Other Leagues Premier League Transfer News

ဂန်းနားဂန္ထဝင်နဲ့ စပါးစ်ပဲ့ကိုင်ရှင်ဟောင်းရဲ့ သားတွေကို ဇန်နဝါရီမှာ ခေါ်ယူလိုက်နိုင်တဲ့ ဝတ်ဖို့ဒ်

ချန်ပီယံရှစ်ကလပ် ဝတ်ဖို့ဒ်အသင်းကတော့ ဆောင်းရာသီမှာ ဝါရင့်လို့ခေါ်တဲ့ လူအိုတွေကို အသင်းကနေ ရှင်းထုတ်နေခဲ့ပြီး လူငယ်တွေနဲ့ ပြန်လည်အားဖြည့်ခဲ့ရာမှာ မြောက်လန်ဒန်ကလပ်အသင်းကြီးတွေကနေ ထွက်ခွာလာခဲ့တဲ့ တစ်ခေတ်တစ်ခါက ဘောလုံးဆရာကြီးတွေရဲ့ သားနှစ်ဦးကို အလွတ်နဲ့ ခေါ်ယူပြီး အင်အားပြန်လည်ဖြည့်တင်းလိုက်ပါတယ်။

တစ်ဦးကတော့ အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဒင်းနစ္စ ဘားကမ့်ရဲ့ သားဖြစ်သူ မစ်ချဲလ် ဘားကမ့်ဖြစ်ပြီး သူ့ဖခင်ရဲ့ ခြေရာကို နင်းနိုင်ဖို့ အမ်းမရိတ်မှာ နံပါတ် ၁၀ ကစားသမားတစ်ဦး လိုအပ်နေချိန်မှာ အစမ်းသပ်ခံခဲ့ပေမယ့် မအောင်မြင်ခဲ့သူဖြစ်ပါတယ်။ လန်ဒန်မှာ အဆင်မပြေခဲ့တဲ့ နောက်ပိုင်းမှာ ဒတ်ချ်ကွင်းလယ်လူဟာ ဝတ်ဖို့ဒ် ယူ-၂၃ နဲ့ စတင်ပူးပေါင်းမှာဖြစ်ပါတယ်။

ဝတ်ဖို့ဒ်ဝက်ဘ်ဆိုက်ကတော့ သူ့ကို ဂိုးတွေ သွင်းယူနိုင်ပြီး ဖန်တီးမှုများစွာ ပြုလုပ်နိုင်သူတစ်ဦးအဖြစ် ကျေနပ်လို့ ခေါ်ယူခဲ့တာဖြစ်ကြောင်း ကြေငြာသွားခဲ့ပြီး ဘားကမ့်ပ်ကတော့ သူနာမည်ကို သူကိုယ်တိုင် တည်ဆောက်သွားမယ်လို့ ပြောကြားခဲ့သလို သူ့ဖခင်လို သူ့ရဲ့ နံပါတ် ၁ ပရိသတ် အဖြစ် အားပေးမယ့်သူကို ပိုင်ဆိုင်ထားရတာလည်း ဂုဏ်ယူစရာလို့ ပြောကြားသွားခဲ့ပါတယ်။

နောက်တစ်ဦးကတော့ တော့တင်တမ်ဟော့စပါးစ်ရဲ့ စပိန်တိုက်စစ်မှူး မော်ရီဇီယို ပိုချက်တီနိုဖြစ်ပြီး ဖခင်ဖြစ်သူ နည်းပြ မော်ရီစီယိုဟာ ကစားသမားဘဝမှာ နောက်ခံလူတစ်ဦးဖြစ်ခဲ့ပေမယ့် သူက ကွဲပြားခြားနားတဲ့ နေရာနဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့သူဖြစ်ပါတယ်။

လက်ရှိ ပီအက်စ်ဂျီနည်းပြ အာဂျင်တီးနားသားကြီး ပိုချက်တီနိုက စပိန်မြေ အက်စ်ပန်ညိုမှာ ကစားစဉ်က မွေးဖွားခဲ့လို့ စပိန်ပတ်စ်ပို့ကို ကိုင်ဆောင်ထားတဲ့ မော်ရီဇီယိုဟာ အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဗီကာရေ့ချ်လမ်းမှာတော့ လေးနှစ်စာချုပ်ကို ချုပ်ဆိုသွားခဲ့တာပါ။

သူတို့တွေအနေနဲ့ နည်းပြ အိုမာ ရီဇာရဲ့ ယူ-၂၃ အသင်းကနေ စတင် အစမ်းသပ်ခံရမှာဖြစ်ပြီး တိုက်စစ်သမားကောင်း ရှားပါးနေတဲ့ ချန်ပီယံရှစ်ကလပ် ဝတ်ဖို့ဒ်မှာ ခြေစွမ်းပြနိုင်တာနဲ့အမျှ စပိန်သားနည်းပြ ဆစ္စကို မူညော့ဇ်ရဲ့ အသင်းကြီးဆီ အမြန်ဆုံးရောက်နိုင်မှာလည်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးအနေနဲ့ ဖခင်တွေရဲ့ အဆင့်ကို မမီဘူးဆိုတဲ့ အကဲဖြတ်ချက်တွေနဲ့ စွန့်လွှတ်ခဲ့ကြတဲ့ အာဆင်နယ်အသင်းနဲ့ စပါးစ်အသင်းတို့ကို နောင်တရအောင် ပြန်လည်ခြေစွမ်းပြသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ဆရာကြီးတွေရဲ့ သားနှစ်ယောက်ဟာ ဆရာလေးတွေများ ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်န္ပီယံရွစ္ကလပ္ ဝတ္ဖို႔ဒ္အသင္းကေတာ့ ေဆာင္းရာသီမွာ ဝါရင့္လို႔ေခၚတဲ့ လူအိုေတြကို အသင္းကေန ရွင္းထုတ္ေနခဲ့ၿပီး လူငယ္ေတြနဲ႔ ျပန္လည္အားျဖည့္ခဲ့ရာမွာ ေျမာက္လန္ဒန္ကလပ္အသင္းႀကီးေတြကေန ထြက္ခြာလာခဲ့တဲ့ တစ္ေခတ္တစ္ခါက ေဘာလုံးဆရာႀကီးေတြရဲ႕ သားႏွစ္ဦးကို အလြတ္နဲ႔ ေခၚယူၿပီး အင္အားျပန္လည္ျဖည့္တင္းလိုက္ပါတယ္။

