Premier League Transfer News

Deadline Day လန်ဒန်စံတော်ချိန် ညနေ ၃ နာရီ သတင်းများ စုစည်းမှု

– စပါးစ်အသင်းရဲ့ ဌာနချုပ်မှာတော့ အသံတွေ တိတ်ဆိတ်နေပြီး အဝင်ကစားသမား မရှိသလို ဒန်နီ ရို့စ်ကို ထရက်ဘ်ဇွန်စပေါ်ဆီ အငှားချဖို့ ပျက်ပြယ်သွားခဲ့ချိန်မှာ ဝက်စ်ဘရွန်းအသင်းဆီကို ပို့ဆောင်နိုင်ဖို့တော့ ကြိုးပမ်းနေပြီး ပီအက်စ်ဂျီနဲ့ သတင်းထွက်နေတဲ့ ဒယ်လီ အယ်လီလည်း အသင်းမှာ ဆက်နေဖွယ်ရှိ။

– လီဗာပူးလ်အသင်းက ခေါ်ယူတော့မယ်လို့ သတင်းထွက်နေတဲ့ နောက်ခံလူ အိုဇန် ကာဘက်ခ်ကတော့ ရှော်လ်ကာအသင်းရဲ့ ဆေးဘက်ဆိုင်ရာဌာနကို သတင်းပို့ခဲ့ပြီး အသင်းပြောင်းရွှေ့ဖို့အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဂယ်လ်ဆင်ကာချင်မှာပဲ ပြုလုပ်သွားဖို့ ရှိနေ။

– နောက်ခံလူ ဆက်ပ် ဗန်ဒင်ဘာ့ဂ်ကို ပရက်စ်တန်အသင်းဆီ အငှားချခဲ့ပြီးဖြစ်သလို သူတို့ရဲ့ နောက်ခံလူ ဘန်ဒေးဗီးစ်ကိုတော့ လီဗာပူးလ်အသင်းက အပြီးသတ် ခေါ်ယူနိုင်လိုက်ပြီလို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနို အတည်ပြုသွားခဲ့။

– ဘင်ဖီကာအသင်းကနေ အငှားခေါ်ယူထားခဲ့ပြီး စပါးစ်အသင်းမှာ ပွဲကစားခွင့် ရှားပါးနေတဲ့ ဂျက်ဒ်ဆန် ဖာနန်ဒက်စ်ကတော့ တူရကီကို သူနာပြုလေယာဉ်နဲ့ ပျံသန်းသွားခဲ့ပြီလို့ သိရပြီး ကိုဗစ်-၁၉ ပေါ့စစ်တစ်ဖြစ်နေတဲ့ သူ့အတွက် ပုဂ္ဂိုလ်ရေးအချက်အလက်တွေကိုတော့ ဂါလာတာစာရေးနဲ့ သဘောတူညီနိုင်မယ်လို့ ယုံကြည်နေ။

– ဘရိုက်တန်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတွေက စိတ်ဝင်စားခဲ့ဖူးတဲ့ လူငယ်ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုကို ခေါ်ယူဖို့ အချိန်မီလုပ်ဆောင်နိုင်ဖွယ်ရှိနေပြီး ဘီဆူးမားအတွက် ကြိုတင်အစားထိုးမှုဖြစ်တယ်လို့ စကိုင်းပို့စ်ရဲ့ တောင်အမေရိက ကျွမ်းကျင်သူ တင်မ် ဗစ်ကာရီ ပြောကြား။

– ဘယ်နောက်ခံလူ ပက်ထရစ် ဗန်အန်ဟို့လ်ဟာ အာဆင်နယ်အသင်းနဲ့ ကောင်းကောင်းအံဝင်နိုင်ပြီး အသင်းကြီးအဆင့်အတန်းမျိုးရှိသူလို့ နည်းပြ ရွိုင်းဟော့ဆန်က အတိတ်စိမ်းပေးတဲ့ သဘောနဲ့ ချီးကျူးလိုက်ပေမယ့် အသင်းမှာ ဆက်ရှိမယ်လို့ မျှော်လင့်ကြောင်းဆိုခဲ့။

– အာဆင်နယ်နောက်ခံလူ ရှကိုဒရန် မူစတာဖီနဲ့ နောက်ခံလူတစ်ဦး အလိုရှိနေတဲ့ ရှော်လ်ကာအသင်းတို့ ဆွေးနွေးနေကြပြီး ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကတော့ အသင်းရဲ့ ကော်လ်နီ ထရိန်နင်စင်တာက ထွက်ခွာသွားပြီး မြောက်လန်ဒန်ကို ဖြစ်နိုင်ဖွယ် အပြောင်းအရွှေ့ တစ်ခုခုအတွက် ပြန်လည်စောင့်ဆိုင်းနေ။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– စပါးစ္အသင္းရဲ႕ ဌာနခ်ဳပ္မွာေတာ့ အသံေတြ တိတ္ဆိတ္ေနၿပီး အဝင္ကစားသမား မရွိသလို ဒန္နီ ႐ို႕စ္ကို ထရက္ဘ္ဇြန္စေပၚဆီ အငွားခ်ဖို႔ ပ်က္ျပယ္သြားခဲ့ခ်ိန္မွာ ဝက္စ္ဘ႐ြန္းအသင္းဆီကို ပို႔ေဆာင္ႏိုင္ဖို႔ေတာ့ ႀကိဳးပမ္းေနၿပီး ပီအက္စ္ဂ်ီနဲ႔ သတင္းထြက္ေနတဲ့ ဒယ္လီ အယ္လီလည္း အသင္းမွာ ဆက္ေနဖြယ္ရွိ။

