Premier League

မိုက်ကယ် အက်ဒ်ဝပ်နဲ့ လီဗာပူးလ်ရဲ့ Deadline Day က Lifeline လေးတွေနဲ့ ဆရာကျခဲ့မှုကြီး

လီဗာပူးလ်အသင်းအနေနဲ့ ဆောင်းဝင်လာကတည်း ဒဏ်ရာတွေ ပိုများလာခဲ့ပြီး နောက်ဆုံးမှာ ကွင်းလယ်ခံစစ်သမားတွေနဲ့ပါ ကျားကန်လို့ မနိုင်တော့တဲ့အထိ ဖြစ်ခဲ့ရတဲ့ နောက်တန်းကို ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲအပြီးကတည်းက ထပ်မံအားဖြည့်ဖို့ ကြိုးစားနေခဲ့ရာမှာ မဖြစ်စလောက် ငွေလေး ခပ်နည်းနည်းနဲ့ ပြိုင်ဘက်အသင်းကြီးတွေအားလုံး အံ့အားသင့်ရအောင် လုပ်ဆောင်ပြသွားနိုင်ခဲ့ပါတယ်။

အာဆင်နယ်၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့လို တခြားအသင်းကြီးတွေ လောက်လောက်လားလားလုပ်မပြနိုင်ခဲ့ကြချိန်မှာ လီဗာပူးလ်တို့ရဲ့ နောက်ဆုံးရက် အသုံးစရိတ်ကတော့ ကနဦးအနေနဲ့ ပေါင်တစ်သန်းခွဲသာ ကျသင့်ခဲ့ပြီး ရှော်လ်ကာရဲ့ အိုဇန် ကာဘက်ခ်နဲ့ ပရက်စတန်ရဲ့ ဘန်ဒေးဗီးစ်တို့ နှစ်ဦးစလုံးကို အသင့်သုံးအဖြစ် ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရှော်လ်ကာကို အာဆင်နယ်ရဲ့ မူစတာဖီနဲ့ ကြားထဲက ချိတ်ပေးလိုက်ပြီးမှ ကာဘက်အတွက် ကနဦးအငှားကြေး ပေါင်တစ်သန်း၊ ဘောနပ်စ် ပေါင်ငါးသိန်း၊ ရာသီကုန်မှာ ခေါ်ယူချင်ရင် ပေါင် ၂၆.၅ သန်း(ယူရိုသန်း ၃၀)နဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုနိုင်ခွင့်တို့ကို ဆွေးနွေးနိုင်ခဲ့တာကတော့ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်ရဲ့ ပြောင်မြောက်လွန်းတဲ့ စကေးလ်တို့လည်း ဆိုရမှာဖြစ်ပြီး ကျန်အသင်းတွေရဲ့ ပရိသတ်တွေ ရင်သပ်ရှုမောခဲ့ရတာပါ။

ဘန်ဒေးဗီးစ်ကိုတော့ ပရက်စတန်ကနေ အပြီးသတ်အဖြစ် ပေါင်ငါးသိန်းသာ ပေးချေပြီး ခေါ်ယူနိုင်ခဲ့တာဖြစ်သလို ဘောနပ်စ် ခံစားခွင့်တွေအရ ပေါင် ၁.၁ သန်း ထပ်ပေးချေရနိုင်ပြီး ပြန်လည်ရောင်းချမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်းကို ခွဲဝေပေးမယ့် သဘောတူညီမှုနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်လို့ ကနဦးသုံးစွဲခဲ့တဲ့ ပေါင်တစ်သန်းခွဲကတော့ ပဲနိတစ်စေ့ချင်းအထိ တန်လွန်းနေခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးလ်တို့အနေနဲ့ ကာဘက်ခ်နဲ့ ဒေးဗီးစ်ကို တစ်ခါတည်း အသင်းရဲ့ အမာခံအင်အားအဖြစ် လက်ရှိနောက်ခံလူနေရာမှာ ကစားနေကြတဲ့ မာတစ်ပ်၊ ဖာဘင်ညို၊ ဟန်ဒါဆန်တို့နဲ့အတူ တွဲဖက်လေ့ကျင့်ပြီး အသားကျအောင် လုပ်ဆောင်ပြီးရင် သုံးစွဲနိုင်မှာဖြစ်သလို ဒေးဗီးစ်ကိုတော့ ဘယ်နောက်ခံလူနေရာကိုပါ Cover အဖြစ် ချထားနိုင်ဦးမှာလည်းဖြစ်ပါတယ်။

