခံလူရဲ့ ဖြတ်တင်ဘောကို ညာနောက်ခံလူ ဝန်ဘစ်ဆာကာက ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

ဘုရင်ကြီး မားကပ်စ်
ဒီနေ့ပွဲကတော့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အတွက် ယူနိုက်တက်နဲ့ စံချိန်မှတ်တမ်းတစ်ခုကို ရရှိခဲ့တဲ့ပွဲပါ။ သူဟာ ဒီနေ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့အတူ သူ့ရဲ့ ၈၂ ဂိုးမြောက်အဖြစ် တိုက်စစ်မှူးဟောင်းကြီး အဲရစ် ကန်တိုနာကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး နောက်တစ်ယောက် အနေနဲ့ကတော့ ဒေးဗစ် ဘက်ခမ်းကို ကျော်နိုင်ဖို့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

ဆောက်သ်ဂိတ်ကို ကြည့်စမ်းလို့ ပြောလိုက်တဲ့ လုခ်ရှော
အင်္ဂလန်အသင်းရဲ့ ဘယ်နောက်ခံလူနေရာမှာ ကစားခွင့်မရဘဲ အတော်လေး ဝေးကွာနေခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့ အသင်းဟောင်းကို ချေမှုန်းရာမှာ ပထမပိုင်းမှာကတည်းက ဖန်တီးမှု နှစ်ကြိမ် အောင်မြင်ခဲ့သူပါ။ ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ လုခ်ရှောအနေနဲ့ ချေးလ်ဝဲလ်ကို ဖယ်ပေးခဲ့ရတဲ့ နေရာကို ဒီမှာ ကစားပုံကို လာကြည့်လှည့်လို့ နည်းပြ ဆောက်သ်ဂိတ်ကို တောင်းဆိုဖို့ ရှိနေပြီဖြစ်ပြီး ခြင်္သေ့သုံးကောင်နဲ့ တွဲဖက်မြင်တွေ့ရဖို့လည်း သေချာသလောက်ရှိနေတာပါ။

ကာဗာနီရဲ့ ထိပ်တန်းအဆင့်
ပထမပိုင်းမှာ ခြေစွမ်းပြခဲ့တဲ့ အက်ဒင်ဆန် ကာဗာနီဟာ သူ့ရဲ့ ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ဒီနေ့ပွဲမှာလည်း လုခ်ရှောရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ပြီး သူ့အတွက် ရှယ်ယာခွဲယူနိုင်ခဲ့တာပါ။ အသက်အရွယ်နဲ့ မလိုက်အောင် ထက်မြက်ဆဲ ခြေစွမ်း၊ ရွေ့လျားမှုနဲ့ အတွေ့အကြုံတွေက ယူနိုက်တက်အတွက် အဓိကနေရာကို တဖြည်းဖြည်း ရောက်ရှိလာစေပြီး ဒါက မာစီယယ်လ်အတွက်လည်း အကျိုးရှိတဲ့ ပြိုင်ဆိုင်မှုဖြစ်ခဲ့ပါတယ်။

သူတော်စင်သွားလေရာ မိုးလိုက်လို့ရွာ
သူတို့ရဲ့ အဆိုးရွားဆုံး မှတ်တမ်းတစ်ခုဟာ ၁ နှစ် ၃ လနဲ့ ၈ ရက်အကြာမှာ တူညီစွာပဲ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ မိုးကြိုးပစ်ခံရသလို ကြေကွဲတုန်လှုပ်ဖို့ကောင်းတဲ့ ၉-၀ ဆိုတဲ့ ရလဒ်ဟာ အဲ့ဒီအချိန်က စိန့်မေရီမှာ ဘာထရန် အထုတ်ခံရမှုနဲ့အတူ ပေါ်ထွက်ခဲ့ဖူးတာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အကြီးမားဆုံးနိုင်ပွဲကို ယူနိုက်တက်တို့က အစ်ပ်ဆွစ်ချ်နဲ့အပြီး ဒုတိယအကြိမ်အဖြစ် ဖန်တီးနိုင်ဖို့ ၂၆ နှစ် စောင့်ခဲ့ရချိန်မှာ စိန့်တို့ရဲ့ ဒုတိယအကြိမ်က ဒီခဏမှာ ရောက်ရှိလာခဲ့တာကတော့ ထိရှလွန်းရပါတယ်။

