Premier League

ဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး တိုက်စစ်မှူးတွေကို သတိပေးလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ၎င်းရဲ့ တိုက်စစ်မှူးတွေအနေနဲ့ ဘရူနို ဖာနန်ဒက်စ်ဆီကနေ ဝန်ထုပ်ဝန်ပိုးတွေကို မျှယူတာကို မြင်တွေ့ချင်နေတယ်လို့ သိရပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ အိုးထရက်ဖို့ဒ်ကို စတင်ပြောင်းရွှေ့လာတဲ့အချိန်ကတည်းက အထင်ကြီးဖွယ်စွမ်းဆောင်ရည်ကို ပြသထားနိုင်ခဲ့သူဖြစ်ပြီး ယခုရာသီမှာ ၂၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဘရူနို ဖာနန်ဒက်စ်သွင်းယူထားတဲ့ ဂိုးပမာဏဟာ တိုက်စစ်မှူးတွေအဖြစ် အသိအမှတ်ပြုခံထားရတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အန်သိုနီ မာစီယယ်လ်၊ မေဆင် ဂရင်းဝုဒ်တို့ထက်တောင် များပြားနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ ၁၄ ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက ၎င်းရဲ့အသင်းဟာ ပေါ်တူဂီကွင်းလယ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်အပေါ်မှာ ဆက်လက်မှီခိုနေလို့ မရနိုင်ဘူးဆိုတာကို သိရှိနေတာဖြစ်ပြီး ၎င်းရဲ့ တိုက်စစ်မှူးတွေကို ထိပ်တန်းဂိုးသွင်းရှင်နေရာကို တက်လှမ်းစေချင်နေတာဖြစ်ပါတယ်။

“ကျွန်တော်တို့က ပရီးမီးယားလိဂ်မှာ ဂိုးသွင်းနှုန်းအမြင့်မားဆုံးအသင်းပါ။ ဒါပေမယ့် ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ရာသီမှာ ဂိုးတွေအများကြီးသွင်းယူနိုင်ခဲ့ကြတဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ မေဆင်၊ အန်သိုနီ၊ မားကပ်စ်တို့က ခုအချိန်မှာ တူညီတဲ့ဂိုးပမာဏအတိုင်း မသွင်းယူနိုင်သေးပါဘူး။ အဲဒါကို ကျွန်တော် အကောင်းဘက်ကနေ စောင့်မျှော်နေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ ဂိုးတွေစသွင်းတဲ့အခါမှာ ကျွန်တော်တို့က ပိုပြီးတော့ ကောင်းမွန်တဲ့အသင်းဖြစ်လာပြီး ရလဒ်တွေကလည်း ဆက်လက်ပြီး တိုးတက်နေမှာမို့လို့ပါ”

“သူတို့တွေ နီးစပ်လာနေပြီဖြစ်ပေမယ့် ဖြစ်နေတာက ဘာလဲဆိုတော့ ပိုကောင်းမွန်တဲ့ အဆုံးသတ်ကို ရှာဖွေရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ညမှာ နယူးကာဆယ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အဆင့် ၂ နေရာမှာ ဆက်လက်ရပ်တည်နိုင်ဖို့ မဖြစ်မနေ အနိုင်ကစားသွားဖို့ လိုအပ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက ၎ရဲ့ တိုက္စစ္မႉးေတြအေနနဲ႔ ဘ႐ူနို ဖာနန္ဒက္စ္ဆီကေန ဝန္ထုပ္ဝန္ပိုးေတြကို မၽွယူတာကို ျမင္ေတြ႕ခ်င္ေနတယ္လို႔ သိရပါတယ္။

ဘ႐ူနို ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလမွာ အိုးထရက္ဖို႔ဒ္ကို စတင္ေျပာင္းေရႊ႕လာတဲ့အခ်ိန္ကတည္းက အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္ကို ျပသထားနိုင္ခဲ့သူျဖစ္ၿပီး ယခုရာသီမွာ ၂၁ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ဘ႐ူနို ဖာနန္ဒက္စ္သြင္းယူထားတဲ့ ဂိုးပမာဏဟာ တိုက္စစ္မႉးေတြအျဖစ္ အသိအမွတ္ျပဳခံထားရတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္၊ အန္သိုနီ မာစီယယ္လ္၊ ေမဆင္ ဂရင္းဝုဒ္တို႔ထက္ေတာင္ မ်ားျပားေနတာျဖစ္ၿပီး ပရီးမီးယားလိဂ္ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ ၁၄ ဂိုးနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္ နည္းၿပ အိုေလဂန္နာ ဆိုးလ္ရွားက ၎ရဲ့အသင္းဟာ ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္ ဘ႐ူနို ဖာနန္ဒက္စ္အေပၚမွာ ဆက္လက္မွီခိုေနလို႔ မရနိုင္ဘူးဆိုတာကို သိရွိေနတာျဖစ္ၿပီး ၎ရဲ့ တိုက္စစ္မႉးေတြကို ထိပ္တန္းဂိုးသြင္းရွင္ေနရာကို တက္လွမ္းေစခ်င္ေနတာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔က ပရီးမီးယားလိဂ္မွာ ဂိုးသြင္းႏႈန္းအျမင့္မားဆုံးအသင္းပါ။ ဒါေပမယ့္ ေျပာရမယ္ဆိုရင္ ၿပီးခဲ့တဲ့ရာသီမွာ ဂိုးေတြအမ်ားႀကီးသြင္းယူနိုင္ခဲ့ၾကတဲ့ တိုက္စစ္မႉးေတြျဖစ္တဲ့ ေမဆင္၊ အန္သိုနီ၊ မားကပ္စ္တို႔က ခုအခ်ိန္မွာ တူညီတဲ့ဂိုးပမာဏအတိုင္း မသြင္းယူနိုင္ေသးပါဘူး။ အဲဒါကို ကၽြန္ေတာ္ အေကာင္းဘက္ကေန ေစာင့္ေမၽွာ္ေနပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ ဂိုးေတြစသြင္းတဲ့အခါမွာ ကၽြန္ေတာ္တို႔က ပိုၿပီးေတာ့ ေကာင္းမြန္တဲ့အသင္းျဖစ္လာၿပီး ရလဒ္ေတြကလည္း ဆက္လက္ၿပီး တိုးတက္ေနမွာမို႔လို႔ပါ”

“သူတို႔ေတြ နီးစပ္လာေနၿပီျဖစ္ေပမယ့္ ျဖစ္ေနတာက ဘာလဲဆိုေတာ့ ပိုေကာင္းမြန္တဲ့ အဆုံးသတ္ကို ရွာေဖြရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ယေန႔ညမွာ နယူးကာဆယ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး အဆင့္ ၂ ေနရာမွာ ဆက္လက္ရပ္တည္နိုင္ဖို႔ မျဖစ္မေန အနိုင္ကစားသြားဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.