Premier League

2 Feb နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်အသင်းဟာ စပို့တင်းလစ္စဘွန်းကွင်းလယ်ကစားသမား ပက်ဒရို ဂွန်ဆာဗစ်ကို ခေါ်ယူဖို့အတွက် မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး အိုလေဂန်နာဆိုးလ်ရှားဟာ ဂွန်ဆာဗစ်ကို လာမယ့်နွေရာသီမှာ ၎င်းရဲ့လူစာရင်းထဲကို ထည့်သွင်းဖို့အတွက် စိတ်ဝင်စားနေတာဖြစ်တယ်လို့ Record က ဖော်ပြခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ကို ရှုံးနိမ့်ခဲ့တဲ့ ပြီးခဲ့တဲ့အပတ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ အဓိက ဆုံးဖြတ်ချက် ၂ ခုကို မှားယွင်းချမှတ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပြီးနောက် ၎င်းရဲ့ ကစားသမားတွေအနေနဲ့ ခက်ခဲတဲ့အခြေအနေမှာ ရှင်ကျန်ရစ်နိုင်မယ့် စွမ်းရည်နဲ့ စိတ်ဓာတ်မျိုး ရှိဖို့လိုတယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးက အိုးထရက်ဖို့ဒ်က လက်ရှိအခြေအနေတွေအရ ချန်ပီယံဖြစ်ဖို့အတွက် မှန်ကန်တဲ့ စိတ်ပိုင်းဆိုင်ရာရှိတယ်လို့ မယုံမကြည် ဖြစ်နေပြီး လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ မတူဘဲ လက်ရှိကစားသမားတွေနဲ့ ပရီးမီးယားလိဂ်ဆုဖလားကို မရရှိနိုင်ဘူးလို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဆောက်သမ်တန်နဲ့ ယနေ့ညမှာ ကစားရမယ့်ပွဲစဉ်မှာ ၎င်းတို့ရဲ့ ကံကောင်းမှုကို ပြန်လည်ရယူဖို့ လိုအပ်တယ်လို့ နည်းပြ အိုလေဂန်နာဆိုးလ်ရှားက ဝန်ခံခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးအထိ တက်ရောက်နိုင်စေခဲ့တဲ့ အထင်ကြီးဖွယ် ရှုံးပွဲမရှိစံချိန်ရှိနေတုန်းက ခြေစွမ်းကို ပြန်လည်ရှာဖွေရမယ်လို့ ပြောကြားခဲ့။

-ပေါလ် မာဆန်က ဝက်စ်ဟမ်းအသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေဟာ ဂျက်ဆီ လင်ဂတ်ကို ဘာကြောင့် မခေါ်ယူခဲ့တာလဲဆိုတာ ခေါင်းကုပ်ပြီး စဉ်းစားကြလိမ့်မယ်လို့ ပြောကြားခဲ့ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ကောင်းမွန်တဲ့ကစားသမားဖြစ်နေဆဲဖြစ်တာကြောင့် ဝက်စ်ဟမ်းယူနိုက်တက်အသင်းအနေနဲ့ စိန်တုံးရခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်ဂန္တဝင် တိုက်စစ်မှူး ဝိန်း ရွန်နီဟာ ယခုရာသီကုန်အထိ ဒါဘီကောင်တီအသင်းကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမား တီဒန် မန်ဂီကို အံ့အားသင့်ဖွယ်လူငယ်ကစားသမားဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး အသက် ၁၈ နှစ်အရွယ် နောက်ခံကစားသမား လျင်မြန်ပြီး သန်မာသလို နောက်တန်းမှာ ၂ နေရာ၊ ၃ နေရာလောက် ကစားနိုင်တယ်လို့ ပြောကြားခဲ့။

