Premier League Transfer News

2 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ Deadline Day မှာ လိုချင်တဲ့ ကစားသမားတွေကို မရရှိခဲ့ပေမယ့် ကစားသမားတချို့ကို ရှင်းထုတ်နိုင်ခဲ့ရာမှာ အငှားခေါ်ယူထားတဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်အတွက်တော့ အကျိုးရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ ပါဝင်ကစားဖို့ နေရာလွတ် ရရှိသွားခဲ့။

– ရှော်လ်ကာအသင်းကို နောက်ဆုံးနေ့မှာ နောက်ခံလူ ရှကိုဒရန် မူစတာဖီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပို့ဆောင်လိုက်နိုင်ခဲ့တဲ့ အာဆင်နယ်တို့အနေနဲ့ သူ့အတွက် ပေါင် ၃၅ သန်း အရှုံးပေါ်ခဲ့ပေမယ့် နိုင်ငံခြားသား ကစားသမား တစ်နေရာနဲ့ တစ်ပတ်လုပ်ခ ပေါင်ကိုးသောင်း ချွေတာနိုင်ခဲ့။

– ဝုလ်ဗ်စ်နဲ့ ကစားရမယ့် အာဆင်နယ်အသင်းရဲ့ လူစာရင်းကနေ နောက်ခံလူ ကီရန် တီယာနီအနေနဲ့ ဒဏ်ရာကြောင့် ထပ်မံလွဲချော်ဦးမှာ ဖြစ်ပြီး အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းအနေနဲ့လည်း ကစားနိုင်ဖို့ မသေချာသေးသလို ဂိုးသမားသစ် မတ် ရိုင်ယန်လည်း တင်ပါးဒဏ်ရာက မသက်သာသေးကြောင်း သိရ။

– အာဆင်နယ်အသင်းအနေနဲ့ အသင်းမှာ အသုံးမဝင်တဲ့ ကစားသမားတွေကို ရှင်းထုတ်နိုင်ခဲ့တာကောင်းပေမယ့် လိုအပ်နေတဲ့ ဘယ်နောက်ခံလူတစ်နေရာကို နောက်ဆုံးနေ့မှာ ပြန်လည်ဖြည့်ဆည်းနိုင်ခြင်း မရှိတာဟာ အီဒူးရဲ့ အတွေ့အကြုံ လိုအပ်မှုနဲ့ သင်ခန်းစာ ယူစရာလို့ ပရိသတ်တွေ ဝေဖန်နေကြ။

– အာဆင်နယ်အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားနှစ်ယောက်ဖြစ်ကြတဲ့ ကွင်းလယ်လူ ဂျိုးဝီလော့ခ်နဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်တို့ကို နယူးကာဆယ်လ်နဲ့ ဝက်စ်ဘရွန်းအသင်းတွေက အငှားနဲ့ အသီးသီး ရာသီကုန်အထိ ခေါ်ယူသွားခဲ့ကြပြီး တောင်ပံသမား ရီးစ် နယ်လ်ဆန်ကတော့ ဘယ်ကိုမှ မပြောင်းရွှေ့နိုင်ဘဲ အမ်းမရိတ်မှာ ကျန်ရစ်ခဲ့။

– ဒဏ်ရာတွေကို ကျော်လွှားခဲ့ပြီး အသင်းရဲ့နောက်တန်းမှာ Clean Sheet တွေ အတွက် အကောင်းဆုံး ခြေစွမ်းပြနေခဲ့တဲ့ နောက်ခံလူ ရော့ဘ် ဟိုးလ်ဒင်းဟာ ထူးခြားကောင်းမွန်တဲ့ နောက်ခံလူတစ်ဦးဖြစ်တယ်လို့ အာဆင်နယ်ခံစစ်မှူးဟောင်းကြီး ဆိုးလ် ကမ်းဘဲလ်က ချီးကျူးသွားခဲ့။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက ဒီရာသီအတွက် မျှော်မှန်းချက်တွေနဲ့ ရပ်တည်နိုင်ခြေတွေကို ပြောနိုင်ဖို့ စောလွန်းသေးပြီး အသင်းအနေနဲ့ ထိပ်ဆုံးလေးသင်းထဲကို မဝင်နိုင်ဘူးလို့ သတ်မှတ်လို့ မဖြစ်နိုင်ဘူးလို့ ဆိုခဲ့သလို ခက်ခဲတဲ့ ရာသီမှာ ဘာမဆိုဖြစ်နိုင်ကြောင်း ပြောကြား။