တစ္ဦးကေတာ့ အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္တိုက္စစ္မႉးေဟာင္း ဒင္းနစၥ ဘားကမ့္ရဲ႕ သားျဖစ္သူ မစ္ခ်ဲလ္ ဘားကမ့္ျဖစ္ၿပီး သူ႔ဖခင္ရဲ႕ ေျခရာကို နင္းႏိုင္ဖို႔ အမ္းမရိတ္မွာ နံပါတ္ ၁၀ ကစားသမားတစ္ဦး လိုအပ္ေနခ်ိန္မွာ အစမ္းသပ္ခံခဲ့ေပမယ့္ မေအာင္ျမင္ခဲ့သူျဖစ္ပါတယ္။ လန္ဒန္မွာ အဆင္မေျပခဲ့တဲ့ ေနာက္ပိုင္းမွာ ဒတ္ခ်္ကြင္းလယ္လူဟာ ဝတ္ဖို႔ဒ္ ယူ-၂၃ နဲ႔ စတင္ပူးေပါင္းမွာျဖစ္ပါတယ္။

ဝတ္ဖို႔ဒ္ဝက္ဘ္ဆိုက္ကေတာ့ သူ႔ကို ဂိုးေတြ သြင္းယူႏိုင္ၿပီး ဖန္တီးမႈမ်ားစြာ ျပဳလုပ္ႏိုင္သူတစ္ဦးအျဖစ္ ေက်နပ္လို႔ ေခၚယူခဲ့တာျဖစ္ေၾကာင္း ေၾကျငာသြားခဲ့ၿပီး ဘားကမ့္ပ္ကေတာ့ သူနာမည္ကို သူကိုယ္တိုင္ တည္ေဆာက္သြားမယ္လို႔ ေျပာၾကားခဲ့သလို သူ႔ဖခင္လို သူ႔ရဲ႕ နံပါတ္ ၁ ပရိသတ္ အျဖစ္ အားေပးမယ့္သူကို ပိုင္ဆိုင္ထားရတာလည္း ဂုဏ္ယူစရာလို႔ ေျပာၾကားသြားခဲ့ပါတယ္။

ေနာက္တစ္ဦးကေတာ့ ေတာ့တင္တမ္ေဟာ့စပါးစ္ရဲ႕ စပိန္တိုက္စစ္မႉး ေမာ္ရီဇီယို ပိုခ်က္တီႏိုျဖစ္ၿပီး ဖခင္ျဖစ္သူ နည္းျပ ေမာ္ရီစီယိုဟာ ကစားသမားဘဝမွာ ေနာက္ခံလူတစ္ဦးျဖစ္ခဲ့ေပမယ့္ သူက ကြဲျပားျခားနားတဲ့ ေနရာနဲ႔ လမ္းေၾကာင္းကို ေ႐ြးခ်ယ္ခဲ့သူျဖစ္ပါတယ္။

လက္ရွိ ပီအက္စ္ဂ်ီနည္းျပ အာဂ်င္တီးနားသားႀကီး ပိုခ်က္တီႏိုက စပိန္ေျမ အက္စ္ပန္ညိဳမွာ ကစားစဥ္က ေမြးဖြားခဲ့လို႔ စပိန္ပတ္စ္ပို႔ကို ကိုင္ေဆာင္ထားတဲ့ ေမာ္ရီဇီယိုဟာ အသက္ ၁၉ ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး ဗီကာေရ႕ခ်္လမ္းမွာေတာ့ ေလးႏွစ္စာခ်ဳပ္ကို ခ်ဳပ္ဆိုသြားခဲ့တာပါ။

သူတို႔ေတြအေနနဲ႔ နည္းျပ အိုမာ ရီဇာရဲ႕ ယူ-၂၃ အသင္းကေန စတင္ အစမ္းသပ္ခံရမွာျဖစ္ၿပီး တိုက္စစ္သမားေကာင္း ရွားပါးေနတဲ့ ခ်န္ပီယံရွစ္ကလပ္ ဝတ္ဖို႔ဒ္မွာ ေျခစြမ္းျပႏိုင္တာနဲ႔အမွ် စပိန္သားနည္းျပ ဆစၥကို မူေညာ့ဇ္ရဲ႕ အသင္းႀကီးဆီ အျမန္ဆုံးေရာက္ႏိုင္မွာလည္း ျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးအေနနဲ႔ ဖခင္ေတြရဲ႕ အဆင့္ကို မမီဘူးဆိုတဲ့ အကဲျဖတ္ခ်က္ေတြနဲ႔ စြန႔္လႊတ္ခဲ့ၾကတဲ့ အာဆင္နယ္အသင္းနဲ႔ စပါးစ္အသင္းတို႔ကို ေနာင္တရေအာင္ ျပန္လည္ေျခစြမ္းျပသြားႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ဆရာႀကီးေတြရဲ႕ သားႏွစ္ေယာက္ဟာ ဆရာေလးေတြမ်ား ျဖစ္လာႏိုင္မလားဆိုတာ ေစာင့္ၾကည့္ႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.