-ရီးရဲလ်မက်ဒရစ်ဝါရင့်နေုာက်ခံကစားသမား ဆာဂျီယို ရာမို့စ်ဟာ လာလီဂါထပ်သီးအသင်းကြီးနဲ့ စာချုပ်သစ် မချုပ်ဆိုတော့ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် လာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တယ်လို့ သိရပြီး တစ်ပတ်လုပ်ခလစာ ယူရို ၂၂၆၀၀၀ ပေးချေဖို့အတွက် ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ Man United Zone ရဲ့ ဖော်ပြချက်အရ သိရ။

-မန်ချက်စတာယူနိုက်တက် ဝါရင့်နောက်ခံကစားသမား ဖီးလ်ဂျုံးစ်အနေနဲ့ ဒဏ်ရာပြသနာကနေ ပြန်လည်ကြံ့ခိုင်မှုရရှိလာခဲ့ရင် နော်ဝေလူမျိုးနည်းပြရဲ့ ယာယီနည်းပြကာလတုန်းက ပြသခဲ့တဲ့ ခြေစွမ်းကို ပြန်လည်ရှာဖွေနိုင်မယ်လို့ ဆိုးလ်ရှားက ယုံကြည်နေပြီး ၂၀၁၁ ခုနှစ်ကတည်းက ယူနိုက်တက်ကို ရောက်ရှိခဲ့တဲ့ ဖီးလ်ဂျုံးစ်ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကတည်းက မကစာားရတော့တာဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လမှာ ဒူးဒဏ်ရာရရှိပြီးနောက် ဆက်လက်လွဲချော်ခဲ့သူဖြစ်တယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ စပို႔တင္းလစၥဘြန္းကြင္းလယ္ကစားသမား ပက္ဒရို ဂြန္ဆာဗစ္ကို ေခၚယူဖို႔အတြက္ ေမးျမန္းစုံစမ္းမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရၿပီး အိုေလဂန္နာဆိုးလ္ရွားဟာ ဂြန္ဆာဗစ္ကို လာမယ့္ေႏြရာသီမွာ ၎ရဲ့လူစာရင္းထဲကို ထည့္သြင္းဖို႔အတြက္ စိတ္ဝင္စားေနတာျဖစ္တယ္လို႔ Record က ေဖာ္ျပခဲ့။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားဟာ ရွက္ဖီးယူနိုက္တက္အသင္းနဲ႔ကို ရႈံးနိမ့္ခဲ့တဲ့ ၿပီးခဲ့တဲ့အပတ္ပြဲစဥ္မွာ ယူနိုက္တက္ဟာ အဓိက ဆုံးျဖတ္ခ်က္ ၂ ခုကို မွားယြင္းခ်မွတ္ခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီးေနာက္ ၎ရဲ့ ကစားသမားေတြအေနနဲ႔ ခက္ခဲတဲ့အေျခအေနမွာ ရွင္က်န္ရစ္နိုင္မယ့္ စြမ္းရည္နဲ႔ စိတ္ဓာတ္မ်ိဳး ရွိဖို႔လိုတယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ေနာက္ခံကစားသမား ဂယ္ရီနဗီးက အိုးထရက္ဖို႔ဒ္က လက္ရွိအေျခအေနေတြအရ ခ်န္ပီယံျဖစ္ဖို႔အတြက္ မွန္ကန္တဲ့ စိတ္ပိုင္းဆိုင္ရာရွိတယ္လို႔ မယုံမၾကည္ ျဖစ္ေနၿပီး လီဗာပူးလ္၊ မန္စီးတီးတို႔နဲ႔ မတူဘဲ လက္ရွိကစားသမားေတြနဲ႔ ပရီးမီးယားလိဂ္ဆုဖလားကို မရရွိနိုင္ဘူးလို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႔ ေဆာက္သမ္တန္နဲ႔ ယေန႔ညမွာ ကစားရမယ့္ပြဲစဥ္မွာ ၎တို႔ရဲ့ ကံေကာင္းမႈကို ျပန္လည္ရယူဖို႔ လိုအပ္တယ္လို႔ နည္းၿပ အိုေလဂန္နာဆိုးလ္ရွားက ဝန္ခံခဲ့ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးအထိ တက္ေရာက္နိုင္ေစခဲ့တဲ့ အထင္ႀကီးဖြယ္ ရႈံးပြဲမရွိစံခ်ိန္ရွိေနတုန္းက ေျခစြမ္းကို ျပန္လည္ရွာေဖြရမယ္လို႔ ေျပာၾကားခဲ့။

