Premier League Transfer News

31 Jan ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းပရိသတ်တွေအတွက်တော့ ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ဝက်စ်ဟမ်းနဲ့ပွဲထက် ဗဟိုခံစစ်သမားတစ်ဦး ရောက်မရောက်က ပိုမိုစိတ်ဝင်စားစရာဖြစ်နေပြီး ဒေးဗစ် အွန်းစတိန်းနဲ့ လီဗာပူးလ်သတင်းထောက် ဂျိမ်းစ် ပီးယားစ်တို့ကလည်း လက်ကျန် ၂၄ နာရီအတွင်း ဖြစ်လာနိုင်ခြေတွေရှိတဲ့အတွက် စောင့်ကြည့်ရမယ်လို့ ဆိုနေကြ။

– ဝက်စ်ဟမ်းအသင်းအနေနဲ့ သူတို့ရဲ့ ပွဲထွက်လူစာရင်းတွေကနေ ဝေးကွာနေပြီး အငှားနဲ့သာ ကစားနေခဲ့ရတဲ့ ဗဟိုနောက်ခံလူ ဝင်စတန် ရိဒ်ကို လိုချင်ရင် အငှားချပေးမယ်လို့ လီဗာပူးလ်အသင်းကို ကမ်းလှမ်းလိုက်ပြီး နယူးဇီလန်သားအနေနဲ့ ဟမ်းမားတွေနဲ့ ၂၀၂၃ အထိ စာချုပ်ရှိနေ။

– လီဗာပူးလ်အသင်းအနေနဲ့ ဝက်စ်ဟမ်းတို့ရဲ့ အဓိကနောက်ခံလူတစ်ဦးဖြစ်တဲ့ အစ်ဆာ ဂျော့ပ်ကို အလိုရှိနေပြီး ၂၄ နှစ်အရွယ် ပြင်သစ် ခံစစ်မှူးကို ဆောင်းရာသီ အပြောင်းအရွှေ့မပိတ်ခင်မှာ အငှားနဲ့ ခေါ်ယူပြီး ရာသီကုန်မှာ ပေါင်သန်း ၂၀ ပေးချေနိုင်ရင် လက်ခံလိမ့်မယ်လို့ သတင်းထွက်နေ။

– အက်သလက်တစ်ရဲ့ ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး လီဗာပူးလ်သတင်းတွေကို အဓိက ရေးသားလေ့ရှိတဲ့ ဂျိမ်းစ် ပီးယားစ်က အန်းဖီးလ်သားတွေအနေနဲ့ ဒီရာသီ ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းချင်သေးတယ်ဆိုရင်တော့ ခံစစ်မှူးတစ်ဦးကို မဖြစ်မနေ အားဖြည့်သွားဖို့ လိုအပ်တယ်လို့ တိုက်တွန်းသွား။

– ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းနဲ့ စာချုပ် ၆ လသာ ကျန်ရှိနေပြီး နွေရာသီမှာ အသင်းလက်မဲ့ဖြစ်နိုင်တဲ့ မော်ရိုကို နောက်ခံလူ ရိုမန် ဆိုက်စ်ကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းက ကမ်းလှမ်းထားတယ်ဆိုတာဟာ မဟုတ်မှန်ဘဲ စောင့်ကြည့်အဆင့်သာ ရှိသေးတယ်လို့ ဂျာနယ်လစ် အွန်းစတိန်း ထုတ်ပြန်။

– ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြ ဇီနီဒန်း ဇီဒန်းရဲ့ အစီအစဉ်တွေထဲမှာ နောက်ခံလူ အယ်ဒါ မီလီတို မပါဝင်ကြောင်းနဲ့ အပြောင်းအရွှေ့ မပိတ်ခင်မှာ အငှားနဲ့ ထွက်ခွာနိုင်ကြောင်း လက်ထောက်နည်းပြဖြစ်သူ ဒေးဗစ် ဘက်တိုနီက အတည်ပြုလိုက်ပြီး လီဗာပူးလ်အသင်းရဲ့ ဆုံးဖြတ်ချက်ကိုသာ တနင်္လာနေ့ည ၁၁ နာရီ အပြောင်းအရွှေ့မပိတ်ခင် စောင့်ကြည့်ရဖို့ ရှိနေ။

– စပါးစ်နဲ့ပွဲမှာ ခြေကျင်းဝတ်အရွတ်ကို ထိခိုက်မိသွားခဲ့တဲ့ နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ်ရဲ့ ဒဏ်ရာက ပြင်းထန်မှု မရှိဘဲ လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ဘရိုက်တန်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အမီ ပြန်လည်ပါဝင်လာနိုင်ခြေရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာ။