– အာဆင်နယ်စီနီယာကစားသမားစာရင်းက မူစတာဖီအပါအဝင် သုံးဦး ပြောင်းရွှေ့ထွက်ခွာသွားခဲ့ချိန်မှာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂျိမ်းစ် အိုလာယင်ကာ၊ မတ် စမစ်၊ ဇက်ချ် မက်ဒ်လီ၊ ဂျိုးဆက် အိုဝူလူတို့တွေလည်း အငှားနဲ့ ထွက်ခွာသွားခဲ့ကြပြီး ပေါင်ခုနစ်သိန်းတန် ဘင်ရှိဖ်ကိုတော့ ကိုဗင်ထရီ အပြီးသတ်ခေါ်ယူဖို့ မလုပ်နိုင်ခဲ့။

– ဝုလ်ဗ်စ်နဲ့ ရင်ဆိုင်မယ့် အာဆင်နယ်အသင်းအတွက် ပြန်လည်လေ့ကျင့်နေခဲ့တဲ့ ကစားသမားအချို့ကို ဒီနေ့ အင်္ဂါနေ့ညနေပိုင်းမှာ ကြံ့ခိုင်မှုကို ထပ်မံစစ်ဆေးသွားမှာဖြစ်ပြီး နောက်ခံလူ ပါဘလို မာရီ၊ ကွင်းလယ်လူ ဒါနီ စီဘာယော့စ်နဲ့ လူငယ်တောင်ပံသမား ဘူကာယို ဆာကာတို့က အတည်ပြုရမယ့် ဒီစာရင်းထဲ ပါဝင်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ Deadline Day မွာ လိုခ်င္တဲ့ ကစားသမားေတြကို မရရွိခဲ့ေပမယ့္ ကစားသမားတခ်ိဳ႕ကို ရွင္းထုတ္ႏိုင္ခဲ့ရာမွာ အငွားေခၚယူထားတဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္အတြက္ေတာ့ အက်ိဳးရွိခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ပါဝင္ကစားဖို႔ ေနရာလြတ္ ရရွိသြားခဲ့။

– ေရွာ္လ္ကာအသင္းကို ေနာက္ဆုံးေန႔မွာ ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ပို႔ေဆာင္လိုက္ႏိုင္ခဲ့တဲ့ အာဆင္နယ္တို႔အေနနဲ႔ သူ႔အတြက္ ေပါင္ ၃၅ သန္း အရႈံးေပၚခဲ့ေပမယ့္ ႏိုင္ငံျခားသား ကစားသမား တစ္ေနရာနဲ႔ တစ္ပတ္လုပ္ခ ေပါင္ကိုးေသာင္း ေခြၽတာႏိုင္ခဲ့။

– ဝုလ္ဗ္စ္နဲ႔ ကစားရမယ့္ အာဆင္နယ္အသင္းရဲ႕ လူစာရင္းကေန ေနာက္ခံလူ ကီရန္ တီယာနီအေနနဲ႔ ဒဏ္ရာေၾကာင့္ ထပ္မံလြဲေခ်ာ္ဦးမွာ ျဖစ္ၿပီး အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအေနနဲ႔လည္း ကစားႏိုင္ဖို႔ မေသခ်ာေသးသလို ဂိုးသမားသစ္ မတ္ ႐ိုင္ယန္လည္း တင္ပါးဒဏ္ရာက မသက္သာေသးေၾကာင္း သိရ။

– အာဆင္နယ္အသင္းအေနနဲ႔ အသင္းမွာ အသုံးမဝင္တဲ့ ကစားသမားေတြကို ရွင္းထုတ္ႏိုင္ခဲ့တာေကာင္းေပမယ့္ လိုအပ္ေနတဲ့ ဘယ္ေနာက္ခံလူတစ္ေနရာကို ေနာက္ဆုံးေန႔မွာ ျပန္လည္ျဖည့္ဆည္းႏိုင္ျခင္း မရွိတာဟာ အီဒူးရဲ႕ အေတြ႕အႀကဳံ လိုအပ္မႈနဲ႔ သင္ခန္းစာ ယူစရာလို႔ ပရိသတ္ေတြ ေဝဖန္ေနၾက။