-ေပါလ္ မာဆန္က ဝက္စ္ဟမ္းအသင္းရဲ့ ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းေတြဟာ ဂ်က္ဆီ လင္ဂတ္ကို ဘာေၾကာင့္ မေခၚယူခဲ့တာလဲဆိုတာ ေခါင္းကုပ္ၿပီး စဥ္းစားၾကလိမ့္မယ္လို႔ ေျပာၾကားခဲ့ၿပီး အဂၤလန္ကြင္းလယ္ကစားသမားဟာ ေကာင္းမြန္တဲ့ကစားသမားျဖစ္ေနဆဲျဖစ္တာေၾကာင့္ ဝက္စ္ဟမ္းယူနိုက္တက္အသင္းအေနနဲ႔ စိန္တုံးရခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ တိုက္စစ္မႉး ဝိန္း ရြန္နီဟာ ယခုရာသီကုန္အထိ ဒါဘီေကာင္တီအသင္းကို အငွားနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္ ေနာက္ခံကစားသမား တီဒန္ မန္ဂီကို အံ့အားသင့္ဖြယ္လူငယ္ကစားသမားျဖစ္တယ္လို႔ ေဖာ္ျပခဲ့ၿပီး အသက္ ၁၈ ႏွစ္အရြယ္ ေနာက္ခံကစားသမား လ်င္ျမန္ၿပီး သန္မာသလို ေနာက္တန္းမွာ ၂ ေနရာ၊ ၃ ေနရာေလာက္ ကစားနိုင္တယ္လို႔ ေျပာၾကားခဲ့။

-ရီးရဲလ္မက္ဒရစ္ဝါရင့္ေႏုာက္ခံကစားသမား ဆာဂ်ီယို ရာမို႔စ္ဟာ လာလီဂါထပ္သီးအသင္းႀကီးနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုေတာ့ဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ လာမယ့္ေႏြရာသီမွာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ေျပာင္းေရႊ႕ဖို႔ ေရြးခ်ယ္ခဲ့တယ္လို႔ သိရၿပီး တစ္ပတ္လုပ္ခလစာ ယူရို ၂၂၆၀၀၀ ေပးေခ်ဖို႔အတြက္ ေဆြးေႏြးခဲ့ၿပီးျဖစ္တယ္လို႔ Man United Zone ရဲ့ ေဖာ္ျပခ်က္အရ သိရ။

-မန္ခ်က္စတာယူနိုက္တက္ ဝါရင့္ေနာက္ခံကစားသမား ဖီးလ္ဂ်ဳံးစ္အေနနဲ႔ ဒဏ္ရာျပသနာကေန ျပန္လည္ႀကံ့ခိုင္မႈရရွိလာခဲ့ရင္ ေနာ္ေဝလူမ်ိဳးနည္းျပရဲ့ ယာယီနည္းျပကာလတုန္းက ျပသခဲ့တဲ့ ေျခစြမ္းကို ျပန္လည္ရွာေဖြနိုင္မယ္လို႔ ဆိုးလ္ရွားက ယုံၾကည္ေနၿပီး ၂၀၁၁ ခုႏွစ္ကတည္းက ယူနိုက္တက္ကို ေရာက္ရွိခဲ့တဲ့ ဖီးလ္ဂ်ဳံးစ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလကတည္းက မကစာားရေတာ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ဇြန္လမွာ ဒူးဒဏ္ရာရရွိၿပီးေနာက္ ဆက္လက္လြဲေခ်ာ္ခဲ့သူျဖစ္တယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.