– နည်းပြ ယာဂန် ကလော့ပ်က တောင်းဆိုထားတဲ့ နောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ ဝက်စ်ဟမ်းနဲ့ပွဲရလဒ်ကလည်း အရေးပါနေပြီး အသင်း တာဝန်ရှိသူတွေအနေနဲ့ ဒီနေ့ညအထိ အချိန်ယူစဉ်းစားဖွယ်ရှိနေသလို Deadline Day မှာမှ အင်ပြည့်အားပြည့် လှုပ်ရှားသွားဖို့ရှိနေ။

– လီဗာပူးလ်အသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေတဲ့ နယူးယောက် ရက်ဒ်ဘူးလ်အသင်းရဲ့ နောက်ခံလူနဲ့ အမေရိကန် အသင်းခေါင်းဆောင် အာရွန်လောင်းက သူ့အနေနဲ့ ဥရောပကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒပြင်းပြနေပြီး သူ့ဘက်ကတော့ ကမ်းလှမ်းမှုတွေ အတွက် အဆင်သင့်ပဲလို့ဆို။

– လက်ရှိ ရိန်းဂျားစ်အသင်းရဲ့နည်းပြနဲ့ လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ်က သူ့အနေနဲ့ အန်းဖီးလ်က မထွက်ခွာခင် နောက်ဆုံးရာသီမှာ တစ်ရာသီသက်တမ်းတိုးပြီး နည်းပြသစ် ယာဂန် ကလော့ပ်လက်အောက်မှာ မကစားဖြစ်တဲ့ ဆုံးဖြတ်ချက်အတွက် အနည်းငယ် နောင်တရမိကြောင်း ဝန်ခံသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

– လီဗာပူးလ္အသင္းပရိသတ္ေတြအတြက္ေတာ့ ဒီေန႔ညမွာ ယွဥ္ၿပိဳင္ကစားမယ့္ ဝက္စ္ဟမ္းနဲ႔ပြဲထက္ ဗဟိုခံစစ္သမားတစ္ဦး ေရာက္မေရာက္က ပိုမိုစိတ္ဝင္စားစရာျဖစ္ေနၿပီး ေဒးဗစ္ အြန္းစတိန္းနဲ႔ လီဗာပူးလ္သတင္းေထာက္ ဂ်ိမ္းစ္ ပီးယားစ္တို႔ကလည္း လက္က်န္ ၂၄ နာရီအတြင္း ျဖစ္လာႏိုင္ေျခေတြရွိတဲ့အတြက္ ေစာင့္ၾကည့္ရမယ္လို႔ ဆိုေနၾက။

– ဝက္စ္ဟမ္းအသင္းအေနနဲ႔ သူတို႔ရဲ႕ ပြဲထြက္လူစာရင္းေတြကေန ေဝးကြာေနၿပီး အငွားနဲ႔သာ ကစားေနခဲ့ရတဲ့ ဗဟိုေနာက္ခံလူ ဝင္စတန္ ရိဒ္ကို လိုခ်င္ရင္ အငွားခ်ေပးမယ္လို႔ လီဗာပူးလ္အသင္းကို ကမ္းလွမ္းလိုက္ၿပီး နယူးဇီလန္သားအေနနဲ႔ ဟမ္းမားေတြနဲ႔ ၂၀၂၃ အထိ စာခ်ဳပ္ရွိေန။

– လီဗာပူးလ္အသင္းအေနနဲ႔ ဝက္စ္ဟမ္းတို႔ရဲ႕ အဓိကေနာက္ခံလူတစ္ဦးျဖစ္တဲ့ အစ္ဆာ ေဂ်ာ့ပ္ကို အလိုရွိေနၿပီး ၂၄ ႏွစ္အ႐ြယ္ ျပင္သစ္ ခံစစ္မႉးကို ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕မပိတ္ခင္မွာ အငွားနဲ႔ ေခၚယူၿပီး ရာသီကုန္မွာ ေပါင္သန္း ၂၀ ေပးေခ်ႏိုင္ရင္ လက္ခံလိမ့္မယ္လို႔ သတင္းထြက္ေန။

– အက္သလက္တစ္ရဲ႕ ဂ်ာနယ္လစ္တစ္ဦးျဖစ္ၿပီး လီဗာပူးလ္သတင္းေတြကို အဓိက ေရးသားေလ့ရွိတဲ့ ဂ်ိမ္းစ္ ပီးယားစ္က အန္းဖီးလ္သားေတြအေနနဲ႔ ဒီရာသီ ခ်န္ပီယံဆုကို ဆက္လက္ထိန္းသိမ္းခ်င္ေသးတယ္ဆိုရင္ေတာ့ ခံစစ္မႉးတစ္ဦးကို မျဖစ္မေန အားျဖည့္သြားဖို႔ လိုအပ္တယ္လို႔ တိုက္တြန္းသြား။

– ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းနဲ႔ စာခ်ဳပ္ ၆ လသာ က်န္ရွိေနၿပီး ေႏြရာသီမွာ အသင္းလက္မဲ့ျဖစ္ႏိုင္တဲ့ ေမာ္႐ိုကို ေနာက္ခံလူ ႐ိုမန္ ဆိုက္စ္ကို ေခၚယူဖို႔ လီဗာပူးလ္အသင္းက ကမ္းလွမ္းထားတယ္ဆိုတာဟာ မဟုတ္မွန္ဘဲ ေစာင့္ၾကည့္အဆင့္သာ ရွိေသးတယ္လို႔ ဂ်ာနယ္လစ္ အြန္းစတိန္း ထုတ္ျပန္။

– ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ နည္းျပ ဇီနီဒန္း ဇီဒန္းရဲ႕ အစီအစဥ္ေတြထဲမွာ ေနာက္ခံလူ အယ္ဒါ မီလီတို မပါဝင္ေၾကာင္းနဲ႔ အေျပာင္းအေ႐ႊ႕ မပိတ္ခင္မွာ အငွားနဲ႔ ထြက္ခြာႏိုင္ေၾကာင္း လက္ေထာက္နည္းျပျဖစ္သူ ေဒးဗစ္ ဘက္တိုနီက အတည္ျပဳလိုက္ၿပီး လီဗာပူးလ္အသင္းရဲ႕ ဆုံးျဖတ္ခ်က္ကိုသာ တနလၤာေန႔ည ၁၁ နာရီ အေျပာင္းအေ႐ႊ႕မပိတ္ခင္ ေစာင့္ၾကည့္ရဖို႔ ရွိေန။

– စပါးစ္နဲ႔ပြဲမွာ ေျခက်င္းဝတ္အ႐ြတ္ကို ထိခိုက္မိသြားခဲ့တဲ့ ေနာက္ခံလူ ဂ်ိဳယယ္လ္ မာတစ္ပ္ရဲ႕ ဒဏ္ရာက ျပင္းထန္မႈ မရွိဘဲ လာမယ့္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔၊ ဘ႐ိုက္တန္အသင္းနဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အမီ ျပန္လည္ပါဝင္လာႏိုင္ေျခရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာ။

– နည္းျပ ယာဂန္ ကေလာ့ပ္က ေတာင္းဆိုထားတဲ့ ေနာက္ခံလူတစ္ဦးကို ေခၚယူဖို႔ ဝက္စ္ဟမ္းနဲ႔ပြဲရလဒ္ကလည္း အေရးပါေနၿပီး အသင္း တာဝန္ရွိသူေတြအေနနဲ႔ ဒီေန႔ညအထိ အခ်ိန္ယူစဥ္းစားဖြယ္ရွိေနသလို Deadline Day မွာမွ အင္ျပည့္အားျပည့္ လႈပ္ရွားသြားဖို႔ရွိေန။

– လီဗာပူးလ္အသင္းက စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္ေပၚေနတဲ့ နယူးေယာက္ ရက္ဒ္ဘူးလ္အသင္းရဲ႕ ေနာက္ခံလူနဲ႔ အေမရိကန္ အသင္းေခါင္းေဆာင္ အာ႐ြန္ေလာင္းက သူ႔အေနနဲ႔ ဥေရာပကို ေျပာင္းေ႐ႊ႕ကစားဖို႔ ဆႏၵျပင္းျပေနၿပီး သူ႔ဘက္ကေတာ့ ကမ္းလွမ္းမႈေတြ အတြက္ အဆင္သင့္ပဲလို႔ဆို။

– လက္ရွိ ရိန္းဂ်ားစ္အသင္းရဲ႕နည္းျပနဲ႔ လီဗာပူးလ္အသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ ဂ်ရတ္က သူ႔အေနနဲ႔ အန္းဖီးလ္က မထြက္ခြာခင္ ေနာက္ဆုံးရာသီမွာ တစ္ရာသီသက္တမ္းတိုးၿပီး နည္းျပသစ္ ယာဂန္ ကေလာ့ပ္လက္ေအာက္မွာ မကစားျဖစ္တဲ့ ဆုံးျဖတ္ခ်က္အတြက္ အနည္းငယ္ ေနာင္တရမိေၾကာင္း ဝန္ခံသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.