Premier League

စံချိန်များရှင် ရော်နယ်ဒိုရဲ့ စံချိန်ကိုမှ ရိုက်ချိုးပြသွားတဲ့ မားသားဝဲလ်နောက်ခံကစားသမား

မားသားဝဲလ်နောက်ခံကစားသမား ဘီဗစ် မူဂါဘီက ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒို တင်ရှိထားတဲ့ စံချိန်တွေထဲကတစ်ခုကို ရိုက်ချပြခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ဆမ်ဒိုးရီးယားအသင်းနဲ့ ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ မယုံကြည်နိုင်ဖွယ် ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်ပြီး ဂျူဗင်တပ်အသင်းအတွက် ခေါင်းတိုက်သွင်းဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒို သွင်းယူခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးဟာ ဂျူဗင်တပ်အသင်းက ဆမ်ဒိုးရီးယားအသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွက် အနိုင်ဂိုးလည်း ဖြစ်ခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ စုစုပေါင်းအမြင့်ပေ ၈ ပေ ၅ လက်မအထိ ခုန်ပျံပြီးနောက် ခေါင်းတိုက်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ဆမ်ဒိုးရီးယားအသင်းနဲ့ပွဲစဉ်က ခေါင်းခုန်တိုက်ခဲ့တဲ့ အမြင့်ပေဟာ လက်ရှိမှာ အမြင့်ဆုံးခေါင်းတိုက်သွင်းဂိုးစံချိန်အဖြစ် ရပ်တည်နေခဲ့တာဖြစ်ပေမယ့် စကော့တန်လိဂ်အသင်း မားသားဝဲလ်ရဲ့ နောက်ခံကစားသမားတစ်ဦးက အံ့အားသင့်ဖွယ် ရိုက်ချိုးပြနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မားသားဝဲလ်နောက်ခံကစားသမား မူဂါဘီဟာ ရော့စ် ကောင်တီကို ၂-၁ နဲ့အနိုင်ရရှိခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ပွဲစဉ်အတွင်း အမြင့်ပေ စုစုပေါင်း ၈ ပေ ၆ လက်မအထိ ခေါင်းခုန်တိုက်ခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ စံချိန်ကို ရိုက်ချိုးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တိုက်တိုက်ဆိုင်ဆိုင် ရော်နယ်ဒိုနည်းတူ ယူဂန္ဓာနောက်ခံကစားသမားဟာ ရော့စ် ကောင်တီနဲ့ မားသားဝဲလ်တို့ တစ်ဖက် ၁ ဂိုးစီ သရေကျနေတဲ့အချိန်မှာ အမြင့်ခုန်ခေါင်းတိုက်သွင်းဂိုးနဲ့အတူ မားသားဝဲလ်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မားသားဝဲလ်နောက်ခံကစားသမား မူဂါဘီက ရော့စ် ကောင်တီနဲ့ပွဲအပြီးမှာ စံချိန်များရှင် ခရစ္စတီယာနို ရော်နယ်ဒိုအနေနဲ့ ပိုမိုကောင်းမွန်တဲ့အရာတွေ လုပ်ဆောင်ပြဖို့ လိုအပ်နေသေးတယ်လို့ ပေါ်တူဂီ GOAT ကို နောက်ပြောင်ပြောဆိုသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မားသားဝဲလ္ေနာက္ခံကစားသမား ဘီဗစ္ မူဂါဘီက ဂ်ဴဗင္တပ္ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာႏိုေရာ္နယ္ဒို တင္ရွိထားတဲ့ စံခ်ိန္ေတြထဲကတစ္ခုကို ႐ိုက္ခ်ျပခဲ့ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ၾကယ္ပြင့္ ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာ ဆမ္ဒိုးရီးယားအသင္းနဲ႔ ကစားခဲ့တဲ့ စီးရီးေအပြဲစဥ္မွာ မယုံၾကည္ႏိုင္ဖြယ္ ကမာၻေျမဆြဲအားကို ဆန႔္က်င္ၿပီး ဂ်ဴဗင္တပ္အသင္းအတြက္ ေခါင္းတိုက္သြင္းဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္ဒို သြင္းယူခဲ့တဲ့ ေခါင္းတိုက္သြင္းဂိုးဟာ ဂ်ဴဗင္တပ္အသင္းက ဆမ္ဒိုးရီးယားအသင္းကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြက္ အႏိုင္ဂိုးလည္း ျဖစ္ခဲ့ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ စုစုေပါင္းအျမင့္ေပ ၈ ေပ ၅ လက္မအထိ ခုန္ပ်ံၿပီးေနာက္ ေခါင္းတိုက္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုရဲ႕ ဆမ္ဒိုးရီးယားအသင္းနဲ႔ပြဲစဥ္က ေခါင္းခုန္တိုက္ခဲ့တဲ့ အျမင့္ေပဟာ လက္ရွိမွာ အျမင့္ဆုံးေခါင္းတိုက္သြင္းဂိုးစံခ်ိန္အျဖစ္ ရပ္တည္ေနခဲ့တာျဖစ္ေပမယ့္ စေကာ့တန္လိဂ္အသင္း မားသားဝဲလ္ရဲ႕ ေနာက္ခံကစားသမားတစ္ဦးက အံ့အားသင့္ဖြယ္ ႐ိုက္ခ်ိဳးျပႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မားသားဝဲလ္ေနာက္ခံကစားသမား မူဂါဘီဟာ ေရာ့စ္ ေကာင္တီကို ၂-၁ နဲ႔အႏိုင္ရရွိခဲ့တဲ့ ဇန္နဝါရီလ ၂၈ ရက္ေန႔က ပြဲစဥ္အတြင္း အျမင့္ေပ စုစုေပါင္း ၈ ေပ ၆ လက္မအထိ ေခါင္းခုန္တိုက္ခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုရဲ႕ စံခ်ိန္ကို ႐ိုက္ခ်ိဳးသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ တိုက္တိုက္ဆိုင္ဆိုင္ ေရာ္နယ္ဒိုနည္းတူ ယူဂႏၶာေနာက္ခံကစားသမားဟာ ေရာ့စ္ ေကာင္တီနဲ႔ မားသားဝဲလ္တို႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ေနတဲ့အခ်ိန္မွာ အျမင့္ခုန္ေခါင္းတိုက္သြင္းဂိုးနဲ႔အတူ မားသားဝဲလ္အတြက္ အဖိုးတန္အႏိုင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ မားသားဝဲလ္ေနာက္ခံကစားသမား မူဂါဘီက ေရာ့စ္ ေကာင္တီနဲ႔ပြဲအၿပီးမွာ စံခ်ိန္မ်ားရွင္ ခရစၥတီယာႏို ေရာ္နယ္ဒိုအေနနဲ႔ ပိုမိုေကာင္းမြန္တဲ့အရာေတြ လုပ္ေဆာင္ျပဖို႔ လိုအပ္ေနေသးတယ္လို႔ ေပၚတူဂီ GOAT ကို ေနာက္ေျပာင္ေျပာဆိုသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.