Premier League

2 Feb နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-ချဲလ်ဆီးနောက်ခံကစားသမား မားကို့စ် အလွန်ဆိုဟာ ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက ပွဲထွက်ပါဝင်ခွင့် မရရှိခဲ့ပြီးနောက် ယခုအပတ် ချဲလ်ဆီးအသင်းမှာ ပြန်လည်ပါဝင်ကစားခွင့် ရရှိခဲ့ပြီး အသင်းအတွက် ဂိုးပါ သွင်းယူပေးနိုင်ခဲ့တဲ့အတွက် ဘန် ချေးဝဲလ်ထက် ပွဲထွက်ခွင့် ပိုပြီး ရရှိနိုင်တယ်လို့ ထင်ကြောင်း ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်က ရီးစ် ဂျိမ်းစ် ခံစားခဲ့ရတဲ့ လူမျိုးရေးခွဲခြားမှုအတွက် ၎င်းအနေနဲ့ တုန်လှုပ်မိတယ်လို့ အသင်းမှာရှိတဲ့ ကစားသမားတိုင်းဆီကို စာရေးသားပေးပို့ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ဆက်တိုက်တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း လူမျိုးရေးခွဲခြားမှုကို အဆုံးသတ်ဖို့ တိုက်ရိုက် ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားမယ်လို့ ကတိပေးခဲ့။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်အနေနဲ့ သတ်မှတ်ထားတဲ့ စွမ်းဆောင်ရည်ပစ်မှတ်တွေကို ဆက်တိုက် ထိမှန်နိုင်ခဲ့မယ်ဆိုရင် ၎င်းရဲ့ စာချုပ်သက်တမ်း ၁၈ လ ကုန်ဆုံးချိန်မှာ ချဲလ်ဆီးအသင်းက စာချုပ်သစ် ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ သိရပြီး လာမယ့် ၂ ရာသီစလုံး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ရင် စာချုပ်သက်တမ်းတိုးဖို့ ရွေးချယ်မှုကို ပြုလုပ်နိုင်တဲ့အချက်နဲ့ အကျိုးခံစားခွင့်များစွာ စာချုပ်ထဲမှာ ပါဝင်နေတယ်လို့ Sportmail က ဖော်ပြခဲ့။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ ယခုလာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ခေါ်ယူမယ့် ကစားသမား ၄ ဦးကို ဆုံးဖြတ်ထားြ့ပီးဖြစ်တယ်လို့ သိရပြီး သီယာဂို ဆေးလ်ဗားနဲ့ ဗဟိုခံစစ်တွဲဘက်အဖြစ် လိုက်ပ်ဇစ်ကြယ်ပွင့် အူပါမီကာနို၊ အလာဘာ၊ ဟာလန်းနဲ့ ယခုလာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း တစ်နှစ်သာကျန်တော့မယ့် ဘာစီလိုနာကြယ်ပွင့် ဒမ်ဘီလီတို့ ဖြစ်တယ်လို့ သိရ။

-ချဲလ်ဆီးအသင်းနည်းပြဟောင်း ဖရန့်လမ်းပတ်ဟာ စတန်းဖို့ဒ်ဘရစ်ဂျ်ကနေ ထုတ်ပယ်ခြင်းမခံရမီမှာ အသင်းဖော်ဟောင်းဖြစ်တဲ့ ဂိုးသမား ပီတာ ချက်နဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်ခဲ့တယ်လို့ Daily Telegraph ရဲ့ ဖော်ပြချက်အရ သိရပြီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်နဲ့လည်း နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ၁၈ လအတွင်း စကားတစ်ခါမှ မပြောဆိုခဲ့ဘဲ ရာထူးကနေ ထုတ်ပယ်လိုက်ပြီဆိုတာကို မာရီနာ ဂရာနော့စကားယာကပဲ အသိပေးခဲ့တာဖြစ်တယ်လို့ သိရ။

-ချဲလ်ဆီးအသင်း နည်းပြ တူဟယ်က ဘန်လေအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့ပြီးနောက် ချဲလ်ဆီးတီဗီနဲ့ အင်တာဗျူးပြုလုပ်ခဲ့ရာမှာ တိကျသေချာမှုမျိုး ကင်းမဲ့ခဲ့တယ်လို့ ပြောကြားခဲ့ပြီး ပထမပိုင်းမှာ အပိုင် ဂိုးကန်သွင်းခွင့် ရရှိခဲ့ပေမယ့်လည်း လွဲချော်ခဲ့ပြန်တဲ့ တီမို ဗာနာသာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ရင် စောစောဦးဆောင်ထားနိုင်ခဲ့မယ်လို့ ခံစားနေရကြောင်း သိရ။

-လိုက်ပ်ဇစ်နောက်ခံကစားသမား အူပါမီကာနိုကို ချဲလ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့က ခေါ်ယူဖို့ တိုက်ပွဲဝင်နေကြတယ်လို့ ဘိုင်ယန်မြူးနစ်အသင်းဥက္ကဌ ကားလ်-ဟိန့်ဇ် ရွန်းမန်းနစ်က ပြောကြားခဲ့ပြီး လိုက်ပ်ဇစ်နောက်ခံကစားသမားဟာ ယခုလာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ဘိုင်ယန်မြူးနစ်ရဲ့ အဓိကဦးစားပေးပစ်မှတ်ဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီးနောက် အူပါမီကာနိုကို ခေါ်ယူချင်နေတဲ့အသင်းတွေအတွက် အချက်ပေးခေါင်းလောင်းသံဖြစ်လာ။