– လီဗာပူးလ္အသင္းက ေခၚယူေတာ့မယ္လို႔ သတင္းထြက္ေနတဲ့ ေနာက္ခံလူ အိုဇန္ ကာဘက္ခ္ကေတာ့ ေရွာ္လ္ကာအသင္းရဲ႕ ေဆးဘက္ဆိုင္ရာဌာနကို သတင္းပို႔ခဲ့ၿပီး အသင္းေျပာင္းေ႐ႊ႕ဖို႔အတြက္ လိုအပ္တဲ့ စစ္ေဆးမႈေတြကို ဂယ္လ္ဆင္ကာခ်င္မွာပဲ ျပဳလုပ္သြားဖို႔ ရွိေန။

– ေနာက္ခံလူ ဆက္ပ္ ဗန္ဒင္ဘာ့ဂ္ကို ပရက္စ္တန္အသင္းဆီ အငွားခ်ခဲ့ၿပီးျဖစ္သလို သူတို႔ရဲ႕ ေနာက္ခံလူ ဘန္ေဒးဗီးစ္ကိုေတာ့ လီဗာပူးလ္အသင္းက အၿပီးသတ္ ေခၚယူႏိုင္လိုက္ၿပီလို႔ အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူ ဖာဘရီဇီယို ႐ိုမာႏို အတည္ျပဳသြားခဲ့။

– ဘင္ဖီကာအသင္းကေန အငွားေခၚယူထားခဲ့ၿပီး စပါးစ္အသင္းမွာ ပြဲကစားခြင့္ ရွားပါးေနတဲ့ ဂ်က္ဒ္ဆန္ ဖာနန္ဒက္စ္ကေတာ့ တူရကီကို သူနာျပဳေလယာဥ္နဲ႔ ပ်ံသန္းသြားခဲ့ၿပီလို႔ သိရၿပီး ကိုဗစ္-၁၉ ေပါ့စစ္တစ္ျဖစ္ေနတဲ့ သူ႔အတြက္ ပုဂၢိဳလ္ေရးအခ်က္အလက္ေတြကိုေတာ့ ဂါလာတာစာေရးနဲ႔ သေဘာတူညီႏိုင္မယ္လို႔ ယုံၾကည္ေန။

– ဘ႐ိုက္တန္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးအသင္းေတြက စိတ္ဝင္စားခဲ့ဖူးတဲ့ လူငယ္ကြင္းလယ္လူ မြိဳက္ဆက္စ္ ကိုင္စီဒိုကို ေခၚယူဖို႔ အခ်ိန္မီလုပ္ေဆာင္ႏိုင္ဖြယ္ရွိေနၿပီး ဘီဆူးမားအတြက္ ႀကိဳတင္အစားထိုးမႈျဖစ္တယ္လို႔ စကိုင္းပို႔စ္ရဲ႕ ေတာင္အေမရိက ကြၽမ္းက်င္သူ တင္မ္ ဗစ္ကာရီ ေျပာၾကား။

– ဘယ္ေနာက္ခံလူ ပက္ထရစ္ ဗန္အန္ဟို႔လ္ဟာ အာဆင္နယ္အသင္းနဲ႔ ေကာင္းေကာင္းအံဝင္ႏိုင္ၿပီး အသင္းႀကီးအဆင့္အတန္းမ်ိဳးရွိသူလို႔ နည္းျပ ႐ြိဳင္းေဟာ့ဆန္က အတိတ္စိမ္းေပးတဲ့ သေဘာနဲ႔ ခ်ီးက်ဴးလိုက္ေပမယ့္ အသင္းမွာ ဆက္ရွိမယ္လို႔ ေမွ်ာ္လင့္ေၾကာင္းဆိုခဲ့။

– အာဆင္နယ္ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီနဲ႔ ေနာက္ခံလူတစ္ဦး အလိုရွိေနတဲ့ ေရွာ္လ္ကာအသင္းတို႔ ေဆြးေႏြးေနၾကၿပီး ကြင္းလယ္လူ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ကေတာ့ အသင္းရဲ႕ ေကာ္လ္နီ ထရိန္နင္စင္တာက ထြက္ခြာသြားၿပီး ေျမာက္လန္ဒန္ကို ျဖစ္ႏိုင္ဖြယ္ အေျပာင္းအေ႐ႊ႕ တစ္ခုခုအတြက္ ျပန္လည္ေစာင့္ဆိုင္းေန။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.