Premier League Transfer News

TRANSFER LATEST: နောက်ဆုံးနေ့မှာ ခံစစ်သမားအတွက် လီဗာပူးလ်တို့ ဗျာများနေဆဲလား

လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ နည်းပြ ယာဂန် ကလော့ပ်ကို လိုက်လျောပေးဖို့ စီစဉ်ထားခဲ့ချိန်မှာ Deadline Day နောက်ဆုံးနေ့ အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာခဲ့တဲ့အထိ ဂဏန်းက သိပ်မငြိမ်သေးဘဲ သူတို့ရဲ့ ပစ်မှတ်တွေက တစ်ခုထက်မက ဖြစ်နေဆဲပါ။

အာဆင်နယ်ရဲ့ မူစတာဖီကို မဖြစ်နိုင်တော့လောက်ဘူးလို့ ခန့်မှန်းနေကြချိန်မှာ လူငယ်နောက်ခံလူ ဗန်ဒင်ဘာ့ဂ်ကို ရာသီကုန်အထိ အငှားချပြီး ပြောင်းရွှေ့ကြေး ပေါင် ၂ သန်း(၁.၆ သန်းကနေ ၂.၅ သန်းအတွင်းလည်း ဖြစ်နိုင်)ပေးမယ်ဆိုပြီး ပရက်စ်တန်ရဲ့ နောက်ခံလူ ဘန်ဒေးဗီးစ်ကတော့ ဆေးစစ်တော့မယ်လို့ ဆိုနေပါတယ်။

ကစားသမားတစ်ဦး ဆေးစစ်တော့မယ်လို့ ဆိုနေတာတောင်မှ သတင်းတွေက မရပ်သေးဘဲ လီဗာပူးလ်တို့အနေနဲ့ ပြင်သစ်လီဂူးဝမ်းကလပ် မာဆေးလ်အသင်းက ခရိုအေးရှားနောက်ခံလူ ဒူဂျီ ချာလက်တာ-ဆာကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး ၂၄ နှစ်သားကမှ အသင်းရဲ့ ရေရှည်အသုံးပြုဖို့ အားထားရမယ့်သူလို့လည်း ဆိုနေကြပါတယ်။

ဒါ့အပြင် ရှော်လ်ကာရဲ့ တူရကီလူငယ်နောက်ခံလူ အိုဇန် ကာဘက်ခ်ကိုလည်း နောက်ဆုံးအချိန်မှာ သတင်းတွေ ထပ်မံထွက်ပေါ်လာခဲ့ပြီး အငှားကြေး ပေါင် ၂ သန်းခွဲ၊ နွေရာသီမှာ အပြီးသတ်ခေါ်ယူခွင့် ပါဝင်မယ့် မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်(ပေါင်သန်း ၂၀ ခန့် ကျသင့်နိုင်)နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားခဲ့ပေမယ့် လူစားရမှ လက်လွှတ်နိုင်မယ်လို့ ဂျာမန်ကလပ်ဘက်က အကြောင်းပြန်ထားလို့ စဉ်းစားနေရပါတယ်။

ဒါကြောင့် နောက်ဆုံးသတင်းတွေအရ ကာဘက်ခ်က အာမခံချက် အပြည့်အဝ မပေးနိုင်သေးတဲ့ ညှိနှိုင်းမှု၊ ချာလက်တာ-ဆာကတော့ ဖြစ်နိုင်ခြေနည်းနေပြီး ဘန်ဒေးဗီးစ်ကိုတော့ ဈေးသက်သက်သာသာနဲ့ အပြီးသတ် ခေါ်ယူသွားနိုင်တဲ့ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်နိုင်ချိန်မှာ အာဆင်နယ်ရဲ့ မူစတာဖီကိုတော့ အထင်မသေးသင့်ဘဲ သူသာ ရှော်လ်ကာကို ရောက်သွားရင်ဆိုတဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဇာတ်လမ်းမျိုးများ ရှိလာမလား တွေးစရာဖြစ်နေကြောင်း နောက်ဆုံးရသတင်းတွေအဖြစ် ဖော်ပြလိုက်ရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ သူတို႔ရဲ႕ နည္းျပ ယာဂန္ ကေလာ့ပ္ကို လိုက္ေလ်ာေပးဖို႔ စီစဥ္ထားခဲ့ခ်ိန္မွာ Deadline Day ေနာက္ဆုံးေန႔ အခ်ိန္ေတြ တျဖည္းျဖည္း ကုန္ဆုံးလာခဲ့တဲ့အထိ ဂဏန္းက သိပ္မၿငိမ္ေသးဘဲ သူတို႔ရဲ႕ ပစ္မွတ္ေတြက တစ္ခုထက္မက ျဖစ္ေနဆဲပါ။

