Serie A

အနာဂတ်အတွက် အေးဂျင့်ကို ညွှန်ကြားထားတဲ့ ရော်နယ်ဒို

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ၎င်းရဲ့အေးဂျင့်ကို ကလပ်အသင်းအသစ်ရှာဖွေပေးဖို့ ညွှန်ကြားထားပြီး အစောဆုံးအနေနဲ့ ယခုရာသီကုန်တောင် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းအတွက် တတိယမြောက် ရာသီကို ကစားပေးနေတာဖြစ်ပြီး ချန်ပီယံလိဂ်ဖလားမရရှိဘဲ နောက်ထပ်တစ်ရာသီ ပြီးဆုံးရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရာသီမှာ အေဂျက်၊ လိုင်ယွန်အသင်းတို့ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ဂျူဗင်တပ်အသင်းဟာ လာမယ့် ၃ ပတ်အတွင်းမှာ ပေါ်တိုအသင်းကို တူရင်မြေမှာ ဒုတိယအကျော့ပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်ပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။

ပေါ်တိုအသင်းနဲ့ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ရော်နယ်ဒိုဟာ ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပြီး ချီယေဆာက ဂျူဗင်တပ်အသင်းအတွက် အရေးပါတဲ့ အဝေးဂိုး ၁ ဂိုးကို သွင်းယူပေးခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရော်နယ်ဒိုဟာ ဝေဖန်မှုတွေကို ခံနေရပြီး ယခုရာသီကုန်မှာ အသင်းကို စွန့်ခွာဖို့ ဆန္ဒရှိလာနိုင်တယ်လို့ Calciomercato က ဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး လက်ရှိ သတင်းတွေအရ ပေါ်တူဂီကြယ်ပွင့်ဟာ ၎င်းရဲ့အေးဂျင့်ကို အသင်းသစ် ရှာခိုင်းထားတယ်လို့ သိရပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့် ရော်နယ်ဒိုဟာ ယခုရာသီမှာ အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခြင်းမရှိပေမယ့်လည်း သွင်းဂိုး ၁၆ ဂိုးနဲ့ စီးရီးအေမှာ အင်တာမီလန်တိုက်စစ်မှူး လူကာကူနဲ့ ပူးတွဲရပ်တည်နေပြီး ဂျူဗင်တပ်အတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိလဲဆိုတာကို ပြသထားနိုင်ဆဲဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ဴဗင္တပ္ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္ဒိုဟာ ၎ရဲ့ေအးဂ်င့္ကို ကလပ္အသင္းအသစ္ရွာေဖြေပးဖို႔ ညႊန္ၾကားထားၿပီး အေစာဆုံးအေနနဲ႔ ယခုရာသီကုန္ေတာင္ ျဖစ္ေကာင္းျဖစ္နိုင္တယ္လို႔ သိရပါတယ္။

ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အသင္းအတြက္ တတိယေျမာက္ ရာသီကို ကစားေပးေနတာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဖလားမရရွိဘဲ ေနာက္ထပ္တစ္ရာသီ ၿပီးဆုံးရမယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂ ရာသီမွာ ေအဂ်က္၊ လိုင္ယြန္အသင္းတို႔ကို ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးေနာက္ ဂ်ဴဗင္တပ္အသင္းဟာ လာမယ့္ ၃ ပတ္အတြင္းမွာ ေပၚတိုအသင္းကို တူရင္ေျမမွာ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ လက္ခံယွဥ္ၿပိဳင္ၿပီး ေနာက္တစ္ဆင့္တက္ေရာက္နိုင္ဖို႔ ႀကိဳးပမ္းသြားရမွာျဖစ္ပါတယ္။

ေပၚတိုအသင္းနဲ႔ ကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္မွာ ေရာ္နယ္ဒိုဟာ ပုံမွန္ေျခစြမ္းေအာက္ က်ဆင္းေနခဲ့တာေၾကာင့္ ေဝဖန္မႈေတြ ခံခဲ့ရၿပီး ခ်ီေယဆာက ဂ်ဴဗင္တပ္အသင္းအတြက္ အေရးပါတဲ့ အေဝးဂိုး ၁ ဂိုးကို သြင္းယူေပးခဲ့ရတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေရာ္နယ္ဒိုဟာ ေဝဖန္မႈေတြကို ခံေနရၿပီး ယခုရာသီကုန္မွာ အသင္းကို စြန႔္ခြာဖို႔ ဆႏၵရွိလာနိုင္တယ္လို႔ Calciomercato က ေဖာ္ျပခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္နဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့တာျဖစ္ၿပီး လက္ရွိ သတင္းေတြအရ ေပၚတူဂီၾကယ္ပြင့္ဟာ ၎ရဲ့ေအးဂ်င့္ကို အသင္းသစ္ ရွာခိုင္းထားတယ္လို႔ သိရပါတယ္။

ေပၚတူဂီလက္ေရြးစင္ၾကယ္ပြင့္ ေရာ္နယ္ဒိုဟာ ယခုရာသီမွာ အေကာင္းဆုံး ေျခစြမ္းကို ျပသနိုင္ျခင္းမရွိေပမယ့္လည္း သြင္းဂိုး ၁၆ ဂိုးနဲ႔ စီးရီးေအမွာ အင္တာမီလန္တိုက္စစ္မႉး လူကာကူနဲ႔ ပူးတြဲရပ္တည္ေနၿပီး ဂ်ဴဗင္တပ္အတြက္ ဘယ္ေလာက္အထိ အက်ိဳးသက္ေရာက္မႈရွိလဲဆိုတာကို ျပသထားနိုင္ဆဲျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.