၃၆ ပွဲ၊ ၁၅ ဂိုး ဖန်တီး
ပထမဆုံး ပရီးမီးယားလိဂ်မှာ ဖန်တီးမှု ၁၅ ကြိမ် ပြည့်မြောက်မှုကို အစောဆုံးရယူနိုင်ခဲ့တဲ့အထဲမှာ အဲရစ် ကန်တိုနာနဲ့ ဒီမီထရီ ပါယက်တို့(နှစ်ဦးစလုံး ၃၃ ပွဲ)နောက်မှာ ၃၆ ပွဲနဲ့ ဘရူနို ဖာနန်ဒက်စ်က မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ သူ့အနေနဲ့ Trade Mark ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းခဲ့သလို မာစီယယ်လ်နဲ့ ဂျိမ်းစ်တို့အတွက် တစ်ဂိုးစီ ဖန်တီးပေးခဲ့တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေစာေစာေရခ်ိဳးတဲ့ စိန႔္ကေလး
ေဆာက္သမ္တန္ကြင္းလယ္လူ အလက္ဇန္းဒါး ယန္ကီဗစ္ဇ္ကေတာ့ ဒီေန႔ပြဲမွာ ေစာေစာစီးစီးမွာပဲ အဝတ္လဲခန္းထဲ ျပန္ၿပီး ေရခ်ိဳးခဲ့ရတာပါ။ ယူႏိုက္တက္ကြင္းလယ္လူ စေကာ့ မက္ေတာ္မီေနးကို ကစားပုံၾကမ္းခဲ့တဲ့ ယန္ကီဗစ္ဇ္ဟာ ႏွစ္မိနစ္ မျပည့္ခင္မွာပဲ အထုတ္ခံခဲ့ရတာျဖစ္ၿပီး ဒီလိုမ်ိဳး ေစာေစာစီးစီး အထုတ္ခံရတဲ့ စတုတၳေျမာက္ ပရီးမီးယားလိဂ္ကစားသမားလည္းျဖစ္ခဲ့ပါတယ္။

ဘယ္ကေန ညာ
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေနာက္ခံလူႏွစ္ေယာက္ဟာ တိုက္စစ္ကို ေကာင္းစြာ လိုက္ပါပံ့ပိုးႏိုင္ျခင္းမရွိဘူးလို႔ အေဝဖန္ ခံခဲ့ရတာ ေတာ္ေတာ္ၾကာခဲ့ပါၿပီ။ ဒါေပမယ့္ ဒီရာသီမွာေတာ့ တိုးတက္လာေနၿပီး လုခ္ေရွာရဲ႕ တိုက္စစ္ကစားဟန္နဲ႔ ဖန္တီးမႈေတြ ျမင္ခဲ့ရသလို ဒီေန႔မွာလည္း ဘယ္ေနာက္ခံလူရဲ႕ ျဖတ္တင္ေဘာကို ညာေနာက္ခံလူ ဝန္ဘစ္ဆာကာက ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာပါ။

ဘုရင္ႀကီး မားကပ္စ္
ဒီေန႔ပြဲကေတာ့ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္အတြက္ ယူႏိုက္တက္နဲ႔ စံခ်ိန္မွတ္တမ္းတစ္ခုကို ရရွိခဲ့တဲ့ပြဲပါ။ သူဟာ ဒီေန႔ပြဲမွာ သြင္းယူခဲ့တဲ့ ဂိုးနဲ႔အတူ သူ႔ရဲ႕ ၈၂ ဂိုးေျမာက္အျဖစ္ တိုက္စစ္မႉးေဟာင္းႀကီး အဲရစ္ ကန္တိုနာကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ေနာက္တစ္ေယာက္ အေနနဲ႔ကေတာ့ ေဒးဗစ္ ဘက္ခမ္းကို ေက်ာ္ႏိုင္ဖို႔ လုပ္ေဆာင္သြားရမွာျဖစ္ပါတယ္။

ေဆာက္သ္ဂိတ္ကို ၾကည့္စမ္းလို႔ ေျပာလိုက္တဲ့ လုခ္ေရွာ
အဂၤလန္အသင္းရဲ႕ ဘယ္ေနာက္ခံလူေနရာမွာ ကစားခြင့္မရဘဲ အေတာ္ေလး ေဝးကြာေနခဲ့တဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ ကစားသမားဟာ သူ႔ရဲ႕ အသင္းေဟာင္းကို ေခ်မႈန္းရာမွာ ပထမပိုင္းမွာကတည္းက ဖန္တီးမႈ ႏွစ္ႀကိမ္ ေအာင္ျမင္ခဲ့သူပါ။ ဒီရာသီမွာ အေကာင္းဆုံးေျခစြမ္းျပေနတဲ့ လုခ္ေရွာအေနနဲ႔ ေခ်းလ္ဝဲလ္ကို ဖယ္ေပးခဲ့ရတဲ့ ေနရာကို ဒီမွာ ကစားပုံကို လာၾကည့္လွည့္လို႔ နည္းျပ ေဆာက္သ္ဂိတ္ကို ေတာင္းဆိုဖို႔ ရွိေနၿပီျဖစ္ၿပီး ျခေသၤ့သုံးေကာင္နဲ႔ တြဲဖက္ျမင္ေတြ႕ရဖို႔လည္း ေသခ်ာသေလာက္ရွိေနတာပါ။