အာဆင္နယ္ရဲ႕ မူစတာဖီကို မျဖစ္ႏိုင္ေတာ့ေလာက္ဘူးလို႔ ခန႔္မွန္းေနၾကခ်ိန္မွာ လူငယ္ေနာက္ခံလူ ဗန္ဒင္ဘာ့ဂ္ကို ရာသီကုန္အထိ အငွားခ်ၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂ သန္း(၁.၆ သန္းကေန ၂.၅ သန္းအတြင္းလည္း ျဖစ္ႏိုင္)ေပးမယ္ဆိုၿပီး ပရက္စ္တန္ရဲ႕ ေနာက္ခံလူ ဘန္ေဒးဗီးစ္ကေတာ့ ေဆးစစ္ေတာ့မယ္လို႔ ဆိုေနပါတယ္။

ကစားသမားတစ္ဦး ေဆးစစ္ေတာ့မယ္လို႔ ဆိုေနတာေတာင္မွ သတင္းေတြက မရပ္ေသးဘဲ လီဗာပူးလ္တို႔အေနနဲ႔ ျပင္သစ္လီဂူးဝမ္းကလပ္ မာေဆးလ္အသင္းက ခ႐ိုေအးရွားေနာက္ခံလူ ဒူဂ်ီ ခ်ာလက္တာ-ဆာကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲျဖစ္ၿပီး ၂၄ ႏွစ္သားကမွ အသင္းရဲ႕ ေရရွည္အသုံးျပဳဖို႔ အားထားရမယ့္သူလို႔လည္း ဆိုေနၾကပါတယ္။

ဒါ့အျပင္ ေရွာ္လ္ကာရဲ႕ တူရကီလူငယ္ေနာက္ခံလူ အိုဇန္ ကာဘက္ခ္ကိုလည္း ေနာက္ဆုံးအခ်ိန္မွာ သတင္းေတြ ထပ္မံထြက္ေပၚလာခဲ့ၿပီး အငွားေၾကး ေပါင္ ၂ သန္းခြဲ၊ ေႏြရာသီမွာ အၿပီးသတ္ေခၚယူခြင့္ ပါဝင္မယ့္ မေဖာ္ျပတဲ့ ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္(ေပါင္သန္း ၂၀ ခန႔္ က်သင့္ႏိုင္)နဲ႔ ေခၚယူဖို႔ ကမ္းလွမ္းထားခဲ့ေပမယ့္ လူစားရမွ လက္လႊတ္ႏိုင္မယ္လို႔ ဂ်ာမန္ကလပ္ဘက္က အေၾကာင္းျပန္ထားလို႔ စဥ္းစားေနရပါတယ္။

ဒါေၾကာင့္ ေနာက္ဆုံးသတင္းေတြအရ ကာဘက္ခ္က အာမခံခ်က္ အျပည့္အဝ မေပးႏိုင္ေသးတဲ့ ညႇိႏႈိင္းမႈ၊ ခ်ာလက္တာ-ဆာကေတာ့ ျဖစ္ႏိုင္ေျခနည္းေနၿပီး ဘန္ေဒးဗီးစ္ကိုေတာ့ ေဈးသက္သက္သာသာနဲ႔ အၿပီးသတ္ ေခၚယူသြားႏိုင္တဲ့ လုပ္ေဆာင္ခ်က္တစ္ရပ္ျဖစ္ႏိုင္ခ်ိန္မွာ အာဆင္နယ္ရဲ႕ မူစတာဖီကိုေတာ့ အထင္မေသးသင့္ဘဲ သူသာ ေရွာ္လ္ကာကို ေရာက္သြားရင္ဆိုတဲ့ ဝိုင္းႀကီးပတ္ပတ္ ဒူေဝေဝ ဇာတ္လမ္းမ်ိဳးမ်ား ရွိလာမလား ေတြးစရာျဖစ္ေနေၾကာင္း ေနာက္ဆုံးရသတင္းေတြအျဖစ္ ေဖာ္ျပလိုက္ရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.