အသင်းရဲ့ ဒတ်ချ်လူငယ်နောက်ခံလူ ဆက်ပ် ဗန်ဒင်ဘာ့ဂ်ကိုတော့ ဒေးဗီးစ် အပြောင်းအရွှေ့အတွက် တစ်စိတ်တစ်ပိုင်းအဖြစ် ပရက်စတန်ကို ပြန်လည်အငှားချပေးနိုင်ခဲ့တာက ကစားသမားနဲ့ နှစ်ဖက်အသင်းတွေအတွက် အကျိုးရှိဦးမှာဖြစ်ပြီး ဒါကလည်း အသင်းရဲ့ စီမံခန့်ခွဲမှုကောင်းတစ်ခုလို့ ဆိုရမှာပါ။

ဒီခေါ်ယူမှုနှစ်ခုကတော့ နည်းပြ ယာဂန် ကလော့ပ်အတွက် သူ့ရဲ့ နည်းစနစ်ပိုင်းမှာ ခံစစ်ကို စိတ်ပူစရာမလိုတော့ဘဲ နိုင်ပွဲတွေ ရှာဖွေနိုင်ဖို့ကို အပြည့်အဝ အာရုံစိုက်နိုင်ဖို့ နီးစပ်လာခဲ့သလို ခံစစ်ပြဿနာ ခြေချော်မှုတွေနဲ့ မန်ချက်စတာမြို့ခံနှစ်သင်းဆီ အဆင့်ဆင့် လွှဲပေးခဲ့ရတဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ဖို့နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို ဆက်လက်ထိန်းသိမ်းဖို့ Deadline Day မှာ ရရှိခဲ့တဲ Lifeline တွေ အဖြစ် ရင်ခုန်နိုင်ကြပြီဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ေဆာင္းဝင္လာကတည္း ဒဏ္ရာေတြ ပိုမ်ားလာခဲ့ၿပီး ေနာက္ဆုံးမွာ ကြင္းလယ္ခံစစ္သမားေတြနဲ႔ပါ က်ားကန္လို႔ မႏိုင္ေတာ့တဲ့အထိ ျဖစ္ခဲ့ရတဲ့ ေနာက္တန္းကို ၿပီးခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ပြဲအၿပီးကတည္းက ထပ္မံအားျဖည့္ဖို႔ ႀကိဳးစားေနခဲ့ရာမွာ မျဖစ္စေလာက္ ေငြေလး ခပ္နည္းနည္းနဲ႔ ၿပိဳင္ဘက္အသင္းႀကီးေတြအားလုံး အံ့အားသင့္ရေအာင္ လုပ္ေဆာင္ျပသြားႏိုင္ခဲ့ပါတယ္။

အာဆင္နယ္၊ ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္တို႔လို တျခားအသင္းႀကီးေတြ ေလာက္ေလာက္လားလားလုပ္မျပႏိုင္ခဲ့ၾကခ်ိန္မွာ လီဗာပူးလ္တို႔ရဲ႕ ေနာက္ဆုံးရက္ အသုံးစရိတ္ကေတာ့ ကနဦးအေနနဲ႔ ေပါင္တစ္သန္းခြဲသာ က်သင့္ခဲ့ၿပီး ေရွာ္လ္ကာရဲ႕ အိုဇန္ ကာဘက္ခ္နဲ႔ ပရက္စတန္ရဲ႕ ဘန္ေဒးဗီးစ္တို႔ ႏွစ္ဦးစလုံးကို အသင့္သုံးအျဖစ္ ေခၚယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေရွာ္လ္ကာကို အာဆင္နယ္ရဲ႕ မူစတာဖီနဲ႔ ၾကားထဲက ခ်ိတ္ေပးလိုက္ၿပီးမွ ကာဘက္အတြက္ ကနဦးအငွားေၾကး ေပါင္တစ္သန္း၊ ေဘာနပ္စ္ ေပါင္ငါးသိန္း၊ ရာသီကုန္မွာ ေခၚယူခ်င္ရင္ ေပါင္ ၂၆.၅ သန္း(ယူ႐ိုသန္း ၃၀)နဲ႔ ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခြင့္တို႔ကို ေဆြးေႏြးႏိုင္ခဲ့တာကေတာ့ အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒ္ဝပ္ရဲ႕ ေျပာင္ေျမာက္လြန္းတဲ့ စေကးလ္တို႔လည္း ဆိုရမွာျဖစ္ၿပီး က်န္အသင္းေတြရဲ႕ ပရိသတ္ေတြ ရင္သပ္ရႈေမာခဲ့ရတာပါ။

