Premier League

1 Feb နေ့လယ်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-ချဲလ်ဆီးပရိသတ်တွေဟာ ဘန်လေအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တဲ့ ဟတ်ဒ်ဆန်-အိုဒွိုင်းရဲ့ ခြေစွမ်းကို တွစ်တာမှာ ချီးကျူးပြောကြားမှုတွေ ပြုလုပ်ခဲ့ကြပြီး အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ဟာ ကစားနေကျမဟုတ်တဲ့ ညာတောင်ပံနေရာကနေ နောက်ဆုံး ၂ ပွဲမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပေမယ့် ဘန်လေနဲ့ပွဲစဉ်မှာ အက်ဇ်ပလီကွေတာရဲ့သွင်းဂိုးအတွက် ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တဲ့အတွက် ချီးကျူးခြင်းခံနေရတာဖြစ်တယ်လို့ သိရ။

-ပေါလ် မာဆန်က ခိုင်ဟားဗတ်ဇ်ဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ချဲလ်ဆီးကစားသမားဘဝကို နှေးကွေးစွာ စတင်နေရပေမယ့်လည်း ချဲလ်ဆီးအသင်းအတွက် ထူးခြားတဲ့ကစားသမားဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပြီး နည်းပြသစ် သောမတ်စ် တူဟယ်ရဲ့ လက်အောက်မှာ ၎င်းရဲ့ယုံကြည်မှုကို ပြန်လည်ရှာဖွေတွေ့ရှိပြီး ထိပ်တန်းကစားသမား ဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အေစီမီလန် ဂိုးသမား ဒွန်နာရမ်းမားဟာ ယခုရာသီကုန်မှာ စီးရီးအေကလပ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုဟာ ရပ်ဆိုင်းထားတယ်လို့ မာဒီးနီက ပြောကြားထားတာကြောင့် ချဲလ်ဆီးနဲ့ အကြိုသဘောတူစာချုပ် ချုပ်ဆိုထားဖွယ်ရှိနေပြီး ကီပါကို ရောင်းထုတ်နိုင်ခဲ့မယ်ဆိုရင် အပြောင်းအရွှေ့ လုံးဝဖြစ်လာနိုင်တယ်လို့ mirror ရဲ့ ဖော်ပြချက်အရ သိရ။

-ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့ဖြစ်တဲ့ ယနေ့မှာ ကစားသမား ၄ ဦးကို အသင်းကနေ ထွက်ခွာခွင့် ပြုသွားဖွယ်ရှိနေတယ်လို့ သိရပြီး ဘီလီ ဂီးလ်မိုးကို အငှားချ၊ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂျီရူးကို အပြီးသတ်ရောင်း၊ ကီပါနဲ့ အီမာဆင်တို့ကို အပြီးသတ် ရောင်းထုတ်သွားနိုင်တယ်လို့ mirror က ဖော်ပြခဲ့။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ဘန်လေအသင်းနဲ့ပွဲစဉ်မှာ ၃ လအတွင်း ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို သွင်းယူနိုင်မယ့် ရွှေရောင်အခွင့်အရေးကို တီမို ဗာနာ ထပ်မံလွဲချော်ခဲ့ပြီးနောက် ဂျာမန်တိုက်စစ်မှူးဟာ ၎င်းရဲ့ ဂိုးသွင်းစွမ်းရည်ကို ပြန်လည်ပြသနိုင်ဖို့အတွက် နောက်ဆုံး ရာခိုင်နှုန်း နည်းနည်းလေးသာ လိုအပ်တော့တာဖြစ်တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းဟာ ဘန်လေအသင်းကို တနင်္ဂနွေနေ့ညက စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် နည်းပြသစ် သောမတ်စ် တူဟယ်လက်ထက်မှာ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပြီဖြစ်ပြီး တူဟယ်ဟာ ၂၀၁၂ ခုနှစ်တုန်းက ရာဖေးလ် ဘင်နီတက်ဇ်နောက်ပိုင်း ချဲလ်ဆီးနည်းပြဘဝ ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲမှာ ပေးဂိုးမရှိတဲ့ ပထမဆုံးနည်းပြ ဖြစ်လာခဲ့ပြီလို့ သိရ။

-ချဲလ်ဆီးအသင်းပရိသတ်တွေဟာ တနင်္ဂနွေနေ့ညက ဘရိုက်တန်အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ရှုံးပွဲအတွက် ဝမ်းမြောက် ပျော်ရွှင်ခဲ့ကြပြီး မော်ရင်ညိုရဲ့ စပါးအသင်းဟာ အသင်းခေါင်းဆောင်ဟယ်ရီကိန်း မပါဝင်ဘဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ နောက်ထပ်တစ်ကြိမ် ရမှတ်လျော့ကျခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ တစ်ပွဲပိုထားတဲ့ ချဲလ်ဆီးအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ရပ်တည်နေရပြီဖြစ်။

ZAWGYI:

-ခ်ဲလ္ဆီးပရိသတ္ေတြဟာ ဘန္ေလအသင္းကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္က အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့တဲ့ ဟတ္ဒ္ဆန္-အိုဒြိဳင္းရဲ႕ ေျခစြမ္းကို တြစ္တာမွာ ခ်ီးက်ဴးေျပာၾကားမႈေတြ ျပဳလုပ္ခဲ့ၾကၿပီး အဂၤလန္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ကစားေနက်မဟုတ္တဲ့ ညာေတာင္ပံေနရာကေန ေနာက္ဆုံး ၂ ပြဲမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့ေပမယ့္ ဘန္ေလနဲ႔ပြဲစဥ္မွာ အက္ဇ္ပလီေကြတာရဲ႕သြင္းဂိုးအတြက္ ဂိုးဖန္တီးမႈပါ ျပဳလုပ္ႏိုင္ခဲ့တဲ့အတြက္ ခ်ီးက်ဴးျခင္းခံေနရတာျဖစ္တယ္လို႔ သိရ။