– အာဆင္နယ္အသင္းရဲ႕ အကယ္ဒမီထြက္ ကစားသမားႏွစ္ေယာက္ျဖစ္ၾကတဲ့ ကြင္းလယ္လူ ဂ်ိဳးဝီေလာ့ခ္နဲ႔ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္တို႔ကို နယူးကာဆယ္လ္နဲ႔ ဝက္စ္ဘ႐ြန္းအသင္းေတြက အငွားနဲ႔ အသီးသီး ရာသီကုန္အထိ ေခၚယူသြားခဲ့ၾကၿပီး ေတာင္ပံသမား ရီးစ္ နယ္လ္ဆန္ကေတာ့ ဘယ္ကိုမွ မေျပာင္းေ႐ႊ႕ႏိုင္ဘဲ အမ္းမရိတ္မွာ က်န္ရစ္ခဲ့။

– ဒဏ္ရာေတြကို ေက်ာ္လႊားခဲ့ၿပီး အသင္းရဲ႕ေနာက္တန္းမွာ Clean Sheet ေတြ အတြက္ အေကာင္းဆုံး ေျခစြမ္းျပေနခဲ့တဲ့ ေနာက္ခံလူ ေရာ့ဘ္ ဟိုးလ္ဒင္းဟာ ထူးျခားေကာင္းမြန္တဲ့ ေနာက္ခံလူတစ္ဦးျဖစ္တယ္လို႔ အာဆင္နယ္ခံစစ္မႉးေဟာင္းႀကီး ဆိုးလ္ ကမ္းဘဲလ္က ခ်ီးက်ဴးသြားခဲ့။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက ဒီရာသီအတြက္ ေမွ်ာ္မွန္းခ်က္ေတြနဲ႔ ရပ္တည္ႏိုင္ေျခေတြကို ေျပာႏိုင္ဖို႔ ေစာလြန္းေသးၿပီး အသင္းအေနနဲ႔ ထိပ္ဆုံးေလးသင္းထဲကို မဝင္ႏိုင္ဘူးလို႔ သတ္မွတ္လို႔ မျဖစ္ႏိုင္ဘူးလို႔ ဆိုခဲ့သလို ခက္ခဲတဲ့ ရာသီမွာ ဘာမဆိုျဖစ္ႏိုင္ေၾကာင္း ေျပာၾကား။

– အာဆင္နယ္စီနီယာကစားသမားစာရင္းက မူစတာဖီအပါအဝင္ သုံးဦး ေျပာင္းေ႐ႊ႕ထြက္ခြာသြားခဲ့ခ်ိန္မွာ လူငယ္ကစားသမားေတြျဖစ္တဲ့ ဂ်ိမ္းစ္ အိုလာယင္ကာ၊ မတ္ စမစ္၊ ဇက္ခ်္ မက္ဒ္လီ၊ ဂ်ိဳးဆက္ အိုဝူလူတို႔ေတြလည္း အငွားနဲ႔ ထြက္ခြာသြားခဲ့ၾကၿပီး ေပါင္ခုနစ္သိန္းတန္ ဘင္ရွိဖ္ကိုေတာ့ ကိုဗင္ထရီ အၿပီးသတ္ေခၚယူဖို႔ မလုပ္ႏိုင္ခဲ့။

– ဝုလ္ဗ္စ္နဲ႔ ရင္ဆိုင္မယ့္ အာဆင္နယ္အသင္းအတြက္ ျပန္လည္ေလ့က်င့္ေနခဲ့တဲ့ ကစားသမားအခ်ိဳ႕ကို ဒီေန႔ အဂၤါေန႔ညေနပိုင္းမွာ ႀကံ့ခိုင္မႈကို ထပ္မံစစ္ေဆးသြားမွာျဖစ္ၿပီး ေနာက္ခံလူ ပါဘလို မာရီ၊ ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္နဲ႔ လူငယ္ေတာင္ပံသမား ဘူကာယို ဆာကာတို႔က အတည္ျပဳရမယ့္ ဒီစာရင္းထဲ ပါဝင္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.