ကာဗာနီရဲ႕ ထိပ္တန္းအဆင့္
ပထမပိုင္းမွာ ေျခစြမ္းျပခဲ့တဲ့ အက္ဒင္ဆန္ ကာဗာနီဟာ သူ႔ရဲ႕ ေျခစြမ္းကို ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့ၿပီး ဒီေန႔ပြဲမွာလည္း လုခ္ေရွာရဲ႕ ျဖတ္တင္ေဘာကို ေခါင္းတိုက္ၿပီး သူ႔အတြက္ ရွယ္ယာခြဲယူႏိုင္ခဲ့တာပါ။ အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ ထက္ျမက္ဆဲ ေျခစြမ္း၊ ေ႐ြ႕လ်ားမႈနဲ႔ အေတြ႕အႀကဳံေတြက ယူႏိုက္တက္အတြက္ အဓိကေနရာကို တျဖည္းျဖည္း ေရာက္ရွိလာေစၿပီး ဒါက မာစီယယ္လ္အတြက္လည္း အက်ိဳးရွိတဲ့ ၿပိဳင္ဆိုင္မႈျဖစ္ခဲ့ပါတယ္။

သူေတာ္စင္သြားေလရာ မိုးလိုက္လို႔႐ြာ
သူတို႔ရဲ႕ အဆိုး႐ြားဆုံး မွတ္တမ္းတစ္ခုဟာ ၁ ႏွစ္ ၃ လနဲ႔ ၈ ရက္အၾကာမွာ တူညီစြာပဲ ျပန္လည္ ေရာက္ရွိလာခဲ့ပါတယ္။ မိုးႀကိဳးပစ္ခံရသလို ေၾကကြဲတုန္လႈပ္ဖို႔ေကာင္းတဲ့ ၉-၀ ဆိုတဲ့ ရလဒ္ဟာ အဲ့ဒီအခ်ိန္က စိန႔္ေမရီမွာ ဘာထရန္ အထုတ္ခံရမႈနဲ႔အတူ ေပၚထြက္ခဲ့ဖူးတာျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ အႀကီးမားဆုံးႏိုင္ပြဲကို ယူႏိုက္တက္တို႔က အစ္ပ္ဆြစ္ခ်္နဲ႔အၿပီး ဒုတိယအႀကိမ္အျဖစ္ ဖန္တီးႏိုင္ဖို႔ ၂၆ ႏွစ္ ေစာင့္ခဲ့ရခ်ိန္မွာ စိန႔္တို႔ရဲ႕ ဒုတိယအႀကိမ္က ဒီခဏမွာ ေရာက္ရွိလာခဲ့တာကေတာ့ ထိရွလြန္းရပါတယ္။

၃၆ ပြဲ၊ ၁၅ ဂိုး ဖန္တီး
ပထမဆုံး ပရီးမီးယားလိဂ္မွာ ဖန္တီးမႈ ၁၅ ႀကိမ္ ျပည့္ေျမာက္မႈကို အေစာဆုံးရယူႏိုင္ခဲ့တဲ့အထဲမွာ အဲရစ္ ကန္တိုနာနဲ႔ ဒီမီထရီ ပါယက္တို႔(ႏွစ္ဦးစလုံး ၃၃ ပြဲ)ေနာက္မွာ ၃၆ ပြဲနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္က မွတ္တမ္းေရးထိုးႏိုင္ခဲ့ပါတယ္။ ဒီေန႔ပြဲမွာ သူ႔အေနနဲ႔ Trade Mark ပင္နယ္တီကို အမွားအယြင္းမရွိ ကန္သြင္းခဲ့သလို မာစီယယ္လ္နဲ႔ ဂ်ိမ္းစ္တို႔အတြက္ တစ္ဂိုးစီ ဖန္တီးေပးခဲ့တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.