-ေပါလ္ မာဆန္က ခိုင္ဟားဗတ္ဇ္ဟာ စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ခ်ဲလ္ဆီးကစားသမားဘဝကို ေႏွးေကြးစြာ စတင္ေနရေပမယ့္လည္း ခ်ဲလ္ဆီးအသင္းအတြက္ ထူးျခားတဲ့ကစားသမားျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေနၿပီး နည္းျပသစ္ ေသာမတ္စ္ တူဟယ္ရဲ႕ လက္ေအာက္မွာ ၎ရဲ႕ယုံၾကည္မႈကို ျပန္လည္ရွာေဖြေတြ႕ရွိၿပီး ထိပ္တန္းကစားသမား ျဖစ္လာလိမ့္မယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္းက ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့ ေအစီမီလန္ ဂိုးသမား ဒြန္နာရမ္းမားဟာ ယခုရာသီကုန္မွာ စီးရီးေအကလပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးမႈဟာ ရပ္ဆိုင္းထားတယ္လို႔ မာဒီးနီက ေျပာၾကားထားတာေၾကာင့္ ခ်ဲလ္ဆီးနဲ႔ အႀကိဳသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုထားဖြယ္ရွိေနၿပီး ကီပါကို ေရာင္းထုတ္ႏိုင္ခဲ့မယ္ဆိုရင္ အေျပာင္းအေ႐ႊ႕ လုံးဝျဖစ္လာႏိုင္တယ္လို႔ mirror ရဲ႕ ေဖာ္ျပခ်က္အရ သိရ။

-ခ်ဲလ္ဆီးအသင္းဟာ အေျပာင္းအေ႐ႊ႕ေစ်းကြက္ေနာက္ဆုံးေန႔ျဖစ္တဲ့ ယေန႔မွာ ကစားသမား ၄ ဦးကို အသင္းကေန ထြက္ခြာခြင့္ ျပဳသြားဖြယ္ရွိေနတယ္လို႔ သိရၿပီး ဘီလီ ဂီးလ္မိုးကို အငွားခ်၊ ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ဂ်ီ႐ူးကို အၿပီးသတ္ေရာင္း၊ ကီပါနဲ႔ အီမာဆင္တို႔ကို အၿပီးသတ္ ေရာင္းထုတ္သြားႏိုင္တယ္လို႔ mirror က ေဖာ္ျပခဲ့။

-ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္က ဘန္ေလအသင္းနဲ႔ပြဲစဥ္မွာ ၃ လအတြင္း ပထမဆုံး ပရီးမီးယားလိဂ္သြင္းဂိုးကို သြင္းယူႏိုင္မယ့္ ေ႐ႊေရာင္အခြင့္အေရးကို တီမို ဗာနာ ထပ္မံလြဲေခ်ာ္ခဲ့ၿပီးေနာက္ ဂ်ာမန္တိုက္စစ္မႉးဟာ ၎ရဲ႕ ဂိုးသြင္းစြမ္းရည္ကို ျပန္လည္ျပသႏိုင္ဖို႔အတြက္ ေနာက္ဆုံး ရာခိုင္ႏႈန္း နည္းနည္းေလးသာ လိုအပ္ေတာ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္းဟာ ဘန္ေလအသင္းကို တနဂၤေႏြေန႔ညက စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ နည္းျပသစ္ ေသာမတ္စ္ တူဟယ္လက္ထက္မွာ ပထမဆုံးႏိုင္ပြဲကို ရယူႏိုင္ခဲ့ၿပီျဖစ္ၿပီး တူဟယ္ဟာ ၂၀၁၂ ခုႏွစ္တုန္းက ရာေဖးလ္ ဘင္နီတက္ဇ္ေနာက္ပိုင္း ခ်ဲလ္ဆီးနည္းျပဘဝ ပထမဆုံးပရီးမီးယားလိဂ္ပြဲစဥ္ ၂ ပြဲမွာ ေပးဂိုးမရွိတဲ့ ပထမဆုံးနည္းျပ ျဖစ္လာခဲ့ၿပီလို႔ သိရ။

-ခ်ဲလ္ဆီးအသင္းပရိသတ္ေတြဟာ တနဂၤေႏြေန႔ညက ဘ႐ိုက္တန္အသင္းကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ ရႈံးပြဲအတြက္ ဝမ္းေျမာက္ ေပ်ာ္႐ႊင္ခဲ့ၾကၿပီး ေမာ္ရင္ညိဳရဲ႕ စပါးအသင္းဟာ အသင္းေခါင္းေဆာင္ဟယ္ရီကိန္း မပါဝင္ဘဲ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ ေနာက္ထပ္တစ္ႀကိမ္ ရမွတ္ေလ်ာ့က်ခဲ့ၿပီးေနာက္ အမွတ္ေပးဇယားအဆင့္ ၆ ေနရာမွာ တစ္ပြဲပိုထားတဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ ရပ္တည္ေနရၿပီျဖစ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.