ဘန္ေဒးဗီးစ္ကိုေတာ့ ပရက္စတန္ကေန အၿပီးသတ္အျဖစ္ ေပါင္ငါးသိန္းသာ ေပးေခ်ၿပီး ေခၚယူႏိုင္ခဲ့တာျဖစ္သလို ေဘာနပ္စ္ ခံစားခြင့္ေတြအရ ေပါင္ ၁.၁ သန္း ထပ္ေပးေခ်ရႏိုင္ၿပီး ျပန္လည္ေရာင္းခ်မယ္ဆိုရင္ေတာ့ ေျပာင္းေ႐ႊ႕ေၾကးရဲ႕ ၂၀ ရာခိုင္ႏႈန္းကို ခြဲေဝေပးမယ့္ သေဘာတူညီမႈနဲ႔ ေခၚယူႏိုင္ခဲ့တာျဖစ္လို႔ ကနဦးသုံးစြဲခဲ့တဲ့ ေပါင္တစ္သန္းခြဲကေတာ့ ပဲနိတစ္ေစ့ခ်င္းအထိ တန္လြန္းေနခဲ့တာလည္းျဖစ္ပါတယ္။

လီဗာပူးလ္တို႔အေနနဲ႔ ကာဘက္ခ္နဲ႔ ေဒးဗီးစ္ကို တစ္ခါတည္း အသင္းရဲ႕ အမာခံအင္အားအျဖစ္ လက္ရွိေနာက္ခံလူေနရာမွာ ကစားေနၾကတဲ့ မာတစ္ပ္၊ ဖာဘင္ညိဳ၊ ဟန္ဒါဆန္တို႔နဲ႔အတူ တြဲဖက္ေလ့က်င့္ၿပီး အသားက်ေအာင္ လုပ္ေဆာင္ၿပီးရင္ သုံးစြဲႏိုင္မွာျဖစ္သလို ေဒးဗီးစ္ကိုေတာ့ ဘယ္ေနာက္ခံလူေနရာကိုပါ Cover အျဖစ္ ခ်ထားႏိုင္ဦးမွာလည္းျဖစ္ပါတယ္။

အသင္းရဲ႕ ဒတ္ခ်္လူငယ္ေနာက္ခံလူ ဆက္ပ္ ဗန္ဒင္ဘာ့ဂ္ကိုေတာ့ ေဒးဗီးစ္ အေျပာင္းအေ႐ႊ႕အတြက္ တစ္စိတ္တစ္ပိုင္းအျဖစ္ ပရက္စတန္ကို ျပန္လည္အငွားခ်ေပးႏိုင္ခဲ့တာက ကစားသမားနဲ႔ ႏွစ္ဖက္အသင္းေတြအတြက္ အက်ိဳးရွိဦးမွာျဖစ္ၿပီး ဒါကလည္း အသင္းရဲ႕ စီမံခန႔္ခြဲမႈေကာင္းတစ္ခုလို႔ ဆိုရမွာပါ။

ဒီေခၚယူမႈႏွစ္ခုကေတာ့ နည္းျပ ယာဂန္ ကေလာ့ပ္အတြက္ သူ႔ရဲ႕ နည္းစနစ္ပိုင္းမွာ ခံစစ္ကို စိတ္ပူစရာမလိုေတာ့ဘဲ ႏိုင္ပြဲေတြ ရွာေဖြႏိုင္ဖို႔ကို အျပည့္အဝ အာ႐ုံစိုက္ႏိုင္ဖို႔ နီးစပ္လာခဲ့သလို ခံစစ္ျပႆနာ ေျခေခ်ာ္မႈေတြနဲ႔ မန္ခ်က္စတာၿမိဳ႕ခံႏွစ္သင္းဆီ အဆင့္ဆင့္ လႊဲေပးခဲ့ရတဲ့ အမွတ္ေပးဇယား ထိပ္ဆုံးေနရာကို ျပန္လည္ရယူႏိုင္ဖို႔နဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုဖလားကို ဆက္လက္ထိန္းသိမ္းဖို႔ Deadline Day မွာ ရရွိခဲ့တဲ Lifeline ေတြ အျဖစ္ ရင္ခုန္ႏိုင္ၾကၿပီျဖစ္ေၾကာင္း သုံးသပ္ေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.